ကွယ်ရာမှာဖောက်ပြန်နေတဲ့ ဇနီးချောကို အရှင်လတ်လတ် မီးရှို့သတ်ခဲ့တဲ့ ခင်ပွန်း…
Zawgyi
Credit – လင်းဇော်ကို (D Khit Media)
source : mirror
Unicode
ကမ္ဘောဒီးယားနိုင်ငံတောင်ပိုင်း တက်ကီယိုစီရင်စု၊ ဘာတီခရိုင်၊ Trapeang Sab မြို့ငယ်လေးမှာ အိမ်ထောင်သည် အမျိုးသားတစ်ယောက်ဟာ ဇနီးဖြစ်သူကို အရှင်လတ်လတ် မီးရှို့သတ်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ဖြစ်စဉ်အသေးစိတ်မှာ ခင်ပွန်းက ဇနီးသည် ဖောက်ပြန်နေတယ်လို့ ယုံကြည်ခဲ့တာဖြစ်ပါတယ် ။
အမျိုးသားရဲ့နာမည်ကတော့ Prum Tam ဖြစ်ပြီး အသက်(၃၇)နှစ်ပါ။ သေဆုံးသူ ဇနီးရဲဲ့နာမည်ကတော့ Loas Sreyne ဖြစ်ပြီး ခင်ပွန်းနဲ့ အသက်တူဖြစ်ပါတယ်။ Tam ဟာ ဇနီးသည် Facebook ပေါ်မှာ သိတဲ့လူတစ်ယောက်နဲ့ ဖောက်ပြန်နေတာကို သိရှိနေပြီး- နီးစပ်သူတွေကလည်း Loas ဟာ ဝတ်ကောင်းစားလှတွေ ဝတ်ဆင်ကာ လင်ငယ်နဲ့ နေ့တိုင်းလိုလို ချိန်းတွေ့တယ်လို့ သတင်းပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ နောက်ဆု့း Tam ဟာ သည်းမခံနိုင်တော့တဲ့အဆုံး အိမ်ကို ဓာတ်ဆီလောင်းပြီး မီးနဲ့ရှို့ဖို့ ကြိုးစားခဲ့တာပါ …။
ဇနီးဖြစ်သူ Loas အမြန်ရောက်လာခဲ့ပြီး တားဆီးချိန်မှာတော့ ဓာတ်ဆီပုံးက သူမအတွက်ဖြစ်သွားခဲ့ပါတယ်။ သူမကို ဓာတ်ဆီနဲ့လောင်းကာ မီးရှို့ခဲ့သလို၊ Tam ဟာ ကိုယ်တိုင်လည်း သေကြောင်းကြံစည်ခဲ့ပါတယ်။ ဒါပေမယ့် ဇနီးဖြစ်သူ Loas ကတော့ နေရာမှာပင် သေဆုံးခဲ့ပြီး၊ Tam ကတော့ စိုးရိမ်ရမီးလောင်ဒဏ်ရာတွေနဲ့ စောင့်ကြည့်နေရဆဲပါ။ Tam ဟာ Phnom Tamao Wildlife Rescue Centre မှာ ဆင်ဦးစီးအဖြစ် ဆောင်ရွက်နေသူဖြစ်ပြီး၊ သူ့လည်ပင်းကိုလည်း ဓားနဲ့လှီးခဲ့သေးတယ်လို့ သိရပါတယ်။ သားနှစ်ယောက်ကိုတော့ အိမ်နီးနားချင်းတွေက အမြန်ကယ်ဆယ်နိုင်ခဲ့ပါတယ် ။
Tam ဟာ မကြာသေးခင်က ဖောက်ပြန်နေတဲ့ဇနီးကို မပေါင်းနိုင်တော့ဘူးဆိုပြီး ရွာလူကြီးတွေရှေ့မှောက်မှာ ကွာရှင်းဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် ရွာလူကြီးတွေက သားနှစ်ယောက်လည်း ရှိနေတာမို့ နားချဖြောင်းဖျခဲ့ပြီး၊ Loas ကလည်း အနေထိုင်ဆင်ခြင်မယ်လို့ ကတိပေးခဲ့ပါတယ် ။သို့ပေမယ့် Loas ဟာ Facebook ပေါ်က ချစ်သူကို မပြတ်နိုင်ဘဲ၊ ခင်ပွန်းသည် တိရစ္ဆာန်ရုံမှာ အလုပ်သွားချိန်ကို အခွင့်ကောင်းယူကာ ကွယ်ရာမှာ ဖြစ်ချင်တိုင်းဖြစ်နေခဲ့ပါတယ်တဲ့။ နောက်ဆုံးတော့ သည်းမခံနိုင်တဲ့ခင်ပွန်းဟာ အခုလို ဆိုးဆိုးရွားရွား ပြစ်မှုကျူးလွန်သည်အထိ လုပ်ဆောင်ခဲ့ပါတော့တယ်။ ရဲကတော့ စုံစမ်းစစ်ဆေးနေဆဲပါ ။
Google နဲ့ Facebook Apps တွေ သုံးမရတော့ရင် ငွေအပြည့် ပြန်အမ်းမယ်လို့ Huawei ပြော
အမေရိကန်အစိုးရရဲ့ ပိတ်ပင်မှုကြောင့် Huawei အနေနဲ့ ပြည်ပ ဖုန်းရောင်းအား ၆၀ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ခြေရှိကြောင်း ကုမ္ပဏီတည်ထောင်သူ Ren Zhengfei က လွန်ခဲ့တဲ့ ရက်ပိုင်းက ပြောကြားခဲ့ပါတယ်။
ဒီလို ပြောပြီး ရက်ပိုင်းအကြာမှာပဲ Huawei က အာမခံပေါ်လစီအသစ်တခုကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ လက်ရှိ Huawei ဖုန်းမော်ဒယ်တွေမှာ Google နဲ့ Facebook တွေ သုံးမရတော့ဘူးဆိုရင် ငွေအပြည့် ပြန်အမ်းမယ်လို့ အာမခံလိုက်တာပါ။
အမေရိကန်အစိုးရက Huawei နဲ့ ကုန်သွယ်မှု မလုပ်ဖို့ တားမြစ်လိုက်တာကြောင့် Google က Huawei ကို Android OS နဲ့ Google Apps တွေ သုံးခွင့် ရုပ်သိမ်းလိုက်သလို၊ Facebook ကလည်း သူ့ Apps တွေ ကြိုတင်ထည့်ခွင့် မပေးတော့ကြောင်း ကြေညာထားပါတယ်။
တကယ်တမ်းတော့ အထက်ပါ တားမြစ်မှုတွေက လက်ရှိထုတ်ပြီးသား Huawei ဖုန်းမော်ဒယ်အားလုံးမှာ အကျုံးမဝင်ပါဘူး။ ဒါပေမယ့်လည်း Huawei ဖုန်းအသုံးပြုသူတွေကတော့ သူတို့ လက်ရှိကိုင်နေတဲ့ ဖုန်းတွေမှာ ဒီ Apps တွေ သုံးမရတော့မှာကို စိုးရိမ်ပူပန်နေကြပါတယ်။ ဒီပူပန်မှုတွေ လျော့ပါးစေဖို့အတွက် Huawei က အာမခံအစီအစဉ်တခု စတင်လိုက်တာပါ။
Huawei ဖုန်းတလုံး ဝယ်ပြီးနောက် ၂ နှစ်အတွင်းမှာ Facebook ၊ Instragram ၊ WhatsApp ၊ YouTube ၊ Gmail စတဲ့ နာမည်ကြီး Apps တွေ သုံးမရတော့ဘူးဆိုရင် ဖုန်းတန်ဖိုးအပြည့် ပြန်ပေးသွားမှာ ဖြစ်တယ်လို့ ကတိပေးထားပါတယ်။ အမေရိကန်အစိုးရရဲ့ ပိတ်ပင်မှုခံရပြီးနောက်မှာ ပထမဆုံး ထွက်ပေါ်လာတဲ့ အာမခံအစီအစဉ်လည်း ဖြစ်ပါတယ်။
ဒီအာမခံကို ဖိလစ်ပိုင်နိုင်ငံမှာပဲ ရရှိဦးမှာ ဖြစ်တယ်လို့ Huawei Central က ရေးသားထားပါတယ်။ သြဂုတ်လမတိုင်ခင်အတွင်း ဝယ်ယူထားတဲ့ Huawei ဖုန်းအားလုံး အကျုံးဝင်မှာပါ။ အဆိုပါသတင်းကို Huawei ကလည်း အတည်ပြုပေးထားပါတယ်။
တခြားနိုင်ငံတွေမှာလည်း Huawei ဖုန်းဝယ်ထားသူတွေက အရောင်းဆိုင်တွေဆီ ပြန်လာပြီး ပိုက်ဆံပြန်အမ်းပေးဖို့ တောင်းဆိုနေကြတဲ့သတင်းတွေ ထွက်နေပါတယ်။ ဒါကြောင့် အလားတူ အာမခံအစီအစဉ်မျိုးကို အခြားကမ္ဘာ့ဈေးကွက်တွေမှာလည်း ထုတ်ပေးနိုင်ဖွယ် ရှိပါတယ်။
Ref: Forbes, BGR
Credit to Irrawaddy
မွေးနေ့အထိမ်းအမှတ် ဒေါ်အောင်ဆန်းစုကြည်၏ ငယ်ဘဝပုံတူ ရွှံ့ရုပ်တု ပြုလုပ်
မန္တလေးမြို့မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၄ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် ပုံတူ ရွှံ့ရုပ်တု ပြုလုပ်ခဲ့ပါတယ်။
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ပန်းပုဌာန နောက်ဆုံးနှစ် ကျောင်းသား ကိုဖိုးဝလုံးက ဒီပုံတူ ရွှံ့ရုပ်တုကိုပြုလုပ်ခဲ့တာဖြစ်ပြီး အမျိုးသားယဉ်ကျေးမှု အနုပညာတက္ကသိုလ်က ပန်းပုကျောင်းသားတွေရဲ့ လက်ရာတွေ တနေ့ထက် တနေ့ ပိုကောင်းလာတာကို ပြသချင်တဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တာလို့ ဆိုပါတယ်။
ဇွန် ၁၄ ရက်ကစပြီး ရွှံ့ကိုအသုံးပြုပြီး ရုပ်တုကို ပုံဖော်ခဲ့တာဖြစ်ပြီး ဒီနေ့မှာ အချောသတ် ပြီးစီးနေပြီးဖြစ်ပါတယ်။ မကြာခင်ရက်ပိုင်းအတွင်း မိုလ်လောင်းပြီး ပလာစတာရုပ်တု ပြုလုပ်သွားဖို့ ရှိနေပြီး ဇွန်လကုန်ပိုင်းမှာ အပြီးသတ်နိုင်မှာပါ။
ဒေါ်အောင်ဆန်းစုကြည်ပုံတူ ပလာစတာရုပ်တုကို ဇွန် ၁၉ ရက် ညနေပိုင်းမှာ ဖိုးဝလုံး ဖေ့စ်ဘွတ်ခ်အကောင့်ကနေ မဲဖောက်ပေးသွားမှာဖြစ်ပြီး မဲပေါက်သူကို အဲဒီ ပုံတူ ပလာစတာရုပ်တု ပြီးချိန်မှာ ပေးပို့သွားမှာဖြစ်ပါတယ်။
လူငယ်ပန်းပုပညာရှင် ကိုဖိုးဝလုံးက အရင်နှစ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၃ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ပုံတူ နံရံကပ် ပန်းပုရုပ် ၇၃ ရုပ် ပြုလုပ်ပြီး လူမှုကွန်ရက် စာမျက်နှာကတဆင့် မဲဖောက်ပေးခဲ့ပါတယ်။
Credit to DVB
“ဒသမတန်းတွင်​ ၅ ဘာသာဂုဏ်​ထူး ရမှတ်​ ၅၀၀ ရရှိ​သော မအေးအေးကြူအတွက် အကူအညီတောင်းခံအပ်ပါသည်”
အဟ ၃၁၇
၎ တန်း စ​ကောလားရှစ်​ .. ၈ တန်း မြို့နယ်​ ပထမ.. ၉ တန်း လွှတ်​​တော်​​ရေးရာ.. ဉာဏ်​စမ်းပ​ဟေဠိ ပြိုင်​ပွဲ ဧရာဝတီတိုင်း ပထမ တစ်​နိုင်​ငံလုံး ပဉ္စမ
crd. u kyaw lwin san
Unicode Version
လေးစားစွာ အကူအညီတောင်းခံအပ်ပါသည်။
သူငယ်တန်း မှ နဝမတန်း အထိ အတန်းစဉ် ပထမ ရရှိပြီးဒသမတန်းတွင်၅ ဘာသာဂုဏ်ထူး ရမှတ် ၅၀၀ ရရှိသော
ဟင်္သာတမြို့ အ၊ထ၊က ၄ မှ ကျောင်းသူလေးမအေးအေးကြူ အတွက် ဂုဏ်ပြု ချီးမြှင့်ပေးပါရန် နှင့်သူ ဝါသနာပါရာ တက်ရောက်သင်ကြားလိုသော***သတင်းအချက်အလက် နှင့်ဆက်သွယ်ရေးနည်းပညာ တက္ကသိုလ်** သို့
တက်ရောက် သင်ကြားနိုင်သော နည်းလမ်း များကို ညွှန်ပြ ပေးပါရန် လေးစားစွာ အကူအညီ တောင်းခံအပ်ပါသည်။
(ခွင့်ပြုချက်အရဖေါ်ပြထားသောကိုယ်ရေးအချက်အလက်များ)
မအေးအေးကြူ(ဖခင်)ဦးဝင်းဌေး (မိခင်) ဒေါ်ခင်ရီသာဒီကွင်းကျေးရွာ နိဗ္ဗာန်တိုက်နယ် ဟင်္သာတမြို့ဆက်သွယ်ရန် 09 42 6569 868.. မွေးသက္ကရာစ်.. ၈ စက်တင်ဘာ ၂၀၀၂
အဟ ၃၁၇
၅ ဘာသာဂုဏ်ထူး.. ရမှတ် ၅၀၀.. အ ထ က ၄.. အတန်းပိုင်ဆရာမ.. ဒေါ်ခင်ဆွေအောင်.. ဒေါ်အေးသန်း
၄ တန်း စကောလားရှစ် .. ၈ တန်း မြို့နယ် ပထမ.. ၉ တန်း လွှတ်တော်ရေးရာ.. ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲ ဧရာဝတီတိုင်း ပထမ တစ်နိုင်ငံလုံး ပဉ္စမ
crd. u kyaw lwin san