ဒီကိရိယာကြောင့် ယောက်ကျားသား ဖခင်တွေဟာ သူတို့ရဲ့ ရင်သွေးငယ်တွေကို ရင်ခွင်ပိုက် နို့ချိုတိုက်ကျွေးလာနိုင်ပါပြီ။
ဒီကိရိယာက ဖခင်ဖြစ်သူတွေ သားသမီးတွေကို ရင်ခွင်ပိုက်ရင်း ကိုယ်တိုင်နို့တိုက်နိုင်အောင် ကူညီပေးတဲ့ ကိရိယာပါပဲ။
သုသေတီတွေ အဆိုအရ ကလေးတွေကို နို့ချိုတိုက်ရတာ၊ ချော့သိပ်ရတာတွေအတွက် မိဘတော်တော်များများဟာ ကသီလင်တ ဖြစ်တယ်လို့ ဆိုပါတယ်။
မိခင်တွေရဲ့ ကထိကထများတာကို ဖခင်ဖြစ်သူ ခင်ပွန်းသည်တွေက ခွဲဝေတာဝန်ယူစေနိုင်မယ့် ကိရိယာပါ။
Unicode
ကလေးတွေကို ဖခင်တွေ နို့တိုက်နိုင်တဲ့ ကိရိယာ
ဂျပန် Dentsu ကုမ္ပဏီက ထုတ်ကုန်ဖြစ်တဲ့ ဖခင်တွေအတွက် သူနာပြုလက်ထောက်ခေါ်တဲ့ ကိရိယာသစ်ကို ကြည့်ကြည့်လိုက်ပါတယ်။
ဒီကိရိယာကြောင့် ယောက််ကျားသား ဖခင်တွေဟာ သူတို့ရဲ့ ရင်သွေးငယ်တွေကို ရင်ခွင်ပိုက် နို့့ချိုတိုက်ကျွေးလာနိုင်ပါပြီ။
တက္ကဆက်၊ သြစတင်းက SXSW ပွဲတော်မှာ Father’s Nursing Assistant ကိရိယာကို ထုတ်ဖော်ပြသလိုက်တာပါ။ တကယ်ကို တီထွင်ဆန်းသစ်မှု ဆန်းပြားတဲ့ ကိရိယာ ဖြစ်ပါတယ်။
ဒီကိရိယာက ဖခင်ဖြစ်သူတွေ သားသမီးတွေကို ရင်ခွင်ပိုက််ရင်း ကိုယ်တိုင်နို့တိုက််နိုင်အောင် ကူညီပေးတဲ့ ကိရိယာပါပဲ။
သုသေတီတွေ အဆိုအရ ကလေးတွေကို နို့ချိုတိုက်ရတာ၊ ချော့သိပ်ရတာတွေအတွက်် မိဘတော်တော်များများဟာ ကသီလင်တ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကို တုံ့ပြန်ပြီး အကူအညီ အထောက်အမဖြစ်အောင် တီထွင်ကြံဆရင်း Father’s Nursing Assistant ကိရိယာကို တီထွင် ထုတ်လုပ်လိုက်တာပါပဲ။
မိခင််တွေရဲ့ ကထိကထများတာကို ဖခင်ဖြစ်သူ ခင်ပွန်းသည်တွေက ခွဲဝေတာဝန်ယူစေနိုင််မယ့် ကိရိယာပါ။
ဒီကိရိယာဟာ စလွယ်ကြိုးပါတဲ့ ရင််နှစ်မြွှာပုံစံ ဖြစ်ပြီး နို့သီးခေါင်းပါပါတယ်။ နို့ရည်ကို ထည့်သွင်းပြီး စလွယ်သိုင်းလို့ ဖခင်တွေက ကလေးငယ်တွေကို ရင်ခွင်ပိုက်ရင်း ကိုယ်တိုင်နို့တိုက်နိုင်တဲ့ ကိရိယာပဲ ဖြစ်ပါတယ်။
Rf; wonderful engineering
Writer_မောင်သံဆင့် ( Daily Hot News )
Zawgyiဖြင့်ဖတ်ရန်
Thar_Nage
Unicodeဖြင့်ဖတ်ရန်
ယာဉ်မောင်းလိုင်စင်အသိမ်းခံရလို့ ကလေးစီး jeep ကားနဲ့ ကျောင်းသွားတဲ့ကျောင်းသူလေး
တက္ကဆက်တက္ကသိုလ်မှာ စက်မှုအင်ဂျင်နီယာအထူးပြုတက်ရောက်နေတဲ့ အသက် ၂၀ အရွယ် Monroe ဟာ Waka Flocka ဖျော်ဖြေပွဲကနေအိမ်ကိုအပြန် ကားမောင်လာစဉ် ရဲက သူမကို အရက်သေစာ သောက်စားထားလား မစားဘူးလား စစ်ဆေးပြီး သူမရဲ့ ကားလိုင်စဉ်ကို ထိန်းသိမ်းထားခဲ့ပါတယ်။ နောက်ရက်တွေရောက်တော့ လိုင်စင်းအသိမ်းခံရတဲ့အပြင် သူမရဲ့ ဖခင်က သူမရဲ့ ကားကို ယူပြီး ဆန်မားကို့စ် ဘက်ကို ခရီးထွက်ခဲ့ပါတယ်။ သူမအတွက်တော့ ကျောင်းသွားရင် စီးဖို့ စက်ဘီးတစ်စီးချန်ထားခဲ့ပါတယ်။
ယာဉ်မောင်းလိုင်စင်လည်း မရွေးရသေးဘူး၊ အဖေထားခဲ့တဲ့ စက်ဘီးလည်း မစီးချင်တဲ့အတွက် သူမရဲ့ မုန့်ဖိုးတွေနဲ့ စုပြီးဝယ်စီးလို့ရမဲ့ ဈေးပေါပေါနဲ့ စီးစရာကို စဉ်းစားခဲ့ပါတယ်။ အဲ့ဒီနောက် Craigslist ဝက်ဘ်ဆိုဒ်ကနေ ဒေါ်လာ ၆၀ဆယ်တန် ကလေးစီးတဲ့ ဂျစ်ကားလေးကို တွေ့ပြီးဝယ်ယူခဲ့ပါတယ်။ သူဝယ်ယူလိုက်တဲ့ ပန်းရောင်ဂျစ်ကားပိုင်ရှင်ကတော့ Charlene ဆိုတဲ့ကလေးမလေးရဲ့ ကားပဲ ဖြစ်ပါတယ်။
သူမဟာ ကျောင်းသွားကျောင်းပြန် ဒီပန်းရောင်ဂျစ်ကားကို စီးပြီးသွားပါတယ်။ ကျောင်းဝန်းအတွင်းမှာလည်း ဒီကားကို မောင်းပြီး လျှောက်ပတ်သွားလာနေပါတယ်။ ဒီလို ကျောင်းသွား ကျောင်းပြန် ပလက်ဖောင်းလမ်းမှာ ကလေးစီးဂျစ်ကားလေးနဲ့ သူမကို မြင်တော့ လူတွေက ဗီဒီယိုရိုက်ပြီ လိုင်းပေါ်တင်ခဲ့ရင် သူ့မအကြောင်းကို လူသိများလာတာဖြစ်ပါတယ်။ သူမရဲ့ ကားက အမြန်ဆုံး တစ်နာရီကို ၅မိုင်ထိ ခရီးနှင်နိုင်တယ်လို့ ဆိုပါတယ်။ တက္ကသိုလ်တစ်ဝန်းလုံးမှာတော့ သူမရဲ့ ပုံစံက အားလုံးထဲမှာ ထင်ရှားနေပြီ ဟာသပုံစံဖြစ်နေပေမဲ့သူမကတော့ ခပ်တည်တည်နဲ့ အေးအေးဆေးဆေးပါပဲ။
Credit:Lifestyle_Myanmar
Thar_Nage
 နှစ်နှစ်ကြာအောင်ဇွဲကောင်းကောင်းနဲ့ Crush အပြီးမှာ ကြောင်မလေးဆီက အချစ်ကိုရသွားခဲ့တဲ့ကြောင်ထီးလေး
လူသားကောင်လေးတွေ၊ ကောင်မလေးတွေဆီမှာပဲ ကြည်နူးစရာ၊ ချစ်စရာအချစ်ဇာတ်လမ်းလေးတွေရှိတယ်မထင်ပါနဲ့။ တိရစ္ဆာန်ဖြစ်တဲ့ ကြောင်ကလေးတွေဆီမှာလည်း သူတို့နည်းသူတို့ဟန်နဲ့ချစ်ဖို့ကောင်းတဲ့ ရိုမန့်တစ်ဆန်ဆန်ဇာတ်လမ်းလေးတွေရှိတတ်ကြပါတယ်။ အဲ့ဒီအဖြစ်အပျက်လေးတွေတကယ်ရှိတယ်ဆိုတာကို ဆိုဖီ နဲ့ စကော့တီ တို့ကသက်သေပြလိုက်ပါပြီ။
ဆိုဖီ ဟာ အမွှေးဖွားဖွားလေးနဲ့ချစ်စရာ Ragdoll အမျိုးအစားကြောင်မလေးဖြစ်ပြီး စကော့တီကတော့ ကလက်စစ်ပါရှန်း အမျိုးအစားကြောင်ထီးလေးပါ။ ဆိုဖီကိုစမြင်တုန်းက စကော့တီဟာ သူမကို အဝေးကနေပဲလှမ်းလှမ်းပြီး ငေးနေတတ်ပါတယ်။ စကော့တီရဲ့ နေ့စဉ်အလုပ်ဟာ ဆိုဖီရှိနေတတ်တဲ့နေရာလေးနဲ့မနီးမဝေးမှာထိုင်ရင်း တစ်နေကုန်သူမကို မျက်စေ့အောက်ကအပျောက်မခံပဲငေးကြည့်နေတတ်တာပါ။ ဆိုဖီ ကတော့ စကော့တီကို ရှိတယ်လို့တောင်မထင်ပဲ သူ့ဟာနဲ့သူကစားတာနဲ့ပဲအချိန်ကုန်၊ အလုပ်ရှုပ်နေတတ်ပါတယ်။
တဖြည်းဖြည်းနဲ့ စကော့တီဟာ ဆိုဖီရဲ့အနားကိုရောက်ရောက်လာခဲ့ပြီး ဆိုဖီလေးက သူ့ကိုများဖော်ဖော်ရွေရွေရှိမလားဆိုတဲ့အကြည့်လေးနဲ့ စောင့်နေတတ်ပါတယ်။ ဒါပေမယ့် အဲဒါအမြဲတစေတော့မဟုတ်ပါဘူး။ ဆိုဖီ စိတ်ကြည်နေတဲ့နေ့တွေမှာတော့ အဆင်ပြေပေမယ့် သူမ အဆင်မပြေ၊ စိတ်မကြည်ပဲ ဘူ နေတဲ့နေ့တွေမှာတော့ အော်ထုတ်ခံရတာ၊ အခန့်မသင့်ရင် အကုတ်တောင်ခံရပြီး ခပ်လှမ်းလှမ်းကိုထွက်ပြေးရတဲ့အထိပါပဲ။ ဒါပေမယ့် ချစ်ရသူဖြစ်တဲ့အတွက် စကော့တီလေးက သည်းခံရှာပါတယ်။ အဲ့ဒီလိုအချိန်က တစ်နှစ်ကျော်ကျော်လောက်ကြာပါတယ်။
နောက်ပိုင်းတွေမှာတော့ ဆိုဖီက စကော့တီကိုအနားကပ်ခံပါတယ်။ ဒါပေမယ့် ကစားအတူ၊ စားအတူဆိုတဲ့အဆင့်တော့မဟုတ်ပါဘူး။ ဘေးချင်းကပ်ထိုင်ရုံလေးပါပဲ။ အဲဒီအနေအထားနဲ့လည်း စကော့တီလေးက ဆိုဖီလေးကို မိတ်ဆက်ဖို့နောက်ထပ်လတော်တော်ကြာအောင်စောင့်ရပါသေးတယ်။ နောက်ဆုံးမှာတော့ ဇွဲကောင်းသလို၊ ရုပ်လေးကလည်း သူမလိုပဲ ချောချောသန့်သန့်မျိုးကောင်းလေးဖြစ်တာကြောင့် စကော့တီ ကို ဆိုဖီ ကခင်လာပြီး သူမအနားကိုကပ်ခွင့်ပေးလိုက်ပါတော့တယ်။
၂ နှစ်အကြာမှာတော့ စကော့တီ ဟာ ဆိုဖီ့ဆီက အချစ်ကိုပိုင်ဆိုင်လိုက်ရပါပြီ။ သူတို့နှစ်ကောင်ဟာ တစ်ကောင်နဲ့တစ်ကောင်မျက်စေ့အောက်က အပျောက်မခံလောက်အောင်ချစ်ကြတယ်လို့ သူတို့ရဲ့ပိုင်ရှင်တွေကဆိုပါတယ်။ စကော့တီလေးဟာ ဆိုဖီလေး လုပ်သမျှ ဆိုးသမျှသည်းခံတဲ့အပြင် ဆိုဖီရဲ့ အမူအရာလေးတွေကိုပါအတုခိုးတတ်ပါတယ်။
ခုဆိုသူတို့နှစ်ကောင်လုံးအတူတူရှိနေပြီး သခင်တွေအလစ်ဆိုရင် အကြင်နာတွေဘာတွေတောင်ခိုးပေးရင်ပေးနေကြမှာပေါ့။
Credit to We Media
ချစ်သူနှစ်ယောက်ထားပြီး ဘယ်တစ်ယောက်က ပိုသစ္စာရှိလဲ စမ်းသပ်ခဲ့တဲ့ ကောင်မလေး
ချစ်သူကို သစ္စာရှိမရှိ စမ်းသပ်ကြတာမျိုး ကြုံဖူးကြပါလိမ့်မယ်။ ဒါပေမယ့် ဒီကောင်မလေးကတော့ နည်းနည်းဆန်းပါတယ်။ သူက ရည်းစား တစ်ယောက်တည်း ရှိတာ မဟုတ်ပါဘူး။ ၂ယောက်ထားပြီးမှ ဘယ်သူက ပိုသစ္စာရှိလဲ စမ်းခဲ့တာဖြစ်ပါတယ်။ နားထောင်ရတာတော့ တစ်မျိုးကြီးပဲ…သူက သစ္စာအရင်မရှိသလိုများဖြစ်နေလား….
ဒါကတော့ ကိုယ့်ဘာသာကိုယ်စဉ်းစားကြည့်နော်။ ဒီကောင်မလေး ဘယ်လိုလုပ်လဲ ဆက်ကြည့်ရအောင်..ကောင်မလေး
ဟာ ဖောက်ပြန်သူတွေကို အကွက်ချပြီး သေချာဖမ်းပေးတဲ့ Catch a Cheater ဆိုတဲ့ အစီအစဉ်နဲ့ ဆက်သွယ်ခဲ့ပါတယ်။ သူမရဲ့ ၇ည်းစားတွေကတော့ steve နဲ့ Darnell ဖြစ်ပါတယ်။ ထိုနှစ်ယောက်ထဲမှာမှ သူမဟာ Steve ကိုပိုသဘော ကျပြီး Steve ကို ပိုယုံကြည်နေခဲ့ပါတယ်။
ပထမရည်းစားကိုတော့ ချိန်းထားခဲ့ပါတယ်။ ပထမရည်းစားဖြစ်တဲ့ steve ဟာ ကောင်မလေးနဲ့ တွေ့နေတုန်း အခြား ခပ်ချောချော ကောင်မလေး တစ်ယောက် ရောက်လာခဲ့ပါတယ်။ Steve ရဲ့ အင်္ကျီ ဘယ်လောက်မိုက်ကြောင်း စကားပြောရင်းရောခဲ့ပါတယ်။ တစ်ယောက်ထဲထိုင်နေတာလားလို့ မေးတဲ့အချိန်မှာ Steve ဟာ သူ့ရဲ့ရည်းစားကို စောင့်နေကြောင်း ဝန်မခံခဲ့ပါဘူး။
Steve ကို စမ်းသပ်ခဲ့တဲ့ ရည်းစားကောင်မလေးဟာလည်း အံ့အားသင့်ခဲ့ရပါတယ်။ ရည်းစား ၂ယောက်မှာ Steve ကို ပိုယုံကြည်ခဲ့တာဖြစ်ပါတယ်။
နောက်တစ်ယောက်ဖြစ်တဲ့ Darnell ကို စမ်းသပ်ရာမှာတော့ ကောင်မလေးက Darnell လည်း ဒီပုပ်ထဲက ဒီပဲပဲ ထင်ခဲ့
ပါတယ်။ ဒါပေမယ့် ကောင်မလေးရဲ့ အထင်မှားခဲ့ပြီး Darnell ဟာ မဖောက်ပြန်ခဲ့ပါဘူး။ ကောင်မလေးလည်း အံ့သြသွားတဲ့ပုံပေါက်ခဲ့ပါတယ်။
ဘယ်တစ်ယောက်က ဖောက်ပြန်တာလဲသိပြိးသွားတဲ့အချိန်မှာတောင် ကောင်မလေးက Steveကို စိတ်မကုန်ခဲ့ပါဘူး။
သူမရဲ့ပြောပုံအရ Steve နဲ့ စကား ပြောပြီး ဆက်တွဲအုံးမယ့် ပုံစံရှိပါတယ်။