ကူညီပေးကြပါ လပွတ္တာမြို့ဂျားကုန်းကြီးကျေးရွာတွင် သောက်သုံးရေပြတ်လပ်မှုကြုံတွေ့နေရ

လပွတ္တာခရိုင်​ လပွတ္တာမြို့နယ်​ သ​ပြေ​ချောင်းအုပ်​စု ဒရယ်​ဖြူကြီး(ခ)ဂျားကုန်းကြီး​ကျေးရွာမှာ

နှစ်​စဉ်​​သောက်​သုံး​ရေပြတ်​လပ်​မှုကြုံ​တွေ​နေရတဲ့အခက်​အခဲဟာရွာသား​တွေ ညဆိုလည်းထွက်​တဲ့​ရေ​စောင့်​ခတ်​ရတဲ့ဒုက္ခများရင်​ဆိုင်​​နေရပါကြောင်းရေကန်​များမှာလည်းအားလုံးခန်း​ခြောက်​သွား၍ လက်​ယက်​တွင်း​လေးများတူးပြီး တစက်​ခြင်းတခွက်​ခြင်းစစ်​ခက်နေရပါ၍

ကျွန်​​တော်​ဆန္ဒပြုအကူအညီ​တောင်းလိုပါတယ်​ခင်​ဗျာ

အလှူရှင်​များ ဤပိုစ်​အား​တွေခဲ့လျှင်​ ​သောက်​​ရေဖူလုံ​ရေးအတွက်​ ဂါလံများစွာဆံ့တဲ့ ​ရေ​လှောင်​ကန်​များလိုအပ်​လျှက်​ရှိပါတယ်​ခင်​ဗျာ ဂါလံများစွာဆံ့တဲ့ ​ရေ​လှောင်​ကန်​ကြီးများသား ဆောက်​လုပ်​လှူဒါန်း​ပေးပါလျှင်

နှစ်​စဉ်​ကြုံ​တွေ့​နေကြ ​သောက်​သုံး​ရေပြသနာများကင်း​ဝေးသွားမည်​ဖြစ်​ပါ၍ အလှူရှင်​များထံသို့​ရောက်​ရှိ​အောင်​ ကျွန်​​တော်​ပိုစ်​​လေးအား ရှယ်​သွား​ပေး​စေလိုပါတယ်​ခင်​ဗျာ

09979400737,09763078155 သို့ဆက်​သွယ်​နိုင်​ပါတယ်​ခင်​ဗျာ

ရေ​ဂါလန်​များများဆံ့တဲ့​ရေ​လှောင်​ကန်​အလှုရှင်​များ အမြန်​ဆုံးဖုန်းဆက်​ပါ​စေဆု​တောင်းဆန္ဒပြုလျှက်

မကွေးမြို့တွင် ဖုန်းအားသွင်းစဉ် အပူလွန်ကဲ၍ မီးလောင်

မကွေးမြို့တွင် လက် ဖက်ရည်ဆိုင် ၀န်ထမ်းများနေ သော အိမ်၌ အချိန်ကြာမြင့်စွာ ဖုန်းအားသွင်းထားသဖြင့် အပူ လွန်ကဲကာ မီးကူးစက်လောင် ကျွမ်းခဲ့ကြောင်း မကွေးတိုင်းဒေသ ကြီး မီးသတ်ဦးစီးဌာန တာဝန်ရှိ သူတစ်ဦးက ပြောသည်။

မကွေးမြို့ အောင်စေတနာ (ခ)ရပ်ကွက် (၁)လမ်းရှိ လက်ဖက်ရည်ဆိုင် ၀န်ထမ်းများနေသည့် အိမ်၌ ဧပြီ ၂၈ ရက် ညနေ ၅ နာရီခွဲခန့်က ၂၅ မိနစ်ခန့်ကြာ မီးလောင်သဖြင့် သွပ်မိုးထရံကာ၊ပျဉ်ခင်းနှစ်ထပ်အိမ်တစ်လုံး သွပ် မိုးအုတ်ကာ RC နှစ်ထပ်အိမ် အမိုးနှင့်အကာ အနည်းငယ် မီး လောင်ကျွမ်းခဲ့သည်။

ထို့အပြင် မီးစက်တစ်လုံး၊ အိမ်သုံးမီတာနှစ်လုံးနှင့် Kluger အမျိုးအစား အဖြူရောင်ယာဉ်၏ နောက်ပိုင်းနှင့် ထိုင်ခုံများ မီး လောင်ကျွမ်းပြီး ၀က်ငယ် ကိုး ကောင် သေဆုံးကြောင်း၊ လူများထိခိုက်ဒဏ်ရာရခြင်းနှင့် သေဆုံးခြင်းမရှိကြောင်း တာဝန်ရှိသူ တစ်ဦးကပြောသည်။

မီးလောင်မှုကြောင့် ပျက်စီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၃၀ ခန့် ရှိကြောင်း ၎င်းကပြောသည်။

မီးလောင်ရာသို့ မကွေးတိုင်းမီးသတ်ဦးစီးဌာန မီးသတ်တပ်ဖွဲ့ဝင်များနှင့် မင်းဘူးမြို့နယ်မှ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ၂၃ စီးဖြင့် ၀ိုင်းဝန်းငြှိမ်းသတ် ရာ ညနေ ၆ နာရီခန့်တွင် လုံးဝ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း ဆိုသည်။

‘‘အပူချိန်စံချိန်တင်တဲ့အထဲ မှာ မကွေးလည်းပါတယ်။ ဖုန်း တွေက အလိုလိုနေရင်းတောင် ပူနေတာ။ အပူချိန်တွေ မြင့်တက် နေလို့ ဆောင်ရန် ရှောင်ရန်တွေ၊ သတိပေးတားမြစ်တာတွေထဲမှာ ဖုန်းတွေကို အကြာကြီး အားမ သွင်းမိစေဖို့နဲ့ ဖုန်းအား သွင်းမယ် ဆိုရင် ဂရုတစိုက်စောင့်ကြည့်ဖို့ လိုအပ်တယ်ဆိုတာကိုပါ ထည့် သွင်းထားရတော့မယ်’’ ဟု မကွေးမြို့နေ ကိုမြင့်ဇော်က ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မီးစတင်လောင်ကျွမ်းသည့် အိမ် ပိုင်ရှင်ကို မကွေးနယ်မြေရဲစခန်း က မီးပေါ့ဆမှုဖြင့် အရေးယူထား ကြောင်း နယ်မြေရဲကင်းတာဝန်ရှိ သူတစ်ဦးက ပြောသည်။

မကွေးမြို့တွင် ဖုန်းအားသွင်းစဉ် အပူလွန်ကဲ၍ မီးလောင်
On April 30, 2019 By kyaw

မမှတ်မိနိုင်လောက်အောင် ကိုရီးယားဆန်ဆန်ချောလာတဲ့ အိစိကွေး

အိစိကွေးဟာဆိုရင် ငယ်ရွယ်စဉ်ကလေးဘဝပိစိကွေးကတည်းက တကယ့်ဝါရင့်သရုပ်ဆောင်တွေနဲ့တွဲဖက်ပြီး ရုပ်ရှင်တွေရိုက်ခဲ့ရတဲ့ ကလေးသရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက အလွမ်းအဆိုအငိုပိုင်နိုင်တဲ့ကလေးသရုပ်ဆောင်လေး အိစိကွေးဟာ တစ်နိုင်ငံလုံးရဲ့အချစ်တွေကိုသိမ်းကြုံးရယူထားတဲ့အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။

အိစိကွေးကိုကလေးဘဝကတည်းက မြင်နေတဲ့ ပရိသတ်တွေကတော့ အခုအချိန်အထိ လူကြီးလို့ကိုမမြင်နိုင်သေးပဲ ကလေးလို့ပဲမြင်နေကြပြီး ဝေဖန်လေကန်ရေးတွေလုပ်ချင်ကြတာကြောင့် အိစိကွေးကိုယ်တိုင်က ပရိသတ်တွေအနေနဲ့ သူ့ကိုလူကြီးတစ်ယောက်လိုမြင်ပေးကြဖို့ အင်တာဗျူးတွေမှာ တောင်းဆိုခဲ့ရတဲ့အထိပါပဲ။ ဒါပေမယ့်လည်း မိဘတွေက ကိုယ့်ကလေးတွေကို ဘယ်လောက်ကြီးကြီး ကလေးအဖြစ်ပဲမြင်သလို အိစိကွေးဆို ကလေးသရုပ်ဆောင်လေးပါလို့မြင်ကြတဲ့ ပရိသတ်တွေကလည်းအခုအထိရှိနေတုန်းပါ။ အိစိကွေးကတကယ်တော့ ကလေးမဟုတ်တော့ပဲ တိုင်းသိပြည်သိအဆိုတော်ကြီးတစ်ဦးဖြစ်နေပြီဖြစ်သလို ရုပ်ရှင်ဇာတ်လမ်းတွေမှာလည်း ဆယ်ကျော်သက်ဇာတ်ကောင်တစ်ဦးအဖြစ်ပါဝင်သရုပ်ဆောင်နေပါပြီ။

ငယ်ငယ်ကတည်းကအနုပညာသွေးအပြည့်ပါတဲ့ အနုပညာရှင်တစ်ဦးဖြစ်ခဲ့တဲ့အိစိကွေးဟာ ကြီးလာတော့လည်း အနုပညာအရည်အသွေးက ပိုလို့ကောင်းလာပြီး ဇာတ်လမ်းတွဲတွေ ရုပ်ရှင်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ထားခဲ့ပြီး အဆိုတော်တစ်ဦးအဖြစ် ပွဲတွေမှာလည်းလိုက်ဖျော်ဖြေလေ့ရှိတာကြောင့် ပရိသတ်အချစ်တော်အနုပညာရှင်လေးတစ်ဦးအဖြစ် အနုပညာလမ်းကြောင်းပေါ်မှာ အခြေခိုင်စွာဆက်လက်လျှောက်လှမ်းနေတာလည်းဖြစ်ပါတယ်။အခုတလော ပရိသတ်တွေကြားထဲမှာပျံ့နှံ့နေတာကတော့ အိစိကွေးရဲ့ သူမတူအောင် ချောမောလှပလာတဲ့ ဓာတ်ပုံတွေဖြစ်ပြီး အဲဒီပုံတွေထဲမှာ အိစိက ကိုရီးယားမင်းသားအလား ထင်မှတ်မှားရအောင် လူမှားလောက်အောင် ချောနေတာကိုမြင်ရမှာပါ။ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် အိစိလေးရဲ့ ကိုရီးယားဆန်ဆန်ချောလာတဲ့ ဓာတ်ပုံလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

ပရိသတ်တွေကတော့ အိစိလေးရဲ့ဓာတ်ပုံတွေကိုကြည့်ပြီး ကိုရီးယားမင်းသား လီမင်ဟိုနဲ့တူလာတယ်လို့ မှတ်ချက်ပေးနေကြသူတွေလည်းရှိပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော ကိုရီးယားဆန်ဆန်ချောလာတဲ့ အိစိလေးကိုချစ်ကြလား။ အိစိရဲ့ နောက်ထပ်ထွက်လာမယ့်အနုပညာလှုပ်ရှားမှုတွေကိုရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

အပန်းဖြေခရီးမှာ One Direction အဖွဲ့နဲ့ အကြည်ဆိုက်ခဲ့တဲ့ မထက်

မထက်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက မိတ်ကပ်ပညာရှင်တစ်ဦးအဖြစ်နာမည်ကျော်ကြားခဲ့တာဖြစ်ပြီး အောင်ရဲလင်းလိုတကယ့်နာမည်ကြီးထိပ်တန်းမင်းသားမင်းသမီးတွေလက်စွဲ မိတ်ကပ်ဆရာမတစ်ဦးဖြစ်ခဲ့တာပါ။ မကြာခင်နှစ်ပိုင်းက မိန်းကလေးအဖြစ်လိင်ပြောင်းပြီးသွားတဲ့နောက်ပိုင်း မထက်က တကယ့်မိန်းကလေးအစစ်တောင်ရှုံးအောင်လှပချောမောလာသလို ရုပ်ရှင်တွေမှာလည်းပါဝင်သရုပ်ဆောင်ပြီး ပရိသတ်တွေရဲ့အားပေးမှုတွေများစွာရရှိထားသူတစ်ဦးပါ။ မထက်ကတော့ မကြာသေးမီကပဲ သူမရဲ့လူမှုကွန်ယက်မှာဓာတ်ပုံလေးတင်ပြီးပရိသတ်တွေကို အံ့သြသွားအောင်လုပ်လိုက်ပါပြီ။

အဲဒီဓာတ်ပုံကတော့ မထက်တစ်ယောက် ဘန်ကောက်မှာအပန်းဖြေရင်းလျှောက်လည်ခဲ့တဲ့ဓာတ်ပုံတွေထဲကတစ်ပုံပါ။ ဒါပေမယ့် သာမန်ဓာတ်ပုံမဟုတ်ပဲ အလွန်ထူးခြားပါတယ်။ ဘယ်လိုဓာတ်ပုံလဲဆိုတော့ မထက်က ကောင်မလေးတွေအသည်းစွဲ One Direction အဖွဲ့ကအဆိုတော်ချောချောလေးတွေနဲ့ အတူတူစကားထိုင်ပြောရင်းအကြည်ဆိုက်နေတဲ့ဓာတ်ပုံလေးဖြစ်နေလို့ပါပဲ။ One Direction ရဲ့ မင်းသား Harry Styles နဲ့ အပေါင်းအပါတွေက မထက်ရဲ့ဘေးမှာထိုင်ပြီး စကားပြောနေတဲ့ပုံလေးဖြစ်ပြီး သူတို့ဘာတွေပြောနေလဲဆိုတာကတော့ တကယ့်ကိုစိတ်ဝင်စားစရာပါ။

အဲဒီဓာတ်ပုံလေးဟာ ပရိသတ်တွေကြားထဲကို ပျံ့နှံ့သွားခဲ့ပြီး ပရိသတ်တော်တော်များများက မထက်ကိုအားကျကုန်ကြပါတယ်။ ဒါပေမယ့် တကယ်တော့ အဲဒီဓာတ်ပုံထဲက One Direction ဟာ လူအစစ်တွေမဟုတ်ပဲ ဘန်ကောက် Madame Tussauds ပြတိုက်ထဲက ဖယောင်းရုပ်တုတွေသာဖြစ်ပါတယ်။ မထက်က အဲဒီရုပ်တုတွေနဲ့ ထိုင်စကားပြောနေလေဟန်ဓာတ်ပုံရိုက်ထားခဲ့တာပါ။ အဲဒီကိုရောက်ဖူးသူတွေကတော့ တန်းသိကြပေမယ့် မရောက်ဖူးသူတွေကိုတော့ မထက်ရဲ့ဓာတ်ပုံက ရင်ခုန်သွားစေတာအမှန်ပါပဲ။