









CRD-Aunty May

UNICODE

ဘဝမှာ ခံရပေါင်းများလာတဲ့မိန်းကလေးတွေဟာ ပိုထက်မြက်ပြီး ပိုလည်း ရက်စက်သွားကြပါတယ်

မိန်းကလေးတိုင်းရဲ့ပင်ကိုယ်သဘာအရစိတ်ပျော့တယ်၊နူးညံ့တယ်၊ညင်သာပျော့ပျောင်းကြပေမယ့်တစ်ချို့မိန်းကလေးတွေကတော့ ဒီအရာတွေရဲ့ ဆန့်ကျင်ဖက် ဖြစ်နေတာကိုတွေ့ရမှာပါ။အရမ်းကြမ်းတမ်းတဲ့မိန်းကလေးတွေ၊အရမ်းရက်စက်ပြီး ပြတ်သားတဲ့မိန်းကလေးတွေကို တွေ့တဲ့အခါ အလျင်စလို မဆုံးဖြတ်လိုက်ပါနဲ့ဦး။ သူတို့ရဲ့ဘဝမှာသူတစ်ပါးရဲ့ဒဏ်တွေကို အရမ်းခံခဲ့ရတာမျိုးလည်း ဖြစ်နေနိုင်ပါတယ်။ ဘဝမှာ ခံရပေါင်းများလာတဲ့ မိန်းကလေးတွေဟာ ပိုပြီးထက်မြက်သလို ပိုပြီးတော့ ရက်စက်ရတဲ့ အကြောင်းရင်းလေးတွေကို ဖော်ပြပေးမယ်နော်။
(၁) လူတွေအကြောင်းအရမ်းနောကြေသွားတယ်

ဘဝမှာ ခံရပေါင်းများလာတဲ့သူတွေဟာ လူတွေအကြောင်းကို အရမ်းနောကြေသွားပါတယ်။ လူတစ်ယောက်က ကိုယ့်ကိုဘယ်လိုဆက်ဆံရင်ကိုယ့်ဆီကနေဘာလိုချင်လဲဆိုတာကအစကောင်းကောင်းသိသွားတဲ့အထိကိုနောကြေသွားတာပါ။ဒါကြောင့်သူတို့ဟာလူတွေနဲ့သဟဇာတဖြစ်ဖို့အတင်းကြိုးစားမနေတော့သလို၊ကိုယ့်အပေါ်မကောင်းတဲ့သူတွေအပေါ်မှာလည်း မှန်လိုပဲ ဆက်ဆံကြပါတော့တယ်။
(၂) အရမ်းအထီးကျန်ဖူးတယ်

ဘဝမှာ ခံရပေါင်းများလာတဲ့သူတွေဟာ တစ်ချိန်တစ်ခါတုန်းက အရမ်းအထီးကျန်ခဲ့တဲ့သူတွေပါ။ အပေါင်းအသင်း သူငယ်ချင်းအရမ်းမင်ပေမယ့်သူငယ်ချင်းတွေကသူတို့ကိုတူညီတဲ့မေတ္တာတွေမပေးတာမျိုးတွေလည်းဖြစ်နေတတ်ပါတယ်။ ဒါကြောင့် တစ်ယောက်တည်းနေလာရင်းကနေ နောက်ဆုံး နေတတ်သွားတဲ့အခါမှာတော့ လူတွေကို သိပ်ပြီး ဂရုမစိုက်တော့တာဖြစ်ပါတယ်။
(၃) ကိုယ့်အတွက်ကိုယ်တစ်ယောက်တည်း ရပ်တည်ခဲ့ရတယ်

ဘဝမှာခံရပေါင်းများလာတဲ့မိန်းကလေးတွေဟာတစ်ချိန်တစ်ခါတုန်းကပြေးကြည့်ရင်တစ်ယောက်တောင်အကူအညီတောင်းစရာ မရှိတဲ့ဘဝမျိုးကို ရင်ဆိုင်ခဲ့ရသူတွေပါ။ ကိုယ့်ရဲ့ဘဝအတွက် ကိုယ့်ဖာသာကိုယ် ရုန်းကန်ခဲ့ရတယ်၊ ကိုယ့်အတွက်ကိုယ်တစ်ယောက်တည်းရပ်တည်ပြီးကူညီသူမရှိဖြစ်ခဲ့ရတဲ့အတွက်နောက်ပိုင်းမှာနူးညံ့ခြင်းတွေနည်းပြီး ခက်ထန်လာတာဖြစ်ပါတယ်။
(၄) ဒုက္ခတွေကို အံကြိတ်ပြီးခံခဲ့ရတယ်

ဘဝမှာ ခံရပေါင်းများလာတဲ့မိန်းကလေးတွေဟာ ဒုက္ခတွေတစ်လှေကြီးကို အံကြိတ်ပြီးခံခဲ့ရတဲ့သူတွေဖြစ်ပါတယ်။ သူတို့ရဲ့ ဘဝမှာ အားကိုးစရာမရှိ၊တိုင်ပင်စရာမရှိပဲတစ်ယောက်တည်းကြိတ်ပြီးဝမ်းနည်းလိုက်၊မျက်ရည်ကျလိုက်နဲ့ လောကဓံရဲ့ အရိုက်အပေါက်၊ အထုအထောင်းဒဏ်တွေကို ခံခဲ့ရတဲ့သူတွေဖြစ်ပါတယ်။ ဒီအရာတွေကို ကြံ့ကြံ့ခံနိုင်ဖို့ ကိုယ့်ရဲ့စိတ်ကိုမာသထက်မာအောင်လေ့ကျင့်ပေးရင်းကနေအရမ်းလည်းထက်မြက်သွားကြသလို၊ရက်စက်တတ်သွားတာဖြစ်ပါတယ်။
(၅) သစ္စာဖောက်ခြင်းကို အကြိမ်ကြိမ်ခံရဖူးတယ်

ဘဝမှာခံရပေါင်းများလာတဲ့မိန်းကလေးတွေဆိုတာချစ်ရတဲ့သူတွေဆီကအကြိမ်ကြိမ်သစ္စာဖောက်ခြင်းကိုခံခဲ့ရတဲ့သူတွေပါ။ ဒါကြောင့် ဘယ်သူ့ကိုမှမယုံကြည်တော့သလို၊ ဘယ်သူ့ဆီကမှလည်း အကူအညီမတောင်းတော့ပဲ တစ်ယောက်တည်း ကြိုးစားရုန်းကန်ခဲ့ရတဲ့သူတွေပါ။ ဒီအချက်တွေက သူတို့ကို ပိုပြီးထက်မြက်စေသလို၊ ပိုပြီးတော့လည်း ရက်စက်စေရတဲ့ အချက်တွေဖြစ်ပါတယ်။

CRD-Aunty May


အသက် ၁၆ နှစ် မှ ၂၄ နှစ်အတွင်း မိန်းကလေးများသာ ဖတ်ရန်… 1

ညီမလေးရေ



ဒါပေမယ့်






 




သို့သော်


ညီမလေးရေ…







ညီမလေးရေ…





credit-မယ်ဖွေး

Unicode

အသက် ၁၆ နှစ် မှ ၂၄ နှစ်အတွင်း မိန်းကလေးများသာ ဖတ်ရန်

ညီမလေးရေ

လှပတဲ့မျက်နှာတစ်ခုက တစ်ချိန်ကျရင် အိုမင်းသွားလိမ့်မယ်

စွဲမက်စရာခန္ဓာကိုယ်ကောက်ကြောင်းတွေကလည်း တစ်ချိန်ကျရင် ပြောင်းလဲသွားပါလိမ့်မယ်နော်

ဒါပေမယ့်

မိန်းမကောင်းတစ်ယောက်ကတော့ တစ်ချိန်ကျရင်လည်း မိန်းမကောင်းပါပဲ ။ ဘယ်အချိန်ပဲရောက်ရောက် မိန်းမကောင်းပါပဲ။

ညီမလေးရေ ဇွဲမလျော့နဲ့ လူတွေကတော့ ညီမလေးပြုံးနေတာထက်

ညီမလေး ရှုံးနေတာမြင်ချင်တဲ့သူက ပိုများနေတတ်တယ် ။

အသက် ၁၆ နှစ် မှ ၂၄ နှစ်အတွင်း မိန်းကလေးများ ဖတ်ဖို့

ညီမလေးရေ …ရည်မှန်းချက်ထား

ဒေါ်အောင်ဆန်းစုကြည် ၁၂ အရွယ်ကလေးဘဝက သူရေးခဲ့တာလေးတစ်ခု ရှိတယ် ။

မျက်စေ့မမြင်သော မိန်းကလေးသည် ကြားနိုင်သေး၏။ နားမကြားသော မိန်းကလေးသည် မြင်နိုင်သေး၏။

အဝတ်မပါသော မိန်းကလေးသည် အေးမြမှုကို ခံစားနိုင်သေး၏

သို့သော်

ရည်မှန်းချက်မရှိသော မိန်းကလေးသည် အရူးပမာသာတည်းတဲ့

ညီမလေးရေ…

ဘဝကို စိတ်မပျက်နဲ့ သည်းခံခြင်းတွေရဲ့နောက်မှာ အောင်မြင်ခြင်းတွေရှိကိုရှိတယ်

ပေးဆပ်ခြင်းတွေရဲ့နောက်မှာ ရယူခြင်းတွေလဲရှိတယ် ။

ရှုံးနိမ့်ခြင်းတွေရဲ့နောက်မှာလဲ သင်ခန်းစာတွေရှိတယ် ။

အရေးကြီးတာက မဆုတ်မနစ်ကြိုးစားနေဖို့ပဲလိုတာပါ။

ညီမလေးရေ မြဲမြဲမှတ်ထား

လိပ်ပြာမလုံတဲ့သူက မူမမှန်ဘူး ။ သိက္ခာမလုံတဲ့သူက လူမဆန်ဘူး

ညီမလေးရေ…

ကိုယ့်ဘဝကို တန်ဖိုးထား ရခဲလှတဲ့လူ့ဘဝကို ရောက်တုန်းလေး

ကောင်းသောအမူအကျင့်နဲ့ ကောင်းသော စာရိတ္တကို ကျင့်သုံး။

ကောင်းသော အသက်မွေးဝမ်းကျောင်းမှုနဲ့ ကောင်းသောဘဝကို တည်ဆောက်ပါ ။

ပတ်ဝန်းကျင်က မကောင်းပြောကြပါစေ အချိန်တန်ရင် ပါးစပ်ပိတ်သွားလိမ့်မယ် ။

credit-မယ်ဖွေး

စိတ်ဆိုးစိတ်ကောက်ရင် ဖုန်းတော့မပိတ်ထားပါနဲ့ ရှင်းပြခွင့်ပေးပါ…

ငါဖြစ်စေချင်တာ…

စိတ်ဆိုးစိတ်ကောက်ရင် ဖုန်းတော့မပိတ်ထားပါနဲ့ ရှင်းပြခွင့်ပေးပါ ။

တစ်ခုခုဆို ဒေါသနဲ့မတုန့်ပြန်ပဲ ဖြစ်ချင်တာကိုပြော ကြည့်ပါလား ဒါဆို တစ်ခုခုတော့အဆင်ပြေသွားမှာပါ ။

အပြင်သွားမယ်&တခုခုလုပ်တော့မယ်ဆိုMessage လေးတော့ ပို့သွားပေးပါ

ဖုန်းထဲကနေ မပိုပေးနိုင်ရင်တော့ လိုင်းလေးဖွင့်ပြီး ပို့ထားပေးပေါ့ ။

စကားတွေများရင် အော်လို့ရပါတယ် ငြင်းခုန်လို့ ရတယ် ပစ်တော့မထားပါနဲ့ ။

မကြိုက်ဘူးဆိုတဲ့ အရာတွေကို မကြာခဏ သတိပေးပါ ပြဿနာတစ်ခုခု စဖြစ်ခါနီးမှာ

ဘာကြောင့်ဆိုတဲ့မေးခွန်းလေး စမေးပါ တစ်ခါတစ်ခါ ကိုယ်တိုင်မသိတဲ့အမှားလေးတွေ ရှိပါတယ် ။

ကိုယ့်အကြောင်းနဲ့ကိုယ် ကိုယ့်အလုပ်လေးနဲ့ ကိုယ်ရှုပ်နေတဲ့အခါလေးတွေ ရှိတတ်ပါတယ်

အဲ့ဒီအတွက် ကြိုပြောထားပါ့မယ် မင်းလည်းပြောပါ ။

ပြီးတော့ တစ်ယောက်ချင်းဆီရဲ့အားနည်းချက်ကို ဆုပ်ကိုင်ဖို့မကျိုးစားပဲ ဖြည့်ဆည်းပေးဖို့တောင်းဆိုပါတယ် ။

သဝန်တိုတယ် တစ်ခါတစ်ခါဆို ဘာမှမဟုတ်ပဲ သံသယလေးတွေနဲ့ အတွေးတွေလွန်တတ်ပါတယ်

ဒါကြောင့်အမေးအမြန်းတွေများတတ်တယ် သိထားပေးပါ ။

အချိန်တိုင်း ဖုန်းပြောဖို့ အဆင်မပြေပေမဲ့ ကိုယ်ပိုင်အားလပ်ချိန်လေးတိုင်း ဖုန်းဆက်စေချင်ပါတယ်

နောက်ဆုံး Message လေးဝင်နေရင်တောင် ကျေနပ်နေတတ်ပါတယ် But အသံလေးတော့ကြားချင်တာပေါ့ ။

ပြောပါ ရပါတယ် ဘယ်သူနဲ့ စကားပြောပြော ရိုးရိုးသားသားပဲ ပြောပါ ကို့ကိုတော့ ပိုပြောပါ ။

အနာဂတ် အတွက် တဖြည်းဖြည်းချင်း တည်ဆောက်ဖို့ကျိုးစားနေပါတယ် ။

ဘာဖြစ်ချင်တာ ဘာလုပ်ချင်တာကို ဖွင့်ပြောပါ တစ်ခါတစ်ရံ အလိုက်မသိတာလေးတွေ ရှိနေတတ်ပါတယ် ။

နားလည်မှုဆိုတာ သိပ်ကိုကောင်းပါတယ် စိတ်လေးရှည်ပေးပေါ့

ဒါပေမဲ့ ပွင့်လင်းဖို့ လိုအပ်သလို တစ်ယောက်နဲ့ တစ်ယောက်လေးစားဖို့ လိုတယ်

ရင်ထဲကခံစားချက်ပါ

ရှာလို့မကုန် သုတဇုန်

Unicode>>>

ငါဖှစစြခငွေတြာ…





















ရှာလို့မကုနျျ သုတဇုနျျ

အပျော်ဆုံးလို့ထင်ရသော သင်ရွေးချယ်လိုက်တဲ့ အတွဲက ပြောပြမယ့် သင့်ရဲ့အချစ်ရေးအကြောင်း

ဒီစုံတွဲသုံးတွဲမှာ ဘယ်စုံတွဲက အပျော်ဆုံးလို့ သင်ထင်ပါသလဲ။ သင့်မျက်စိထဲမှာ အပျော်ဆုံးလို့ ထင်ရတဲ့ အတွဲကို ရွေးပြီးသွားရင်တော့ သင့်ရဲ့အချစ်ရေးက ဘယ်လိုလဲဆိုတာ သိနိုင်ပါတယ်။

နံပါတ် ၁ စုံတွဲ

ဒီစုံတွဲမှာဆိုရင် ကောင်မလေးက သူ့ချစ်သူအတွက် ဂုဏ်ယူမဆုံးဖြစ်နေပြီး တစ်လောကလုံးကို သူမရဲ့ချစ်သူအကြောင်း ပြောပြချင်နေတာပါ။ သူမက အမှီအခိုကင်းတယ်၊ သူမကိုယ် သူမလည်း ဂရုစိုက်တတ်တဲ့အပြင် ပတ်ဝန်းကျင်က ဘယ်လိုထင်မြင်ယူဆမလဲဆိုတာကို ခေါင်းထဲသိပ်မထည့်တတ်တဲ့ မိန်းကလေးတစ်ယောက်ပါ။ ကောင်လေးကတော့ ကောင်မလေးအပေါ် သစ္စာစောင့်သိပြီး သူတို့ သမီးရည်းစားဆက်ဆံရေးကို အလေးအနက်ထားတဲ့အပြင် နှစ်ယောက်သားအဆင်ပြေအောင် အမြဲတမ်း ကြိုးစားလေ့ရှိပါတယ်။

နံပါတ် ၂ စုံတွဲ

ဒီစုံတွဲကို သင်ရွေးချယ်လိုက်မယ်ဆိုရင်တော့ သင်နဲ့ သင်ကောင်လေးမှာ အတူတူတွဲ ရိုက်ထားတဲ့ပုံတွေ အမြောက်အမြားရှိပါတယ်တဲ့။ သင်တို့ရဲ့ စိတ်ခံစားချက်၊ ပျော်ရွှင်ကြည်နူးမှုနဲ့ တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်တတ်တဲ့ အပြုအမူတွေကို သူငယ်ချင်းတွေရှေ့ပဲဖြစ်ဖြစ်၊ သူစိမ်းတွေရှေ့ပဲဖြစ်ဖြစ် ဖော်ပြဖို့ ဝန်မလေးတတ်ပါဘူး။ သင့်သူငယ်ချင်းတွေက သင်တို့စုံတွဲကို အမြဲတမ်း အားကျနေရတာပါ။ သင်နဲ့ သင့်ကောင်လေးဟာလည်း ဝါသနာရော အကျင့်စရိုက်တွေပါ တူညီတဲ့အတွက်ကြောင့် တစ်ယောက်ကိုတစ်ယောက် ပျင်းရိငြီးငွေ့သွားစရာ အကြောင်းမရှိပါဘူး။

နံပါတ် ၃ စုံတွဲ

ဒီစုံတွဲကို သင်ရွေးချယ်လိုက်ရင်တော့ သင်တို့စုံတွဲက စိတ်ခံစားချက်တွေကို လူအများရှေ့မှာ မဖော်ထုတ်ပြကြပေမဲ့ တစ်ယောက်က အခြားတစ်ယောက်ရဲ့ စိတ်ဆန္ဒ၊ ထင်မြင်ချက်နဲ့ စိတ်ဝင်စားမှုကို အလေးထားလေ့ရှိပါတယ်။ ဆိုရှယ်မီဒီယာနဲ့ လူအများရှေ့မှာ သူတို့အချစ်တွေကို ဖော်ပြလေ့မရှိပေမဲ့ စိတ်ကူးယဉ်ဆန်တဲ့ နှလုံးသားလေးတွေ ပိုင်ဆိုင်ထားပြီး တစ်ယောက်ကိုတစ်ယောက် အမြဲတမ်းအားပေးနှစ်သိမ့်ဖို့ အဆင်သင့်ပါပဲ။

ကဲ ဘယ်လိုလဲ၊ ကိုယ်ရွေးလိုက်တဲ့ စုံတွဲနဲ့ ကိုယ့်အချစ်ရေးနဲ့ ထပ်တူကျရဲ့လားဆိုတာကို ဖြေပေးခဲ့ကြဦးနော်။

Source: Brightside.me