Crd momolay
Unicode
ပဲခူးရိုးမ မှာ ရိုက်ကူးရေးလုပ်ရင်း ပြင်းထန်တဲ့ မိုးသီးကြွေတာနဲ့ ကြုံတွေ့ခဲ့ရတဲ့ မြင့်မြတ် ရဲ့ Video File😲😲
နိုင်ငံကျော် ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ မြင့်မြတ် ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ နိုင်ငံကျော် အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ မြင့်မြတ်က ချစ်စရာကောင်းတဲ့ မိသားစုလေးနဲ့ အတူ အနုပညာအလုပ်တွေကြိုးစားလုပ်ရင်း ပျော်ရွှင်စွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။
မြင့်မြတ်က ” ရိုးမပေါ်ကျတဲ့ မျက်ရည်”ရုပ်ရှင်ဇာတ်ကားကို ပဲခူးရိုးမပေါ်မှာ ရိုက်ကူးနေတာပါ။ ချစ်ပရိသတ်တွေအတွက်မိုးသီးကြွေတာ နဲ့ ကြုံခဲ့တဲ့ မြင့်မြတ် ရဲ့ Video File ကို ဖော်ပြပေးလိုက်ပါတယ်နော်။
လတ်တလော မှာ မြင့်မြတ်က ကျောင်းဆရာ ကာရိုက်တာနဲ့ ဒါရိုက်တာ ကိုပေါက် ရိုက်ကူးတဲ့ ” ပဲခူးရိုးမပေါ် ကျတဲ့မျက်ရည် “ရုပ်ရှင်ဇာတ်ကားကို သရုပ်ဆောင် အကယ်ဒမီ အိန္ဒြာကျော်ဇင် တို့နဲ့ အတူ ပဲခူးရိုးမပေါ်မှာ ရိုက်ကူးရေးလုပ်နေတာပါ။
ပဲခူးရိုးမပေါ် ရိုက်ကူးရေး လုပ်ရင်း မြင့်မြတ်တို့ ရိုက်ကူးရေးအဖွဲ့ဟာ ပြင်းပြင်းထန်ထန် မိုးသီးကြွေတာနဲ့ ကြုံတွေ့ခဲ့တာပါ။မြင့်မြတ်က မိုးသီးကြွေနေတဲ့ video File ရိုက်ထားပြီး သူ့ရဲ ဖေ့စ်ဘွတ် Page မှာ ဖော်ပြထားတာပဲ ဖြစ်ပါတယ်။
မြင့်မြတ်ရဲ့ မိုးသီးကြွေ တုန်းရိုက်ထားတဲ့ Video File လေးကို ဆက်လက်ကြည့်ရူပေးကြပါဦးနော်။
သရုပ်ဆောင် မြင့်မြတ် ရဲ့ ပဲခူးရိုးမပေါ်မှာ မိုးသီးကြွေတာနဲ့ ကြုံလို့ ရိုက်ထားတဲ့ Video File လေးကို ပရိသတ်တွေ ကြည့်ပြီးလောက်ပြီလို့ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
Crd momolay
လမ်းခွဲသွားတဲ့ ချစ်သူကို ပြန်လည်သတိရပြီး ဖီးလ်လို့ကောင်းတဲ့ ရဲလေးရဲ့ “အရူးကမ္ဘာ” သီချင်းအသစ်
နိုင်ငံကျော် သရုပ်ဆောင်နှင့် အဆိုတော် ရဲလေးဟာ သီချင်းဆိုကောင်းပြီး သရုပ်ဆောင်တဲ့နေရာမှာပါ ထူးချွန်တာကြောင့် ပရိသတ်တွေ အားပေးမှုကို ရရှိထားသူတစ်ဦးပါ။ ရဲလေးဟာ ရုပ်ရည်ချောမောတာကြောင့် မိန်းကလေးပရိသတ်တွေ အတော်များများရဲ့ အားပေးခြင်းကို ခံရပါတယ်။ ရဲလေးက သူ့ရဲ့ ဆယ်စုနှစ်တစ်ခုစာလောက်ရှိတဲ့ အနုပညာသက်တမ်းတစ်လျှောက်လုံးမှာ အောင်မြင်မှုတွေ များစွာဆွတ်ခူးရရှိထားသူ တစ်ဦးဖြစ်ပါတယ်။
သီချင်းကောင်းတွေကို ဖန်တီးရေးသားတတ်တဲ့ ရဲလေးက ဒီနေ့မှာတော့ သူ့ရဲ့ သီချင်းအသစ်စက်စက် တစ်ပုဒ်ကို ပရိသတ်တွေဆီ မျှဝေထားပါတယ်။ ထိုသီချင်းလေး နာမည်ကတော့ “အရူးကမ္ဘာ” လို့ အမည်ရပြီး လမ်းခွဲသွားတဲ့ ချစ်သူကောင်မလေးကို သတိရလွမ်းဆွတ်နေတဲ့အကြောင်းကို ရေးသားထားတာ ဖြစ်ပါတယ်။
“အရူးကမ္ဘာ” သီချင်းလေးမှာ ရဲလေးနဲ့အတူတူ NJ ကလည်း ပါဝင်အားဖြည့်သီဆိုထားတာကို တွေ့ရပါတယ်။ ပရိသတ်တွေအတွက် ရဲလေးရဲ့ သီချင်းအသစ်ဖြစ်တဲ့ “အရူးကမ္ဘာ” သီချင်းလေးကို ခံစားနားဆင်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်နော်။
ချစ်သူနဲ့ လမ်းခွဲထားတဲ့ သူတွေအတွက်တော့ ဒီသီချင်းလေးက အကြီးအကျယ် ဖီးလ်စေမှာဖြစ်ပါတယ်။ ရဲလေးရဲ့ “အရူးကမ္ဘာ” သီချင်းလေးကို ကြိုက်နှစ်သက်ရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။
Source: YLJK Entertainment
Video. ဖိုင်ကြည့်ရန်
Zawgyiဖြင့်ဖတ်ရန်
ရည်းစား ဖြစ်ပြီး ၂နှစ်လောက်မှာ နှစ်ယောက်သား ပိုက်ဆံစုရအောင်လို့ စပြီးတိုင်ပင်ဖြစ်ကြတယ်အဲ့ဒါနဲ့စုမယ်ဆိုပြီး ငွေစစုဖြစ်သွားတာပေါ့ တစ်လတစ်ခါ ဘဏ် ထဲငွေထည့်မယ်ဆိုပြီး ဆုံးဖြတ် လိုက်တယ်။
ကိုယ်ကတော့ လခစား ဝန်ထမ်းဆိုတော့ အများကြီးမစုနိုင်ဘူး (၃ပုံ ၁ပုံလောက်ပေါ့) တစ်လ နှစ်ယောက်ပေါင်း ၁သိန်း စုကြမယ်ဆိုပြီး ဘဏ်စာအုပ်လေးလုပ်လိုက်ကြတယ် Bank account ကိုလဲ ၂ယောက်နာမည်နဲ့ #KBZ_Call_Deposits_account လုပ်ထားလိုက်တယ် အဆင်ပြေတဲ့လူ သွားလို့ရအောင်ပေါ့
ချစ်သက်တမ်းတွေတိုးလာတာလည်း သက်သေတစ်ခုပဲပေါ့နော် (ရန်ဖြစ်တိုင်း ပြတ်ရင် ဘဏ်စာအုပ် ငါမယူဘူး နင်ယူလိုက်ဆြိုပီး တယောက်တလှည့်ပြော ရန်တေသတ်တာပြီးရင် တကယ်လည်းမပြတ်နိုင်ကြတော့ ပျော်စရာကြီး ဟီးဟီး)
ချစ်သူ၂ယောက်သား ဖြစ်ချင်တာလေးတစ်ခုခုလုပ်လို့ရတာပေါ့
Unicode
လက်ထပ် ဖို့ရည်ရွယ်ထားရင် ချစ်သူနှစ်ယောက်ပေါင်းပြီး ငွေစုကြည့်ပါ
ရည်းစား ဖြစ်ပြီး ၂နှစ်လောက်မှာ နှစ်ယောက်သား ပိုက်ဆံစုရအောင်လို့ စပြီးတိုင်ပင်ဖြစ်ကြတယ်အဲ့ဒါနဲ့စုမယ်ဆိုပြီး ငွေစစုဖြစ်သွားတာပေ့ါ တစ်လတစ်ခါ ဘဏ် ထဲငွေထည့်မယ်ဆိုပြီး ဆုံးဖြတ် လိုက်တယ်။
ကိုယ်ကတော့ လခစား ဝန်ထမ်းဆိုတော့ အများကြီးမစုနိုင်ဘူး (၃ပုံ ၁ပုံလောက်ပေ့ါ) တစ်လ နှစ်ယောက်ပေါင်း ၁သိန်း စုကြမယ်ဆိုပြီး ဘဏ်စာအုပ်လေးလုပ်လိုက်ကြတယ် Bank account ကိုလဲ ၂ယောက်နာမည်နဲ့ #KBZ_Call_Deposits_account လုပ်ထားလိုက်တယ် အဆင်ပြေတဲ့လူ သွားလို့ရအောင်ပေါ့
အဲ့လိုနဲ့ စု လာလိုက်တာ ဘဏ်စာအုပ်လေး ၂နှစ်နဲ့ ၄လ ပြည့် ( ရည်းစား သက်တမ်း ၄နှစ်နဲ့ ၄လ)မှာ သိန်း ၃၀ လောက် စုမိသွားတယ်။ ဘဏ်စာအုပ်လေးခနခနထုတ်ထုတ်ကြည့်ပြီး ပီတိတေဖြာတဲ့ အရသာကလေ ဘယ်လိုပြောရမလဲ
(တအားမများပေမယ့် မိန်းကလေးမို့လားတော့မသိစာအုပ်ထဲက ဂဏန်းခုနှစ်လုံးကို ကြည့်နေရတာနဲ့ကို အရမ်း စိတ်ချမ်းတေ သာနေပါပြီနော် )
ချစ်သက်တမ်းတွေတိုးလာတာလည်း သက်သေတစ်ခုပဲပေ့ါနော် (ရန်ဖြစ်တိုင်း ပြတ်ရင် ဘဏ်စာအုပ် ငါမယူဘူး နင်ယူလိုက်ဆိြုပီး တယောက်တလှည့်ပြော ရန်တေသတ်တာပြီးရင် တကယ်လည်းမပြတ်နိုင်ကြတော့ ပျော်စရာကြီး ဟီးဟီး)
အဲ့တော့အကြံပေးချင်တာကလက်ထပ်ဖို့ရည်ရွယ်ထားရင်ချစ်သူနှစ်ယောက်ပေါင်းပြီး ငွေစုကြည့်ပါ တစ်နေ့တစ်နေ့ တစ်လတစ်လ ကနေ ရက်ပေါင်းများသွားရင် စုငွေတွေ တိုးလာမှာ အမှန်ပါပဲ💞စစုတုန်းကတော့မဖြစ်စလောက်ပေမယ့် ခုလိုနှစ်နဲ့ချီလာတော့
ချစ်သူ၂ယောက်သား ဖြစ်ချင်တာလေးတစ်ခုခုလုပ်လို့ရတာပေ့ါ
Credit:Htet Wai Si Myint
(၄) ကြက်သီးထလာရင်
(၅) ကြို့ထိုးရင်
Credit- Auntymay
Unicode
သင့် Crush က သင့်အကြောင်း တွေးနေတယ်ဆိုတာကို ဒီလိုနည်းများနဲ့ သိရှိနိုင်……
တစ်ယောက်ယောက်ကို ချစ်မိလို့ တစ်ချိန်လုံးသူ့အကြောင်းပဲ တွေးနေမိတယ်ဆိုတဲ့အဖြစ်က သိပ်ကိုရိုမန့်တစ်ဆန်လွန်းပါတယ်။ ဒါပေမယ့် ကိုယ့်ဘက်ကပဲ သူ့အကြောင်းတွေ တွေးနေပြီး သူ့ဘက်ကတော့ ဘာမှတုံ့ပြန်မှုမရှိတဲ့အခါမှာတော့ ခံစားချက်တွေက အချစ်ကနေ အမုန်းကိုတောင် ပြောင်းသွားနိုင်ပါတယ်နော်။ ဒီတော့ ကိုယ့်အတွေးထဲမှာ အမြဲနေရာယူထားတဲ့သူလေးကရော ကိုယ့်ကို သတိရနေလားဆိုတာ ပြေးကြည့်စရာမလိုဘဲ သိနိုင်မယ့် နိမိတ်ပုံလေးတွေကတော့ ဒီလိုပါ။
(၁) ခံစားချက်ရုတ်တရက်ပြောင်းသွားရင်
ကိုယ်ကပျော်ရွှင်စရာတွေကြုံနေလို့ ရယ်မောနေရာက ရုတ်တရက်ဝမ်းနည်းသွားတာမျိုး ဖြစ်တယ်ဆိုရင် သူက သင့်ကိုမတွေ့ရတဲ့အချိန် သတိရပြီး ဝမ်းနည်းမိတာကြောင့် သင်ပါလိုက်ပြီး အဲ့လိုဖြစ်သွားရတာပါတဲ့။ တခါတလေ အထီးကျန်ပြီး စိတ်ဓာတ်တွေ ကျနေပေမယ့် ရုတ်တရက်နွေးထွေးတဲ့ ခံစားချက်မျိုးဖြစ်သွားတယ်ဆိုရင်လည်း သူက ချစ်တဲ့စိတ်တွေနဲ့သင့်အကြောင်းတွေးမိလို့ပါတဲ့။
(၂) မျက်လုံးတစ်ဖက်က ယားလာရင်
မိန်းကလေးတွေမှာ ဘယ်ဘက်မျက်လုံးက ယားလာရင် သူချစ်ရတဲ့သူက လွမ်းနေတာဖြစ်ပြီး၊ ညာဘက်မျက်လုံးကယားလာရင်တော့ သူ့ဘက်က မိန်းကလေးအကြောင်း တွေးပြီးပျော်နေလို့ပါတဲ့။ ယောကျာ်းလေးတွေကတော့ အဲ့ဒါနဲ့ပြောင်းပြန်ပါ။ မျက်လုံးအလာ့ဂျစ်ဖြစ်လို့ ယားတာကို ပြောတာမဟုတ်ဘူးနော်။ ခဏတဖြုတ်ယားပြီး ပျောက်သွားတာမျိုးကို ပြောတာပါတဲ့။
(၃) ပါးပြင် ဒါမှမဟုတ် နားရွက်က ပူလာရင်
ပါးပြင် ဒါမှမဟုတ် နားရွက်တွေ ပူလာရင်တော့ သူက သင့်အကြောင်း တွေးရုံမက တစ်ယောက်ယောက်ကို သင့်အကြောင်းပြောပြနေလို့ပါတဲ့။
(၄) ကြက်သီးထလာရင်
သင်က ရုတ်တရက် သူ့အကြောင်း တွေးမိလိုက်တဲ့အချိန်မှာ ကြက်သီးထလာတယ်ဆိုရင် သူကလည်းသင့်အကြောင်းတွေးနေတဲ့အချိန်နဲ့တိုက်ဆိုင်သွားလို့ပါတဲ့။
(၅) ကြို့ထိုးရင်
ကြို့ထိုးတာကတော့ သူက သင့်ကိုအကောင်းနဲ့ သတိရနေတာတော့မဟုတ်ပါဘူး။ သင့်အပေါ်မှာ မကျေနပ်တာတစ်ခုခုကို နက်နက်နဲနဲကို တွေးမိနေလို့ပါ။
(၆) သူ့အကြောင်း အိပ်မက်မက်ရင်
သင့်အနေနဲ့ လူတစ်ယောက်အကြောင်း ရှင်းရှင်းလင်းလင်း အိပ်မက်မက်တယ်ဆိုတာ သူက သင့်အကြောင်း အချိန်တော်တော်များမာျးတွေးနေလို့ပါ။ သင်လည်း သူ့အကြောင်း အများကြီးတွေးတယ်ဆိုရင် သူက သင့်ကို အိပ်မက်မက်နေမှာပါတဲ့။
Credit- Auntymay