ကော်ဖီတွေ အများကြီးသောက်မိလို့ အဖြစ်ဆိုးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ တရုတ်အမျိုးသမီး

ဒီတစ်ခါမှာတော့ ကော်ဖီကို အရမ်းကြိုက်တဲ့ သူတွေ အတွက် သတိထားဆင်ခြင်စရာ သတင်းလေးတစ်ပုဒ်ကို ဖော်ပြ ပေးချင်ပါတယ်။ ဒီအဖြစ်အပျက်လေးကတော့ တရုတ်နိုင်ငံ အရှေ့ပိုင်းမှာဖြစ်ခဲ့တာပါ။ ကော်ဖီ ဆိုတာက လူတွေအတွက်ကောင်းကျိုးတွေလည်း ပေးနိုင်သလို အရမ်းတွေ အလွန်အကျွံသောက်သုံးရင်တော့ ဆိုးကျိုးတွေ အများကြီးလည်း ဖြစ်ပေါ်တတ်ပါတယ်။ တရုတ်အမျိုးသမီးတစ်ယောက်ကတော့ ကော်ဖီတွေ အများကြီး သောက်မိလို့ အဖြစ်ဆိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။


အသက်(၃၀)အရွယ် အမျိုးသမီးဟာ တစ်နေ့ကို ကော်ဖီ (၁၀)ခွက်လောက် သောက်လေ့ရှိပါတယ်။ ဒီလိုနဲ့ ဆက်တိုက် စွဲ သောက် လာတာ (၇)နှစ်လောက် အကြာမှာတော့ သူမရဲ့ အရိုးတွေမှာ စပြီး ပြဿနာပေါ် ခဲ့ရပါတယ်။ အရိုးတွေဟာ သူမရဲ့ ရှိရင်းစွဲ အသက်ထက် ပိုပြီး နှစ်ဆ ပိုကြီးနေပါတယ်။ အရိုးတွေက အသက်(၆၀) အရွယ် မိန်းမ တစ်ယောက် မှာရှိတဲ့ အရိုးတွေလို အိုမင်းဆွေးမြေ့၊အရိုးတွေပွပြီး ပျက်စီးကုန်တာပါ။

“Han Xiao” အမည်ရတဲ့ ၎င်းအမျိုးသမီးဟာ Hubei ပြည်နယ်၊ Wuhan က ရုံးဝန်ထမ်းတစ်ယောက်ပါ။ သူမဟာ သီတင်းပတ်အတော်ကြာတဲ့ အထိ ဖျားနေ၊ ချောင်းဆိုးတဲ့ ဝေဒနာကို ဆက်တိုက်ခံစားခဲ့ရပါတယ်။ တစ်ညမှာတော့ Han က အရမ်းတွေ ချောင်းဆိုးလာတော့ ရင်ဘတ် အရမ်းနာလာပြီး မခံနိုင်တော့ဘဲ နောက်နေ့မနက် မှာ ဆေးရုံကို သွားပြခဲ့ပါတယ်။ Wuhan ဆေးရုံမှာ ဆေးစစ်မှုတွေ ခံယူပြီးနောက်မှာတော့ တုန်လှုပ်စရာကောင်းတဲ့ သူမရဲ့ ရောဂါဆိုးကြီးအကြောင်းကို သိခဲ့ရပါတယ်။ X-ray ရိုက်တဲ့ အခါမှာ Han ရဲ့ ရင်ဘတ်မှာ ခံစား နေရတဲ့ နာကျင်မှု ဝေဒနာ အကြောင်းအရင်းကို ရှာတွေ့ခဲ့ပါတယ်။


(၇)နှစ်လုံးလုံး တစ်နေ့ ကော်ဖီ (၁၀)ခွက်လောက် သောက်ခဲ့တဲ့ သူမရဲ့ အရိုးတွေကို စစ်ဆေးတဲ့ အခါမှာတော့ အရိုးတွေဟာ အသက် (၆၀) အရွယ် လူတစ်ယောက်ရဲ့ အရိုးတွေလို ကျွတ်ဆတ်ပြီး ပွနေတာကို တွေ့ခဲ့ပါတယ်။ Osteoporosis ဆိုတဲ့ အရိုးတွေ အားနည်းလာတဲ့ ရောဂါကို ခံစားနေခဲ့ရတာကိုတွေ့ခဲ့ပါတယ်။ Dr. Chen Baojun ကပြောရာမှာတော့ Osteoporosis ကို လူငယ်တွေခံစားရတဲ့ အကြောင်းအရင်းတွေကတော့ လေ့ကျင့်ခန်းမလုပ်တာ၊ ဆေးလိပ်သောက်တာ၊ အယ်လ်ကိုဟော၊ carbonated အချိုရည်တွေ သောက်တာ၊ ကော်ဖီတွေ အရမ်းသောက်တာ ..အစရှိတဲ့ အကြောင်းအရင်းတွေကြောင့်လို့ သိရပါတယ်။

လက်ရှိကမ္ဘာ့အလှဆုံးကလေးအဖြစ် မှတ်တမ်းတင်ခံလိုက်ရတဲ့ နိုင်ဂျီးရီးယားကလေးမလေး Jare……
ကော်ဖီအရမ်းကြိုက်တတ်သူတွေလည်း အထက်ပါဖြစ်ရပ်ကလို ဘေးထွက်ဆိုးကျိုးတွေ မကြုံရအောင် သတိပြုဆင်ခြင်နိုင်ကြစေဖို့ ဖော်ပြပေးလိုက်ရပါတယ်။

Credit to AntyMay

0 Comments

Leave a Reply

XHTML: You can use these tags: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>