အပျင်းတကာ့ ထိပ်​​ခေါင်​တို့အတွက်​ နှစ်​စဉ်​နှစ်​တိုင်း ကျင်းပ​နေတဲ့ ​တောင်ကိုရီယားက အပျင်းပြိုင်ပွဲ
အလုပ်လုပ်ဖို့ပျင်းနေပါသလား? ဟိုသွားဒီသွား လည်းမသွားချင် ဘာမှလည်း မလုပ်ချင် ဖြစ်နေပါသလား? ဒါဆို ဘာအလုပ်မှမလုပ်ရဘဲ ပျင်းနေရုံနဲ့ ပြိုင်ပွဲတစ်ခုမှာ အနိုင်ရမယ်ဆိုရင်အဆင်မပြေဘူးလား?
ဘာမှမလုပ်ဘဲ နေနိုင်သူတွေအတွက် တောင်ကိုရီယားနိုင်ငံ ဆိုးလ်မြို့မှာ နှစ်စဉ် ကျင်းပနေကျ ထူးထူးခြားခြား ပွဲလေးတစ်ခုမှာ ဝင်ရောင်ယှဉ်ပြိုင်ဖို့ အကြံပြုလိုက်ပါတယ်။ အဲ့ဒီပွဲလေးကတော့ ဆိုးလ်မြို့Ichon Hangang ဥယျာဉ်မှာ ကျင်းပတဲ့ အပျင်းပြိုင်ပွဲဖြစ်ပါတယ်။
ဒီပြိုင်ပွဲကို (၂၀၁၄) ခုနှစ်က အနုပညာရှင်တစ်ဦးဖြစ်သူ Woops Yang ကစတင်ဖန်တီးလိုက်တာဖြစ်ပါတယ်။ ဒီနှစ်ဆိုရင် ပြိုင်ပွဲကျင်းပလာတာ ငါးကြိမ်ရှိပြီဖြစ်ပါတယ်။
ခါတိုင်းနှစ်မှာတော့ ပြိုင်ပွဲဝင်တွေဟာ လုံးဝမအိပ်စက်ရပဲ ထိုင်နေကြရတာဖြစ်ပေမယ့် ယခုနှစ်မှာတော့ အိပ်စက် လဲလျောင်းခွင့် ပြုထားပါတယ်။ဒီပြိုင်ပွဲကို လာရောက် ယှဉ်ပြိုင်သူ စုစုပေါင်း (၈,၅၀၀) ရှိပါတယ်။
ပြိုင်ပွဲဝင်တွေအနေနဲ့ တိတ်ဆိတ်ငြိမ်သက်ပြီး အေးမြတဲ့သစ်တောရိပ်အောက်မှာ လဲလျောင်းရင်း စကားမပြော၊ ဘယ်လို စက်ပစ္စည်းအသုံးအဆောင်တွေကိုမှ မသုံး၊ဘာကိုမှ မလုပ်ရပဲ တိတ်ဆိတ်စွာ နေပေးရမှာပါ။ပြိုင်ပွဲဝင်ချိန် မိနစ် ကိုးဆယ်ကြာမြင့်မှာဖြစ်ပါတယ်။
ပြိုင်ပွဲဝင်တွေကို (၁၅) မိနစ်တစ်ကြိမ် နှလုံးခုန်နှုန်းပုံမှန်ဟုတ်မဟုတ် ခုလိုနေရတာ သူတို့စိတ်အပန်း ပြေမပြေ စစ်ဆေးတယ်လို့လည်းသိရပါတယ်။
နှလုံးခုန်နှုန်း ပုံမှန်ဖြစ်တဲ့ ပြိုင်ပွဲဝင်တွေက အနိုင်ရမှာပါ၊ ဒီပြိုင်ပွဲကို လူအများလည်းစိတ်ဝင်တစားစောင့်ကြည့်နေခဲ့ကြပါတယ်။ပြီးခဲ့တဲ့နှစ်က ပေကျင်းမှာလည်း အလားတူပြိုင်ပွဲမျိုး ပြုလုပ်ခဲ့ရာ လူပေါင်း (၈၀) ပါဝင်လာခဲ့တယ်လို့ သိရပါတယ်။
လူအများစုက ဖုန်းသုံးရင်းအချိန်ကုန်တက်ကြတဲ့ ခုလိုခေတ်မှာ ဖုန်းလည်းမသုံးရ၊တခြားစက်ပစ္စည်းတွေလည်း ဘာမှမသုံးရ၊စကားမပြောရ ဘာဆိုဘာမှမလုပ်ရပဲ နေဖို့ဆိုတာတော့ တကယ့်ကိုခက်ခဲမှာအမှန်ပါပဲ။
Crd
မတ်လ (၁) ရက်နေ့ထွက်မယ့် ၁၀၀၀ ကျပ်တန်ထီလက်မှတ်မှ ဆုမဲပေါင်း ၂ သိန်းကျော်ကို ထီတိုက်နည်း
မတ်လ၁ရက်နေ့မှာ (၁)ကြိမ်မြောက် စတင်ဖွင့်တော့မှာဖြစ်တဲ့ ၁၀၀၀ကျပ်တန်ထီမှာ ဆုမဲပေါင်း ၂သိန်းကျော်ပါဝင်မယ်လို့အောင်ဘာလေသိန်းဆုဌာနခွဲမှ သိရပါတယ်
သိန်း ၁၅၀၀၀ (၁)ဆု/သိန်း ၅၀၀၀ (၃)ဆု/သိန်း ၂၀၀၀ (၆)ဆု/သိန်း ၁၀၀၀ (၁၀)ဆု/သိန်း ၅၀၀ (၂၀)ဆု/သိန်း ၂၀၀ (၂၈)ဆု/သိန်း ၁၀၀ (၃၀)ဆု/သိန်း ၅၀ (၃၅)ဆု/သိန်း ၂၀ (၄၀)ဆု/၁၀သိန်းဆု (၅၀)ဆု/၅သိန်းဆု (6၀)ဆု
နာမည်ကြီးနေတဲ့ ရွာထဲဝင်‌ပြီး ပြန်‌မထွက်‌ချင်‌‌လောက်‌‌အောင်‌ဆွဲ‌ဆောင်‌မှုရှိတဲ့ အေးချမ်းတဲ့ အမှိုက်‌ကင်းစင်‌ရွာ‌လေး
Photo Sai Lukhay
Unicode version
ယနေ့ လူမှု ကွန်ယက်မှာ ပြန့်လွင့်နေတဲ့ အေးချမ်းသောရွာလေး
မြင်ရသူအပေါင်း သွားရောက် လည်ပတ်ချင်လောက်အောင် စွဲဆောင်လှပါတယ်။
နေရာကတော့ ရွာငံမြို့နယ်ထဲက ဓနုရွာလေး ဖြစ်ပါတယ်။ ရွာနာမည်က ရေချမ်း တဲ့။ အေးချမ်းလိုက်တာ။
ဒီနေရာဟာ သန့်ရှင်း သပ်ယက်လို့ လူမှုကွန်ယက်မှာ နာမည်ကြီးလာတာ ဒုတိယမြောက် နေရာလို့ ပြောရမှာပါ။
ပြုပြင်ပြောင်လဲဖို့က မည်သူ့ကိုမှ စောင့်နေသရာ မလိုအပ်ပါဘူး။ မိမိကိုယ်သာလျှင် အဓိကပဲ ဖြစ်ပါတယ်။ ကဲ ခုချိန်ကစပြီး ကျွန်တော်တို့လည်း မိမိပတ်ဝန်းကျင် သာယာစိမ်းလန်းစိုပြေအောင် စတင်ပြောင်လဲကြပါစို့။
ဒီနေရာလေးကို ရောက်သွားတဲ့ ခရီးသွား ဓာတ်ပုံဆရာရဲ့ အမြင်လေးကတော့… ဒီလို ဝေမျှထားပါတယ်။
ရွာထဲဝပြီး ပြမထွက်လောက် အောဆ ွဲဆောင် မှုရှိတယ်… ကြည့်ကြဦးလးဗျာ.ပလပ်စတစ်အမှိုက်ဆိုတာ ပြတိုက်ပဲ သွားကြည့်ရတော့မလိုလို. .
ရွာလမ်း းတစ် လျှောက် စနစ်တကျ အမှိုက်ပုံးတွေသပ်ရပ် သ့န့်ရှင်း တဲ့ ရေအိုးစင် လေလးတွေ နဲ့တကယ့် စိတ်ကြည် နူးစရာ . အေးချမ်းးတဲ့အမှိုက် ကင်းစင်ရွာရွာနာမည်က ရေချမ်း တဲ့ . . .ရွာငံမြို့နယ်ထဲက ဓနုရွာလေး. ..
Photo Sai Lukhay
ပထမမြောက် လူမှုကွန်ယက်မှာ နာမည်ကြီးတဲ့ နေရာကတော့ ကျောက်တန်းကနေ ၉ မိုင်ခွဲလောက် ဝင်ရင် ရောက်တဲ့ ဝဲကြီးရွာ ဖြစ်ပါတယ်။
ပရိသတ်တွေကို အရဟံဂုဏ်တော် (၉) ပါးရွတ်ဆိုပြတဲ့ ဂျာမနီအဆိုတော် Mikis Weber
Zawgyi
Video ကြည့်ရန်
Credit – Myanmarload
Unicode
ပရိသတ်တွေရဲ့ Idol Couple တစ်တွဲဖြစ်တဲ့ ဂျာမနီအဆိုတော် Mikis Weber နဲ့ Gym Trainer တစ်ဦး ဖြစ်တဲ့ စုစုဝေတို့နှစ်ယောက်သားက သူမတို့နှစ်ယောက်ကြားမှာထားရှိ တဲ့ နားလည်မှုတွေနဲ့ ခံယူမှုတွေ ကို ပြောပြခဲ့တာပဲဖြစ်ပါတယ်။ ဘာသာမတူ လူမျိုးမတူ ယဉ်ကျေးမှုမတူတဲ့လူနှစ်ယောက် ဖြစ်တာမို့ ညှိယူရမယ့်အချက်တွေအတော်လေးများခဲ့ ပေမယ့် သူမတို့နှစ်ယောက်ကတော့ လက်ရှိ အချိန်ထိ တစ်ယောက်ကိုတစ်ယောက် နားလည်ပေးရင်း လက်တွဲနေကြတာပဲဖြစ်ပါတယ်။
တစ်ခါတလေစကားနားမထောင်တာကို သိပ်သဘောမကျပေမယ့် ချစ်သူကိုချစ်ပါတယ်လို့ Mikis က ဆိုပါတယ်။ စုစုဝေကလည်း ချစ်သူကို ဂုဏ်တော်ကိုးပါးသင်ပေးထားပြီဖြစ်ကြောင်း ကို ပရိသတ်တွေ ကို ပြန်လည်ရွတ်ဆိုပြခိုင်းခဲ့တဲ့အခါမှာတော့ Mikis တစ်ယောက် သိပ်ခက် ခက်ခဲခဲစဉ်းစားစရာမလိုပဲ လွယ်လွယ်ကူကူပဲ ရွတ်ဆိုပြသွားခဲ့ပါတယ်။ သင်တဲ့သူလည်း တော်ပြီး သင်ယူတဲ့သူကလည်း လိုချင်စိတ်ရှိတာကြောင့် အခုလိုတတ်မြောက်ခဲ့တာပါ။
မြန်မာ့သြင်္ကန်ပွဲတော်က ပျော်ဖို့ကောင်းတယ်လို့လည်းဆိုပါတယ်။ သြင်္ကန်ကိုနေရာ သုံးနေ ရာထိ ကျဖူးပေမယ့် မြန်မာ့သြင်္ကန်ကတော့ ပျော်ဖို့အကောင်းဆုံးလို့ဆိုပါတယ်။ မြန်မာ စကားကို ကျွမ်းကျွမ် ကျင်ကျင်ပြောတတ်နေပြီဖြစ်ပြီး ချစ်သူရဲ့ပံ့ပိုးမှုနဲ့ ချစ်ခြင်းတရားတွေ ကြောင့် Mikis တစ်ယောက် အတော်လေးပျော်ရွှင်နေပုံပါပဲ။ ချစ်သူနဲ့အတူသာယာပျော် ရွှင်တဲ့ ဘဝခရီးလမ်းလေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်။
Video ကြည့်ရန်
Credit – Myanmarload