ယောကျာင်္းလေးတိုင်း စိတ်ဝင်စားသွားမယ့် ဆံပင်ညှပ်ဆိုင်

Loading...

ဇီးကွက်ပရိသတ်တွေထဲက အထူးသဖြင့် ယောင်္ကျားလေးတွေထဲမှာ ဒီတစ်ပတ်အတွင်း ဆံပင်ညှပ်ဖို့ရှိပါသလား။ ရှိတယ်ဆိုရင် သင်တို့လုံးဝကြိုက်သွားမယ့် ဆံပင်ညှပ်ဆိုင်လေးတစ်ဆိုင်ကို လမ်းညွှန်ပေးချင်ပါတယ်။ ဒီဆိုင်မှာ ဆံပင်တစ်ခါညှပ်ပြီးရင်တော့ သင်အနေနဲ့ ဒီဆိုင်မှဒီဆိုင်ပဲ ဖြစ်သွားနိုင်ပါတယ်။ ဒီဆံပင်ညှပ်ဆိုင်ကတော့ ဒီနေရာနဲ့ နည်းနည်းအလှမ်းဝေးပါတယ်။ ကာဇာတ်စတန်နိုင်ငံ အော့စကီမန်မြို့မှာရှိတဲ့ Old Boy အမည်ရ ဆံပင်ညှပ်ဆိုင်လေးဖြစ်ပါတယ်။

Loading...

ဘာဖြစ်လို့ ဒီဆိုင်ကိုညွှန်းပေးချင်ရတာလဲဆိုတော့ ဒီဆိုင်မှာရှိတဲ့ ဆံပင်ညှပ်သမလေးတွေကြောင့်ဖြစ်ပါတယ်။ ခန္ဓာကိုယ်တစ်ဝက်လောက်ကို ဗလာကျင်းထားတဲ့ Half Naked ဆံပင်ညှပ်သမလေးနှစ်ယောက်ကြောင့် Old Boy ဆံပင်ညှပ်ဆိုင်ဟာ သူတို့ဒေသတွင်းမှာသာမကပဲ အင်တာနက်စာမျက်နှာများအထိပါ ပျံနှံသွားခဲ့တာဖြစ်ပါတယ်။ Old Boy က ဆံပင်ညှပ်သမလေးတွေဟာ အတွင်းခံကို အပေါ် သို့မဟုတ် အောက်သာဝတ်ဆင်ပြီး ဖောက်သည်တွေကို ဆံပင်ညှပ်ပေးနေတာပဲဖြစ်ပါတယ်။

ဒါပေမယ့် ဒီလို Half Naked ဆံပင်ညှပ်သမလေးတွေဟာ တကယ့်ဆံပင်တဲ့သူတွေမဟုတ်ပဲ ဆံပင်ညှပ်ဆိုင်ကို ပိုမိုနာမည်ကြီးသွားစေဖို့အတွက် ကြော်ငြာပေးရုံသက်သက်သာဖြစ်ပါတယ်။ ဒီမိန်းကလေးနှစ်ယောက်ဟာ ဒေသတွင်းက အဖော်အချွတ် မော်ဒယ်နှစ်ယောက်ဖြစ်ပြီး Old Boy ဆိုင်ကို ဖောက်သည်တွေ ပိုမိုစိတ်ဝင်စားမှုရှိလာအောင် ကြော်ငြာခဲ့တာဖြစ်တာလို့ သိရပါတယ်ခင်ဗျာ။

Credit to Popolay

0 Comments

Leave a Reply

XHTML: You can use these tags: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>