မိုးယုစံရဲ့သားလေးကို ဝိုင်းကူထိန်းပေးနေတဲ့ နေတိုးနဲ့ထွန်းထွန်း

Loading...

ပရိသတ်ကြီးရေ မင်းသမီးချောလေးမိုးယုစံရဲ့ မိသားစုလေားဟာဆိုရင် သာယာချမ်းမြေ့မှုတွေနဲ့ ပြည့်နှက်နေတဲ့ မိသားစုလေးပဲဖြစ်ပါတယ်။ချစ်ခင်ပွန်းရဲ့ အလိုလိုက်မှုတွေနဲ့ ဖေးမကူညီမှုတွေက မိုးယုစံအတွက်ကတော့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်တဲ့အပြင် သားလေးအပေါ်ကိုလည်း သေချာဂရုစိုက်စောင့်ရှောက်တာဖြစ်လို့ ဖခင်ကောင်းတစ်ဦးလည်းဖြစ်ပါတယ်။မိုးယုစံက အိမ်ထောင်ကျပြီးနောက်ပိုင်မှာတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်သာ လုပ်ဆောင်ခဲ့ပါတယ်။

Loading...


မိုးယုစံရဲ့သားလေးနာမည်ကို ကောင်းသိင်္ခမိုးသူ ဆိုပြီး မိဘနှစ်ပါးရဲ့နာမည်လေးတွေပါအောင်ပေးထားပါတယ်။သားလေးကလည်း ဖေဖေနဲ့မေမေရဲ့ အချောအလှတွေ စုနေတာဖြစ်လို့ ကြီးလာရင် ခန့်ပြီးချောမယ့်ကလေးလေးပါနော်။မိုးယုရဲ့သားလေးက တီတီတာတာ စကားလေးတွေကို ဆိုတတ်နေပြီး ချစ်စရာကောင်းတဲ့ ကလေးလေးဖြစ်လို့ လူချစ်လူခင်ကတော့ ပေါပါတယ်နော်။


မိုးယုတို့မိသားစုက အခုဆိုရင် မြန်မာ့နှစ်ကူးအတာသင်္ကြန်ရေသဘင်ပွဲတော်ကို အများနည်းတူ ပါဝင်ဆင်နွှဲနေတာကို ပရိသတ်ကြီးလည်းတွေ့မြင်ကြရမှာပါ။မိုးယုက သားသားလေးကို ခေါ်ပြီး အပြင်ထွက်လည်တာဖြစ်လို့ သားလေးကလည်း အထူးအဆန်းမြင်ကွင်းလေးတွေကို အံ့သြလို့နေပါတယ်။အခုဆိုရင်လည်း ကောင်းသိင်္ခမိုးသူလေးကို ဦဦးနေတိုးနဲ့ဦးဦးထွန်းထွန်းတို့က ချီပိုးပြီး မိုးယုအစား ဝိုင်းကူထိန်းပေးနေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေလိုက်ပါရစေနော်။


Source:Moe Yu San

Credit to Myanmarload

0 Comments

Leave a Reply

XHTML: You can use these tags: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>