အောင်လအန်ဆန်း နဲ့ ဟဲဗီးဝိတ် ချန်ပီယံကြီး ဗီရာ တို့ လိုက်ဟဲဗီးဝိတ်တန်းပွဲ ထိုးသတ်မယ်

မစ်ဒယ်ဝိတ်တန်း ခါးပတ် ကာကွယ်ပွဲကို အကောင်းဆုံး ထိုးသတ်ပြီး ကာကွယ်နိုင်ခဲ့တဲ့ အောင်လအန်ဆန်းဟာ လိုက်ဟဲဗီးဝိတ်တန်း ခါးပတ်ကာကွယ်ပွဲကိုလည်း ထိုးသတ်ဖို့ ရှိပါတယ်။


အိမ်ရှင် ဂျပန်နိုင်ငံသား ခန်ဟစဲ့ဂါဝါကို ဒုတိယအချီမှာ အလဲထိုး ဒိုင်ပွဲရပ် အနိုင်ယူခဲ့တဲ့ အောင်လဟာ ဟဲဗီးဝိတ်တန်းက ချန်ပီယံ ဘရန်ဒန် ဗီရာနဲ့ ထိုးသတ်ဖို့ သဘောတူခဲ့ပါတယ်။ ပွဲအပြီး စင်ပေါ်မှာ အောင်လရဲ့ အောင်ပွဲကို ဂုဏ်ပြုရင်း ဖိလစ်ပိုင်ဖွား အမေရိကန်နိုင်ငံသား ဗီရာက ထိုးသတ်ဖို့ ကမ်းလှမ်းခဲ့မှုကို အောင်လက လက်ခံခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီး ပြောစကားတွေအရ အောင်လနဲ့ ဗီရာတို့ဟာ ဂျပန်နိုင်ငံ၊ တိုကျိုမှာပဲ လိုက်ဟဲဗီးဝိတ်တန်းပွဲကို ထိုးသတ်မှာဖြစ်တယ်လို့ One Championship CEO ကလည်း အတည်ပြုခဲ့ပါတယ်။ အဲ့ဒီပွဲကိုတော့ အောက်တိုဘာ ၁၂ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။
အသက် ၄၁နှစ် အရွယ်ရှိ ဟဲဗီးဝိတ်တန်း ချန်ပီယံ ဘရန်ဒန် ဗီရာဟာ အရပ် ၆ပေ ၃လက်မရှိပြီး MMA ပွဲပေါင်း ၂၄ပွဲမှာ ၁၆ပွဲနိုင်ထားပြီး ၇ပွဲ ရှုံးထားသူ ဖြစ်ပါတယ်။ UFC မှာ ထိုးသတ်ခဲ့ဖူးတဲ့ ဗီရာဟာ ၂၀၁၄ခုနှစ်က One Championship နဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး ၂၀၁၅ခုနှစ်မှာ ဟဲဗီးဝိတ်တန်း ချန်ပီယံ ဖြစ်ခဲ့ပါတယ်။


🤔🤔 ဆိုတော့ မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံ အောင်လအန်ဆန်းနဲ့ ဟဲဗီးဝိတ်တန်း ချန်ပီယံ ဘရန်ဒန် ဗီရာတို့ရဲ့ ပွဲကတော့ ပရိသတ်တွေ စိတ်ဝင်စားမှာ သေချာပါတယ်။

Credit to BBC  Burmese

အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ရင်ဆိုင်ကြုံတွေ့ ဖြတ်သန်းခဲ့ရတာတွေကို ပြောပြလာတဲ့ ဒွေးရဲ့ ဇနီးဖြစ်သူ မိုးမိုး

မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားတစ်လက်ဖြစ်ခဲ့တဲ့ သရုပ်ဆောင်ဒွေးကတော့ သူချစ်တဲ့မိသားစု၊ ပရိသတ်တွေနဲ့ ခွဲခွာသွားခဲ့တာ နှစ်အတော်ကြာသွားခဲ့ပြီဖြစ်ပါတယ်။ သရုပ်ဆောင်ဒွေးကွယ်လွန်သွားပြီးနောက်မှာတော့ ဇနီးဖြစ်သူ မိုးမိုးတစ်ယောက် သားသမီး (၂) ယောက်နဲ့အတူ စင်ကာပူနိုင်ငံမှာ နှစ်အတော်ကြာသွားရောက်နေထိုင်ပြီး သားနဲ့သမီးကို ပညာတတ်ကြီးဖြစ်အောင် စင်ကာပူနိုင်ငံမှာပညာသင်ကြားပေးခဲ့တာဖြစ်ပါတယ်။ ယခုချိန်မှာတော့ ရန်ကင်းမှာ ထမင်းဆိုင်လေးတစ်ဆိုင်ဖွင့်လှစ်ထားတဲ့အပြင် သူမနေထိုင်ရာ FMI ထဲမှာလည်း စက်ချုပ်ဆိုင်လေးဖွင့်လှစ်ထားခဲ့တာဖြစ်ပါတယ်။ သရုပ်ဆောင် ဒွေး ရဲ့ ဇနီးဖြစ်သူ မိုးမိုးကတော့ သူမဖြတ်သန်းခဲ့ရတဲ့ အိမ်ထောင်ရေးတလျှောက် ကြုံတွေ့ရင်ဆိုင် ဖြေရှင်းခဲ့ရတာတွေကို ပရိသတ်ကြီးသိရအောင် Let’s Talk အစီစဉ်ကနေ မျှဝေပြောပြထားခဲ့တာဖြစ်ပါတယ်။

ZA- သူ့ဘဝနဲ့ပတ်သက်ပြီးတော့လည်း ဒီလိုရှင်သန်ရပ်တည်မှုတွေမှာ အမရဲ့ကြိုးစားရပ်တည်ပေးမှုတွေဟာ ဘယ်တော့မှ မေ့လို့မရတဲ့ အခန်းကဏ္ဏတစ်ခုဖြစ်ပါတယ်။ ပိုက်ဆံတွေမရှိတဲ့အချိန်တုန်းက ပိုက်ဆံတွေကို အရမ်းလိုချင်ခဲ့တယ်ပေါ့နော်။ ပိုက်ဆံ ပိုက်ဆံ ရှင်မရှိလည်းရတယ် ကိစ္စမရှိဘူး ပိုက်ဆံပဲအရမ်းလိုချင်ခဲ့တယ်။ အေး အဲဒီပိုက်ဆံတွေ အောင်မြင်ကျော်ကြားမှုတွေရသွားတဲ့အချိန်မှာ ကျမအဲဒါတွေမလိုချင်တော့ဘူး ကျမယောက်ကျားကိုပဲ ကျမပြန်လိုချင်တယ်ဆိုတဲ့ ခံစားမှုမျိုးပေါ့နော် ကျတော်အမကိုတွေ့ရင် အဲဒီအကြောင်းအရာလေးရအောင်မေးမယ်ဆိုပြီးတော့မှ ကျတော့်ရဲ့မျှော်လင့်ထားတဲ့အရာပါ ကျတော်ထင်တယ် ဆယ်စုနှစ်တစ်ခုတောင်ကျော်ပြီထင်တယ်။

မိုးမိုး-ပိုက်ဆံမရှိတုန်းကပေါ့ ခုနကပြောသလို တိုရှီဘာသွားလိုက်ရတယ်။ ကျောင်းသားဘဝနဲ့ အမတို့က အိမ်ထောင်ပြုလိုက်ရတဲ့အခါကျတော့ ခုနကပြောသလိုပဲ အိမ်ထောင်တစ်ခုဖြစ်ဖို့ဆိုတာ အတော်မလွယ်ပါဘူး။ ဒီလောက်ရေရှည်မြဲဖို့ဆိုတာ ခုခေတ်ဆို ပိုမလွယ်ပါဘူး။ မင်းသားတစ်ယောက်ရဲ့မိန်းမဖြစ်သွားတော့ သည်းခံရတဲ့နှုန်းက ပိုများတယ်ပေါ့။ အဲ့တော့ အိမ်ထောင်တစ်ခုပြုကြမယ်ဆိုရင် လွယ်လွယ်ကူကူမဆုံးဖြတ်ကြနဲ့။ ဆင်းဆင်းရဲရဲနဲ့ ရုန်းကန် ခဲ့ရတယ် ကိုသားကြီးမင်းသားဖြစ်တယ်ပေါ့နော် သားရယ်။ ခုနတပိုင်းပြီးသွားပြီ မင်းသားဖြစ်လာပြီ။ အမတို့ RIT ကျောင်းတက်နေရတဲ့အချိန်ဆို မင်းသားမဖြစ်တဖြစ်လေးပေါ့ ဦးကျော်ဟိန်းနောက်လိုက်နေရပြီ။ ဓားတောင်ကိုကျော်ပြီး မီးပင်လယ်ကိုဖြတ်မည်ဆိုတဲ့အထဲမှာ ကိုသားကြီးက ရှုတင်မန်နေဂျာဘဝပဲရှိပါသေးတယ်။ ကိုမင်းဦးတို့ ဦးနေအောင်တို့ ကိုကျော်သူတို့ခေတ်ပေါ့နော်။ အဲဒီအချိန်တုန်းက ကိုသားကြီးက ရှုတင်မန်နေဂျာပါ။ ဟိုင်းကြီးကျွန်းမှာရိုက်ဖို့သွားစီစဉ်ရတယ်။ အဲ့မှာမှ ကင်မရာမန်း ဖြစ်လာတာ နောက်အခါမှ Script ရေးရတယ်ပေါ့နော်။ ဘဝရဲ့အဆင့်ဆင့်ပေါ့နော် သူက ခုခေတ်ကလေးတွေလို ဒုံးဆို မင်းသားဖြစ်လာတာမဟုတ်ဘူး။ အဲဒါကြောင့် သူ့ရဲ့ခိုင်မြဲမှုက အရမ်းမြဲသွားတယ်ဆိုတာ ဒီဟာတွေကို တက်လာပြီးမှ သူက မင်းသားဖြစ်ရတာကိုး။

အမတို့က အဲ့လိုဘဝလေးကနေ ရပ်တည်လာခဲ့ပြီးမှ RIT ကျောင်းသားဘဝရောက်တဲ့အချိန်မှာ အမတို့ အိမ်ထောင်ကျတယ်။ အမက မြန်မာစာကျောင်းသူ၊ သူက RIT ကျောင်းသားဆိုတော့ မိဘတွေကို တာဝန်တွေမပေးချင်ဘူးလေ ကိုယ်ချစ်လို့ ကိုယ်ယူကြတာ။ မိဘတွေကို ဒုက္ခပေးစရာမလိုဘူး ဆိုတော့ အမအိမ်မှာ ကိုသားကြီးက လိုက်နေတာ။ အဖေတို့က အမတို့ ၂ ယောက်ကို တစ်ခန်းပေးတယ်ဆိုတော့ အမက ငယ်ငယ်လေးတည်းက အင်္ကျီချုပ်တတ်တယ်။ အကျီင်္ချုပ်ပြီးမှ ယောက်ကျားကိုကျောင်းထားတယ်ဆိုတော့ အမရဲ့ တက္ကသိုလ်ကျောင်းသူဘဝက ခြောက်နှစ်ကြာခဲ့တယ်။ ဗမာစာကျောင်းသူရဲ့ဘဝက ဘာလို့လဲဆိုတော့ အမ တနလာင်္နေ့ဆိုကျောင်းသွားတယ် RIT ကျောင်းသားတစ်ယောက်ရဲ့ ကျောင်းစရိတ်ကအရမ်းကြီးတယ် အဲ့တော့ ကျောင်းသွားတယ် အကျီင်္အပ်ထည်လက်ခံတယ်။ တပတ်လုံးအကျီင်္ချုပ်တယ် သောကြာနေ့မှာ အမ ကျောင်းပြန်သွားတယ်။

ဘတ်စ်ကား နံပါတ် ၉ ကားစီးပြီးတော့ကျောင်းသွားတယ်။ ကျောင်းသူဘဝတုန်းက အမရဲ့စိတ်ကူးတစ်ခုပေါ့နော်။ အမ RC3 မတက်ချင်ဘူး အမက စမ်းချောင်းသူ စစ်စစ်၊ RC3 ပဲသွားရမှာ ဒါပေမယ့် RC2 အရမ်းတက်ချင်တယ် အမရဲ့ဖီလင်ပေါ့နော် ရအောင်ကြိုးစားပြီးရောက်သွားတယ်။ အဲဒါနဲ့ RC2 ကို အမ ၉ ကားလေးနဲ့ ကျောင်းသွားရတယ်။ အထုပ်ယူသွားတယ်။ ကျောင်းမှာပိုက်ဆံရ ပြန်လာ ကိုသားကြီးမနက်ကျောင်းသွားတယ် အမတို့ ဝက်သား တစ်ဆယ်သားကို ၂ ရက်စားရတယ်။ ယောက်ကျားကို ထမင်းဘူးထည့်ပေးလိုက်တဲ့အတွက် အမသည် အိမ်မှာ ငါးပိရည်နဲ့စားရတယ်။ အိုခေ ပြသနာမရှိဘူး တစ်ယောက်နဲ့တစ်ယောက်နားလည်တယ် ယောက်ကျားပညာတတ်သွားဖို့အရေးကြီးတယ်။

အဲ့ချိန် ပြန်လာတဲ့အချိန်မှာ ဦးကျော်က မင်းသားလုပ်မလားပေါ့ အဲ့မှာ လုပ်မယ် မလုပ်ဘူး နဲ့ လုပ်ဖြစ်သွားတယ်ပေါ့နောက်ဆုံး။ လုပ်ရတဲ့ဘဝမှာကျတော့လည်း အောင်မြင်စေချင်တယ်လေ ။ သူကိုယ်တိုင်ကလည်းအရမ်းအောင်မြင်ချင်တယ်။ အမတို့မှာ အဝတ်အစားဝယ်ဖို့က အခက်အခဲရှိလာပြီ။ အဲ့အချိန်မှာ အမတို့ ၂ ယောက်က စာအုပ်ဆိုင်လေးဖွင့်တယ် ကက်ဆက်ခွေခေတ်စားနေတဲ့အချိန်မှာ ကက်ဆက်ခွေငှားတဲ့ဆိုင်လေးကို ညနေ ၄ နာရီမှာဖွင့်တယ်။ ခု မြေနီကုန်းစီးတီးမတ်နားပေါ့ စိန်ဖူးမုန့်ဟင်းခါးဆိုင်က အမတို့ဆိုင်။ အဲ့ဆိုင်လေးမှာ အမတို့ကငှားပြီးတော့ ဆိုက်ကားနဲ့သွားဆိုင်ဖွင့်တယ် ည ၉ နာရီထိုးရင်ပြန်ကြတယ်။ စာအုပ်ကို တပတ်တခါမြို့ထဲမှာသွားဝယ်တယ် အဲ့အချိန်မှာမင်းသားလုပ်မယ်ဆိုတဲ့အခါကျတော့ လက်ထဲမှာ အဝတ်အစားဝယ်စရာပိုက်ဆံမရှိဘူး။ ပိုက်ဆံမရှိတော့ ဒီစာအုပ်ဆိုင်နဲ့ ကက်ဆက်ခွေတွေကို ရောင်းစားလိုက်ရတယ်။

အဲ့တုန်းက ပိုက်ဆံ ၂၀၀၀ က အရမ်းတန်ဖိုးရှိနေသေးတယ်။ အဲတော့ ခုနက ကတ်ဆက်ခွေတွေက ရောင်းလို့မထွက်တော့ ဘာလုပ်ရလဲဆို အမနဲ့ကိုသားကြီးသူငယ်ချင်းတစ်ယောက် အမတို့ စမ်းချောင်းလမ်း မြောင်းမြနားမှာနေတာ။ အကြော်ရောင်းတဲ့ကောင်လေးတယောက်ရှိတယ် ခုတော့မရှိတော့ဘူး ဆုံးသွားပြီ။ အဲ့ကောင်လေးနဲ့အမက ဆာလာအိတ်နဲ့ထမ်းပြီး ကားငှားပြီး သိမ်ကြီးဈေးဂုံးတံတားအောက်သွားကြတယ် ကက်ဆက်ခွေဆိုပြီးအောက်ပြီးရောင်းခဲ့လိုက်တယ်။ ကုန်သွားတော့ အဲ့ပိုက်ဆံနဲ့အကျီင်္ဝယ်ရမယ်။ အဲ့တုန်းက ဗိုလ်ချုပ်ဈေးက လဟာပြင်ကြီးလေ။ ဘေထုတ်တွေထဲကို ခေါင်းစိုက်ပြီးတိုးရတာပေါ့ အဲ့ထဲက ကြယ်သီးလေးတွေ တံဆိပ်လေးတွေ အဲဒါအမအတွက် အသက်ပဲလေ အကျီင်္လည်းချုပ်တတ်တော့ အဲ့ကဟာတွေကို ဖြုတ် ခုသားဝတ်ထားသလို အကွက်လေးတွေ သိမ်ကြီးဈေးမှာရှိတယ်လေ။ တစ်ကိုက်ကိုမှ (၁၅) ကျပ်တို့ (၂၀) တို့ အဲဒါတွေဝယ် ဝယ်ပြီးတော့ ရှပ်အကျီင်္ညှပ် ညှပ်ပြီးတော့ ပိုလိုတံဆိပ်က နာမည်ကြီးတယ်လေ ကိုယ်မှ မဝယ်ပေးနိုင်တာ အဲတော့ ဒီတံဆိပ်လေးကို အပ်ထည်ဆိုင်တခါပြန်ပို့ ခုနက ဘေထုတ်ထဲက ဖြုတ်လာတဲ့ကြယ်သီးကို ဒီအကျီင်္မှာတပ် အဲလိုဘဝကနေ ဒွေးဖြစ်သွားတာပဲ။

ဖြစ်သွားတော့လည်းဖြစ်သွားတယ်ပေါ့ မဖြစ်ခင်ကတော့ဒါအသေအမွှားပဲရှိတယ် ဗေဒင်တွေမေးတယ် ယတြာတွေချေတယ်ပေါ့နော် သာမညမှာသွားနေတယ် အဓိဌာန်ရမယ်ပေါ့ ကိုယ့်ယောင်္ကျားကိုဖြစ်စေချင်တာပေါ့ အဓိဌာန်မယ်ဟာဆိုပြီး ဘတ်စ်ကားကြီးတွေလေ အဲ့တုန်းက ကြည့်မြင်တိုင်ဈေးသွားတဲ့ ၃၃ ဘတ်စ်ကားဟောင်းကြီးတွေရှိတယ်လေ အဲ့တာနဲ့သာမညကိုသွားတယ်အမ သွားတော့ပိုက်ဆံ ၄ ထောင်ပဲရှိတယ်လက်ထဲမှာ ၃ ထောင်ကိုသူ့ကိုပေးခဲ့ရတယ်ကျောင်းလခပေးဖို့ အဲ့တော့အမဒီပိုက်ဆံ ၁ ထောင်နဲ့ ဆီမီးတစ်ထောင်ပန်းတစ်ထောင်လှူရမယ်ဆိုတော့ ဂန္ဒမာပန်းတွေလည်းဝယ်သွားရသေးတယ်ကိုယ့်မှာအဲ့တော့ အဲ့ဘတ်စ်ကားအစုတ်ကြီးနဲ့လိုက်သွားရတယ် ပြီးတော့သထုံရွှေစာရံမှာကိုယ့်အထုတ်လေးကိုယ်ခေါင်းအုံးအုံးပြီးတစ်ညအိပ် ဆီမီးတွေထွန်းပြီးအဲ့ကားနဲ့ပဲပြန်လာ ဒါပေမဲ့ကျေနပ်တယ် ကိုယ့်ယောင်္ကျားအောင်လဲအောင်မြင်သွားတော့ကိုယ်လုပ်ခဲ့ရတာက ပီတိဖြစ်ရတယ်ပေါ့နော်။ ပင်ပန်းမှန်းလဲမသိဘူးညတွေမအိပ် ဘုရားတွေရှိခိုး မီးကသိုင်းရှု့ဆိုတော့လည်းရှု့ရတာပဲ ကိုယ်ကဖြစ်စေချင်တာဖြစ်သွားတော့ပိုက်ဆံတွေရလာတယ် အမအဖေကပြောဖူးတယ် အမအဲ့လိုတွေလုပ်တဲ့အခါကျတော့ သမီးတဲ့ပိုက်ဆံဆိုတာခြေလေးချောင်းပါတယ်တဲ့ညည်းမှာခြေ ၂ ချောင်းပဲပါတယ်တဲ့ညည်းလိုက်လေပြေးလေပဲတဲ့ညည်းမမှီဘူးတဲ့ညည်းနောက်ကိုလိုက်လာရင်လဲတဲ့ညည်းပြေးလို့မလွတ်ဖူးတဲ့ပြောတဲ့တိုင်းပဲပိုက်ဆံဝင်လာတဲ့အချိန်လည်းကျရောကိုယ်ပြေးလို့မလွတ်ပါဘူး

ပိုက်ဆံကအပုံလိုက်ပဲရသွားပြီပိုက်ဆံအောင်မြင်သွားပြီလေ အောင်မြင်မှုနောက်မှာပိုက်ဆံကပ်ပါလာတယ် နောက်တခါဆိုးကျိုးတစ်ခုထပ်ပြီးတော့ကပ်ပါလာတယ်။အဲ့ပိုက်ဆံရဲ့အနောက်မှာအိမ်ထောင်ရေးမျိုးစုံပဲလေ မင်းသားတစ်ယောက်ရဲ့မိန်းမဖြစ်သွားပြီ ဟာလာလိုက်တဲ့ပြသနာပေါ့နော် ခု facebook ပေါ်မှာတွေ့ပါတယ် သမီးရည်းစားလေးတွေကွဲကြတယ်အဲ့တာလောက်ကအမအတွက်အသေးအမွှားဖြစ်သွားတယ်။ ပထမတုန်းကတော့ဒီအိမ်ထောင်ရေးရဲ့ဒါဏ်တော်တော်ခံရတယ်။ ကိုယ့်ယောင်္ကျားကမင်းသားဖြစ်သွားတာကိုကိုယ်နားမလည်တာပေါ့နော်။ နားမလည်တော့နောက်ကပါလာတဲ့ပြသနာတော်တော်များများမှာ မျက်ရည်နဲ့မျက်ခွက် တနေ့တနေ့အိပ်ဆေးတွေသောက်ပြီးတော့လည်းအကြိမ်ကြိမ်သေတာ မသေနိုင်ဘူး အသက်ကလည်းရှည်တယ်။

နောက်ကျတော့ဘာဖြစ်လာလဲဆိုတော့အမမှာတစ်ခုကံကောင်းတယ် အမ စိတ်ကိုအမဖြေတတ်တဲ့အသိတရားကအမမှာအမြဲရှိတယ်။ အမဘုရားရှိခိုးတိုင်းဆုတောင်းတယ်။ တပည့်တော်မှားခဲ့ရင်လည်းမှားမှန်းကိုအမြဲသိရပါစေ သိပြီးတော့လည်းမပြင်နိုင်ရင်အလကားပဲပြင်နိုင်တဲ့အသိနဲ့စိတ်နဲ့လုပ်နိုင်တဲ့စွမ်းအားနဲ့လည်း အမြဲရရှိပါစေလို့ဆုတောင်းတယ်။ အဲ့စိတ်ကလေးကြောင့်လားမသိဘူးငါမှားနေပီ ငါအရမ်းခံစားနေရတာငါမှားနေပြီ လူတစ်ယောက်ကိုပြင်ဖို့မလွယ်ဘူး ကြိမ်းသေတယ် ကိုယ်တောင်ဒီနားမသွားနဲ့ဆိုသွားတာလေ။ ကျန်းမာရေးမကောင်းလို့ဒါမစားနဲ့ဆို ကြိုက်နေရင်စားချင်တာလေ သူများတကာရဲ့စိတ်ကိုထိန်းချုပ်ဖို့ဆိုတာအရမ်းခက်ခဲတယ်။ အဲ့အချိန်မှာအမခေါင်းထဲကိုဖြတ်ခနဲဝင်သွားတယ်ငါမှားနေပြီ ငါ့စိတ်ကိုငါပြင်မယ်။

အဲ့တာကြောင့်အမကိုခုဆိုရင်အမစိတ်ဆင်းရဲနေလားစိတ်ချမ်းသာနေလားဘယ်သူမှအမကိုအကဲခတ်လို့ကိုမရတော့ဘူး အဲ့ပညာကိုတော့ကောင်းကောင်းတတ်သွားတယ်။ အဲ့ချိန်မှာအမ ငါ့ကိုငါပဲပြင်တော့မယ်လူတစ်ယောက်ကိုငါမပြင်တော့ဘူး ငါအရမ်းပင်ပန်းတယ်။ငါလဲခံစားရပြီးတော့ငါပဲပင်ပန်းတယ် ငါရှုံးနေတယ်အကုန်လုံးကိုသူများတစ်ခြားလုပ်တာလည်းငါခံရတယ်။ငါ့စိတ်ကိုငါပြင်မယ်ဘယ်သူ့ကိုမှငါမပြင်တော့ဘူးလို့ စိတ်ပြောင်းလိုက်တဲ့အချိန်မှာ နံပါတ် ၁ ဒေါသတွေလျော့သွားတယ်။ကိုယ့်ယောင်္ကျားကိုပြောချင်တာတွေရော ဘေးပတ်ဝန်းကျင်ကကောင်မလေးတွေကိုပြောချင်တာတွေရော လျော့ဆင်းသွားလိုက်တာဘာမှမရှိတော့ဘူး အဲ့တော့ဘာဖြစ်သွားလဲဆိုတော့ကိုယ်စိတ်ချမ်းသာသွားတယ်။အရင်ကအမပိန်တယ် နောက်ပိုင်းအမအဲ့လိုပြုပြင်ပြောင်းလဲလိုက်တော့အမ၀လာတယ်။အဲ့မှာအမအဲ့အရသာကိုအရမ်းကြိုက်သွားတယ်။

အဲ့တော့အမသူများကိုစိတ်ကိုမ၀င်စားတော့ဘူး သူ့ဘာသူဘာလုပ်လုပ်ဒါသူ့သမိုင်းကိုသူရေးတာ အဓိကသည် အမရဲ့ဒီမိသားစုပေါ်မှာ တာဝန်ကျေရမယ် သူလည်းအမကိုတာဝန်ကျေကျေနဲ့ ရှာကျွေးနေတယ် ဒီနေရာကိုရောက်ဖို့ဆိုတာပိုက်ဆံအရမ်းချမ်းသာလို့လဲမရောက်နိုင်ဘူး မင်းသားတစ်ယောက်ဖြစ်ဖို့ဆိုတာ။သူကလည်းအမြဲပြောဖူးပါတယ်ဆရာဝန်ကြီးဖြစ်ချင်သလားတဲ့ သူ့သားကိုသူဆုံးမတယ်။သားစာကျက်ရင်ဆရာဝန်ကြီးဖြစ်တယ် အင်ဂျင်နီယာဖြစ်ချင်လားစာကြိုးစားရင်အင်ဂျင်နီယာဖြစ်တယ်တဲ့ မင်းသားတစ်ယောက်ဖြစ်ဖို့ဆိုတာတဲ့အတိတ်ကံ စန်းမပါလာရင်လည်းမဖြစ်ဖူးတဲ့ ပိုက်ဆံချမ်းသာတိုင်းလဲမဖြစ်ဖူးတဲ့ ကြိုးစားတိုင်းလည်းမဖြစ်ဖူး လုံ့လရှိတိုင်းလဲမဖြစ်ဖူး အတိတ်ကကံတစ်ခုကြောင့်ဖြစ်တာတဲ့ အမြဲဆုံးမတယ် အဲ့တော့အမ စဉ်းစားလိုက်တယ် ငါဒီလိုယောင်္ကျားတစ်ယောက်ရဲ့မိန်းမဖြစ်နေရတာငါဂုဏ်ယူစရာ ဘေးပတ်ဝန်းကျင်ကကျန်တဲ့ဟာတွေအမခေါင်းထဲကထုတ်လိုက်တယ်။အခုလည်းအမကိုယ့်ကိုကိုယ်ဒီတိုင်းရပ်တည်တယ် ဘယ်သူ့ကိုမှပြင်ဖို့လဲအမမစဉ်းစားဘူး အဲ့အခါကျတော့အမတို့အိမ်ထောင်ရေးကစိတ်ဆင်းရဲစရာတစ်ခုကနေ စိတ်ချမ်းသာစရာတစ်ခုကိုပြန်ကူးသွားတယ်။

ယောင်္ကျားဆိုတာကတော့ အနဲနဲ့အများကတော့ လက်တည့်စမ်းချင်တဲ့လူတွေချည်းပဲ ခုခေတ်ပိုဆိုးပါတယ်။ မိန်းကလေးတွေလဲဒါလေးကိုကိုယ့်ယောင်္ကျားကိုနားလည်ပေးရမယ်။ကိုယ့်ယောင်္ကျားမှားနေရင်မသိချင်ယောင်ဆောင်နေလိုက် ၀န်ခံအောင်ဘယ်တော့မှမလုပ်နဲ့။ကိုယ့်ယောင်္ကျားကိုဟဲ့လုပ်နေပါလားလို့ဝန်ခံအောင်ဘယ်တော့မှမလုပ်နဲ့ဝန်ခံလိုက်တဲ့နေ့ကကိုယ်ရှုံးတဲ့နေ့ပဲ။ ယောင်္ကျားကဟုတ်တယ်လုပ်တော့ဘာဖြစ်လဲငါကနင့်ကိုရှာကျွေးနေတာပဲလို့ပြောလိုက်တဲ့နေ့ဟာကိုယ်ရှုံးတဲ့နေ့လို့အမြဲမှတ်ထား။ ၀န်ခံလိုက်ပြီလေဘာလုပ်မလဲ ၀န်မခံရင်ငါယောင်္ကျားကငါ့ကို လိမ်နေတယ်ဆိုတာဘယ်တော့မှမတွေးနဲ့ ၀န်မခံတာကိုယ့်ကိုချစ်နေလို့ပဲ ၀န်မခံတဲ့အတွက်အမကိုသူချစ်နေတာလေ တန်ဖိုးထားနေတာလေ ဒါကတော့မင်းသားတစ်ယောက်လေလုပ်ချင်လည်းလုပ်မှာပဲ မိန်းမသိမှာစိုးတော့သူလိမ်တာလေ အဲ့အသိအမထဲကိုထပ်ရောက်လာတယ်။

သမီးရည်းစားဘ၀တုန်းကလည်းတော်တော်သည်းခံရတယ် ကိုသားကြီးကအဲ့တုန်းကဦးကျော်ဟိန်းရဲ့တူကိုးကောင်မလေးတွေကအရမ်းကြိုက်ကြတာ။ရည်းစားတစ်ယောက်ထားလိုက်အမနဲ့မိတ်ဆက်ပေးလိုက် သူငယ်ချင်းဖြစ်သွားလိုက် အဲ့ဒါဏ်ကအဲ့တုန်းတည်းကခံရတာပါ အဲ့တော့သူငယ်ချင်းတွေဖြစ်ပြီးကျန်ခဲ့တယ်ပေါ့နော်ယောင်္ကျားလေးတစ်ယောက်ကလည်းအိမ်ထောင်ဘက်ကိုရွေးပြီဆိုရင် ငါ့အပေါ်ဘယ်လောက်သည်းခံနိုင်လဲလို့စဉ်စားတယ်ရုပ်ချောတာမချောတာပိုက်ဆံချမ်းသာတာမချမ်းသာတာနဲ့မဆုံးဖြတ်ဖူး ယောင်္ကျားလေးတော်တော်များများက အဲ့အခါကျတော့အမကအရမ်းခံနိုင်ရည်ရှိတယ်အဲ့တုန်းကတည်းကတော့ အဲ့တော့အမတို့အိမ်ထောင်ကျတယ် အဲ့တာတွေဟိုတုန်းတည်းကခံလာခဲ့ရတယ် အိမ်ထောင်တစ်ခုဖြစ်လာတဲ့အချိန်မှာ ကိုယ့်ယောင်္ကျားကလည်းကိုယ့်ကိုကောင်းကောင်းမွန်မွန်ရှာကျွေးနေတာပဲလေ ဒါကလည်းမင်းသားတစ်ယောက်ဆိုတော့ဒီလောက်ပြသနာကရှိမှာပဲ အစတုန်းကတော့ဟယ်နင်ဒီလိုကြားတယ်ဟုတ်လား

အမရဲ့ပြသနာက မဟုတ်ဘူးလို့ ငြင်းရင်မကြိုက်ဘူး အမလည်း သေသေချာချာသိထားတာ။ ဝန်ခံ၊ ဝန်ခံ နင်ဝန်ခံ ဝန်မခံရင်မကြိုက်ဘူး။ နောက်တော့စဉ်းစားတယ် ဝန်ခံလိုက်ရင် ငါရှုံးတာ ဝန်မခံရင်ပိုကောင်းတယ်ဆိုတာ သိလိုက်တဲ့အချိန်မှာ ဒါ သမီးရည်းစားဘဝမှာပဲဖြစ်ဖြစ် အိမ်ထောင်သည်ဘဝမှာပဲဖြစ်ဖြစ် ယောက်ကျားလေးဆိုတာလည်း မှားတတ်ကြတယ်။ တခါတခါတော့မှားမှာပဲ ဒါပေမယ့် ကိုယ့်မိန်းမသည်းခံမှန်းသိရင် ယောက်ကျားလေးဆိုတာ ပြင်သွားတတ်ကြတယ်။ ကိုယ့်မိန်းမကိုတန်ဖိုးထားပြီးတော့ အော်ငါ့မိန်းမက ငါ့ကိုသည်းခံတာပဲလေဆိုပြီး ပြင်သွားမှာပဲ။ အချိန်တခုလေးတော့စောင့်ရတာပေါ့ ဒီအချိန်လေးမှာ အိမ်က ကိုယ့်မိန်းမကလည်း သည်းခံနိုင်အောင်ကြိုးစား၊ မသိချင်ယောင်ဆောင်တာကို အတတ်နိုင်ဆုံးမသိချင်ယောင်ဆောင်ပေး ဒီဘက်နားက လာပြောရင် ကိုယ့်ယောက်ကျားအကြောင်းကို မကောင်းတာပြောရင် အန်တီက မိန်းကလေးဖြစ်တဲ့အတွက် မိန်းကလေးဆိုဒ်ကပဲပြောပြတာပေါ့နော်။

ကိုယ့်ယောက်ကျားအကြောင်းကို မကောင်းတာပြောရင် နားမထောင်နဲ့ အဲ့သူငယ်ချင်းနဲ့မနေနဲ့။ အဲ့ပတ်ဝန်းကျင်ကိုမသွားနဲ့ ကိုယ့်အိမ်ထောင်မကွဲချင်ရင်။ ဒါလဲ ကွဲစေချင်လို့ လာပြောတာဖြစ်တယ်လို့ အမနားလည်လိုက်တယ်။ သူတို့က ကွဲစေချင်တာဟုတ်ချင်လည်းဟုတ်မယ် ဒါပေမယ့် အဲဒီအကြောင်းကိုသိရင် မိန်းမတစ်ယောက်က မခံနိုင်ဘူး ကွဲမှာပဲ။ အဲတော့ နောင်တချိန်မှာ အမက ဘာထပ်ဆင်ခြင်လဲဆိုတော့ပြောတဲ့သူတွေကို အမက တွေ့ရင်နှုတ်ဆက်လိုက်တယ်။ ထိုင်စကားမပြောဘူး အမ မခံနိုင်လို့။ သိလာတော့ အိမ်ရောက်ရင်ပြသနာတက်တယ် အဲ့တော့ ကိုယ်ပဲရှောင်လိုက်တယ်။ အဲ့တော့မကြားရတော့ဘူး မကြားရတော့တဲ့အခါကျတော့ အမတို့အိမ်ထောင်ရေးက အစကထက်ပိုပြီးသာယာလာတယ်။

အိမ်ပြန်လာရင် သူ့ဘာသူ ဘယ်မှာပဲစားလာစားလာ အိမ်ထမင်းဟင်းစားတယ်။ အဲတော့ ထမင်းပွဲပြင်ပေးထားရမှာကလည်း ကိုယ့်အလုပ်ပဲလေ။စားသောက်ပြီးသွားရင် သူ့သူဘယ်ထွက်ထွက်လေ။ နင်ဘယ်ကပြန်လာတာလဲ ဘာဖြစ်သလဲ ဘယ်လိုတွေကြားတယ် မမေးတော့ဘူး မမေးတော့ သူ့မှာဖြေစရာမလိုတော့ဘူးလေ။ သူကလဲ တခုခုဆို ငါ့မိန်းမ အိမ်ရောက်ရင်ငါ့ကို မေးတော့မလားဆိုတဲ့ Depression သူ့မှာရှိကောင်းရှိမှာပဲ။ မေးလိုက်ရင် သူကလည်း လိမ်ဖို့ကိုကြိုးစားရတော့မှာလေ တခုခုကို။ သူကလည်း အမကိုစိုးရိမ်ရ၊ အမကလည်း သူ့ကို ဒေါသနဲ့ အဲ့တစ်ခု အမတို့လင်မယား ၂ ယောက်ကြားမှာ ပြတ်ထွက်သွားတယ်။ သူလည်းအမကိုမစိုးရိမ်ရဘူး အမလည်းမေးစရာမလိုတော့ဘူး။

ကိုယ့်စိတ်ကိုပြင်လိုက်တယ် စားလေ စားလေ မစားဘူးဆိုလည်းပြီးသွားတာပဲပေါ့နော် ဒီလောက်နဲ့ပဲဖြစ်သွားတော့ အိမ်ထောင်ရေးက ပြန်ပြီးသာယာလာတယ်။ အော်ထွက်သွားတော့လည်း ထွက်သွားတယ်မှတ် ပြန်လာတော့လည်း ပြန်လာတယ်မှတ် အချိန်တန်တော့လည်း ကိုယ့်ယောက်ကျားက ကိုယ့်ယောက်ကျားပဲလေ အဲ့တော့ သိလာရင်လည်း မသိချင်ယောင်ဆောင်နေပါ မိန်းကလေးတွေ ကိုယ့်အိမ်ထောင်ရေးမြဲချင်ရင် ယောက်ကျားလေးတွေကလည်း ကိုယ့်မိန်းမ သည်းခံမှန်းသိရင် အမှားထပ်မလုပ်နဲ့ အဲ့ဒါမှကိုယ့်အိမ်ထောင်ရေးက သာယာမှာ။

ZA-အမလောက်ဒဏ်ကိုတော့ ဘယ်သူမှခံနိုင်မှာမဟုတ်ဘူး

မိုးမိုး-အဲ့ခံနိုင်ဖို့ကလည်းလေ ၆ နှစ်လောက်တော်တော်ကြိုးစားရတယ် ဘာလို့ဆိုတော့ ကိုယ်က မိဘမရှိဘူးလေ။ မှားရင်လည်းခံပဲ ကောင်းရင်လည်း ကိုယ်တစ်ယောက်တည်းပဲစံမယ်။ ဒီအသိရှိဖို့ကို ဘုရားမှာ နေ့တိုင်းဆုတောင်းတယ်။ ဒီလိုပြင်နိုင်ဖို့ကိုလေ ခုချိန်ထိ အမရပ်တည်နိုင်တာကလည်း အဲ့စိတ်တခုတည်းပဲ။ အဲ့စိတ်တခုတည်းနဲ့ပဲအမရပ်တည်တယ် ငါ့နောက်မှာဘယ်သူမှမရှိဘူးလို့ပဲ အမက အမြဲရပ်တည်ထားတယ်။ ကိုသားကြီးရှိစဉ်ကာလတည်းက အမစိတ်ထဲမှာဘယ်လိုခံယူထားလဲဆိုတော့ သူမရှိတော့ရင် ငါတစ်ယောက်တည်းပဲ ကျိန်းသေတယ်။

သရုပ်ဆောင် ဒွေးမရှိတော့ပေမယ့် ဘဝကို ကြံ့ကြံ့ခံ ယခုလိုရပ်တည်နေနိုင်တာဟာလည်း အင်မတန် ချီးကျူးဂုဏ်ယူဖွယ်ကောင်းတဲ့ သတ္တိပဲဖြစ်ပါတယ်။ မိုးမိုးတစ်ယောက် လိမ္မာတဲ့သားသမီး (၂) ယောက်နဲ့အတူ ဘဝကြီးမှာ အေးချမ်းပျော်ရွှင်စွာ နေထိုင်သွားနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။We Love Cele

Photos-Dway

မုန်းစွဲဇာတ်ကား အွန်လိုင်းတွင် ပထမဆုံး တင်သူကို ၆၆(ဂ)ဖြင့် အမှုဖွင့်

မုန်းစွဲဇာတ်ကားအွန် လိုင်းတွင် ပထမဆုံးတင်သူကို ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့် ထားပြီး ၎င်းမှတစ်ဆင့် ဆက်လက်စုံစမ်းမည်ဟု ထုတ်လုပ်သူကိုဝေ မင်းမောင်က ပြောသည်။

‘‘ဘယ်ကနေရလဲဆိုတာ တော့ စုံစမ်းပြီး ကွင်းဆက်တွေကို လိုက်ရမှာပေါ့။ လောလောဆယ် တော့ ၆၆(ဂ)နဲ့ ရန်ကင်းမှာ စွဲ ထားတာ’’ဟု ၎င်းကပြောသည်။

အကယ်ဒမီပေးပွဲမတိုင်မီ မတ်လ ၂၁ ရက်က အွန်လိုင်း၌ ပျံ့နှံ့ခြင်းဖြစ်ပြီး Nwe Wit Moneအမည်ဖြင့် Facebook အသုံးပြုသူက ပထမဆုံးတင်ခဲ့ ခြင်းဖြစ်သည်ဟု မုန်းစွဲရုပ်ရှင် Facebook တွင် ကြေညာထားသည်။

ယင်းဇာတ်ကား ဗီဒီယိုဖိုင် ကို Facebook တွင် တင်ခဲ့သူများ ၏ အကောင့်များကို သက်သေ များနှင့် စုစည်းထားသော်လည်း ပထမဆုံးတင်သူတစ်ဦးကိုသာ အမှုဖွင့်ခြင်းဖြစ်သည်ဟု ကိုဝေမင်းမောင်က ပြောသည်။

‘‘အွန်လိုင်းမှာ မတင်ခင်က တော့ ပြန်ပြဖို့ ပြောထားတာ။ အခုကတော့ တောင်းဆိုသူများ ရင် ပြပေးမယ်လို့ ပြောပါတယ်’’ ဟု ယင်းဇာတ်ကား ထပ်မံ၍ ရုံတင်ပြသမည့် အစီအစဉ်နှင့် ပတ်သက်၍ ၎င်းကဆိုသည်။ စင်ကာပူနိုင်ငံ တွင်လည်း မုန်းစွဲဇာတ်ကားကို ဧပြီ ၇ ရက် နေ့လယ် ၁ နာရီခွဲတွင် တစ်ပွဲ ထပ်မံပြသရန် အစီအစဉ် ရှိကြောင်း ၎င်းကပြောသည်။

မုန်းစွဲ ဇာတ်ကားသည် ၂၀၁၈ အကယ်ဒမီတွင် အသံဆု၊ ဓာတ်ပုံဆု၊ အမျိုးသားဇာတ်ပို့ဆု နှင့် ဒါရိုက်တာဆုများ ရရှိခဲ့သည်။

 

မြန်မာ့စပါးအုံး “အောင်လအန်ဆန်” ရဲ့ ဂျပန်မြေပေါ်မှ ပွဲသိမ်းလက်သီးချက် ဗွီဒီယိုဖိုင်



Source:popolay

UNICODE

မြန်မာ့စပါးအုံး “အောင်လအန်ဆန်” က ဂျပန်မြေပေါ်မှာ မြန်မာ့အရည်အချင်းကို ပြရင်း နိုင်ငံဂုဏ်ဆောင်နိုင်ခဲံပြန်ပါပြီ..။ဂျပန်ကစားသမား “ကန်ဟာဆီဂါဝါ” နဲ့ မစ်ဒယ်ဝိတ်တန်း ချံပီယံ မကျေပွဲမှာ နောက်ထပ်တစ်ကြိမ် ထပ်မံအနိုင်ရပြီး ချံပီယံခါးပတ်ကို ဆက်လက်ထိန်းထားနိုင်ဆဲဖြစ်ပါတယ်။

မြန်မာ့စပါးအုံး “အောင်လအန်ဆန်” က ဂျပန်မြေပေါ်မှာ မြန်မာ့အရည်အချင်းကို ပြရင်း နိုင်ငံဂုဏ်ဆောင်နိုင်ခဲံပြန်ပါပြီ..။ဂျပန်ကစားသမား “ကန်ဟာဆီဂါဝါ” နဲ့ မစ်ဒယ်ဝိတ်တန်း ချံပီယံ မကျေပွဲမှာ နောက်ထပ်တစ်ကြိမ် ထပ်မံအနိုင်ရပြီး ချံပီယံခါးပတ်ကို ဆက်လက်ထိန်းထားနိုင်ဆဲဖြစ်ပါတယ်။