သင့္ Crush က သင့္အေၾကာင္း ေတြးေနတယ္ဆိုတာကို ဒီလိုနည္းမ်ားနဲ႔ သိရွိနိုင္……

တစ္ေယာက္ေယာက္ကို ခ်စ္မိလို႕ တစ္ခ်ိန္လံုးသူ႕အေၾကာင္းပဲ ေတြးေနမိတယ္ဆိုတဲ့အျဖစ္က သိပ္ကိုရိုမန္႕တစ္ဆန္လြန္းပါတယ္။ ဒါေပမယ့္ ကိုယ့္ဘက္ကပဲ သူ႕အေၾကာင္းေတြ ေတြးေနျပီး သူ႕ဘက္ကေတာ့ ဘာမွတံု႕ျပန္မႈမရွိတဲ့အခါမွာေတာ့ ခံစားခ်က္ေတြက အခ်စ္ကေန အမုနး္ကိုေတာင္ ေျပာင္းသြားနိုင္ပါတယ္ေနာ္။ ဒီေတာ့ ကိုယ့္အေတြးထဲမွာ အျမဲေနရာယူထားတဲ့သူေလးကေရာ ကိုယ့္ကို သတိရေနလားဆိုတာ ေျပးၾကည့္စရာမလိုဘဲ သိနိုင္မယ့္ နိမိတ္ပံုေလးေတြကေတာ့ ဒီလိုပါ။

(၁) ခံစားခ်က္ရုတ္တရက္ေျပာင္းသြားရင္

ကုိယ္ကေပ်ာ္ရႊင္စရာေတြၾကံဳေနလို႕ ရယ္ေမာေနရာက ရုတ္တရက္၀မ္းနည္းသြားတာမ်ိဳး ျဖစ္တယ္ဆိုရင္ သူက သင့္ကိုမေတြ႕ရတဲ့အခ်ိန္ သတိရျပီး ၀မ္းနည္းမိတာေၾကာင့္ သင္ပါလိုက္ျပီး အဲ့လိုျဖစ္သြားရတာပါတဲ့။ တခါတေလ အထီးက်န္္ျပီး စိတ္ဓာတ္ေတြ က်ေနေပမယ့္ ရုတ္တရက္ေႏြးေထြးတဲ့ ခံစားခ်က္မ်ိဳးျဖစ္သြားတယ္ဆိုရင္လည္း သူက ခ်စ္တဲ့စိတ္ေတြနဲ႕သင့္အေၾကာင္းေတြးမိလို႕ပါတဲ့။

(၂) မ်က္လံုးတစ္ဖက္က ယားလာရင္

မိန္းကေလးေတြမွာ ဘယ္ဘက္မ်က္လံုးက ယားလာရင္ သူခ်စ္ရတဲ့သူက လြမ္းေနတာျဖစ္ျပီး၊ ညာဘက္မ်က္လံုးကယားလာရင္ေတာ့ သူ႕ဘက္က မိန္းကေလးအေၾကာင္း ေတြးျပီးေပ်ာ္ေနလို႕ပါတဲ့။ ေယာက်ာ္းေလးေတြကေတာ့ အဲ့့ဒါနဲ႕ေျပာင္းျပန္ပါ။ မ်က္လံုးအလာ့ဂ်စ္ျဖစ္လို႕ ယားတာကို ေျပာတာမဟုတ္ဘူးေနာ္။ ခဏတျဖဳတ္္ယားျပီး ေပ်ာက္သြားတာမ်ိဳးကို ေျပာတာပါတဲ့။

(၃) ပါးျပင္ ဒါမွမဟုတ္ နားရြက္က ပူလာရင္

ပါးျပင္ ဒါမွမဟုတ္ နားရြက္ေတြ ပူလာရင္ေတာ့ သူက သင့္အေၾကာင္း ေတြးရံုမက တစ္ေယာက္ေယာက္ကို သင့္အေၾကာင္းေျပာျပေနလို႕ပါတဲဲ့။

(၄) ၾကက္သီးထလာရင္

သင္က ရုတ္တရက္ သူ႕အေၾကာင္း ေတြးမိလိုက္တဲ့အခ်ိန္မွာ ၾကက္သီးထလာတယ္ဆိုရင္ သူကလည္းသင့္အေၾကာင္းေတြးေနတဲ့အခ်ိန္နဲ႕တိုက္ဆိုင္သြားလို႕ပါတဲ့။

(၅) ၾကိဳ႕ထိုးရင္

ၾကိဳ႕ထိုးတာကေတာ့ သူက သင့္ကိုအေကာင္းနဲ႕ သတိရေနတာေတာ့မဟုတ္ပါဘူး။ သင့္အေပၚမွာ မေက်နပ္တာတစ္ခုခုကို နက္နက္နဲနဲကို ေတြးမိေနလို႕ပါ။

(၆) သူ႕အေၾကာင္း အိပ္မက္မက္ရင္

သင့္အေနနဲ႔ လူတစ္ေယာက္အေၾကာင္း ရွင္းရွင္းလင္းလင္း အိပ္မက္မက္တယ္ဆိုတာ သူက သင့္အေၾကာင္း အခ်ိန္ေတာ္ေတာ္မ်ားမာ်းေတြးေနလို႕ပါ။ သင္လည္း သူ႕အေၾကာင္း အမ်ားၾကီးေတြးတယ္ဆိုရင္ သူက သင့္ကို အိပ္မက္မက္ေနမွာပါတဲ့။

Credit- Auntymay

Unicode

သင့် Crush က သင့်အကြောင်း တွေးနေတယ်ဆိုတာကို ဒီလိုနည်းများနဲ့ သိရှိနိုင်……

တစ်ယောက်ယောက်ကို ချစ်မိလို့ တစ်ချိန်လုံးသူ့အကြောင်းပဲ တွေးနေမိတယ်ဆိုတဲ့အဖြစ်က သိပ်ကိုရိုမန့်တစ်ဆန်လွန်းပါတယ်။ ဒါပေမယ့် ကိုယ့်ဘက်ကပဲ သူ့အကြောင်းတွေ တွေးနေပြီး သူ့ဘက်ကတော့ ဘာမှတုံ့ပြန်မှုမရှိတဲ့အခါမှာတော့ ခံစားချက်တွေက အချစ်ကနေ အမုန်းကိုတောင် ပြောင်းသွားနိုင်ပါတယ်နော်။ ဒီတော့ ကိုယ့်အတွေးထဲမှာ အမြဲနေရာယူထားတဲ့သူလေးကရော ကိုယ့်ကို သတိရနေလားဆိုတာ ပြေးကြည့်စရာမလိုဘဲ သိနိုင်မယ့် နိမိတ်ပုံလေးတွေကတော့ ဒီလိုပါ။

(၁) ခံစားချက်ရုတ်တရက်ပြောင်းသွားရင်

ကိုယ်ကပျော်ရွှင်စရာတွေကြုံနေလို့ ရယ်မောနေရာက ရုတ်တရက်ဝမ်းနည်းသွားတာမျိုး ဖြစ်တယ်ဆိုရင် သူက သင့်ကိုမတွေ့ရတဲ့အချိန် သတိရပြီး ဝမ်းနည်းမိတာကြောင့် သင်ပါလိုက်ပြီး အဲ့လိုဖြစ်သွားရတာပါတဲ့။ တခါတလေ အထီးကျန်ပြီး စိတ်ဓာတ်တွေ ကျနေပေမယ့် ရုတ်တရက်နွေးထွေးတဲ့ ခံစားချက်မျိုးဖြစ်သွားတယ်ဆိုရင်လည်း သူက ချစ်တဲ့စိတ်တွေနဲ့သင့်အကြောင်းတွေးမိလို့ပါတဲ့။

(၂) မျက်လုံးတစ်ဖက်က ယားလာရင်

မိန်းကလေးတွေမှာ ဘယ်ဘက်မျက်လုံးက ယားလာရင် သူချစ်ရတဲ့သူက လွမ်းနေတာဖြစ်ပြီး၊ ညာဘက်မျက်လုံးကယားလာရင်တော့ သူ့ဘက်က မိန်းကလေးအကြောင်း တွေးပြီးပျော်နေလို့ပါတဲ့။ ယောကျာ်းလေးတွေကတော့ အဲ့ဒါနဲ့ပြောင်းပြန်ပါ။ မျက်လုံးအလာ့ဂျစ်ဖြစ်လို့ ယားတာကို ပြောတာမဟုတ်ဘူးနော်။ ခဏတဖြုတ်ယားပြီး ပျောက်သွားတာမျိုးကို ပြောတာပါတဲ့။

(၃) ပါးပြင် ဒါမှမဟုတ် နားရွက်က ပူလာရင်

ပါးပြင် ဒါမှမဟုတ် နားရွက်တွေ ပူလာရင်တော့ သူက သင့်အကြောင်း တွေးရုံမက တစ်ယောက်ယောက်ကို သင့်အကြောင်းပြောပြနေလို့ပါတဲ့။

(၄) ကြက်သီးထလာရင်

သင်က ရုတ်တရက် သူ့အကြောင်း တွေးမိလိုက်တဲ့အချိန်မှာ ကြက်သီးထလာတယ်ဆိုရင် သူကလည်းသင့်အကြောင်းတွေးနေတဲ့အချိန်နဲ့တိုက်ဆိုင်သွားလို့ပါတဲ့။

(၅) ကြို့ထိုးရင်

ကြို့ထိုးတာကတော့ သူက သင့်ကိုအကောင်းနဲ့ သတိရနေတာတော့မဟုတ်ပါဘူး။ သင့်အပေါ်မှာ မကျေနပ်တာတစ်ခုခုကို နက်နက်နဲနဲကို တွေးမိနေလို့ပါ။

(၆) သူ့အကြောင်း အိပ်မက်မက်ရင်

သင့်အနေနဲ့ လူတစ်ယောက်အကြောင်း ရှင်းရှင်းလင်းလင်း အိပ်မက်မက်တယ်ဆိုတာ သူက သင့်အကြောင်း အချိန်တော်တော်များမာျးတွေးနေလို့ပါ။ သင်လည်း သူ့အကြောင်း အများကြီးတွေးတယ်ဆိုရင် သူက သင့်ကို အိပ်မက်မက်နေမှာပါတဲ့။

Credit- Auntymay

အျမႊာေလး ေမြးဖုိ႕ အခြင့္ေရးပုိမ်ားေအာင္ဘာလုပ္မလဲ

ကိုယ္ဝန္ေဆာင္ျခင္းဟာ အိမ္ေထာင္ရွင္အမ်ိဳးသမီးတိုင္းရဲ႕ အလွပဆုံးအိမ္မက္တစ္ခုျဖစ္ၿပီးေတာ့ ကေလးရွိလာတဲ့အခါမွာ မိသားစုဘဝေလးကို ပိုမိုသာယာခ်မ္းေျမ့လာေစပါတယ္။ ကေလးတစ္ေယာက္ကို ေကာင္းမြန္စြာႀကီးျပင္းလာဖို႔ ျပဳစုပ်ိဳးေထာင္ရတာ မလြယ္ကူေပမယ့္ မိခင္အေတာ္မ်ားမ်ားကေတာ့ ကိုယ္ဝန္ေဆာင္တဲ့အခါ အႁမႊာေလးျဖစ္ဖို႔ ဆႏၵရွိေနၾကပါတယ္။ တကယ္ေတာ့ အႁမႊာေလးရရွိဖို႔ဆိုတာ ကံနဲ႔လည္းဆိုင္တယ္လို႔ ေျပာရမလိုပါပဲ။

အေမရိကန္မွာရွိတဲ့ အိမ္ေထာင္ရွင္ အမ်ိဳးသမီး ၃ ရာခိုင္ႏႈန္းေလာက္ဟာ အႁမႊာေလးေတြ ေမြးၾကၿပီး တျခားႏိုင္ငံေတြမွာလည္း ယခုစံႏႈန္းေလာက္ပဲ ရွိၾကေၾကာင္းသိရပါတယ္။

BMI ျမင့္မားၿပီး ဝတဲ့အမ်ိဳးသမီးေတြဟာ ပိန္တဲ့အမ်ိဳးသမီးေတြထက္ အႁမႊာရႏိုင္ေျခ ပိုမ်ားၿပီး အရပ္ျမင့္တဲ့မိန္းကေလးေတြဟာ ပုတဲ့မိန္းကေလးေတြထက္ အႁမႊာရႏိုင္ေျခ ပိုမ်ားေၾကာင္း သိရွိရပါတယ္။

မိခင္ေတြအေတာ္မ်ားမ်ား ဘာေၾကာင့္အႁမႊာေလးလိုခ်င္ရတာလဲ ဆိုတာကို သုံးသပ္ၾကည့္တဲ့အခါ တခ်ိဳ႕ကအခ်ိန္တခုတည္းနဲ႔ ကေလးႏွစ္ေယာက္ရရွိတဲ့အတြက္ ကိုယ္ဝန္ေဆာင္ဒုကၡသက္သာျခင္း၊ တခ်ိဳ႕ကကိုယ့္ရဲ႕ကေလးမွာ သူနဲ႔ခြၽတ္စြပ္တူတဲ့ညီေလးညီမေလးတစ္ေယာက္ ရွိေစလိုျခင္း၊ စတဲ့အေျဖေတြကို ေတြ႕ရပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ကံေကာင္းတာတစ္ခုက သင့္ကိုအႁမႊာေလးရရွိႏိုင္ဖို႔ အခြင့္အလမ္းပိုမ်ားေစမယ့္ နည္းလမ္းေတြလည္း ရွိေနပါတယ္။ ယခုနည္းလမ္းေတြကို ႀကိဳးစားၾကည့္ရင္း အႁမႊာလိုခ်င္တဲ့မိခင္တိုင္း အႁမႊာေလးေတြ ရရွိၾကပါေစ။

မ်ိဳး႐ိုးဗီဇဟာ ကြၽန္ေတာ္တို႔အတြက္ အေရးႀကီးတဲ့ အခန္းက႑ကပါဝင္ေနၿပီး မ်ိဳး႐ိုးမွာ အႁမႊာေမြးခဲ့သူရွိရင္လည္း အႁမႊာရႏိုင္ေခ် ပိုမ်ားပါတယ္။ အထူးသျဖင့္ မိန္းကေလးရဲ႕အေမျဖစ္သူဖက္က အႁမႊာေမြးခဲ့သူရွိရင္ သားသမီးမွာလည္း အႁမႊာရႏိုင္ေခ်ရွိပါတယ္။

ကိုယ္ဝန္တားေဆးဟာ ကိုယ္ဝန္ေဆာင္ျခင္းကို ကာကြယ္ဖို႔အတြက္ အသုံးျပဳၾကၿပီး ပုံမွန္မသုံးျခင္းေၾကာင့္ ကိုယ္ဝန္ရသြားတဲ့အခ်ိန္မွာ တာေဆးမသုံးပဲ ကိုယ္ဝန္ေဆာင္သူေတြထက္ အႁမႊာေလးရဖို႔ အခြင့္အေရးပိုမ်ားေၾကာင္း သိရွိရပါတယ္။

ကေလးေမြးၿပီးေနာက္ အခ်ိန္အၾကာႀကီးထိ ကေလးမယူပဲ ကိုယ္ဝန္ျပန္ေဆာင္ျခင္းဟာလည္း အႁမႊာရရွိဖို႔ အခြင့္အေရး ပိုမ်ားပါတယ္။ ႏို႔တိုက္ေနတဲ့အခ်ိန္မွာ မ်ိဳးဥေပၚေပါက္မႈ ရပ္တန္႔ေနတဲ့အတြက္ ဒီလိုအခ်ိန္မွာ ကိုယ္ဝန္မရႏိုင္ဘူးလို႔ ယုံၾကည္ၾကေပမယ့္ တကယ္ေတာ့ ဒါဟာ မွားယြင္းတဲ့အယူအဆတစ္ရပ္ျဖစ္ပါတယ္။ တကယ္လို႔ သင္အႁမႊာေလးရရွိဖို႔ ႀကိဳးစားခ်င္တယ္ဆိုရင္ေတာ့ ႏို႔တိုက္ေနစဥ္အတြင္းမွာ ပဋိသႏၶယူဖို႔ ႀကိဳးစားသင့္ပါတယ္။

အေနာက္အာဖရိကမွာေနထိုင္ၾကတဲ့ Yoruba လူမ်ိဳးေတြဟာ အႁမႊာေမြးမႈမ်ားျပားတဲ့ ပမာဏရွိၾကၿပီး ကမာၻမွာ စံခ်ိန္တင္ေနတဲ့ လူမ်ိဳးေတြ ျဖစ္ၾကပါတယ္။ သူတို႔ေတြဟာ ပိေလာပီနံဥနဲ႔ ေမ်ာက္ဥကို အလြန္အက်ဴးစားၾကတာေၾကာင့္လို႔ အႁမႊာေမြးႏႈန္းျမင့္တက္ေနရတာျဖစ္ေၾကာင္း ပညာရွင္ေတြက မွတ္ခ်က္ေပးၾကပါတယ္။

ႏို႔နဲ႔ႏို႔ထြက္ပစၥည္းေတြ မွီဝဲေပးျခင္းကလည္း အႁမႊာေမြးမႈ အခြင့္အေရးကို ပိုမ်ားေစပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ အႁမႊာေလးေတြ ရဖို႔ဆိုတာ ကံနဲ႔လည္းအရမ္းဆိုင္ၿပီး ႀကိဳးစားၾကည့္ရမွာေတာ့ ကိုယ့္တာဝန္ပဲျဖစ္ပါတယ္။ အေရးအႀကီးဆုံးကေတာ့ သားအိမ္ကိုအားေပးၿပီး မိခင္အတြက္ အာဟာရျဖစ္ေစမယ့္ ဗီတာမင္ေတြ၊ ေဖာလစ္အက္ဆစ္ေတြကို ဂ႐ုစိုက္မွီဝဲေပးဖို႔ လိုပါတယ္။

Crd- LM_Naung_Naung (Lifestyle_Myanmar)

Unicode

အမြွှာလေး မွေးဖို့ အခွင့်ရေးပိုများအောင်ဘာလုပ်မလဲ

ကိုယ်ဝန်ဆောင်ခြင်းဟာ အိမ်ထောင်ရှင်အမျိုးသမီးတိုင်းရဲ့ အလှပဆုံးအိမ်မက်တစ်ခုဖြစ်ပြီးတော့ ကလေးရှိလာတဲ့အခါမှာ မိသားစုဘဝလေးကို ပိုမိုသာယာချမ်းမြေ့လာစေပါတယ်။ ကလေးတစ်ယောက်ကို ကောင်းမွန်စွာကြီးပြင်းလာဖို့ ပြုစုပျိုးထောင်ရတာ မလွယ်ကူပေမယ့် မိခင်အတော်များများကတော့ ကိုယ်ဝန်ဆောင်တဲ့အခါ အမြွှာလေးဖြစ်ဖို့ ဆန္ဒရှိနေကြပါတယ်။ တကယ်တော့ အမြွှာလေးရရှိဖို့ဆိုတာ ကံနဲ့လည်းဆိုင်တယ်လို့ ပြောရမလိုပါပဲ။

အမေရိကန်မှာရှိတဲ့ အိမ်ထောင်ရှင် အမျိုးသမီး ၃ ရာခိုင်နှုန်းလောက်ဟာ အမြွှာလေးတွေ မွေးကြပြီး တခြားနိုင်ငံတွေမှာလည်း ယခုစံနှုန်းလောက်ပဲ ရှိကြကြောင်းသိရပါတယ်။
BMI မြင့်မားပြီး ဝတဲ့အမျိုးသမီးတွေဟာ ပိန်တဲ့အမျိုးသမီးတွေထက် အမြွှာရနိုင်ခြေ ပိုများပြီး အရပ်မြင့်တဲ့မိန်းကလေးတွေဟာ ပုတဲ့မိန်းကလေးတွေထက် အမြွှာရနိုင်ခြေ ပိုများကြောင်း သိရှိရပါတယ်။

မိခင်တွေအတော်များများ ဘာကြောင့်အမြွှာလေးလိုချင်ရတာလဲ ဆိုတာကို သုံးသပ်ကြည့်တဲ့အခါ တချို့ကအချိန်တခုတည်းနဲ့ ကလေးနှစ်ယောက်ရရှိတဲ့အတွက် ကိုယ်ဝန်ဆောင်ဒုက္ခသက်သာခြင်း၊ တချို့ကကိုယ့်ရဲ့ကလေးမှာ သူနဲ့ချွတ်စွပ်တူတဲ့ညီလေးညီမလေးတစ်ယောက် ရှိစေလိုခြင်း၊ စတဲ့အဖြေတွေကို တွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကံကောင်းတာတစ်ခုက သင့်ကိုအမြွှာလေးရရှိနိုင်ဖို့ အခွင့်အလမ်းပိုများစေမယ့် နည်းလမ်းတွေလည်း ရှိနေပါတယ်။ ယခုနည်းလမ်းတွေကို ကြိုးစားကြည့်ရင်း အမြွှာလိုချင်တဲ့မိခင်တိုင်း အမြွှာလေးတွေ ရရှိကြပါစေ။

မျိုးရိုးဗီဇဟာ ကျွန်တော်တို့အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကပါဝင်နေပြီး မျိုးရိုးမှာ အမြွှာမွေးခဲ့သူရှိရင်လည်း အမြွှာရနိုင်ချေ ပိုများပါတယ်။ အထူးသဖြင့် မိန်းကလေးရဲ့အမေဖြစ်သူဖက်က အမြွှာမွေးခဲ့သူရှိရင် သားသမီးမှာလည်း အမြွှာရနိုင်ချေရှိပါတယ်။

ကိုယ်ဝန်တားဆေးဟာ ကိုယ်ဝန်ဆောင်ခြင်းကို ကာကွယ်ဖို့အတွက် အသုံးပြုကြပြီး ပုံမှန်မသုံးခြင်းကြောင့် ကိုယ်ဝန်ရသွားတဲ့အချိန်မှာ တာဆေးမသုံးပဲ ကိုယ်ဝန်ဆောင်သူတွေထက် အမြွှာလေးရဖို့ အခွင့်အရေးပိုများကြောင်း သိရှိရပါတယ်။

ကလေးမွေးပြီးနောက် အချိန်အကြာကြီးထိ ကလေးမယူပဲ ကိုယ်ဝန်ပြန်ဆောင်ခြင်းဟာလည်း အမြွှာရရှိဖို့ အခွင့်အရေး ပိုများပါတယ်။ နို့တိုက်နေတဲ့အချိန်မှာ မျိုးဥပေါ်ပေါက်မှု ရပ်တန့်နေတဲ့အတွက် ဒီလိုအချိန်မှာ ကိုယ်ဝန်မရနိုင်ဘူးလို့ ယုံကြည်ကြပေမယ့် တကယ်တော့ ဒါဟာ မှားယွင်းတဲ့အယူအဆတစ်ရပ်ဖြစ်ပါတယ်။ တကယ်လို့ သင်အမြွှာလေးရရှိဖို့ ကြိုးစားချင်တယ်ဆိုရင်တော့ နို့တိုက်နေစဉ်အတွင်းမှာ ပဋိသန္ဓယူဖို့ ကြိုးစားသင့်ပါတယ်။

အနောက်အာဖရိကမှာနေထိုင်ကြတဲ့ Yoruba လူမျိုးတွေဟာ အမြွှာမွေးမှုများပြားတဲ့ ပမာဏရှိကြပြီး ကမ္ဘာမှာ စံချိန်တင်နေတဲ့ လူမျိုးတွေ ဖြစ်ကြပါတယ်။ သူတို့တွေဟာ ပိလောပီနံဥနဲ့ မျောက်ဥကို အလွန်အကျူးစားကြတာကြောင့်လို့ အမြွှာမွေးနှုန်းမြင့်တက်နေရတာဖြစ်ကြောင်း ပညာရှင်တွေက မှတ်ချက်ပေးကြပါတယ်။

နို့နဲ့နို့ထွက်ပစ္စည်းတွေ မှီဝဲပေးခြင်းကလည်း အမြွှာမွေးမှု အခွင့်အရေးကို ပိုများစေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမြွှာလေးတွေ ရဖို့ဆိုတာ ကံနဲ့လည်းအရမ်းဆိုင်ပြီး ကြိုးစားကြည့်ရမှာတော့ ကိုယ့်တာဝန်ပဲဖြစ်ပါတယ်။ အရေးအကြီးဆုံးကတော့ သားအိမ်ကိုအားပေးပြီး မိခင်အတွက် အာဟာရဖြစ်စေမယ့် ဗီတာမင်တွေ၊ ဖောလစ်အက်ဆစ်တွေကို ဂရုစိုက်မှီဝဲပေးဖို့ လိုပါတယ်။
Crd- LM_Naung_Naung (Lifestyle_Myanmar)

(၂၀)ေက်ာ္ေတြထက္ အသက္(၃၀)ေက်ာ္မမေတြက ပိုဆြဲေဆာင္မႈရွိေနရျခင္း အေၾကာင္းအရင္း (၇)ခ်က္

ဒီေန႕ေခတ္ အသက္ ၃၀ ေက်ာ္အမ်ိဳးသမီးေတြဟာ ၂၀ ေက်ာ္အရြယ္မိန္္းကေလးေတြထက္ ပိုျပီးလည္းလွ ပိုျပီးလည္းစမတ္က်ၾကည့္ေကာင္းေနၾကတာကိုေတြ႕ရပါတယ္။ အထူးသျဖင့္ အေပၚယံလွေနတာမ်ိဳးပဲမဟုတ္ဘဲ သူတို႕ရဲ႕ အျပဳအမူ၊ အေျပာအဆိုနဲ႕ ခံယူခ်က္စတာေတြကလည္း ေလးစားစရာေကာင္းေနျပီး အဖက္ဖက္က ျပည့္စံုတဲ့ အမ်ိဳးသမီးတစ္ေယာက္ျဖစ္ေနတာမ်ိဳးပါ။

အဲ့ဒီလိုမ်ိဳး အဖက္ဖက္က ျပည့္စံုလွပတဲ့ အမ်ိဳးသမီးေလးေတြျဖစ္ေနတာဟာ ဒီအေၾကာင္းရင္းေတြေၾကာင့္ျဖစ္ပါတယ္ေနာ္

(၁) အသက္ၾကီးလာျပီလို႕ေတြးျပီး စိတ္ဖိစီးတာမ်ိဳးမရွိဘူး

အသက္ ၃၀ အရြယ္ကိုေရာက္လာျပီဆိုတာနဲ႕ ပတ္၀န္းက်င္က အသက္ရလာျပီ၊ အိမ္ေထာင္မျပဳေသးဘူးလား၊ ကေလးမယူေသးဘူးလား စသျဖင့္ ေမးတတ္ၾကပါတယ္။

ဒါေပမယ့္ ဒီလိုုသတ္မွတ္ခ်က္ေတြကို ဂရုစိုက္မေနဘဲ ေအးေအးေဆးေဆးလစ္လ်ဴရႈေနနိုင္တဲ့အျပင္ ကိုယ့္အတြက္ အမွန္တကယ္သင့္ေတာ္တဲ့အရာ ၊ ကိုယ့္ကို စိတ္ခ်မ္းသာေစတဲ့အရာကဘာလဲဆိုတာကို ေသခ်ာသိျပီးေရြးခ်ယ္နိုင္တာေၾကာင့္ အပူအပင္ကင္းကင္းနဲ႕တက္ၾကြလွပေနနိုင္တာပါ။

(၂) ကိုယ္နဲ႕လိုက္ဖက္တဲ့ဖက္ရွင္ကဘာလဲ ေကာင္းေကာင္းသိတယ္

မိန္းကေလးေတြဟာ တစ္ေယာက္နဲ႕တစ္ေယာက္ မ်က္နွာအေနအထား၊ ခႏၶာကိုယ္အခ်ိဳးအစား မတူၾကတာေၾကာင့္ သူနဲ႕လွေနတဲ့ ဖက္ရွင္က ကိုယ္နဲ႕ လွခ်င္မွလွတာပါ။

ဒါကို ၃၀ ေက်ာ္မတ္မတ္ေတြက ေကာင္းေကာင္းနားလည္ေနျပီး ကိုယ္နဲ႕ ဘယ္လိုဖက္ရွင္နဲ႕ လိုက္ဖက္တယ္၊ ဘယ္ေနရာကို ဘာ၀တ္သြားရင္ သင့္ေတာ္တယ္ဆိုတာကိုလည္း ေကာင္းေကာင္းၾကီးသိေနတာေၾကာင့္ ဘယ္အခ်ိန္ၾကည့္ၾကည့္ ဖက္ရွင္က်၊ ၾကည့္ေကာင္းေနတာမ်ိဳးပါ။

(၃) အရည္အေသြးေကာင္းတာေတြေရြးခ်ယ္တယ္

ေစ်းေပါတဲ့ပစၥည္းေတြ အမ်ားၾကီးသံုးတာထက္ အရည္အေသြးေကာင္းတဲ့ အ၀တ္အထည္၊ အိတ္၊ ဖိနပ္ စတာေတြကို သံုးတာေၾကာင့္ အဆင့္အတန္းျမင့္တဲ့ ပံုစံမ်ိဳးနဲ႕ က်က္သေရရွိတဲ့ အလွမ်ိဳးကို ပိုင္ဆိုင္ထားပါတယ္။

(၄) ကိုယ့္ကိုယ္ကိုေလးစားတယ္

မရင့္က်က္ခင္ အခ်ိန္ကလို ကိုယ့္ကိုု မခ်စ္ေတာ့တဲ့ သူတစ္ေယာက္ကို ေအာက္က်ေနာက္က်ခံျပီး ဆြဲမထားတတ္ေတာ့ဘူး၊ ကိုယ့္ကို မလိုလားတဲ့ပတ္၀န္းက်င္မွာ တြယ္ကပ္ေနတာမ်ိဳးေတြမလုပ္ေတာ့ဘူး၊

ဒီအခ်ိန္မွာ ကိုယ့္ကိုယ္ကိုေလးစားတတ္ေနျပီး ကိုယ့္အထာေလးနဲ႕ ကိုယ္ေနတတ္လာတာကလည္း ၃၀ ေက်ာ္မမေတြ ၾကည့္ေကာင္းေနရျခင္းထဲက အခ်က္တစ္ခုပါပဲ။

(၅) မ၀ံ့မရဲပံုစံမ်ိဳးမရွိဘူး

ဒီအခ်ိန္မွာ သင္ယူတတ္ေျမာက္ထားတဲ့ ပညာေတြကလည္း မနည္းေတာ့ဘူး၊ အေတြ႕အၾကံဳေတြကလည္း မနည္းေတာ့ဘူး ၊ ဒါေၾကာင့္ အရင္ကလို မ၀ံ့မရဲပံုစံမ်ိဳးေတြ မရွိေတာ့ဘဲ ကိုယ့္ကိုယ္ကို ယံုၾကည္မႈအျပည့္ရွိတယ္၊ အဲ့ဒီလို ကိုယ့္ကိုယ္ကိုယံုၾကည္မႈ အျပည့္ရွိေနတဲ့ပံုစံကပဲ မတ္မတ္ေတြကို ဆြဲေဆာင္မႈပိုရွိေစတာပါ

(၆) ကိုယ့္အတြက္ထိခိုက္မယ့္ အေလ့အက်င့္ေတြကိုေရွာင္တယ္

ဒီအသက္အရြယ္မွာ ရင့္က်က္သင့္သေလာက္ ရင့္က်က္ေနျပီ၊ နားလည္သင့္တာေတြကို သိနားလည္ေနျပီျဖစ္တဲ့အတြက္ ကိုယ့္အတြက္ ထိခိုက္ေစတဲ့ မိုက္ရူးရဲလုပ္ရပ္ေတြ မလုပ္ေတာ့ဘူး၊

စိတ္ညစ္စရာေတြထဲမွာ ကိုယ့္ကိုယ္ကို နွစ္ျမွဳပ္မထားေတာ့ဘဲ ရုန္းထြက္တတ္လာျပီ၊ ကိုယ့္ကိုယ္ကို ေပ်ာ္ေအာင္ထားတတ္လာျပီမို႕ စိတ္ညစ္၊စိတ္ဆင္းရဲေနတာမ်ိဳးေတြ မရွိဘဲ ေပါ့ပါးလန္းဆန္းေနတာပါ။

(၇) အရွိကိုအရွိအတိုင္းလက္ခံတတ္တယ္

အရင္ကေတာ့ ကိုယ့္ကိုယ္ကို မလွဘူးလို႕ထင္တဲ့ေနရာေတြကို အတင္းျပဳျပင္ဖို႕၊ ဖံုးကြယ္ဖို႕ ၾကိဳးစားခဲ့ဖူးတယ္၊ ဒါေပမယ့္ အခုေတာ့ အဲ့ဒီလိုမဟုတ္ေတာ့ဘဲ ကိုယ့္ရဲ႕ ခ်ိဳ႕ယြင္းခ်က္၊

အျပစ္အနာအဆာလို႕ ထင္ရတဲ့အရာေတြကို အရွိအတိုင္းလက္ခံျပီးေနတတ္လာျပီ၊ အားသာခ်က္ကို မ်ားသထက္မ်ားေအာင္ လုပ္ျပီး အားနည္းခ်က္ေတြကို လက္ခံတတ္လာျပီ၊ ဒီအခ်က္ကပဲ အသက္ ၃၀ ေက်ာ္ မမေတြကို ပိုျပီးရင့္က်က္လွပတဲ့ အမ်ိဳးသမီးေလးေတြျဖစ္ေနေစတာပါပဲေနာ္

#MTZH

အငယ္ဆံုး သားသမီးေလးေတြဟာ ၾကီးပြားေအာင္ျမင္မယ့္သူေတြျဖစ္ေၾကာင္း ေလ့လာေတြ့ရွိ

အငယ္ဆံုး သားသမီးေလးေတြဟာ ၾကီးပြားေအာင္ျမင္မယ့္သူေတြျဖစ္ေၾကာင္း ေလ့လာေတြ့ရွိ

မိသားစုထဲမွာ ကေလးဆန္ျပီး ဂ်စ္ကန္ကန္ေလးေတြလုပ္တတ္တဲ့၊ အႏိုင္က်င့္တတ္တာ အငယ္ဆံုး သားသမီးေလးေတြပါ။

သုေတသနပညာရွင္ေတြရဲ႕ ေလ့လာေတြ႕ရွိခ်က္အရ အငယ္ဆံုးေလးေတြဟာ ေမာင္နွမေတြအားလံုးထဲမွာ ၾကီးပြားေအာင္ျမင္ႏိုင္ေျခ

အမ်ားဆံုးသူေတြျဖစ္ေၾကာင္း ေလ့လာေတြ႕ရွိထားပါတယ္။ အေၾကာင္းရင္းေတြကေတာ့…..

(၁) စူးစမ္းေလ့လာလိုစိတ္ပိုရွိတယ္။

အငယ္ဆံုးသားသမီးေလးေတြဟာ စြန္႔စားရဲတဲ့စိတ္ပိုရွိပါတယ္။ အရာရာကို စူးစမ္းေလ့လာလိုစိတ္ရွိျပီး သတိၱလည္း ပိုရွိၾကပါတယ္။

သူတုိ႔နဲ႔သင့္ေတာ္မယ့္ ေနရာ၊ သူတုိ႔အရည္အခ်င္းနဲ႔ ကိုက္ညီမယ့္ အလုပ္ကို ရေအာင္ ရွာေဖြခ်င္တဲ့ စိတ္ဓာတ္မ်ိဳးကို ပိုင္ဆိုင္ထားတာေၾကာင့္ ေအာင္ျမင္ႏိုင္ေျခပိုမ်ားရတာပါ။

(၂) ေပ်ာ္ေပ်ာ္ေနတတ္တယ္။

အငယ္ဆံုးသားသမီးေတြဟာ ေပ်ာ္ေပ်ာ္ေနတတ္ျပီး အနားမွာရွိတဲ့သူေတြကို ေပ်ာ္ရႊင္ေစႏိုင္ၾကပါတယ္။ ၂၀၁၅ ခုႏွစ္မွာ ျပဳလုပ္ခဲ့တဲ့ သုေတသနတစ္ခုမွာ

အၾကီးဆံုးသားသမီးေတြဟာ တည္ၾကည္တဲ့စိတ္ရွိျပီး အငယ္ဆံုးသားသမီးေတြကေတာ့ ေပ်ာ္ေပ်ာ္ေနတတ္တဲ့သူေတြျဖစ္ေၾကာင္း ေလ့လာေတြ႕ရွိထားပါတယ္။

သူတို႔ရဲ႕ ေပ်ာ္ေပ်ာ္ေနတတ္တဲ့အက်င့္နဲ႔ ရယ္စရာေတြဖန္တီးႏိုင္တဲ့အရည္အခ်င္းေၾကာင့္ လူခ်စ္လူခင္မ်ားျပီး လိုအပ္တဲ့အခါ ကူညီမယ့္သူေတြ ရွိေနတာေၾကာင့္ ပိုျပီးေအာင္ျမင္ႏိုင္ေျခမ်ားရတာပဲ ျဖစ္ပါတယ္။

(၃) ပိုေအးေဆးတယ္။

YouGov ကျပဳလုပ္တဲ့ သုေတသနတစ္ခုမွာ အငယ္ဆံုးသားသမီးေတြဟာ တျခားေမြးခ်င္းေမာင္ႏွမေတြထက္ ပိုျပီးေအးေဆးၾကတာကို ေတြ႕ရပါတယ္။

ဒါေၾကာင့္ အေရးအေၾကာင္း တစ္ခုခုဆိုရင္ ပ်ာယာခတ္ေနတာမ်ိဳးမျဖစ္ပဲ တည္တည္ျငိမ္ျငိမ္ေအးေအးေဆးေဆး ေျဖရွင္းမယ့္သူေတြျဖစ္တာေၾကာင့္ အမွားနည္းျပီး ပိုတိက်တာေၾကာင့္ ေအာင္ျမင္ႏိုင္ေျခပိုမ်ားပါတယ္။

(၄) အေပါငး္အသင္းဝင္ဆန္႔တယ္။

Sulloway ရဲ႕ ေတြ႕ရွိခ်က္အရ အငယ္ဆံုးသားသမီးေလးေတြဟာ ေပါငး္သင္းဆက္ဆံေရး ပိုျပီးေကာငး္မြန္ၾကပါတယ္။ ခင္မင္ရလြယ္တယ္၊

အလိုက္သိတယ္၊ စကားတတ္တယ္ ေနာက္ျပီး သူတစ္ပါးနဲ႔ တည့္ေအာင္ေပါင္းႏိုင္တဲ့ အရည္အခ်င္းေတြကို ပိုင္ဆိုင္ထားၾကပါတယ္။

ဒါေၾကာင့္ အေပါင္းအသင္းမ်ားျပီး ေရာက္ေလရာမွာ မ်က္ႏွာပြင့္တာေၾကာင့္ ေအာင္ျမင္ႏိုင္ေျခပိုမ်ားရတာပါ။

(၅) ဖန္တီးႏိုင္စြမး္ပိုျမင့္တယ္။

အငယ္ဆံုးသားသမီးေလးေတြဟာ တီထြင္ဖန္တီးႏိုင္စြမး္ပိုျမင့္မားၾကပါတယ္။ သူမ်ားနဲ႔မတူပဲကြဲထြက္ေနရတာမ်ိဳးကို ၾကိဳက္ႏွစ္သက္ျပီး

လုပ္တာခ်င္းအတူတူမွာေတာင္ နည္းနည္းေလးပိုျပီး ဆန္းသစ္ႏိုင္တဲ့သူေတြျဖစ္ပါတယ္။ ဒါေၾကာင့္မို႔ပဲ အငယ္ဆံုးသားသမီးေလးေတြဟာ အႏုပညာလုပ္ငန္းေတြ၊

ဒီဇိုင္းေရးဆြဲတာေတြမွာ သူမ်ားေတြထက္ပိုျပီး ထြန္းေပါက္ေအာင္ျမင္ႏိုင္ေျခပိုမ်ားပါတယ္ေနာ္။ ။

Credit : em

Unicode >>>

အငယ်ဆုံး သားသမီးလေးတွေဟာ ကြီးပွားအောင်မြင်မယ့်သူတွေဖြစ်ကြောင်း လေ့လာတွေ့ရှိ

မိသားစုထဲမှာ ကလေးဆန်ပြီး ဂျစ်ကန်ကန်လေးတွေလုပ်တတ်တဲ့၊ အနိုင်ကျင့်တတ်တာ အငယ်ဆုံး သားသမီးလေးတွေပါ။

သုတေသနပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ အငယ်ဆုံးလေးတွေဟာ မောင်နှမတွေအားလုံးထဲမှာ ကြီးပွားအောင်မြင်နိုင်ခြေ

အများဆုံးသူတွေဖြစ်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။ အကြောင်းရင်းတွေကတော့…..

(၁) စူးစမ်းလေ့လာလိုစိတ်ပိုရှိတယ်။

အငယ်ဆုံးသားသမီးလေးတွေဟာ စွန့်စားရဲတဲ့စိတ်ပိုရှိပါတယ်။ အရာရာကို စူးစမ်းလေ့လာလိုစိတ်ရှိပြီး သတ္တိလည်း ပိုရှိကြပါတယ်။

သူတို့နဲ့သင့်တော်မယ့် နေရာ၊ သူတို့အရည်အချင်းနဲ့ ကိုက်ညီမယ့် အလုပ်ကို ရအောင် ရှာဖွေချင်တဲ့ စိတ်ဓာတ်မျိုးကို ပိုင်ဆိုင်ထားတာကြောင့် အောင်မြင်နိုင်ခြေပိုများရတာပါ။

(၂) ပျော်ပျော်နေတတ်တယ်။

အငယ်ဆုံးသားသမီးတွေဟာ ပျော်ပျော်နေတတ်ပြီး အနားမှာရှိတဲ့သူတွေကို ပျော်ရွှင်စေနိုင်ကြပါတယ်။ ၂၀၁၅ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာ

အကြီးဆုံးသားသမီးတွေဟာ တည်ကြည်တဲ့စိတ်ရှိပြီး အငယ်ဆုံးသားသမီးတွေကတော့ ပျော်ပျော်နေတတ်တဲ့သူတွေဖြစ်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။

သူတို့ရဲ့ ပျော်ပျော်နေတတ်တဲ့အကျင့်နဲ့ ရယ်စရာတွေဖန်တီးနိုင်တဲ့အရည်အချင်းကြောင့် လူချစ်လူခင်များပြီး လိုအပ်တဲ့အခါ ကူညီမယ့်သူတွေ ရှိနေတာကြောင့် ပိုပြီးအောင်မြင်နိုင်ခြေများရတာပဲ ဖြစ်ပါတယ်။

(၃) ပိုအေးဆေးတယ်။

YouGov ကပြုလုပ်တဲ့ သုတေသနတစ်ခုမှာ အငယ်ဆုံးသားသမီးတွေဟာ တခြားမွေးချင်းမောင်နှမတွေထက် ပိုပြီးအေးဆေးကြတာကို တွေ့ရပါတယ်။

ဒါကြောင့် အရေးအကြောင်း တစ်ခုခုဆိုရင် ပျာယာခတ်နေတာမျိုးမဖြစ်ပဲ တည်တည်ငြိမ်ငြိမ်အေးအေးဆေးဆေး ဖြေရှင်းမယ့်သူတွေဖြစ်တာကြောင့် အမှားနည်းပြီး ပိုတိကျတာကြောင့် အောင်မြင်နိုင်ခြေပိုများပါတယ်။

(၄) အပေါင်းအသင်းဝင်ဆန့်တယ်။

Sulloway ရဲ့ တွေ့ရှိချက်အရ အငယ်ဆုံးသားသမီးလေးတွေဟာ ပေါင်းသင်းဆက်ဆံရေး ပိုပြီးကောင်းမွန်ကြပါတယ်။ ခင်မင်ရလွယ်တယ်၊

အလိုက်သိတယ်၊ စကားတတ်တယ် နောက်ပြီး သူတစ်ပါးနဲ့ တည့်အောင်ပေါင်းနိုင်တဲ့ အရည်အချင်းတွေကို ပိုင်ဆိုင်ထားကြပါတယ်။

ဒါကြောင့် အပေါင်းအသင်းများပြီး ရောက်လေရာမှာ မျက်နှာပွင့်တာကြောင့် အောင်မြင်နိုင်ခြေပိုများရတာပါ။

(၅) ဖန်တီးနိုင်စွမ်းပိုမြင့်တယ်။

အငယ်ဆုံးသားသမီးလေးတွေဟာ တီထွင်ဖန်တီးနိုင်စွမ်းပိုမြင့်မားကြပါတယ်။ သူများနဲ့မတူပဲကွဲထွက်နေရတာမျိုးကို ကြိုက်နှစ်သက်ပြီး

လုပ်တာချင်းအတူတူမှာတောင် နည်းနည်းလေးပိုပြီး ဆန်းသစ်နိုင်တဲ့သူတွေဖြစ်ပါတယ်။ ဒါကြောင့်မို့ပဲ အငယ်ဆုံးသားသမီးလေးတွေဟာ အနုပညာလုပ်ငန်းတွေ၊

ဒီဇိုင်းရေးဆွဲတာတွေမှာ သူများတွေထက်ပိုပြီး ထွန်းပေါက်အောင်မြင်နိုင်ခြေပိုများပါတယ်နော်။ ။

Credit : em