ပိုင္ရွင္မဲ့ေခြးငယ္ေလးတစ္ေကာင္ကို သားသမီးရင္းပမာ ေမြးျမဴေစာင့္ေရွာက္ထားတဲ့ ျကင္နာတတ္ေသာ ေမ်ာက္ေမေမ (ရုပ္သံ ျကည့္ရန္)

Loading...

Zawgyi

အိႏိၵယႏိုင္ငံ ရိုဒ္ျမိဳ႕ကလူေတြၾကားမွာေတာ့ ပိုင္ရွင္မဲ့ေခြးငယ္တစ္ေကာင္ကို ေမြးစားထားတဲ့ေမ်ာက္တစ္ေကာင္ရဲ႕အေၾကာင္းက ပ်ံ႔ႏံွ႔လို႔ေနပါတယ္။စေတြ႔ၾကစဥ္တုန္းက အံ့အားသင့္ေနခဲ့ၾကေပမဲ့ အခုေတာ့ ဒီတိရိစၦာန္ႏွစ္ေကာင္ရဲ႕ၾကားက ထူးျခားတဲ့ေမတၱာတရားကို ျမိဳ႕ခံလူေတြက သေဘာေပါက္လာၾကပါျပီ။ ေမ်ာက္က ေခြးငယ္ေလးကို သူ႔ရဲ႕သားသမီးရင္းခ်ာလို ရင္အုပ္မကြာ အျမဲေစာင့္ေရွာက္ေပးေနတာျဖစ္ပါတယ္။

Loading...

သူတို႔ႏွစ္ေကာင္ ဘယ္လိုဆံုဆည္းခဲ့ၾကတယ္ဆိုတာကို ေရေရရာရာမသိရေပမဲ့ လမ္းေပၚမွာပဲေမြးဖြားခဲ့ပံုရတဲ့ ေခြးေလးက အခုဆိုရင္ ေကၽြးေမြးေစာင့္ေရွာက္သူရသြားျပီလို႔ ဆိုရမွာပါ။ ေမ်ာက္ဟာ ေခြးငယ္ေလးကို သူ႔မ်က္စိေအာက္ကေန ခဏေတာင္အေပ်ာက္မခံဘဲ တျခားေခြးၾကီးေတြရဲ႕အႏၱရာယ္ကေနလည္း ကာကြယ္ေပးထားပါတယ္။သတိထားမိလာတဲ့လူတခ်ိဳ႕က သူတို႔အတြက္ အစာလာခ်ေကၽြးတတ္ၾကျပီး ဒီအခါမွာ ေမ်ာက္က ေခြးငယ္ေလးကိုပဲ ဦးစားေပးစားေစတာကို ေတြ႔ၾကရပါတယ္။

“သူတို႔ရဲ႕ အျပန္အလွန္တြယ္တာမွုက ေပါင္းသင္းဆက္ဆံေရးနဲ႔ ပတ္သက္ျပီး တန္ဖိုးရိွတဲ့နမူနာေကာင္းတစ္ခုကို ျပသေနပါတယ္” လို႔ Zee News က ေဖာ္ျပခဲ့ပါတယ္။ ေစာင့္ေရွာက္သူမဲ့ ေခြးငယ္ေလးကို မိဘလိုတာဝန္ယူေစာင့္ေရွာက္ေပးလိုတဲ့ေမ်ာက္အတြက္ေတာ့ မ်ိဳးႏြယ္ကြဲျပားျခားနားျခင္းက အတားအဆီးျဖစ္မေနခဲ့ပါဘူး။ဒီအျဖစ္ေၾကာင့္ ေမတၱာ၊ ကရုဏာနဲ႔ စာနာရိုင္းပင္းလိုမွုေတြအတြက္ ဘယ္လိုကန္႔သတ္တားဆီးမွုမွ ရိွမေနဘူးဆိုတာကိုလည္း ကၽြန္ေတာ္တို႔ အထင္အရွားျမင္ေတြ႔ႏိုင္ပါတယ္။

crd – myanmarpeoplealliance

(ရုပ္သံ ျကည့္ရန္)

Unicode

အိန္ဒိယနိုင်ငံ ရိုဒ်မြို့ကလူတွေကြားမှာတော့ ပိုင်ရှင်မဲ့ခွေးငယ်တစ်ကောင်ကို မွေးစားထားတဲ့မျောက်တစ်ကောင်ရဲ့အကြောင်းက ပျံ့နှံ့လို့နေပါတယ်။စတွေ့ကြစဉ်တုန်းက အံ့အားသင့်နေခဲ့ကြပေမဲ့ အခုတော့ ဒီတိရိစ္ဆာန်နှစ်ကောင်ရဲ့ကြားက ထူးခြားတဲ့မေတ္တာတရားကို မြို့ခံလူတွေက သဘောပေါက်လာကြပါပြီ။ မျောက်က ခွေးငယ်လေးကို သူ့ရဲ့သားသမီးရင်းချာလို ရင်အုပ်မကွာ အမြဲစောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။

သူတို့နှစ်ကောင် ဘယ်လိုဆုံဆည်းခဲ့ကြတယ်ဆိုတာကို ရေရေရာရာမသိရပေမဲ့ လမ်းပေါ်မှာပဲမွေးဖွားခဲ့ပုံရတဲ့ ခွေးလေးက အခုဆိုရင် ကျွေးမွေးစောင့်ရှောက်သူရသွားပြီလို့ ဆိုရမှာပါ။ မျောက်ဟာ ခွေးငယ်လေးကို သူ့မျက်စိအောက်ကနေ ခဏတောင်အပျောက်မခံဘဲ တခြားခွေးကြီးတွေရဲ့အန္တရာယ်ကနေလည်း ကာကွယ်ပေးထားပါတယ်။သတိထားမိလာတဲ့လူတချို့က သူတို့အတွက် အစာလာချကျွေးတတ်ကြပြီး ဒီအခါမှာ မျောက်က ခွေးငယ်လေးကိုပဲ ဦးစားပေးစားစေတာကို တွေ့ကြရပါတယ်။

“သူတို့ရဲ့ အပြန်အလှန်တွယ်တာမှုက ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်ပြီး တန်ဖိုးရှိတဲ့နမူနာကောင်းတစ်ခုကို ပြသနေပါတယ်” လို့ Zee News က ဖော်ပြခဲ့ပါတယ်။ စောင့်ရှောက်သူမဲ့ ခွေးငယ်လေးကို မိဘလိုတာဝန်ယူစောင့်ရှောက်ပေးလိုတဲ့မျောက်အတွက်တော့ မျိုးနွယ်ကွဲပြားခြားနားခြင်းက အတားအဆီးဖြစ်မနေခဲ့ပါဘူး။ဒီအဖြစ်ကြောင့် မေတ္တာ၊ ကရုဏာနဲ့ စာနာရိုင်းပင်းလိုမှုတွေအတွက် ဘယ်လိုကန့်သတ်တားဆီးမှုမှ ရှိမနေဘူးဆိုတာကိုလည်း ကျွန်တော်တို့ အထင်အရှားမြင်တွေ့နိုင်ပါတယ်။

crd – myanmarpeoplealliance

0 Comments

Leave a Reply

XHTML: You can use these tags: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>