သက်ဦးအောင်
Credit to MyanmarNote
Unicode
ကမ္ဘာလုံးဆိုင်ရာ လိုက်ဟဲဗီးဝိတ်ပွဲ (သို့) အောင်လအန်ဆန်း(ONE) Vs ခါဘစ်(UFC)ပွဲ ဖြစ်လာမလား
ကျနော်တို့ဟိုးတလောကမှ ကော်နာမက်ဂရီဂေါ်နဲ့ခါဘစ်တို့ရဲ့ MMA ပွဲမှာ ယှဉ်ပြိုင်မှုပြင်းထန်ပြီး ရုန်းရင်းဆန်ခတ်တွေဖြစ်ကြရင်း နောက်ဆုံး မက်ဂရီဂေါ်ကို ကျန် းမာရေးအရ ထိုးသတ်ရန်မသင့်ဆိုပြီး ထိုးသတ်ခွင့်တနှစ်ပိတ်ပင်တဲ့သတင်းတွေ ဖတ်ခဲ့ရပါတယ်။ မနေ့ညကတော့ ကျနော်တို့ရဲ့အချစ်တော်ဟီးရိုးကြီး ကိုအောင်လက ပြိုင်ဘက်လက်ဘနွန်သား ခရာခီကို ပထမအချီမပြီးခင်မှာဘဲ အလဲထိုးပြီး ချန်ပီယံခါးပတ်ကိုကာကွယ်သွားခဲ့ပါတယ်။
အချက်အလက်တွေအရ ကိုအောင်လဟာ ပြိုင်ပွဲရဲ့ မစ်ဒယ်ဝိတ်တန်း နဲ့ လိုက်ဝိတ်တန်း နှစ်ခုရဲ့ချန်ပီယံဖြစ်ပါတယ်။ ခါဘစ်ကတော့ လိုက်ဝိတ်တန်းချန်ပီယံတယေ ာက်ဖြစ်တယ်လို့သိရပါတယ်။ ဘာလို့များလိုက်ဝိတ်တန်းကချန်ပီယံနှစ်ယောက်ဖြစ်နေရသလဲ ဆိုတော့ ခါဘစ်တို့ယှဉ်ပြိုင်တဲ့ပွဲက UFC (Ultimate Fighting Championship) လို့အမည်ရပြီး ကိုအောင်လတို့ရဲ့ပြိုင်ပွဲကတော့ အားလုံးသိတဲ့အတိုင်း ONE Championship ပြိုင်ပွဲဖြစ်နေတာမို့ပါ။ ပြိုင်ပွဲနှစ်ခုလုံးကတော့ Mixed Maritial Arts – MMA လို့ခေါ်တဲ့ ကိုယ်ခံပညာပေါင်းစုံအသုံးပြုပြီး တိုက်ခိုက်ကြရတဲ့ ဖိုက်တာတို့ရဲ့ပြိုင်ပွဲတွေပါပဲ။ ဒါပေမယ့် ONE နဲ့ UFC တို့ဘာကွာသွားသလဲဆိုတော့ ONE ဟာကမ္ဘာ့အရှေ့ခြမ်းက အကြီးမားဆုံး MMA ပြိုင်ပွဲကြီးတခုဖြစ်ပြီး UFC ကတော့ ကမ္ဘာ့အနောက်ခြမ်းကကြီးကျယ်ခမ်းနားတဲ့ MMA ပြိုင်ပွဲကြီးတခုဖြစ်နေတာပါ။
ONE Championship ဆိုတဲ့ အဖွဲ့အစည်းဟာ စင်ကာပူအခြေစိုက်အဖွဲ့အစည်းတခုဖြစ်ပါတယ်။ ဒီပြိုင်ပွဲဟာ အာရှရဲ့အကြီးမားဆုံးသော MMA ပြိုင်ပွဲကြီးတခုဖြစ်ပြီး နို င်ငံပေါင်း ၁၃၈ နိုင်ငံမှာ ရုပ်သံလိုင်းတွေကနေထုတ်လွှင့်ပြသလျှက်ရှိပါတယ်။ အာရှရဲ့အလန်းတကာ့အလန်းဆုံး ဖိုက်တာတွေ ၉၀% အထိပါဝင်ယှဉ်ပြိုင်နေတဲ့ပြိုင်ပွဲတခုလဲဖြစ်ပါတယ်။ ကြည့်ရှုသူ ၁.၇ ဘီလီယံအထိရှိနေတဲ့ ဒီပြိုင်ပွဲကြီးမှာ ဖိုက်တာတွေဟာ များသောအားဖြင့် အာရှမှာထွန်းကားတဲ့ တိုက်ခိုက်ရေးပညာရပ် တွေကို အသုံးပြုတိုက်ခိုက်တတ်ကြပါတယ်။ မွေ့ထိုင်း(ထိုင်း) စီလတ်(အင်ဒိုနီးရှား) ဆန်ဒါ(တရုတ်) လက်ဝှေ့(မြန်မာ) စတဲ့ရိုးရာကိုယ်ခံပညာတွေအပြင် ကစ်ဘောက်ဆင် ကရာတေး တိုက်ကွမ်ဒို ဂျူဒို ဂရပ်ပလင်း စတဲ့ကမ္ဘာတဝှမ်းခေတ်စားတဲ့ တိုက်ခိုက်နည်းတွေပါအသုံးပြုကြတာကိုတွေ့ရပါတယ်။
Utimate Fighting Championship – UFC ဆိုတဲ့ MMA အဖွဲ့အစည်းကတော့ အမေရိကန်နိုင်ငံ လက်စ်ဗီးဂတ်မြို့အခြေစိုက် အဖွဲ့အစည်းတခုဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန်နိုင်ငံသားများသာမက အခြား ဘရာဇီးစတဲ့ကမ္ဘာ့အနောက်ခြမ်းကဖိုက်တာတွေ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ပြိုင်ပွဲတခုဖြစ်ပါတယ်။ အမြဲတန်းလိုလို တနှစ်ကိုပွဲကြီးပွဲကောင်း ၄၀ လောက်ကျင်းပနိုင်ခဲ့တဲ့ပြိုင်ပွဲတခုဖြစ်ပြီး နိုင်ငံပေါင်း ၁၂၉ နိုင်ငံကရုပ်သံကြည့်ရှုသူပေါင်း ၈၀၀ မီလီယံအထိရှိနေပါတယ်။ ၂၀၁၁ မှာ နာမည်ကြီး FOX Sport မီဒီယာနဲ့ ၇ နှစ်စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး FOX Sports 1 နဲ့ FOX Sports 2 ရုပ်သံလိုင်း ၂ ခုမှာထုတ်လွှင့်ပြသခွင့်ရရှိခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာလဲ ပြိုင်ပွဲဝင်တွေဟာ တိုက်ခိုက်နည်းပေါင်းစုံအသုံးပြုတတ်ကြပြီး ကရာတေး ဂျူဂျစ်ဆု ဘောက်ဆင် ဂရပ်ပလင်း ဆူမို စတဲ့ တိုက်ခိုက်နည်းတွေကိုတွေ့ရတတ်ပါတယ်။
ခုဆိုရင်တော့ လူမှုကွန်ရက်ပေါ်က MMA ဖန်တချို့က အောင်လအန်ဆန်း(ONE) နဲ့ ခါဘစ်(UFC) တို့ရဲ့ကြီးကျယ်တဲ့ပြိုင်ပွဲတခုဖြစ်လာလေမလားလို့ မျှော်လင့်နေကြတာကိုတွေ့နေရပါတယ်။ နှစ်ခုစလုံးကလဲ MMA ပြိုင်ပွဲတွေဖြစ်တဲ့အားလျော်စွာ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းတွေလဲ တူညီသလောက်ဖြစ်မှာပါ။ ဒါကြောင့် ပရိသတ်တွေရဲ့တောင်းဆိုမှုတွေရှိလာမယ်ဆိုရင် ပြိုင်ပွဲနှစ်ခုကတာဝန်ရှိသူတွေပူးပေါင်းပြီး ဒီပွဲစဉ်ကိုဖြစ်မြောက်အောင်စီစဉ်ဖို့ဆိုတာခက်ခဲမယ်မထင်ပါဘူး။ တကယ်လို့သာဒီပွဲစဉ်တကယ်ဖြစ်လာမယ်ဆိုရင် ကမ္ဘာ့အရှေ့ခြမ်း နဲ့ အနောက်ခြမ်းက ONE နဲ့ UFC တို့ရဲ့အားပြိုင်မှုကိုပရိသတ်တွေမြင်တွေ့ရမှာပါ။ ချန်ပီယံခါးပတ်ကလဲခုလိုနှစ်ခုကွဲမနေတော့ဘဲ လိုက်ဝိတ်တန်းရဲ့တဦးတည်းသော ကမ္ဘာ့ချန်ပီယံပေါ်ထွက်လာမှာဖြစ်ပါတော့တယ်။
သက်ဦးအောင်
MyanmarNote
Justin Bieber ကို ဘယ်သူနဲ့မှအစားမထိုးနိုင်ဘူးဆိုတဲ့ Selena Gomez
Credit to Can’t Wait To Say
Unicode
ကမ္ဘာကျော် ပေါ့ပ်အဆိုတော် Justin Bieber နဲ့ အခြေသတင်းကြီးတဲ့ ရွှေမင်းသမီး Selena Gomez တို့ဟာ ဆယ်စုနှစ်တစ်ခုကျော်ကြာအောင်ချစ်ခဲ့ကြပြီး တွဲလိုက်ပြတ်လိုက်နဲ့သံယောဇဉ်တွေကြီးခဲ့ကြတာ တစ်ကမ္ဘာလုံးကသိကြမှာပါ။ ဘယ်လိုပဲကမ္ဘာတစ်ဝှမ်းလုံးကအားကျခဲ့ရတဲ့စုံတွဲလေးဖြစ်ခဲ့ပေမယ့်နောက်ဆုံးမှာတော့ ဖူးစာမပါလို့ပဲပြောရမလား၊ခွဲခွာခဲ့ကြရပြီး Selena ကြောင့်တငိုငိုတရယ်ရယ်ဖြစ်ဖူးတဲ့ Justin ဟာ အခုတော့ သူငယ်ချင်းချစ်သူ Hailey Baldwin နဲ့ စေ့စပ်ပြီးပျော်ရွှင်ကြည်နူးနေပါပြီ။ မကြာခင်လက်ထပ်တော့မယ့် Justin က Selena ကိုမေ့ထားနိုင်ပေမယ့် Selena ကတော့ ဆယ်နှစ်နီးပါးကြာအောင်ချစ်ခဲ့ဖူးတဲ့ လူတစ်ယောက်ကိုမမေ့နိုင်သေးပုံပါပဲ။
Justin က Selena ကို အစွမ်းကုန်ချစ်မြတ်နိုးခဲ့ပြီး တတ်နိုင်သမျှပြုစုယုယအလိုလိုက်ခဲ့ပါတယ်။ အလိုလိုက်ခံရတဲ့ကလေးလို Selena ဟာ အလိုလိုက်တဲ့သူအပေါ်ကို ဆိုးနေခဲ့ပေမယ့် အဲဒီလူမရှိတော့မှ နာကျင်ခံစားနေရတော့တာပါပဲ။ ဆိုးတာတစ်ခုက Justin က Selena ကို အစွမ်းကုန်အလိုလိုက်ခဲ့လို့ Selena အတွက် Justin ကလွဲပြီးအခြားသူတွေကိုမချစ်နိုင်တော့တာပါ။ အချိုန်တွေကြာလာတာနဲ့အမျှ Justin ရဲ့ လက်ထပ်မယ့်သတင်းဟာ တရွေ့ရွေ့နီးကပ်လာပြီဆိုတာကို ခံစားမိတဲ့ Selena ဟာ သူမဘဝထဲမှာ Justin လိုလူတစ်ယောက်ထပ်မရတော့မှာစိုုးနေပါတယ်လို့ Selena ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်က The Hollywood Life Megazine ကို ရင်ဖွင့်လာပါတယ်။
Selena ဟာ Justin မဟုတ်တဲ့အခြားသူတစ်ယောက်ကို သူမရဲ့အချစ်တွေမပေးနိုင်တော့ပါဘူး။ လောလောဆယ်မှာ Selena က သူငယ်ချင်းတွေ၊အလုပ်တွေနဲ့ပဲပျော်နေပြီး အချစ်ရေးကိုလက်လျှော့ထားလိုက်တော့မယ့်ပုံရှိပါတယ်တဲ့။ အရင်ကလည်း The Weeknd နဲ့တွဲပြီး Justin ကို ဘဝထဲကထုတ်ဖို့ကြိ်ုးစားခဲ့ဖူးသေးပေမယ့် နောက်ဆုံးတော့ Justin ရင်ခွင်ထဲပဲပြန်ရောက်ခဲ့တာကြောင့် နောက်ထပ်တစ်ခါ အဲဒီလိုဖြစ်မှာကိုစိုးရိမ်နေပါတယ်။ Selena က Justin နဲ့တွဲခဲ့တဲ့နှစ်တွေအကြာကြီးမှာ Justin လက်ထပ်မယ့်သူဟာ သူပဲဖြစ်တယ်လို့တထစ်ချယုံကြည်ထားခဲ့တာကြောင့် အခုလို Justin က အခြားတစ်ယောက်ကိုလက်ထပ်တော့မယ်ဆိုတဲ့အခါ နာကျင်ခံစားရမှာတော့အမှန်ပါပဲ။ Selena က သူငယ်ချင်းတွေကို သူ့နှလုံးသားမှာတွင်းနက်ကြီးဖြစ်နေကြောင်းနဲ့ အဲဒီတွင်းနက်ကြီးကိုဘာနဲ့မှ၊ဘယ်သူနဲ့မှဖြည့်ပစ်လို့မရကြောင်းပြောဖူးပါတယ်တဲ့။ သနားစရာ Selena ပါပဲ။ အရာအားလုံးပြည့်စုံနေတာတောင်အချစ်တစ်ခုပဲလိုအပ်နေခဲ့တယ်။
ဒီလိုနာကျင်နေတယ်ဆိုပေမယ့်လည်း အဲဒါက Selena က Justin ကိုပြန်လိုချင်တယ်ဆိုတဲ့အဓိပ္ပါယ်တော့မဟုတ်ပါဘူး။ သူတို့နှစ်ယောက်အတူတူရှိဖို့နှစ်တွေအကြာကြီးကြိုးစားခဲ့ကြပြီးနောက်ဆုံးဘယ်လိုမှမဖြစ်နိုင်လို့လမ်းခွဲလိုက်ကြတယ်ဆိုတာ နှစ်ယောက်လုံးကနားလည်ထားပါတယ်။ ဒါကြောင့်လည်း Justin က အလွယ်တကူ move on သွားနို်င်တာဖြစ်မှာပါ။ ဒါပေမယ့် Selena က သူနောက်တွဲမယ့်အခြားလူတွေနဲ့ Justin နဲ့ ကိုသတိလက်လွတ်နှိုင်းယှဉ်နေမိပြီး ဘယ်သူကမှ Justin လောက်သူမကို ဂရုမစိုက်တဲ့အခါ၊မယုယတဲ့အခါ၊နားမလည်ပေးနိုင်တဲ့အခါ သူမနှလုံးသားက လူတိုင်းကို ငြင်းပယ်လျက်ရှိပါတယ်တဲ့။ Selena ကဒီလိုနဲ့တစ်ဘဝလုံးတစ်ကိုယ်တည်းအပျိုကြီးဖြစ်သွားမှာ စိုးရိမ်နေပုံပါပဲ။
ပြောချင်လွန်းလို့ပရိသတ်ကြီးရော… Selena တစ်သက်လုံး Justin ကို မမေ့နိုင်ပဲ အပျိုကြီးဖြစ်သွားမယ်ထင်ကြလား။ ဒါမှမဟုတ် Justin က Hailey နဲ့ပြတ်ပြီး ထုံးစံအတိုင်း Selena အနားကို ပြန်ရောက်လာမယ်၊ပျော်ရွှင်စွာပေါင်းဖက်သွားကြမယ်လို့ တိတ်တခိုးမျှော်လင့်နေကြဆဲပဲလား။
Can’t Wait To Say
နိုင်ငံခြားမှာ အိမ်ဖော်လုပ်နေတဲ့ မြန်မာမလေး တစ်ယောက်ရဲ့ မရှက်မကြောက် ရင်ဖွင့်စကား
နိုင်ငံခြားမှာ အိမ်ဖော်လုပ်နေတဲ့ မြန်မာမလေး တစ်ယောက်ရဲ့ မရှက်မကြောက် ရင်ဖွင့်စကား
Unicode Version
ကျမကနိုင်ငံခြားမှာအိမ်ဖော်လုပ်ပါတယ်။ တနေကုန်အလုပ်လုပ်ရပါတယ်။ ပင်ပန်းပါတယ်။ တခါတလေနှိပ်စက်ခံရပါတယ်။ တခါတလေ အဆဲအဆိုခံရပါတယ်။ အခန့်မသင့်ရင် အသက်ခံရနိုင်ပါတယ်။ မုဒိန်းကျင့်ခံရနိုင်တယ်။ ဒါပေမယ့် ပိုက်ဆံ ရတယ်ရှင့် ကျမအိမ်ကိုငွေပို့နိုင်တယ်။ ကျမပင်ပန်းလည်း ကျမဆင်းရဲလည်း ကျမငိုကြွေးနေလည်း ကျမညည်းညူ နေလည်း ကျမအိမ်ကလူတွေထမင်းဝဝစားနိုင်တယ်။ အိပ်ရေးဝဝအိပ်နိုင်တယ်။ ညဘက်တီဗွီကြည့်ရင်းပန်ကာလေးနဲ့အေးအေးလူလူ ကော်ဖီသောက်နေနိုင်တယ်။ ကျမကျေနပ်တယ်။
“သခင်မျိုးဟေ့တို့ဗမာ”ဆိုတဲ့ဆောင်ပုဒ် ကျမကြားဖူးတယ်။ ကျမပြုံးမိတယ်.. ကျမတို့ဘဝတွေအတွက်တော့ ခွေးသခင် ဖြစ်ဖို့တောင် ခွေးစာမတတ်နိုင်လို့မမွေးနိုင်ဘူးလေ။ ထားပါ.. ဆောင်ပုဒ်တွေအောက်မှာ ကျမအငတ်မခံနိုင်ဘူး။ ကျမ မိသားစုကိုလည်း အငတ်မထားနိုင်ဘူး။ ဒါပေမယ့် ကျမဒီဆောင်ပုဒ်လေးကို အရမ်းပင်ပန်းလာတဲ့နေ့တွေမှာ နှုတ်က တိုးတိုးလေးရွတ်ဆိုနေတုန်းပဲ။
“ထုတ်ကုန်နှစ်ဆတိုးမြှင့်ကြ” တဲ့။ သိပ်မှန်တယ်ရှင့် ကျမတို့နိုင်ငံမှာအပေါဆုံး ထုတ်ကုန်ကလူပဲ ကမ္ဘာတလွှား ရောက်နေတဲ့ ကျမတို့လူမျိုးတွေ သန်းနဲ့ချီရှိတယ်။ ကြုံရာကျပန်းလုပ်နေကြရတာ တချို့လည်းငွေစုမိတယ်။ တချို့လည်း အသတ်ခံရတယ်။ တချို့လည်းဘဝတွေပျက်ကြတယ်။ တချို့လည်းအဆင်ပြေကြတယ်။
“သယံဇာတပေါတဲ့ဒို့ရဲ့တိုင်းပြည်”တဲ့ ကျမပြုံးမိတယ်။ ကျမတို့ဒေသမှာ တောတွေတောင်တွေ တွင်းတွေမှ အများကြီး
ဒါတွေကျမတို့မပိုင်ဘူး ကျမတို့နဲ့မဆိုင်ဘူး။ လူမျိုးခြားတွေနဲ့သာဆိုင်တယ်။ “တို့မြေကိုတစ်လက်မအထိမခံ”ဆိုတဲ့
ဆောင်ပုဒ် အောက်မှာ လက်မလောက်ကိုလာမပြောနဲ့ မိုင်လိုက်ခြံစည်းရိုးခတ်ကြပြီး လုံခြုံရေးပါချပေးထားတာ ကျမတို့ ဒေသမှာရှိတဲ့အရာတွေနဲ့ ကျမတို့အေးအေးဆေးဆေး ထိုင်စားလို့ရပါလျက်နဲ့ကျမတို့ငတ်နေရတယ်။
မတတ်နိုင်ဘူးလေ။ “ပြည်ပအားကိုးပုဆိန်ရိုး”ဆိုပေမယ့် အားကိုးစရာ ရောင်းစရာ ဆိုလို့ ပြည်ပပဲရှိတာကိုး… ပြည်တွင်းမှာ အားကိုးစရာဆိုတာလည်း သူတို့တသိုက်ပဲရှိတာဆိုတော့…..ဆိုတော့ပေါ့လေ…
ကျမတို့ဒေသကနေ အိမ်ဖော်ထွက်လုပ်ကြတဲ့ အလုပ်ကြမ်းထွက်လုပ်ကြတဲ့သူတွေ ထောင်နဲ့ချီရှိတယ်ရှင့် အချိန်တန် အိမ်ကို ငွေပို့ကြတယ်။ အဲဒီငွေနဲ့ကျမတို့ဒေသအဆင်ပြေကြတယ်။ ဘာတဲ့ “ပြည့်အင်အားသည် ပြည်တွင်းမှာသာ ရှိသည်” တဲ့။ ကျမတို့ရွာမှာ ကလေးငယ်တွေနဲ့ အဖိုးအဖွားတွေပဲကျန်ခဲ့တယ်။ “လူ့စွမ်းအားအရင်းအမြစ်”တဲ့ကြားဖူးတယ် လုပ်နိုင် ကိုင်နိုင် တွေးနိုင်ခေါ်နိုင်တဲ့ အရွယ်ကောင်းတွေအကုန်အပြင်မှာ ကျန်ခဲ့တဲ့လူတွေကလည်း သင်ထားတဲ့ ပညာရပ်တွေကို ထပ်မံ လေ့လာပြီး အပြင်ထွက်ဖို့ပြင်နေကြတာဒုနဲ့ဒေး။ “ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်သစ်ကြီး” ကိုဘယ်လို တည်ဆောက်ကြမလဲရှင့်။ ဒီ အဖိုးအဖွားတွေ လူမမည်ကလေးတွေနဲ့။
ရွာလုံးကျွတ်ထိုင်းမှာအလုပ်သွားလုပ်ကြတယ်။ ရွာကိုပိုက်ဆံပြန်ပို့ပြီး ရွာလုံးကျွတ်ပဲ ထိုင်းကပစ္စည်းတွေ ပြန်ဝယ်သုံး ကြတယ်။ “ဝင်ငွေလည်ပတ်စီးဆင်းမှု”တဲ့ သင်ဖူးတယ်။ ဘယ်ကရပြီး ဘယ်ကို ပြန်လည်ပတ်မှာလဲရှင့်.. ကျမလား .. ကျမ ဘွဲ့ရတယ်ရှင့် ။ “ပညာရေးဝေးသည်မရှိ”ဆိုတဲ့ ဆောင်ပုဒ်အောက်မှာ အဝေးသင်ဘွဲ့ရခဲ့ပါတယ်။ ကျမတို့လူမျိုးတွေရဲ့ ထုံးစံအတိုင်းဘွဲ့ယူပြီး မိဘကျေးဇူးကျမဆပ်ခဲ့ပါတယ်။ ဘွဲ့ဓာတ်ပုံလား ရှိတယ်ရှင့် အိမ်မှာချိတ်ထားတယ်။ ကျမလား မရှက်ဖူးရှင့်။ ဆရာဝန်ဘွဲ့ အင်ဂျင်နီယာဘွဲ့ရတွေတောင် ဒီမှာအလုပ်မျိုးစုံလုပ်နေကြတာပါ။ “ပညာရေးဆိုတာ ပြန်မရတဲ့ ရင်းနှီးမြှုပ်နှံမှု”ပေါ့။ သင်ပေးလိုက်ပြီး အကုန်အပြင်ထွက်ကြတာ။ သူပြောတာလည်းမှန်ပါတယ်။
ကျမလား အမျိုးချစ်တာပေါ့ရှင်။ ကျမလူမျိုး ကျမဘာသာကိုချစ်တာပေါ့။ ကျမခံယူထားတဲ့မျိုးချစ်စိတ်က ကျမလူမျိုးတွေ ငတ်နေတာကိုကျွေးချင်တယ်။ ကျမလူမျိုးတွေ ပညာမတတ်ကြတာကို ပညာသင်ပေးချင်တယ်။ မတရားမှု ပေါင်းစုံကို ခါးစည်းခံနေရတာကို ကယ်တင်ပေးချင်တယ်။ အဲ့အတွက်ကျမအလုပ်လုပ်တယ်။ မျိုးချစ်ဘာသာချစ်ဆိုပြီး သူများ လူမျိုး သူများဘာသာကို အလကားနေအော်ဆဲနေမယ့်အစား ကျမ ကျွန်သွားခံလိုက်တယ်။ ပိုက်ဆံရမှ ကျမမိသားစု အဆင်ပြေ မယ်လေ။ ကျမမိသားစုအဆင်ပြေမှ ကျမလူမျိုးကို ထောက်ပံ့လို့ရမယ်။ ဒါကျမခံယူချက်ပဲ။
“မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး” ဆောင်ပုဒ်အောက်မှာ အမျိုးတွေ အကုန်လုံး ဘီလီယံနဲ့ချီ ချမ်းသာ သွားကြ တာဘယ်သူတွေလဲ။ ကျမလား နိုင်ငံရေးတွေဘာတွေသိပ်မသိဘူးရှင့်။ သယံဇာတတွေကာကွယ်ပေးနေတယ်ပြောပြီး ရောင်းရောင်း စားသွားတာဘယ်သူတွေလည်း သိချင်တာ။ ရောင်းရတဲ့ဟာတွေဘယ်သူတွေရပြီး ဘာတွေလုပ်ကြလည်း သိချင်တာ။ အမျိုးဘာသာသာသနာလို့ ဖင်ကုန်းအော်နေကြပြီး တပြည်လုံးက တရားဝင်ခွင့်ပြုချက်နဲ့ ဆောက်ထားတဲ့ ဘာသာခြားအဆောက်အအုံတွေကို ဘယ်သူခွင့်ပြုခဲ့တာလဲ။ လူမျိုးခြားဘာသာခြား ထိပ်ပိုင်းအချင်းချင်းတွေနဲ့တော့ သူတို့ချင်း လက်ဝါးရိုက်ပေါင်းစားနေပြီး အောက်ခြေမှာသတ်ဖြတ်နေကြတာ ဘာ့ကြောင့်လဲ
ငြိမ်းချမ်းရေးဆိုတဲ့ ဆောင်ပုဒ်အမျိုးမျိုးတွေအောက်မှာ ကျမတသက်မက တိုက်လို့ခိုက်လို့မပြီးနိုင်ကြတာ ဘာ့ကြောင့်လဲ ကြောက်စရာကောင်းလောက်အောင် မတရားချမ်းသာနေတဲ့လူတစ်စုက ဘယ်လိုချမ်းသာလာတာလဲ အပေါ်မှာ ကျမ ပြောထားတဲ့ သုံးစားလို့မရတဲ့ဆောင်ပုဒ်တွေကို ဘယ်သူရေးခဲ့တာလဲ။ ဒါလေးပါဘဲ ပြောရရင် တော့အများကြီးပေါ့ရှင်…..
လောလောဆယ်တော့ ကျမအမေနေမကောင်းဘူးတဲ့။ “စားရိတ်မျှပေးကျန်းမာရေး”ဆိုတဲ့ဆေးရုံမှာ ဆေးထိုးအပ် မရှိ ဂွမ်းမရှိလို့ မြို့ပေါ်ထိတက်ကုရမှာ ကျမပိုက်ဆံပို့ရဦးမယ် ဒါကြောင့် ကျမ အလုပ်လုပ်လိုက်ဦးမယ်…..။
Credit – ဧရာဝတီ အင်္ဂလိပ်ပိုင်း
အာဇာနည်နဲ့ ဝမ်းကို ဘယ်လို အောင်သွယ်ပေးခဲ့လဲဆိုတာ ပြောပြလာတဲ့ သရုပ်ဆောင် ဆုပန်ထွာ
အဆိုတော် အာဇာနည်နဲ့ ဝမ်းတို့ဟာ အိမ်ထောင်သက်တမ်း (၁၅) နှစ်ပြည့်သွားခဲ့ပါပြီ။ (၂) ယောက်တည်း ဘဝကို အချိန်အတော်ကြာ လျှောက်လှမ်းခဲ့ပြီးမှ သားသမီးလေးတွေကို မွေးဖွားခဲ့တာဖြစ်ပါတယ်။ ယခုဆိုရင်တော့ ဖစ်ဖစ်တုန်နဲ့ ပရိသတ်တွေ အသည်းတုန်နေအောင်ချစ်ရတဲ့ ချစ်ချစ်တုန်တို့ (၂) ယောက်အပြင် မေမေဝမ်းဟာ နောက်ထပ်ရင်သွေးလေးတစ်ဦးကိုပါ လွယ်ထားရပြီဖြစ်ပါတယ်။
အာဇာနည်နဲ့ ဝမ်းတို့ရဲ့ (၁၅) နှစ်ပြည့် Crystal Anniversary ကို အနုပညာရှင်ပေါင်းမြောက်မြားစွာနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ ထိုအထိမ်းအမှတ်ပွဲလေးကိုတော့ ဆုပန်ထွာတို့ ဇနီးမောင်နှံကလည်း တက်ရောက်ခဲ့ပြီးတော့ အာဇာနည်နဲ့ ဝမ်းတို့ယခုလိုမျိုး ဖူးစာဆုံသွားအောင် အောင်သွယ်တော်လုပ်ပေးဖြစ်ခဲ့ပုံလေးကို ပြောပြလာပါတယ်။
“ကိုဇာနည်နဲ့ အမက အရင်ခင်တာ ခင်ပြီးတော့မှ ညီမလေးတို့နဲ့ ရှိုးပွဲမှာတွေ့တော့ ကိုဇာနည်က ညီမလေးတဲ့ ငါ ဟိုဆံပင်ရှည်ရှည်နဲ့ ကောင်မလေးထဲက ဝမ်း ကိုကြိုက်တယ်တဲ့ ငါ့ကိုဖုန်းနံပါတ် နင်တောင်းပေးတဲ့ ဟယ် ငါ့အကိုက တကယ်ကြိုက်တာလားလို့ တကယ်ကြိုက်တာ ညီမလေးတဲ့ ကိုဇာနည်နဲ့ အမတို့က မမ အစ်မယောက်ကျားနဲ့ ငယ်သူငယ်ချင်းတွေဆိုတော့ အိမ်မှာအမြဲတမ်း ဝင်ထွက်ပေါ့နော် ကိုဇာနည်အဲတုန်းက ခွေတောင်မထွက်သေးဘူးဆိုတော့ ကိုဇာနည်တကယ်ကြိုက်တာလားဆိုတော့ တကယ်ကြိုက်တာတဲ့ အဲမှာ သူ့ကိုဖုန်းနံပါတ်တောင်းပေးလိုက်တာ အဲဒါ သူတို့နှစ်ယောက်ညားသွားရော ကလေး ၂ ယောက်ထွက်သွားတာ” လို့ ရယ်ရယ်မောမောနဲ့ Myanmar Celebrity ရဲ့ အင်တာဗျူးမှာဖြေဆိုသွားခဲ့တာဖြစ်ပါတယ်။
အာဇာနည်တို့ရဲ့ မင်္ဂလာသက်တမ်း (၁၅) နှစ်ပြည့်လေးဟာ အနုပညာရှင်တွေနဲ့ အင်မတန်ကိုပျော်ရွှင်ဖို့ကောင်းခဲ့တဲ့ အထိမ်းအမှတ်ပွဲလေးတစ်ပွဲဖြစ်ခဲ့ပါတယ်။ အာဇာနည်နဲ့ ဝမ်းတို့ရဲ့ ဒီ (၁၅) နှစ်ပြည့်လေးကနေ နောင်နှစ်များစွာတိုင် ပျော်ရွှင်နိုင်ဖို့ ပရိသတ်ကြီးကလည်း ဆုမွန်ကောင်းတောင်းပေးကြပါဦးနော်။
Photo : Aye Zaw Moe