အကယ်ဒမီဂယက်တွေကြားက ဇဏ်ခီနဲ့ သက်မွန်မြင့်တို့ရဲ့ချစ်စရာ စကားဆွေးနွေးခန်းလေး

Loading...

(၂၀၁၈) ခုနှစ်ရဲ့ အကယ်ဒမီထူးချွန်ဆုပေးပွဲကတော့ ပရိသတ်တွေရဲ့ ဆန္ဒနဲ့ အနည်းငယ် လွဲချော်ခဲ့တယ်လို့လဲ ပြောနိုင်ပါတယ်။ ပရိသတ်တွေက သူတို့မျှော်မှန်းထားတဲ့ အနုပညာရှင်တွေ အကယ်ဒမီ စံကာတင်စာရင်းထဲမှာ ပါဝင်ပြီးခါမှ လွဲချော်ခဲ့ရလို့ တော်တော်လေး စိတ်မကောင်းဖြစ်နေရရှာတာပါ။ ပရိသတ်အချစ်တော် ဇာဏ်ခီနဲ့ ခရစ်စတီးနားခီတို့ ဇနီးမောင်နှံကလဲ ဒီနှစ်မှာတော့ ကံမကောင်းစွာနဲ့ပဲ အကယ်ဒမီဆုနဲ့ ဝေးကွာခဲ့ရပါတယ်။

Loading...

ဇာဏ်ခီနဲ့ ခရစ်စတီးနားခီတို့ ရိုက်ကူးထားတဲ့ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ “မုဒြာခေါ်သံ” ရုပ်ရှင်ဇာတ်ကားကြီးမှာ အကယ်ဒမီ တစ်ဆုဆုတော့ ရလိမ့်မယ်လို့ မျှော်လင့်ထားကြကာမှ တစ်ဆုမှ မရရှိတာ ပရိသတ်ကြီး အတွေ့ပဲဖြစ်ပါတယ်။

အကယ်ဒမီပွဲကြီးပြီးတဲ့နောက် ဇဏ်ခီ၊ ခရစ်စတီးနားခီတို့ အဖွဲ့သားတွေက ညစာသွားစားခဲ့ပါတယ်။ ဇာဏ်ခီက ညစာစားနေတဲ့ပုံလေးကို သူ့ရဲ့ ဖေ့စ်ဘုတ်မှာ တင်ထားတာကို သက်မွန်မြင့်က စိတ်မကောင်းစွာနဲ့ “ကျွန်မကိုဖိတ်သင့်တယ်” ဆိုပြီး ကောမန့်ရေးခဲ့ပါတယ်။

သက်မွန်မြင့်ရဲ့ စကားကို မြင်မြင်ချင်းမှာပဲ ဇာဏ်ခီက “မလာပါနဲ့ချစ်သက်.. ကိုယ်မင်းအတွက်ပြောတာပါ အယ့်လယ့်” ဆိုပြီး စစနောက်နောက်နဲ့ ပြန်ပြောထားတာကို တွေ့ရပါတယ်။ ဇာဏ်ခီက အနုပညာလောကမှာ လူသိများပြီး နေရာတစ်နေရာ အခိုင်အမာ ရရှိထားပြီးဖြစ်တဲ့ သက်မွန်မြင့်အတွက် စဉ်းစားပြီး သူတို့ရဲ့ပွဲလေးကို မဖိတ်ခဲ့မှန်း သိသာထင်ရှားပါတယ်။

ပရိသတ်တွေကြားမှာတော့ ခီမောင်နှံ အကယ်ဒမီဆုကြီးနဲ့ လွဲချော်ခဲ့ရလို့ ဂရုဏာဒေါသတွေ ဖြစ်နေကြပေမယ့် ဇာဏ်ခီနဲ့ ခရစ်စတီးနားခီတို့ကတော့ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ပါပဲ။ ခီမောင်နှံရဲ့ စစ်မှန်တဲ့ အနုပညာ အရည်အသွေးတွေကတော့ ပရိသတ်ရင်ထဲမှာ ထာဝရအကယ်ဒမီ ပေးပြီးသားပါပဲ။ ဒီနှစ်တော့ အကယ်ဒမီဆုတွေနဲ့ ဝေးကွာခဲ့ရပေမယ့်လဲ နောက်နှစ်တွေမှာ အကယ်ဒမီဆုကြီးကို ခီမောင်နှံနှစ်ယောက် လက်ဝယ်ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit-Momolay

0 Comments

Leave a Reply

XHTML: You can use these tags: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>