ရုပ်ရှင်လောကမှာ နေရာယူထားပြီး လူငယ်တွေကို မဖယ်ပေးချင်တဲ့ လူအိုကြီးတွေကို ရိုင်းရတော့မယ်လို့ လွင်မိုးပြော












Credit-ApannPyay

Unicode

သူတို့ကို ဂါရဝမပြုရင် တလွဲလုပ်ကြတယ်.. အများကောင်းဖို့ ဒီဘဲကြီးတွေကို ရိုင်းရတော့မယ် ဆိုတဲ့ လွင်မိုး

အားလုံးက စိတ်ဝင်စားခဲ့ကြတဲ့ ၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီပေးပွဲကြီးကတော့ အောင်မြင်စွာပြီးဆုံးသွားခဲ့ပါပြီ။ သို့သော်လည်း ပြီးဆုံးသွားပြီးတဲ့ နောက်မှာတော့ ထုံးစံအတိုင်း ဝေဖန်မှုတွေ မကျေနပ်မှုတွေ အခြားတစ်ဘက်မှာလည်း ပျော်ရွှင်မှုတွေ အားရကျေနပ်မှုတွေ ရှိနေခဲ့တာ အမှန်ပါပဲ။

ဒီနှစ်ပြီးဆုံးသွားတဲ့ ၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီပေးပွဲကြီးကတော့ ပိုပြီး ဝေဖန်မှုတွေရှိနေတယ်လို့ ထင်ရပါတယ်။ ရသင့်တဲ့ ဇာတ်ကားကို မရလို့ မရသင့်တဲ့ဇာတ်ကားကို ရသွားလို့ဆိုပြီး အွန်လိုင်းပေါ်မှာ အမျိုးမျိုးရေးသားဖော်ပြနေကြပါတယ်။

အခုလို ဝေဖန်မကျေနပ်တဲ့ လူတွေထဲမှာ ၀ါရင့်သရုပ်ဆောင် အကယ်ဒမီ ဦးလွင်မိုးလည်း အပါအဝင်ဖြစ်ပါတယ်။

အကယ်ဒမီဦးလွင်မိုးကလည်း သူရဲ့ ဖေ့ဘုတ်အကောင့်ကနေ “တခွန်းတည်းပြောမယ်” ၂၀၁၈..အကယ်ဒမီ ရှက်စရာအလွန်ေ ကာင်းသည်..လို့တောင် မှတ်ချက်ရေးသား ဖော်ပြသွားတဲ့ အပြင်….

ကိုယ့်လောကအကြောင်းပြောရင် မခံချင်ဘူး….မခံချင်ရောအာင်လည်း မလုပ်နိုင်.. လုပ်တာတွေကလည်းတလွဲ… ကျွန်တော်လည်းသိတာပေါ့..ပိုတောင်သိသေး.. ဘယ်ကားဘယ်လိုကောင်းတယ်ဆိုတာထက် ဘာ့ကြောင့်ကောင်းတာလည်း သူတို့ကောင်အောင် ဘယ်လိုလုပ်လိုက်လည်း ဘာနဲ့လုပ်လိုက်လည်း အများကြီးပါ

ကျွန်တော်သရုပ်တောင်တွေအတွက် မကောင်းတဲ့ ဇာတ်ကားဆိုတာမရှိဘူး.. ဘာ့ကြောင့် မကောင်းဖြစ်ရတာလည်းဆိုပြီး အကြောင်းအဖြေရှာပြီး ကြည့်တတ်ကျတယ်..

အဒိကပြသနာက လူငယ်တွေနေရာမရတာ ဆုရွေးချယ်ရေးမှာရော.. အုပ်ချုပ်ရေးမှာရော.. ခေတ်မမှီတဲ့ လူတွေများပြီး နီးစပ်ရာနဲ့ပျော်နေကျတယ်..သိပ်လည်းဂရုမစိုဘူး.. မှားလည်းခပ်တည်တည်ပဲ.. မခင်ရင် မသိရင် သူတို့ကို ဂါရဝမပြုရင် တလွဲလုပ်တတ်ကျတယ်.. ကန်ရင်ပိုဆိုးရော.. ဂရုကိုမစိုက်တာ..အများကောင်းဖို့ ဒီဘဲကြီးတွေကို ရိုင်းရတော့မယ်…ဆိုပြီးတော့ မှတ်ချက်တစ်ခုကို ဦးလွင်းမိုးအကောင့်နဲ့ ပြောထားတာကို တွေ့ရပါတယ်။

ပရိသတ်ကြီးလည်း စိတ်ထဲမှာ တစ်ခုခု ရှိနေကြလိမ့်မယ်ထင်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်..

Credit-ApannPyay

အကယ်ဒမီဂယက်တွေကြားက ဇဏ်ခီနဲ့ သက်မွန်မြင့်တို့ရဲ့ချစ်စရာ စကားဆွေးနွေးခန်းလေး

(၂၀၁၈) ခုနှစ်ရဲ့ အကယ်ဒမီထူးချွန်ဆုပေးပွဲကတော့ ပရိသတ်တွေရဲ့ ဆန္ဒနဲ့ အနည်းငယ် လွဲချော်ခဲ့တယ်လို့လဲ ပြောနိုင်ပါတယ်။ ပရိသတ်တွေက သူတို့မျှော်မှန်းထားတဲ့ အနုပညာရှင်တွေ အကယ်ဒမီ စံကာတင်စာရင်းထဲမှာ ပါဝင်ပြီးခါမှ လွဲချော်ခဲ့ရလို့ တော်တော်လေး စိတ်မကောင်းဖြစ်နေရရှာတာပါ။ ပရိသတ်အချစ်တော် ဇာဏ်ခီနဲ့ ခရစ်စတီးနားခီတို့ ဇနီးမောင်နှံကလဲ ဒီနှစ်မှာတော့ ကံမကောင်းစွာနဲ့ပဲ အကယ်ဒမီဆုနဲ့ ဝေးကွာခဲ့ရပါတယ်။

ဇာဏ်ခီနဲ့ ခရစ်စတီးနားခီတို့ ရိုက်ကူးထားတဲ့ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ “မုဒြာခေါ်သံ” ရုပ်ရှင်ဇာတ်ကားကြီးမှာ အကယ်ဒမီ တစ်ဆုဆုတော့ ရလိမ့်မယ်လို့ မျှော်လင့်ထားကြကာမှ တစ်ဆုမှ မရရှိတာ ပရိသတ်ကြီး အတွေ့ပဲဖြစ်ပါတယ်။

အကယ်ဒမီပွဲကြီးပြီးတဲ့နောက် ဇဏ်ခီ၊ ခရစ်စတီးနားခီတို့ အဖွဲ့သားတွေက ညစာသွားစားခဲ့ပါတယ်။ ဇာဏ်ခီက ညစာစားနေတဲ့ပုံလေးကို သူ့ရဲ့ ဖေ့စ်ဘုတ်မှာ တင်ထားတာကို သက်မွန်မြင့်က စိတ်မကောင်းစွာနဲ့ “ကျွန်မကိုဖိတ်သင့်တယ်” ဆိုပြီး ကောမန့်ရေးခဲ့ပါတယ်။

သက်မွန်မြင့်ရဲ့ စကားကို မြင်မြင်ချင်းမှာပဲ ဇာဏ်ခီက “မလာပါနဲ့ချစ်သက်.. ကိုယ်မင်းအတွက်ပြောတာပါ အယ့်လယ့်” ဆိုပြီး စစနောက်နောက်နဲ့ ပြန်ပြောထားတာကို တွေ့ရပါတယ်။ ဇာဏ်ခီက အနုပညာလောကမှာ လူသိများပြီး နေရာတစ်နေရာ အခိုင်အမာ ရရှိထားပြီးဖြစ်တဲ့ သက်မွန်မြင့်အတွက် စဉ်းစားပြီး သူတို့ရဲ့ပွဲလေးကို မဖိတ်ခဲ့မှန်း သိသာထင်ရှားပါတယ်။

ပရိသတ်တွေကြားမှာတော့ ခီမောင်နှံ အကယ်ဒမီဆုကြီးနဲ့ လွဲချော်ခဲ့ရလို့ ဂရုဏာဒေါသတွေ ဖြစ်နေကြပေမယ့် ဇာဏ်ခီနဲ့ ခရစ်စတီးနားခီတို့ကတော့ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ပါပဲ။ ခီမောင်နှံရဲ့ စစ်မှန်တဲ့ အနုပညာ အရည်အသွေးတွေကတော့ ပရိသတ်ရင်ထဲမှာ ထာဝရအကယ်ဒမီ ပေးပြီးသားပါပဲ။ ဒီနှစ်တော့ အကယ်ဒမီဆုတွေနဲ့ ဝေးကွာခဲ့ရပေမယ့်လဲ နောက်နှစ်တွေမှာ အကယ်ဒမီဆုကြီးကို ခီမောင်နှံနှစ်ယောက် လက်ဝယ်ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit-Momolay

ကိုဇဏ်ခီနှင့် နိုင်ငံတကာအဆင့်မှီ ဒါရိုက်တာ မခရစ္စတီးနား တို့ မိသားစုအား ဂေါ်ရန်ဂျီမှ ရာသက်ပန်အဖြစ် ပရိတ်သတ်ပေးသော

Zawgyi

1 ကိုဇဏ်ခီနှင့် နိုင်ငံတကာအဆင့်မှီ ဒါရိုက်တာ မခရစ္စတီးနား တို့ မိသားစုအား ဂေါ်ရန်ဂျီမှ ရာသက်ပန်အဖြစ် ပရိတ်သတ်ပေးသော လက်ဆောင်ဆု…

2 မင်္ဂလာပါ ခင်ဗျာ။ မြန်မာ့ရုပ်ရှင်ဆုပေးပွဲ အောင်မြင်စွာ ပြီးမြောက်သွားတဲ့အတွက် The Log မှ လှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက်သောကြောင့်မြန်မာ့ ရုပ်ရှင်ကြည့်ပရိတ်သတ်များ၏ဂုဏ်သိက္ခာကို ဆယ်ပေးခဲ့သော၊ မြန်မာ့ရုပ်ရှင်အဆင့်အတန်း မနိမ့်ကြောင်းပြသနိုင်ခဲ့သော၊မြန်မာ့ရုပ်ရှင်ကြည့်ပရိတ်သတ်အတွက် ကောင်းမွန်အဆင့်မြင့်သော အရွေ့တစ်ခုကို ဖန်တီးပေးနိုင်ခဲ့သော

3 သရုပ်ဆောင်ရုပ်ရှင်မင်းသား ကိုဇဏ်ခီနှင့် နိုင်ငံတကာအဆင့်မှီ ဒါရိုက်တာ မခရစ္စတီးနား တို့ မိသားစုအားThe Log နှင့် သီရိသုတအောင် တည်းခိုခန်းမှ ရာသက်ပန် ဂုဏ်ထူးဆောင်ဧည့်သည်အဖြစ် ဂုဏ်ပြုပါသည် ခင်ဗျာစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့်ပြည့်စုံပြီး ပရိတ်သတ်ချစ်သော ဂုဏ်သိက္ခာရှိသော အနုပညာသည်အပေါင်းဖြစ်ကျပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

Credit – The Log

Unicode

1 ကိုဇဏ်ခီနှှင့် နိုင်ငံတကာအဆင့်မှီ ဒါရိုက်တာ မခရစ္စတီးနား တို့ မိသားစုအား ဂေါ်ရန်ဂျီမှ ရာသက််ပန်အဖြစ် ပရိတ််သတ်ပေးသော လက််ဆောင််ဆု…

2 မင်္ဂလာပါ ခင်ဗျာ။ မြန်မာ့ရုပ်ရှင်ဆုပေးပွဲ အောင်မြင်စွာ ပြီးမြောက်သွားတဲ့အတွက ် The Log မှ လှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက်သောကြောင့်မြန်မာ့ ရုပ်ရှင်ကြည့်ပရိတ်သတ်များ၏ဂုဏ်သိက္ခာကိို ဆယ်ပေးခဲ့သော၊ မြန်မာ့ရုပ်ရှင်အဆင့်အတန်း မနိမ့်ကြောင်းပြသနိုင်ခဲ့သော၊မြန်မာ့ရုပ်ရှင်ကြည့်ပရိတ်သတ်အတွက်် ကောင်းမွန်အဆင့်မြင့်သော အရွေ့တစ်ခုကို ဖန်တီးပေးနိုင်ခဲ့သော

3 သရုပ်ဆောင်ရုပ်ရှင်မင်းသား ကိုဇဏ်ခီနှှင့် နိုင်ငံတကာအဆင့်မှီ ဒါရိုက်တာ မခရစ္စတီးနား တို့ မိသားစုအားThe Log နှင့် သီရိသုတအောင် တည်းခိုခန်းမှ ရာသက််ပန် ဂုဏ်ထူးဆောင်ဧည့်သည်အဖြစ် ဂုဏ်ပြုပါသည် ခင်ဗျာစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့်ပြည့်စုံပြီး ပရိတ်သတ်ချစ်သော ဂုဏ်သိက္ခာရှိသော အနုပညာသည်အပေါင်းဖြစ်ကျပါစေကြောင််း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

The Log



သရုပ်ဆောင် နေတိုးအတွက် အမှတ်တရအနေဖြင့် ဒေါ်လာ၉၀၀တန် ပန်းချီးကားကို ထာဝရနေတိုးပရိသတ်များက အမှတ်တရလက်ဆောင်ပေးခဲ့ကြပါတယ်။