မထော်မနန်းတွေလုပ်မိလို့ Mobile Legends ကစားခွင့် နှစ် ( ၃၀ ) အပိတ်ခံလိုက်ရတဲ့ ကလေး

စောင်ကလေး … တော်တော်တတ်နေ ..
ဂိမ်းကိုရာသက်ပန် ပိတ်ပင်ဖို့မပြောနဲ့ .. ကိုယ်က မထော်မနန်းတွေလုပ်မိလို့ တစ်ရက်လောက်အဘန်းခံရရင်တောင် မျောက်ဟိုဒင်း သမန်းရှသလို နေမထိထိုင်မသာဖြစ်တတ်တာ။ ဒီ ကလေးလိုမျိုးဆိုရင်ဘယ်လိုလုပ်မလဲ .. ကိုယ့်ကိုယ်ကိုတောင် သတ်သေမလားပဲ

ဖိလစ်ပိုင်နိုင်ငံက ကလေးငယ်တစ်ဦးဟာ သူ့ရဲ့ MLBB အကောင့်ကို ဆာဗာကနေ ဘန်းတာခံလိုက်ရတယ်။ ပြထားတဲ့ ပုံအရသူ့အကောင့်ဟာ ရက်ပေါင်း ( ၁၀၉၄၉ ) ရက်၊ ( ၁ ) နာရီ နဲ့ ( ၂၃ ) မိနစ် ကြာအောင်ဆာဗာကနေ ဘန်းပစ်လိုက်တာပါ။ ဒီအရေအတွက်ဟာ နှစ်ပေါင်း ( ၃၀ ) စာ နှစ်အပိုင်းအခြားဖြစ်ပါတယ်။ တကယ်လို့သူ့အနေနဲ့ အကောင့်သစ်မဖွင့်ချင်ဘူး .. အဟောင်းပြန်ရတာပဲ စောင့်ပြီးဆော့မယ်ဆိုရင်တော့ သူ့အသက် ( ၄၅ ) နှစ်လောက်မှ ပြန်ဆော့လို့ရတော့မှာပါ။


ခက်တာက MLBB လို မိုဘိုင်းဂိမ်းမျိုးအနေနဲ့ နှစ်ပေါင်း ( ၃၀ ) ကျော်လောက်ထိကြာအောင် ရပ်တည်နိုင်ပါ့မလားဆိုတာပဲ။

လက်ရှိမှာတော့ ကောင်လေးရဲ့အဖြစ်က ငိုကြွေးနေသောချိဖ၊ နာကျင်နေသော ချိဖ ဆိုသလိုဖြစ်နေပြီ။ အဲဒီလို နာကျင်ငိုကြွေးနေတဲ့ပုံကို သူ့ရဲ့အဖေဖြစ်တဲ့ မာ့ခ်ဆာမွန့်ထ် က ဗွီဒီယိုရိုက်ပြီး လူမှုကွန်ယက်ပေါ်တင်ခဲ့တာပါ။


ဘယ်လိုတွေမထော်မနန်းလုပ်လို့ အဘန်းခံရတယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရပေမယ့် youtube ပေါ်က ကွန်မန့်တွေအရတော့ သူဟာ အကြံအဖန်လုပ်ထားတဲ့ ဆိုဒ်တွေ၊ code တွေသုံးပြီး ဆော့ခဲ့တဲ့အတွက် ဆာဗာက ဘန်းလိုက်တာဖြစ်တယ်လို့ဆိုတယ်။

ဒီမှာလည်း တားမြစ်ထားတဲ့ code တွေသုံးပြီး MLBB ဆော့နေကြတဲ့ တစ်ချို့ player တွေရှိတယ်နော်။ အဲ့တော့ သတိထားကြပါလို့။ အကောင့်တစ်ခုပါသွားတဲ့အခါ ဘယ်လောက် ရင်ခံ ရလဲဆိုတာ ကြုံဖူးတဲ့သူတွေပဲ သိတာမို့လို့ပါ။

ပြန်လာချင်တယ်ပြောတဲ့ Ex အပေါ် Cele တွေရဲ့ တုန့်ပြန်ချက်

“ရဲရင့်အောင်”

( မယ်လမု ဘုရားက သောကြာထောင့်မှာ ကိုးနဝင်း မိုးလင်းတဲ့ အထိ ဝင်ရင်း ဆုတောင်းလေ.. ပူဖောင်းတော့ ရချင်ရမယ် ငါ့အချစ်နင် ပြန်မရဘူး။ )

“သုသု” [မိတ်ကပ်]

( ပါးချည်း Double ဆင့်ရိုက်လိုက်လို့ ညာဘက်သွားတွေက ဘူးသီးတောင်… ဘယ်ဘက်သွားတွေက လောက်ကိုင်… လေ့လာရေး ခရီးတွေ ထွက်ကုန်မယ် ဘာမှတ်။ Ex ဆိုတာ City mart က ဝယ်လာတဲ့ ကြွပ်ကြွပ်အိတ် အမဲလေးထဲက ဟာလိုပဲ… တစ်ခါသုံးဖို့ အတွက်ပဲ ထိုက်တန်တာမျိုး။ )

” ရွှေမှုန်ရတီ”

( အနားမှာ မနေချင်လို့ ထွက်သွားလည်း I Don’t care… ပြန်လာမယ်ပြောပြီး ဒူးထောက်ပြနေလည်း I Don’t Care… Ex ဆိုတာ ကျမ ဆင်းကူးနေကျ ကန်ထဲကရေလိုပဲ… မသန့်လို့ ပိုးသတ်ဆေး အမြဲထည့် Clean လုပ်ရသလို သုံးမရတော့တာနဲ့ အသစ်ပြန်လဲလှယ်ပေးရတာမျိုး။ )

“ဂျူး”

( မောင့်လွှတ်ချထားခဲ့တဲ့ ခပ်နွမ်းနွမ်း လက်တစ်စုံမှာ ကတ်တီးယား စိန်တိုက်က လက်ထပ်လက်စွပ် အပွင်ကြီးကြီး နေရာယူတာ မြင်ရတော့မှ.. ဘာတဲ့ မောင် ! ဖြစ်ခဲ့သမျှ တောင်းပန်ပါတယ် တဲ့လား? စိတ်ချပါ မောင် ! ဒီမင်္ဂလာပွဲ နဲ့ မောင့် လူ့ဘဝသက်တမ်း Expire ကုန်မယ့်ရက် တစ်ထပ်တည်း ဖြစ်စေရပါ့မယ်.. ဒါ ကျယ်မရဲ့ သစ္စာစကားပဲ။ )

“အိုင်းရစ်ဇင်မာမြင့်”

( မလိုအပ်တော့လို့ အမှိုက်ပုံထဲ ပစ်ထည်ထားခဲ့တဲ့ ဖိနပ်တစ်ရံလေ… ရှိုးအပဲ့ခံ အိမ်နေရင်းတောင် ပြန်မစီးဘူး။ ကိုယ်အတွက် သုံးမရတဲ့ဖိနပ် သူများက ဦးခေါင်းထက် တင်ထားတာ မြင်ရလေ.. နောက်ဂျွမ်း 62 ခါပစ် ရယ်ချင်မိလေပဲ။ )

Credit to Original Uploader











s_m

ထွားထွားကျိုင်းကျိုင်းရှိလို့ မမျှော်လင့်ဘဲ ပေါ်သွားတာပါ။ စည်သူပလပ်ကျွတ် ငိုပြီးပြောတဲ့ ဗွီဒီယိုဖိုင်

“ထွားထွားကျိုင်းကျိုင်းရှိလို့ မမျှော်လင့်ဘဲ ပေါ်သွားတာပါ။ အောက်ခံဘောင်းဘီ ခံဝတ်ပါတယ်။

Spider-Man ၀တ်စုံက ဈေးပေါတာဖြစ်လို့ အရမ်း အသားပါးတာကြောင့် ပေါ်သွားတာပါ။

ဒီဝတ်စုံကိုလည်း ထပ်မ၀တ်တော့ပါဘူး” လို့ သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး ပရိသတ်ကို တောင်းပန်လိုက်တဲ့ စည်သူပလပ်ကျွတ် နှင့် ခဏတာ။

တေးစီးရီးမိတ်ဆက်ပွဲမှာ ဝတ်ဆင်ဖျော်ဖြေခဲ့တဲ့ ဖက်ရှင်ကြောင့် ပရိသတ်တွေဝေဖန်တာခံနေရတဲ့ စည်သူပလပ်ကျွတ်

သီချင်းတွေလည်းသီဆိုရင်း သရုပ်ဆောင်အလုပ်ကိုလည်း လုပ်ကိုင်တဲ့ စည်သူပလပ်ကျွတ်တစ်ယောက်ကတော့ ပွဲတစ်ခုမှာ အထူးခြားဆုံးပုံစံနဲ့ သီဆိုဖျော်ဖြေခဲ့တာကိုတွေ့ရပါတယ်။ အော်တိုဘုရင်ရုပ်ရှင်ဇာတ်ကားအပြင် အခြားသော ရုပ်ရှင်တွေမှာပါ ပါဝင်သရုပ်ဆောင်ထားတဲ့ စည်သူပလပ်ကျွတ်ဟာ ကိုယ်ပိုင်သီချင်းတွေကိုလည်း ဖန်တီးသီဆိုသူတစ်ဦးဖြစ်ပါတယ်။

စည်သူပလပ်ကျွတ်ဟာ ဝတ်စားဆင်ယင်မှုတွေနဲ့ပတ်သက်ပြီးပရိသတ်တွေရဲ့ဝေဖန်မှုအချို့အပြင် အားပေးမှုတွေကိုလည်း ရရှိခဲ့သူဖြစ်ပါတယ်။ ယနေ့မှာတော့ ပွဲတစ်ခုက ဝတ်ခဲ့တဲ့ Spider Man ဝတ်စုံကြောင့် ပရိသတ်တွေကြားဝေဖန်မှုများနေပါတယ်။

အဆိုတော် သျှန်သျှဏ်း ရဲ့ “အသိအမှတ်ပြုပါ” တေးစီးရီး စာနယ်ဇင်း မိတ်ဆက်ပွဲ နှင့် ပရိုမိုးရှင်း (Promotion) ပွဲမှာ လာရောက်ဖျော်ဖြေခဲ့တဲ့ သရုပ်ဆောင် စည်သူပလပ်ကျွတ် က Spider-Man ပွဲတက်ဖက်ရှင်နဲ့ပွဲတက်ခဲ့ပါတယ်။ အဆိုတော် Shan Shann ရဲ့ အသိအမှတ်ပြုပါ တေးစီးရီးမိတ်ဆက်ပွဲနဲ့အမှတ်တရလက်မှတ်ရေးထိုးပွဲကို ယနေ့ညနေသုံးနာရီက လှည်းတန်းစင်တာ မှာ ပြုလုပ်ခဲ့ပါတယ်။

“အမြင်ဆန်းအောင် ဂျပန်က ၀ယ်ထားတဲ့ Spider-Man ၀တ်စုံနဲ့ ဖျော်ဖြေနေပါတယ်။ ပရိသတ်က အားပေးကြလို့ Super Hero အကုန်လုံးရဲ့ ဒီဇိုင်းစုံကို ၀တ်ဆင်ပြီး အစွမ်းကုန် ဆက်ဖျော်ဖြေ ပေးသွားမှာပါ။ ဘယ်လောက်ဝေဖန် ဝေဖန် ကျနော်က မေတ္တာထားပါတယ်။ ” ဆိုပြီး သရုပ်ဆောင် စည်သူပလပ်ကျွတ် ကပြောခဲ့ပါတယ်။ ပရိတ်သတ်ကြီးအတွက် စည်သူပလပ်ကျွတ်ရဲ့ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်

မကြာခင် ဂယက်ထလာတော့မယ့် စူးရှထက်​ သရုပ်ဆောင်ထားတဲ့ အကြမ်းစား သီချင်းဗီဒီယို

ခိုင်မာပြတ်သားတဲ့စိတ်ဓါတ်ရှိပြီး ချစ်ရတဲ့ မိသားစုရဲ့ရှေ့ကနေ ရပ်တည်နေတဲ့ မော်ဒယ်မလေး စူးရှထက်ကတော့ ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားသူလေးပဲ ဖြစ်ပါတယ်။ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတဲ့ စူးရှထက်ကတော့ အမိုက်စား သီချင်းဗီဒီယိုတစ်ခုကို ရိုက်ကူးနေတဲ့ သူမရဲ့Live ဗီဒီယိုလေးကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ညှို့အားပြင်းတဲ့ကောက်ကြောင်းအလှတွေကို ပိုင်ဆိုင်ထားတဲ့ စူးရှထက်နဲ့ အလန်းစားအဆိုတော်ကောင်လေးတို့ရဲ့ ရိုက်ကွင်းနောက်ကွယ်က ဗီဒီယိုကလေးကတာ့ အရမ်းကို ကြည့်လို့ကောင်းနေတာပဲ ဖြစ်ပါတယ်။

ချစ်ပရိသတ်တွေအတွက် မကြာခင်အချိန်မှာ လူမှုကွန်ယက်ပေါ်မှာ ဂယက်ထလာတော့မယ့် အကြမ်းစားသီချင်းဗီဒီယိုလေးကို ရိုက်ကူးနေတဲ့ စူးရှထက်ရဲ့Live ဗီဒီယိုကို ဖော်ပြပေးလိုက်ပါတယ်နော်။

အတိုင်အဖောက်ညီညီ သရုပ်ဆောင်နေကြတဲ့ စူးရှထက်တို့နှစ်ဦး

ရိုက်ကွင်းမှာ ရင်းရင်းနှီးနှီးနဲ့ ပျော်ပျော်ပါးပါးတွေ့ရတဲ့ သူတို့နှစ်ဦးရဲ့ပုံစံကတော့ တကယ့်ကို ပျော်စရာကြီးပါပဲနော်။

မကြာခင် ဂယက်ထလာတော့မယ့် အမိုက်စားသီချင်း MTVကို ရိုက်ကူးနေတဲ့ စူးရှထက်ရဲ့live ဗီဒီယို

စူးရှထက်ကတော့ နာကျင်ခဲ့တဲ့အတိတ်တွေကိုမေ့ထားပြီး လတ်တလောမှာ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။ မိဘကိုသိတတ်တဲ့ သမီးလိမ္မာလေး စူးရှထက်ကတော့ သူမရဲ့လုပ်အားခနဲ့ မိဘကိုလုပ်ကျွေးနေသူလေးပါ။ ချစ်ပရိသတ်တွေလည်း မကြာခင်မှာ ကြည့်ရှုကြရတော့မယ့် စူးရှထက်သရုပ်ဆောင်ထားတဲ့ သီချင်းဗီဒီယိုလေးထွက်လာရင် အားပေးကြည့်ရှုပေးလိုက်ကြပါဦးနော်။

momolay