ဧရာဝတီတိုင်း ဟင်္သာတခရိုင် ဟင်္သာတမြို့ ပန်ဘဲတန်းရပ်ကွက်ပိုးစတော (5)လမ်းနေအိမ်တအိမ်တွင် သူငယ်ချင်းနှစ်ဦးအရက်အတူသောက်ရာမှအရက်မူးလွန်ပြီးတပြိုင်နက်နှစ်ဦးစလုံးသေးဆုံးသည်ဟုယူဆရ နေအိမ်တွင်မိသားစုဝင်များအလုပ်သွားနေ၍တဦးတယောက်မှမရှိ ချိန်မိသားစုဝင်တဦးမှပြန်လာချိန်ခေါ်ကြည့်ရာခေါ် အိမ်ခန်းအတွင်းနှစ်ယောက်သားသေဆုံးနေသည်ကိုတွေ့ရ
မြတ်လေး MCRA
ဟင်္သာတ
ထူးထူးဆန်းဆန်းသေဆုံးနေတဲ့ ဟင်္သာတမြို့ က နှစ်လောင်းပြိုင်
(31-8-2018) နေည(9)နာရီခန့်အချိန်ထူဆန်းစွာသေဆုံးမှုတခုဖြစ်ပွား
ဧရာဝတီတိုင်း ဟင်္သာတခရိုင် ဟင်္သာတမြို့ ပန်ဘဲတန်းရပ်ကွက်ပိုးစတော (5)လမ်းနေအိမ်တအိမ်တွင် သူငယ်ချင်းနှစ်ဦးအရက်အတူသောက်ရာမှအရက်မူးလွန်ပြီးတပြိုင်နက်နှစ်ဦးစလုံးသေးဆုံးသည်ဟုယူဆရ နေအိမ်တွင်မိသားစုဝင်များအလုပ်သွားနေ၍တဦးတယောက်မှမရှိ ချိန််မိသားစုဝင်တဦးမှှပြန်လာချိန်ခေါ်ကြည့်ရာခေါ် အိမ်ခန်းအတွင်းနှစ်ယောက်သားသေဆုံးနေသည်ကိုတွေ့ရ
မိသားစုဝင်များမှရဲစခန်းသို့အကြောင်းကြားရာတာဝန်ရှိဟင်္သာတမြို့မစခန်းမှုးဦးဆောင်သည့်အဖွဲ့မှာအခင်းဖြစ်ပွားရာသို့သွားရောက်၍ဓမ္မာတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ်စစ်ဆေးလျှက်ရှိသည်ဟုသတင်းရရှိ။သေဆုံးသူနှစ်ဦးမှာအသက် (50)ကျော်ခန့်အရွယ်ဟုကြားသိခဲ့ရ
မြတ်လေး MCRA
ဟင်္သာတ
သင့်ကို လူချစ်လူခင်ပေါစေမယ့် အလွယ်ကူဆုံးနည်း
Zawgyi ဖြင့်ဖတ်ရန်
မေတ္တာပို့နည်း
သင် နံနက် အိပ်ယာထလို့ မျက်နှာသစ်တော့မယ် ရေကို စကိုင်ပြီးဆိုတာနဲ့ ဗုဒ္ဓံသရဏံ ဂစ္ဆာမိဆိုပြီး တစ်ခါရွတ် မျက်နှာကို ရေနဲ့ တစ်ခါသပ်ချ .. အဲ့လိုဘဲ ဓမ္မံသရဏံ ဂစ္ဆာမိဆိုပြီး တစ်ခါရွတ် မျက်နှာကို ရေနဲ့ တစ်ခါသပ်ချ .. သံဃံ သရဏံ ဂစ္ဆာမိဆိုပြီး တစ်ခါရွတ် ရေနဲ့ တစ်ခါသပ်ချပါ ..
(ဆိုလိုတာကတော့ မေတ္တာမပို့မှီ သရဏဂုံ သုံးပါးကို အရင်ရွတ်လိုက်ပါ)
အဲ့ဒါပြီးရင်တော့ သွားတိုက်ချင်တိုက်ပါ သွားတိုက်ရင်း စိတ်ထဲက ဂုဏ်တော် ကိုးပါးကိုရွက်ရင် ပိုကောင်းပါတယ် .. ကိုယ်ပြောတဲ့စကား အောင်စေပါတယ် ..
သွားတိုက်ပြီးလို့ ရေကို ထပ်ကိုင်တဲ့အချိန်ကျရင်
ပထမဆုံး – မိမိကိုယ်မိမိဆုတောင်းပါ – ဤရေ အေးမြသလို အကျွနိုပ်လည်းအေးမြပါစေ)
မျက်နှာကို ရေနဲ့ တစ်ခါသပ်ချပါ ..
အဲ့ဒါပြီးရင် သင်အချစ်ဆုံးသူကို မေတ္တာပို့ပါ (ဤရေ အေးမြသလို ………… လည်း အေးမြပါစေ) မျက်နှာကို ရေနဲ့ တစ်ခါသပ်ချပါ ..
ကိုယ်မေတ္တာပို့တဲ့သူရဲ့ မျက်နှာကို စိတ်ထဲမှာ မြင်နေရပါမယ် .. ပြီးရင် ကိုယ် မျက်နှာကိုသပ်ချတဲ့ ရေရဲ့ အေးမျှမှုကို သတိပြုရမယ် ..
ပြီးရင် သင့်မိသားစု မိဘများကို မေတ္တာပို့နိုင်ပါတယ် (ဤရေ အေးမြသလို ရှေးရှေးဘ၀များမှ ယခုဘ၀တိုင်အောင် တော်စပ်ခဲ့ဖူးသော အမိအဖဆွေမျိုးများအားလုံး အေးမြပါစေ)
မျက်နှာကို ရေနဲ့ တစ်ခါသပ်ချပါ ..
ပြီးရင် ကိုယ် အမုန်းဆုံးလူ ကိုယ့်အပေါ် မကောင်းတဲ့သူ ကိုယ့်ကိုယ် အမြဲတမ်း ဒုက္ခပေးနေတဲ့သူကို မေတ္တာပို့ပါ ..
(ဤရေ အေးမြသလို …………. လည်းအေးမြပါစေ)
အဲ့လိုလူတွေများရင် အဲ့ဒီလူတွေ တစ်ယောက်ချင်းစီရဲ့ မျက်နှာကို စိတ်ထဲက မြင်ယောင်ပြီး တစ်ခေါက်ချင်းစီ လုပ်ရပါမယ် …
ဒီနေရာမှာ အရေးကြီးတာက သူ့ကို အမှန်တကယ် အေးမြစေလိုတဲ့စိတ် သူ့ကို အမှန်တကယ် အောင်မြင်ကြီးပွားစေလိုတဲ့စိတ်နဲ့ မေတ္တာပို့မှ ထိရောက်မှာဖြစ်ပါတယ်
အဲ့ဒီလူက ကိုယ့်အပေါ် အချိန်တိုင်း ဒုက္ခပေးနေတဲ့သူ အရမ်းနာကြီးမုန်းတီးအောင် လုပ်ထားဖူးတဲ့သူဖြစ်ရင်လည်း အဲ့ဒီအချိန်လေးခဏမှာတော့ ခွင့်လွှတ်နားလည်စိတ်နဲ့ မေတ္တာပို့ရမယ် … အဲ့ဒါဆိုရင် အဲ့လောက်မုန်းတီးနေတဲ့သူကို ဘယ်လိုခွင့်လွှတ်ရမလဲ မေးလိမ့်မယ် –
ကိုယ် အရမ်းမုန်းတဲ့သူကို အချိန်ခဏတာအတွက် ခွင့်လွှတ်နည်း
ပထမဆုံး မလွဲသာတဲ့အခြေအနေတစ်ခုကြောင့်ဖြစ်မှာ.. သူ့နေရာမှာ ငါဆိုရင်လည်း လုပ်ချင်လုပ်မိမှာပါလို့ စိတ်ဖြေပြီး ခွင့်လွှတ်ပါ
မရရင်
လူဆိုတာ သူ့အကျင့်စရိုက်နဲ့သူလာတာ မွေးကထဲက သူ့မှာ အဲ့လို မကောင်းတဲ့စိတ်ပါလာလို့ ငါ့အပေါ်မှာလည်း အကောက်ကြံတာပါလားလို့ စိတ်ဖြေပြီး ခွင့်လွှတ်ပါ
သူက ကိုယ့်အထက်လူကြီး ကိုယ့်အလုပ်ရှင်ဖြစ်နေခဲ့ရင် ကိုယ့်အပေါ် မောက်မာရိုင်းစိုင်းခဲ့ရင်
ငါလည်း သူ့ရာထူး သူ့လိုချမ်းသာတဲ့သူဖြစ်ခဲ့ရင် ဒီထက်တောင် ဆဲမိဆိုမိချင် ဆိုမိမှာဆိုပြီး ခွင့်လွှတ်ပါ
အဲ့ဒါတွေအားလုံးမှ မရဘူးဆိုရင်
ငါဝဋ်ကြွေးရှိလို့ ခံရတာပဲလို့ တွေးပြီး သူ့ကို အပြစ်မမြင်မိအောင် စိတ်ဖြေပြီး ခွင့်လွှတ်ပါ
အဲ့ဒါဆိုရင်တော့ သင်ရေကိုင်ပြီး မျက်နှာသစ်တဲ့ အချိန် ၂ စက္ကန့်လောက်အတွက် သူ့ကို ခွင့်လွှတ်နိုင်မှာပါ ..
( သေချာပါတယ် .. သင်သူ့ကို ခွင့်လွှတ်ပြီး မေတ္တာပို့နိုင်သလောက် သူသင့်အပေါ် ထူးထူးခြားခြား အမြင်ကြည်လာပါလိမ့်မယ် .. ဒီနေရာမှာ မုန်းတီးနာကျည်းစိတ်နဲ့ ပါးစပ်ကသာ ရွက်နေရင်တော့ ဘာမှ ထူးမှာ မဟုတ်ပါဘူး)
ကိုယ်အရမ်းမုန်းတဲ့သူကို မေတ္တာပို့ပြီးရင်တော့ နံနက်ခင်း မျက်နှာသစ်ရင်း မေတ္တာပို့တဲ့အလုပ်ပြီးပါပြီ .. သင့်အတွက် အချိန် ၅ မိနစ်စာလောက်ဘဲ လိုပါလိမ့်မယ် .. ဒါကလည်း သင် အမြဲတမ်းမျက်နှာသစ်နေတဲ့ အချိန်ထက်
၂ မိနစ်စာလောက်ပဲ ပိုမှာပါ …
ပထမတော့ မျက်နှာသစ်တိုင်း အဲ့ဒါလေးလုပ်ဖို့ သင်မေ့ချင် မေ့မှာပါ ..
နောက်ဆိုရင် မျက်နှာသစ်ဖို့ ရေကိုင်လိုက်တာနဲ့ နှုတ်က အလိုလို သရဏဂုံ သုံးပါးကိုရွက်မိပြီး အလေ့အကျင့်တစ်ခုလိုဖြစ်သွားပါလိမ့်မယ် ..
ကျွန်တော် အဲ့ဒီအတိုင်းဘဲ မေတ္တာပို့ဆုတောင်းနေကျ တကယ်လက်တွေ့ပါ .. အခုလက်ရှိ အလုပ်ထဲမှာရော ပတ်ဝန်းကျင်မှာရော ကျွန်တော်နဲ့ မတည့်တဲ့ ပေါင်းသင်းဆက်ဆံရေးအဆင်မပြေတဲ့ သူရယ်လို့ မရှိပါဘူး ..
လူတော်တော်များများပြောကြပါတယ် … မေတ္တာပို့လိုက်မယ် မေတ္တာပို့လိုက်ရ မကောင်းရှိတော့မယ် ဆိုပြီးတော့ အဲ့ဒါက လူတွေကြားမှာ မကောင်းတဲ့ စကားတစ်ခုလိုဖြစ်နေတာပါ .. တကယ်တော့ မေတ္တာပို့တယ်ဆိုတာ ကျိမ်စာတိုက်တာမဟုတ်ပါဘူး .. ရန်မရှိဘဲ အားလုံး အေးချမ်းစေမယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်ဆိုတဲ့အကြောင်း ပြောကြားရင်း ကျွန်တော့်ရဲ့ မျက်နှာသစ်နည်းလေးကို ပြန်လည်မျှဝေလိုက်ပါတယ် …
credit.
မန္တလေးစာကြည့်တိုက်- ကျနော်မောင်ဇော်ဇော်
ထန်ပါး ရဲ့ စူပါမန်း MTV မှာပါဝင်ခွင့်ရမယ့်အခွင့်အရေးကောင်း
ထန်ပါး ရဲ့ စူပါမန်း MTV မှာပါဝင်ခွင့်ရမယ့်အခွင့်အရေးကောင်း
Unicode အဆိုတော် ထန်ပါး ကတော့ လုပ်ချလိုက်ပြန်ပါပြီ။ ဒီတခါတော့ ပရိသတ်တွေကို ပါ ထန်ပါး ရဲ့ အသစ်ထွက်ရှိလာမယ့် စူပါမန်း သီချင်း MTV မှာပါဝင်ခွင့်ရမယ့်အခွင့်အရေးပါ။ ဒါနဲ့ပတ်သတ်ပြီး ထန်ပါး က သူ့ရဲ့ ဖေ့ဘွတ်ခ် ပေါ်မှာ ပါဝင်ကူညီသရုပ်ဆောင်ပေးနိုင်မယ့်သူတွေကို ဖိတ်ခေါ်လိုက်တာပါ။ထန်ပါး က “Hello ပရိသတ်ကြီး Super man သီချင်း MTV မှာပါဝင်ကူညီသရုပ်ဆောင်ပေးမဲ့သူတွေရှိလားဗျရှိရင်ဆက်သွယ်ပေးပါဗျအားလုးံကိုဘုရားသခင်ကောင်းချီးပေးကါစေ thankyou l love you all” လို့ရေးထားတာဖြစ်ပါတယ်။
အဆိုတော် ထန်ပါး ရဲ့ လူသိများတဲ့သီချင်းတပုဒ် ကတော့ ” စတိုင်လ်ရှိမှ စတားဖြစ်မယ်” ဆိုတဲ့ သီချင်းဖြစ်ပြီး ဗီဒီယို ကိုရှဲတဲ့သူများပါတယ်။ အသက် ၄၉ နှစ်ရှိပြီဖြစ်တဲ့ ထန်ပါး ဟာ အသက်အရွယ် နဲ့မလိုက်အောင် အရွယ်တင်တယ်လို့ပြောခံရတဲ့အဆိုတော်တဦးဖြစ်ပြီး ၊ ဖက်ရှင်ခပ်ဆန်းဆန်းတွေကိုလည်း ဝတ်ဆင်တတ်သူဖြစ်ပါတယ်။ ကဲ ထန်ပါး ရဲ့ သီချင်းသစ်မှာ ပါဝင်ခွင့်ရဖို့စာရင်းကြိုပေးထားမှာစိတ်ချရမယ်နော်။ ထန်ထန်း ရဲ့ ဖေ့ဘွတ်ခ်အကောင့်ကို “Thang Pa” ဆိုပြီး ရိုက်ရှာရင်တွေ့မှာပါ။ စိတ်ဝင်စားရင် အမြန်ဆက်သွယ်လိုက်နော်။
သင်္ဘောဟောင်းဖျက်ဖို့အသွား မြန်မာ့ပင်လယ်ပြင်မှာ သောင်တင်ဟု စင်္ကာပူကုမ္ပဏီဆို
Zawgyi Version
သုံးခွမြို့နယ်ကနေ ရေမိုင် (၇) မိုင် အကွာမှာရှိတဲ့ အဲဒီသဘောင်္ရှိရာကို ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့တဲ့ သုံးခွမြို့နယ် အောင်သာတန်းရပ် အုပ်ချုပ်ရေးမှူး ဦးအောင်ဖြိုးမြင့်က VOA ကို အခုလို ပြောပါတယ်။
အခုတွေ့ရှိတဲ့ Sam Ratulangi ဆိုတဲ့ သဘောင်္ဟာ အင်ဒိုနီးရှားနိုင်ငံမှာ နောက်ဆုံး မှတ်ပုံတင်ထား တာကို စစ်ဆေးတွေ့ရပြီး မြန်မာနိုင်ငံကို ဝင်ရောက်ဖို့ မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုသွားဖို့ ဆွဲသင်္ဘောနဲ့ ဆွဲလာတဲ့ သင်္ဘောဖြစ်တယ်လို့ စင်ကာပူနိုင်ငံအခြေစိုက် Smith Salvage Company က မြန်မာ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဌာန မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့ကို အကြောင်းကြားထားပါတယ်။သဘောင်္ဟာ အမြင်အရ ဟောင်းနွမ်းနေပြီဖြစ်တာကြောင့် ဘင်္ဂလားဒေ့ရှ်မှာ သံတိုသံစအဖြစ် ထုခွဲဖျက်ဆီးဖို့ သယ်လာတာ ဖြစ်နိုင်ကြောင်း ရေကြောင်း ဆိုင်ရာ ကျွမ်းကျင်သူတွေကသုံးသပ်ထားပြီး၊ မြန်မာကမ်းခြေဘက် မျောပါလာတာမျိုး ဒါမှမဟုတ် ဆွဲယူမရလို့ စွန့်ပစ်သွားခဲ့မျိုး ဖြစ်နိုင်တယ် လို့ သုံးသပ်ကြပါတယ်။ ဒီလိုကြီးမားတဲ့ နိုင်ငံခြားကုန်တင် သဘောင်္ကြီးတစင်း မြန်မာရေပိုင်နက်ထဲ ၀င်ရောက်လာတာကို တာဝန်ရှိသူတွေ ဘက်က ကြိုတင် မသိခဲ့ဘူးဆိုတဲ့သတင်းတွေကြောင့် လုံခြုံရေးအရသတိရှိသင့်တယ်ဆိုပြီး ပင်လယ်ပြင်ဆိုင်ရာ ကျွမ်းကျင်သူ တချို့က သတိပေးထားပါတယ်။
Ref – VOA
========
Unicode Version
မြန်မာ့ရေပိုင်နက်ထဲကို တာဝန်ရှိသူတွေ မသိလိုက်ဘဲရောက်လာတဲ့ နိုင်ငံခြား သင်္ဘောကြီးအကြောင်း နောက်ဆုံးသိရတဲ့ အခြေအနေတချို့ ကို ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြပေးထားပါတယ်။
ရန်ကုန်တိုင်း သုံးခွမြို့နယ်၊ သမစိတ္တ ကျေးရွာအနီး မုတ္တမပင်လယ်ကွေ့မှာ ပိုင်ရှင်မဲ့ နိုင်ငံခြားကုန်တင် သင်္ဘောကြီးတစင်း သောင်တင်နေတာကို ဩဂုတ် ၂၈ ရက်က ငါးဖမ်းစက်လှေတွေကစတင်တွေ့ရှိခဲ့တာပါ။ ဒီကနေ့ မနက်ပိုင်းမှာတော့ သုံးခွမြို့နယ် ရဲတပ်ဖွဲ့ဝင်တွေနဲ့အမှတ် (၁) ဗျူဟာ ရေတပ်အရာရှိတွေက အဲဒီ သင်္ဘောကို သွားရောက် စစ်ဆေးခဲ့ကြောင်း၊ အဲဒီသဘောၤကို သွားရောက်ကြည့်ရှုခဲ့သူ တဦးက VOA ကို ပြောပါတယ်။ ဒီသင်္ဘောပေါ်မှာ အန္တရာယ်ရှိတဲ့ ဓါတုပစ္စည်းတွေ ပါလာတဲ့ဆိုတဲ့ သတင်းတွေလည်း လူမှုကွန်ယက်မီဒီယာမှာ ပျံ့နှံ့နေတာပါ။
သုံးခွမြို့နယ်ကနေ ရေမိုင် (၇) မိုင် အကွာမှာရှိတဲ့ အဲဒီသဘောၤရှိရာကို ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့တဲ့ သုံးခွမြို့နယ် အောင်သာတန်းရပ် အုပ်ချုပ်ရေးမှူး ဦးအောင်ဖြိုးမြင့်က VOA ကို အခုလို ပြောပါတယ်။
“အခု ရေတပ်ကအရာရှိတွေလည်း သင်္ဘောပေါ်မှာ ရှိတယ်လေ။ သင်္ဘောပေါ်မှာ ဘာတခုမှ မရှိဘူး။ ကုန်ပစ္စည်းတွေလည်းမရှိပါဘူး။ သူများတွေပြောသလို ကောလဟာလ – ဟိုဟာတွေ ပါတယ်၊ ဒီဟာတွေ ပါတယ်- ဘာမှမပါဘူး။ သင်္ဘောပေါ်မှာ အန္တရာယ်ရှိနိုင်တဲ့ဟာတွေပါသလိုလို အဲဒီလိုတွေပြောနေတာဟာ ဘာသတင်းမှ မဟုတ်ဘူး၊ အဲဒါ ဘာတခုမှ မဟုတ်ဘူး။ အဲဒါတော့ သေချာတယ်။ သင်္ဘောက – ကျနော်တို့ အတည်မပြုနိုင်သေးတာက သင်္ဘောက ဘယ်လိုပျက်လာတယ်ဆိုတဲ့ ပုံစံမျိုးပဲရှိတယ်။ ဒါပေမယ့် သင်္ဘောပေါ်မှာ ဘာမှမပါဘူး၊ အဲဒါတော့ သေချာတယ်။”
အခုတွေ့ရှိတဲ့ Sam Ratulangi ဆိုတဲ့ သဘောၤဟာ အင်ဒိုနီးရှားနိုင်ငံမှာ နောက်ဆုံး မှတ်ပုံတင်ထား တာကို စစ်ဆေးတွေ့ရပြီး မြန်မာနိုင်ငံကို ဝင်ရောက်ဖို့ မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုသွားဖို့ ဆွဲသင်္ဘောနဲ့ ဆွဲလာတဲ့ သင်္ဘောဖြစ်တယ်လို့ စင်ကာပူနိုင်ငံအခြေစိုက် Smith Salvage Company က မြန်မာ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဌာန မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့ကို အကြောင်းကြားထားပါတယ်။သဘောၤဟာ အမြင်အရ ဟောင်းနွမ်းနေပြီဖြစ်တာကြောင့် ဘင်္ဂလားဒေ့ရှ်မှာ သံတိုသံစအဖြစ် ထုခွဲဖျက်ဆီးဖို့ သယ်လာတာ ဖြစ်နိုင်ကြောင်း ရေကြောင်း ဆိုင်ရာ ကျွမ်းကျင်သူတွေကသုံးသပ်ထားပြီး၊ မြန်မာကမ်းခြေဘက် မျောပါလာတာမျိုး ဒါမှမဟုတ် ဆွဲယူမရလို့ စွန့်ပစ်သွားခဲ့မျိုး ဖြစ်နိုင်တယ် လို့ သုံးသပ်ကြပါတယ်။ ဒီလိုကြီးမားတဲ့ နိုင်ငံခြားကုန်တင် သဘောၤကြီးတစင်း မြန်မာရေပိုင်နက်ထဲ ဝင်ရောက်လာတာကို တာဝန်ရှိသူတွေ ဘက်က ကြိုတင် မသိခဲ့ဘူးဆိုတဲ့သတင်းတွေကြောင့် လုံခြုံရေးအရသတိရှိသင့်တယ်ဆိုပြီး ပင်လယ်ပြင်ဆိုင်ရာ ကျွမ်းကျင်သူ တချို့က သတိပေးထားပါတယ်။
Ref – VOA