တင်းရင်းလှပစေတဲ့ရင်သားတစ်စုံပိုင်ဆိုင်နိုင်ဖို့

အခုဆောင်းပါးမှာတော့ အမျိုးသမီးတိုင်းအတွက် ရင်သားတင်းရင်းမှုရှိစေဖို့ လမ်းညွှန်ချက်တွေကို ဆွေးနွေးပေးထားပါတယ်။

သင်ဟာ သင့်ရဲ.ရင်သားတင်ရင်းစေလိုတဲ့အတွက် နည်းလမ်းကောင်းတွေ ရှာဖွေနေသူတစ်ယောက်ဆိုရင်တော့ ဒီ လမ်းညွှန်ချက် ၁၁ ချက်ဟာ သင့်အတွက် အသုံးဝင်မှာပါ ။ အမျိုးသမီးကြီးငယ်မဆိုဟာ လှပတဲ့ရင်သားကို ပိုင်ဆိုင်လိုတက်ကြပြီး တစ်ဘဝလုံးလည်း ပိုင်ဆိုင်နိုင်ဖို့ မျှော်လင့်ကြမှာပါ။ သို့သော်လည်း သားသည်မိခင်မှ ခလေးငယ်အား နို့ချိုတိုက်ကျွေးခြင်း ၊ ပိန်ဆေးများသောက်သုံး၍ဖြစ်စေ လေ့ကျင့်ခန်းပြုလုပ်၍ဖြစ်စေ ဝသောခန္တာကိုယ်မှ ပိန်သွားသောအခါ နှင့် အသက်အရွယ်ကြီးရင့်လာတဲ့အခါမှာ အမျိုးသမီးတို့ရဲ. ရင်သားဟာ တင်းရင်းမှုမရှိတော့ပဲ လှပမှုပျောက်ဆုံးသွားတက်ကြပါတယ်။ အခုဆောင်းပါးမှာတော့ အမျိုးသမီးတိုင်းအတွက် ရင်သားတင်းရင်းမှုရှိစေဖို့ လမ်းညွှန်ချက်တွေကို ဆွေးနွေးပေးထားပါတယ်။

မှန်ကန်သော အိပ်စက်ခြင်း

အမျိုးသမီးတွေအနေနဲ့ မှောက်​အိပ်​တဲ့အခါ​ ရင်​သား​​လေးတာမျိုးဖြစ်​တတ်​သလိုတချို့မိန်းက​လေး​တွေဟာ ရင်​တုန်​တာမျိုး ဖြစ်​တတ်​ကြပါတယ်​။ဒါ​ကြောင့်​ ရင်​သားတင်းတင်းရင်းရင်​​လေးရှိချင်​ရင်​ ပက်​လက်​လှန်​အိပ်​သင့်ပါတယ်။

Egg Mask

ကြက်ဥ နှင့် ကြိတ်ထားသော သခွားသီးကို ဒိန်ချဉ် စားပွဲတင်ဇွန်း လေး ငါးဇွန်း ဖြင့်ရောစပ်ပြီး ရင်သားပေါ်တွင် ၁၅ မိနစ်မှ မိနစ် ၂၀ ထိ လိမ်းပေးပါ ။ လိမ်းထားစဉ် အသာအယာပွတ်သပ်နှိပ်နယ်ပေးပြီး(light massage) မပူမအေး ခပ်နွေးနွေးရေဖြင့် ဆေးကြောပေးပါ။

တင်းကျပ်လွန်းသော bra ကို ဝတ်ဆင်ခြင်း ရှောင်ကြည်ပါ

အချို.သော အမျိုးသမီးတွေဟာ မိမိတို့ရဲ. ရှိရင်းစွဲရင်သားကို ဖုံးကွယ်ထားလိုတာကြောင့် တင်းကျင်လွန်းသော Bra တွေကို ဝတ်ဆင်တက်ကြလေ့ရှိပါတယ် ။ ဒီလိုအခြေအနေမှာ ရင်သားကြွက်သားတွေကို ဖျစ်ညှစ်ထားလိုက်သလိုဖြစ်တာကြောင့် အန္တရယ်ရှိပါတယ် ။ ဒါကြောင့်မို့ သင်နဲ့သင့်လျှော်ပြီး သက်သောင့်သက်သာရှိစေတဲ့ Bra မျိုးကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ် ။

နာနတ်သီးအနှစ်

နာနတ်သီးအနှစ်ကို ပျော့တွဲနေတဲ့ ရင်သားအား လိမ်းကျံပေးပြီး Bra ကို ဝတ်ဆင်၍ အိပ်စက်ပါ ။ မနက်လင်းသောအခါ လိမ်းကျံထားသည်ကို မပူလွန်းမအေးလွန်းသော ရေဖြင့်ဆေးကြောပြီး စပျစ်သီးအစေ့ဆီဖြင့် ငါးမိနစ်ခန့် နှိပ်နယ်ပေးပါ ၊ တင်းရင်းဖောင်းကြွလှပတဲ့ ရင်သားကို မကြာခင်ပိုင်ဆိုင်လာနိုင်မှာပါ။

ဝါဆီသုံးခြင်း

ကြေမွအောင်ထုထောင်းထားတဲ့ ဝါစေ့ ၅၀ ဂရမ်ကို နွားနို့ နှစ်ခွက်ဖြင့် ရောပြီး ကျိုချက်ပါ။ တဖြည်းဖြည်း အငွေ့ပျံစေပြီး ဖန်ခွက်ရဲ. တစ်ဝက်လောက်ရောက်ရင် ကျိုချက်ခြင်းပြီးဆုံးပြီး လက်ဖက်ရည်သောက်သကဲ့သို့ သောက်သုံးနိုင်ပါတယ်။ တစ်လခန့်သောက်သုံးပြီးတဲ့အခါမှာ သင့်ခန္တာကိုယ်အထက်ပိုင်းရဲ. ပြောင်းလဲသွားမှုကို သတိထားမိမှာပါ။ ဝါဆီကိုအသုံးပြုပြီး သင့်ရဲ. ရင်သားကို နှိပ်နယ်ပေးခြင်းဖြင့်လည်း သင့်ရဲ. ရင်သားတင်းရင်းလှပလာစေမှာဖြစ်ပြီး ထူးခြားမှုကိုတော့ တစ်လကနေနှစ်လအတွင်း ခံစားရမှာဖြစ်ပါတယ်။

ပန်းသီး

ပန်းသီး ၂ လုံး နှင့် Milk Cream စားပွဲတင်ဇွန်း ၄ ဇွန်းကနေ ၅ ဇွန်းအထိကို ရောပြီးအနှစ်ပြုလုပ်ပေးပါ။ ပြီးတဲ့အခါမှာ ရလာတဲ့အနှစ်ကို ရင်သားပေါ်မှာ ၁၅ မိနစ်မှ မိနစ်၂၀ ထိ ပွတ်သပ်လိမ်းကျံပေးပြီး တစ်နာရီခန့် ထားထားပေးပါ ။ တစ်နာရီခန့်ကြာပြီးတဲ့အခါမှာ မပူမအေး ခပ်နွေးနွေးရေဖြင့် သန့်စင်ပေးပါ ။ ဒီနည်းဟာ အလွယ်ကူဆုံးသော တင်းရင်းသောရင်သား ရရှိနိုင်ဖို့ နည်းလမ်းကောင်းဖြစ်ပါတယ်။

လေ့ကျင့်ခန်းပြုလုပ်ခြင်း

လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းဟာ ရင်သားတင်းရင်းလှပစေဖို့ အထောက်အကူဖြစ်စေပါတယ် ။ နေ့စဉ်လမ်းလျှောက်ခြင်း ၊ postpartum yoga ကျင့်ခြင်း တို့ကို ပြုလုပ်နိုင်ပါတယ်။

စမုန်စပါးစေ့

၎င်းက ရင်သား​ တစ်​သျှူးဆဲလ်​ နှင့်​ ဂလင်း များအား ​ခိုင်​မာ​စေသည်​ ။ ​နေ့စဉ်​ စားပွဲတင်​ဇွန်း ၂ ဇွန်းမှ သုံးဇွန်းထိ သုံးနိုင်​သည်​ ။ ​ရေ​နွေးထဲ စမုံစပါး​စေ့များ ထည့်​ပြုတ်​၍ လည်း​ကောင်း ပုံမှန်​အသုံးပြု နိုင်​သည်။ estrogens များပါဝင်​မှု​ကြောင့်​ လျှော့တွဲကျနေပြီးဖြစ်သော ရင်သားအား ပြန်လည် တင်းရင်းလှပ​စေနိုင်​ပါသည်​ ။

ရေသောက်ခြင်း

ရေဟာခန္တာကိုယ်အတွက်မရှိမဖြစ် အသက်ရှည်ဆေးပါပဲ။ ရေဓာတ်ဟာ သင့်အသားအရေကို နူးညံအောင်ပြုလုပ်ပေးနိုင်ပါတယ်။ ရေဟာ မလိုအပ်တဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်ဖို့ ကူညီပေးပါတယ်။

လိုးရှင်းများအသုံးပြု၍ နှိပ်နယ်ခြင်း

ဗီတာမင် စီ ၊ အီး ၊ အေ နဲ့ ကေ တို့ပါဝင်တဲ့ Lotions Creams တွေကို ဈေးကွက်အတွင်းမှာ အလွယ်တကူဝယ်ယူရရှိနိုင်ပါတယ်။ ရင်သားအတွက်အသုံးပြုရတဲ့ Lotions ကို ပွတ်သက်လိမ်းကာ အသုံးပြုပေးခြင်းဖြင့် သွေးလည်ပတ်မှုကိုပြန်လည်ကောင်းမွန်စေပြီး တစ်နေ့နှစ်ကြိမ်ခန့် အသုံးပြုသင့်ပါတယ်။

Credit to Trend Myanmar

မြန်မာဘီယာရဲ့ ကျပ်သိန်း(၅၀၀)ကံထူးရှင်ထွက်ပေါ်လာပါပြီ

Zawgyiဖြင့်ဖတ်ရန်




Unicodeဖြင့်ဖတ်ရန်

မြန်မာဘီယာရဲ့ အမှတ်တံဆိပ် ပြောင်းလဲလိုက်တဲ့ အထိမ်းအမှတ်နဲ့ ပြုလုပ်ခဲ့တဲ့ အဖုံးတွင်း ကံစမ်းမဲ ပွဲကြီးမှာ ပထမဦးဆုံး သိန်း (၅၀၀) ကံထူးရှင်ကတော့ ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်က ဝင်း(ကန်တော်လေး) ဆိုင်မှာ ထွက်ပေါ်လာပါပြီ။

ပထမဦးဆုံး သိန်း (၅၀၀) ဆုကြီး ကံထူးခဲ့တဲ့ ကိုဝေလင်းအောင်အတွက် မြန်မာဘီယာက အထူးပဲ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

လာမယ့် ဇန်နဝါရီလ (၂)ရက်နေ့ မနက် ၁၀ နာရီမှာ သိန်း (၅၀၀) ဆုကြီး ကံထူးခဲ့တဲ့ ကိုဝေလင်းအောင်ကို မြန်မာဘီယာရုံးချုပ်ဖြစ်တဲ့ Sule Square တွင် ဆုငွေ ပေးအပ်ချီးမြှင့်ပွဲ ကျင်းပမှာ ဖြစ်လို့ သတင်းရယူလိုတဲ့ မီဒီယာ မိတ်ဆွေများ အားလုံးကို မြန်မာဘီယာက လေးစားစွာနဲ့ ဖိတ်ကြားလိုက်ပါတယ်။

နောက်ထပ် ကံထူးရှင်ကြီးများကိုလည်း စောင့်မျှော်နေပါတယ်နော်။
#Baganthar

Credit: Burmese asia

အိုင်ရင်းဇင်မာမြင့်ရဲ့ ” ငါ့ချစ်သူဖြစ်ခဲ့ဘူးတဲ့ သူကိုမုန်းတယ်” ဆိုတဲ့ အမိုက်စား စာသားတွေနဲ့” Hate” Music Video

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးခြင်း ခံထားရတဲ့ အသံချိုချိုလေး နဲ့ သီချင်းများစွာသီဆိုလေ့ရှိတဲ့ နိုင်ငံကျော် အဆိုတော်မလေး အိုင်ရင်းဇင်မာမြင့် ဟာဆိုရင် ပရိသတ်အကြိုက်သီချင်းလေးတွေသီဆိုရင်း အနုအညာအလုပ်တွေ ကြိုးစား လုပ်ကိုင် နေသူလေးပါ။ သူမရဲ့ သီချင်းလေးတွေက လူကြီးလူငယ်အကြိုက် သီချင်းလေးတွေဖြစ်တာကြောင့် သူမကို ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားသူလေးပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ပရိသတ်ကြီးအတွက် အိုင်ရင်းဇင်မာမြင့်ရဲ့ အမိုက်စား သီချင်း အသစ်လေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်နော်။

သီချင်းအေးအေးလေးတွေ ၊ ရှေ့ခေတ်သီချင်းတွေကို ပြန်ဆိုတေး အနေနဲ့ သူမဆိုနေကျပုံစံလေးတွေနဲ့ သီဆိုရင်း ပရိသတ်တွေအားပေးချစ်ခင်နေတဲ့ အိုင်ရင်းဇင်မာမြင့်က ဒီတစ်ခါမှာ တော့ မြူးမြူးကြွကြွ ပုံစံလေးနဲ့ ” Hate ” ဆိုတဲ့ သီချင်းလေးကို သီဆိုထားပါတယ်။

အကအဖွဲ့လေးတွေနောက်ခံပြီး မြူးမြူးကြွကြွသီဆိုထားတဲ့ ” Hate ” သီချင်းလေးက ငါ့ချစ်သူဖြစ်ခဲ့ဘူးတဲ့ သူကိုမုန်းတယ် ၊ငါ့ဘ၀ကို လှည့်စားခဲ့တာတွေကို မုန်းတယ်၊ပြုံးပြုံးကြီးပဲ မုန်းပြီးရင်း မုန်းပါတယ်၊ဆိုတဲ့ အမိုက်စား စာသားတွေပါဝင်ပါတယ်။

အိုင်ရင်းဇင်မာမြင့်ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေအတွက် ဆိုနေကျပုံစံနဲ့ မတူတဲ့ မြူးမြူးကြွကြွသီချင်းလေးကို ပရိသတ်တွေ အကြိုက်တွေ့ကြလိမ့်မယ်ထင်ပါတယ်။

အဆိုတော် အိုင်ရင်းဇင်မာမြင့်ရဲ့ အမိုက်စား သီချင်း အသစ်လေး ဖြစ်တဲ့ ” Hate ” MV လေးကို ပရိသတ်တွေအကြိုက်တွေ့ကြလိမ့်မယ်ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

၂၀၁၈ ခုနှစ်အတွင်း ကြွေလွင့်သွားခဲ့ကြတဲ့ အနုပညာကြယ်ပွင့်များ

၂၀၁၈ ခုနှစ်ကတော့ အနုပညာလောကရဲ့ ကြယ်ပွင့်တွေများစွာ ကြွေလွင့်သွားခဲ့ကြရတဲ့ နှစ်ပါ။ သေခြင်းတရားဆိုတာ အသက်အရွယ်မရွေး ကြုံတတ်ကြပေမယ့် ယခုနှစ်ရဲ့ ကြွေလွင့်ခြင်းမှာတော့ အနုပညာလမ်းအတွက်ပန်းတိုင်တွေများစွာ ရည်မှန်းထားခဲ့ကြတဲ့ ကြယ်ပွင့်တွေလည်း ပါဝင်နေခဲ့ပါတယ်။ ၂၀၁၈ ရဲ့ နှစ်အစကနေပြီးတော့ ဒီဇင်ဘာလ ရောက်တဲ့အထိ ပရိသတ်တွေကို နှုတ်ဆက်သွားခဲ့ကြတဲ့ အနုပညာရှင် (၉) ဦးရှိခဲ့ပါတယ်။ ဒီ (၉) ဦးကိုတော့ ပရိသတ်ကြီးအတွက် ဝမ်းနည်းစွာနဲ့ ဖော်ပြပေးလိုက်ပါတယ်။

အောင်ရဲထွေး

ဟာသဗီဒီယိုတွေနဲ့ အွန်လိုင်းမှာနာမည်ကြီးလာခဲ့တဲ့ အောင်ရဲထွေးဟာ အနုပညာလောကထဲကို ဝင်ရောက်လာပြီး ရုပ်ရှင်တွေရိုက်ကူးခွင့်ရရှိနေခဲ့ပြီဖြစ်ပါတယ်။ နှစ်သစ်ကူးညတွင် အုပ်စုဖွဲ့ ရိုက်နှက်ခံရ ရာမှ ဇန်နဝါရီလ (၂) ရက်နေ့မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

ဦးရဲလွင်

ပန်းရဲ့လမ်း ပဲ့ကိုင်ရှင်တစ်ဦးဖြစ်သူ ဦးရဲလွင်ကတော့ အသည်းမကောင်းတာကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရင်း ဇူလိုင်လ (၁၀) ရက်နေ့မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

အမေဒေါ်မိုးသီတာမိုး

ဇာတ်ပို့၊ ဇာတ်ရံ သရုပ်ဆောင်ကြီးတစ်ဦးဖြစ်တဲ့ အမေ ဒေါ်မိုးသီတာမိုးကတော့ ၉၆ ပါးသောရောဂါနဲ့ သြဂုတ်လ (၁၈) ရက်နေ့တွင် နေအိမ်မှာပဲ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

ယွန်းဆက်ပိုင်

Miss Universe Sagaing ဆုရှင်တစ်ဦးဖြစ်တဲ့ ယွန်းဆက်ပိုင် ကွယ်လွန်မှုကတော့ပရိသတ်တွေအတွက် နှမြောတသဖြစ်စရာဖြစ်ခဲ့ပါတယ်။ ငယ်ရွယ်ပြီးချောမောလှပတဲ့ အလှမယ်တစ်ယောက်ဟာ အရွယ်ကောင်းချိန်လေးမှာပဲ သေခြင်းတရားနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ယွန်းဆက်ပိုင် ဟာ စက်တင်ဘာလ ၂၃ ရက်နေ့မနက်ပိုင်းမှာ ယာဉ်မတော်တဆမှုနဲ့ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

မင်းသွေး

 

အကယ်ဒမီမင်းသားကြီး နေတိုးရဲ့ တစ်ဦးတည်းသော ညီလေး၊ ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင်၊ အဆိုတော်ဖြစ်တဲ့ မင်းသွေးကတော့ အောက်တိုဘာလ ၃ ရက်နေ့ ဘောလုံးကစားပြီး နားနေရာမှ ရုတ်တရက်ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ မင်းသွေးဟာ သေဆုံးချိန်မှာတော့ သူလုပ်ကိုင်နေဆဲဖြစ်တဲ့ အနုပညာအလုပ်တွေများစွာ ကျန်ရှိနေခဲ့တာဖြစ်ပါတယ်။

ဒေါ်စံပယ်

ဇာတ်ပို့ သရုပ်ဆောင် အမေ ဒေါ်စံပယ် ဟာ နှလုံး၊ ကျောက်ကပ်ရောဂါဖြင့် သူမရဲ့ နေအိမ်မှာပဲ အောက်တိုဘာလ ၂၄ ရက်နေ့က ကွယ်လွန်သွားခဲ့တာပါ။ သူမဟာ မကွယ်လွန်ခင်မှာလည်း ရောဂါဝေဒနာကြောင့် ဆေးရုံမကြာခဏ တက်ရောက်ကုသခဲ့ရတာလည်းဖြစ်ပါတယ်။

ဒါရိုက်တာ ဦးခင်ဇော်

ထူးချွန်လှတဲ့ မင်းသမီး၊ ဒါရိုက်တာ သားသမီးတွေကို မွေးထုတ် ပေးနိုင်ခဲ့တဲ့ ဒါရိုက်တာ ဦးခင်ဇော်ဟာ ဒါရိုက်တာမိုက်တီး၊ မင်းသမီး လင်းဇာနည်ဇော်၊ ချစ်ချစ်ဇော်တို့ရဲ့ ချစ်လှစွာသော မွေးသဖခင် ကျေးဇူးရှင်ဖြစ်ပါတယ်။ ဒါရိုက်တာဦးခင်ဇော်ဟာ ဒီဇင်ဘာလ ၃ ရက်နေ့မှာ လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

လူကြမ်း မင်းသား ဦးဌေးဝင်း

လူကြမ်းမင်းသား ဦးဌေးဝင်းလို့ ပရိသတ်တွေသိထားကြတဲ့ သရုပ်ဆောင် ရဲမင်းပိုင်ရဲ့ ဖခင်ဖြစ်သူဟာ ဒီဇင်ဘာလ ၉ ရက်နေ့မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

လားရှိုးသိန်းအောင်

တန်ဖိုးရှိလှတဲ့ အနုပညာရှင်ကြီးတစ်ဦးဖြစ်သူ လားရှိုးသိန်းအောင်ကတော့ ဒီဇင်ဘာလ ၂၇ ရက်နေ့က ဟူစတန် Texas မှာ နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။We Love Cele

Photos-အနုပညာရှင်များရဲ့ ဖေ့ဘုတ်