အသက်(၃၀)လောက်ငယ်တဲ့ ချစ်သူလေးနဲ့ လက်ထပ်တော့မယ့် Johnny Depp

Loading...

Johnny Depp ကတော့ နောက်ထပ် အိမ်ထောင်ပြုဖို့ စဉ်းစားနေပါပြီ။လက်ရှိမှာ သူနဲ့ တွဲ နေတဲ့ ချစ်သူသစ် ရုရှား Dancer မလေးနဲ့ လက်ထပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။Johnny Depp ကတော့ အသက်(၅၅)နှစ်ဖြစ်ပြီး သူ့ရဲ့ ချစ်သူသစ်လေးကတော့ အသက်(၂၀)လောက်ပဲရှိတာမို့ အသက်ခြင်းကတော့ (၃၀)လောက် ကွာပါတယ်။ ချစ်သူ ကောင်မလေးရဲ့ နာမည်ကတော့ Polina Glen ဖြစ်ပြီး မနှစ်တုန်းက LA မှာ လုပ်တဲ့ ပါတီ ပွဲတစ်ခုမှာ Johnny Depp နဲ့ ဆုံတွေ့ခဲ့တာပါ။Polina Glen ဟာလေ့အိန်ဂျလိစ်မှာရှိတဲ့သူ့ ရဲ့ အိမ်ကို ပြောင်းရွှေ့ပြီး သူ့ ရဲ့ Tour နဲ့ ရိုက်ကွင်းတွေမှာ အတူလိုက်ပါနေပြီလို့ Johnny Depp က ပြောပါတယ်။

Loading...

Polina Glen ကတော့ အကသမားဖြစ်ပြီး ကကွက်စီစဉ်ပေးသူတစ်ယောက်လို့ လည်း သိရပါတယ်။သူမဟာ မနှစ်က အစောပိုင်းလောက်မှာ Depp နဲ့ အတူတွဲပြီး ဓါတ်ပုံရိုက်ခဲ့ပါတယ်။Depp တစ်ယောက် သူ့ရဲ့ Band hollywood Vampires နဲ့ Tour၊ရိုက်ကွင်းနေရာတွေဖြစ်တဲ့ Serbia နဲ့ မော်ရိုကိုတို့မှာလည်း Polina Glen ကို တွေ့ခဲ့မြင်ခဲ့ရ ပါ တယ်။Depp ကတော့ အသက်(၃၀)လောက်ငယ်တဲ့ ဒီမိန်းကလေးနဲ့မှ အရူးအမူးတွေ ဖြစ်နေပြီး လက်တလော မှာေ တာ့ Depp ရဲ့ အိမ်ကြီးမှာ အတူနေနေကြပါပြီ။မကြာခင်မှာ လက်ထပ်တော့မယ်လို့ သိရပါတယ်။ Polina ကတော့ သူတို့နှစ်ယောက်ဟာ လက်ထပ်တော့မှာဖြစ်ကြောင်းနဲ့ Depp ကလည်း သူမရဲ့ မိဘတွေနဲ့ တွေ့ဖို့ ရုရှားကို လာချင်နေတယ်လို့ ပြောပါတယ်။


သတင်း Source တစ်ခုက ဖော်ပြချက်အရတော့ LA ပါတီပွဲက သူတို့ရဲ့ ဖူးစာစတင်ရာနေရာဖြစ်ပြီး ပါတီပွဲမှာ Polina တစ်ေ ယာက်ပျော်ပါးနေတုန်း Depp က သူမ ဆီကို လာပြီး မိတ်ဆက်ခဲ့တာပါ။လာပြီး စမိတ်ဆက်တုန်းက မင်းသားတစ်ယောက်ဆိုတာကို ဘယ်သူရယ်ဘယ်ဝါရယ်လို့ မသိခဲ့ပါဘူး။ကမ္ဘာကျော်မင်းသား Johnny Depp မှန်း သိလိုက်ရချိန်မှာတော့ အရမ်းကို ပျော်သွားခဲ့ပါတယ်။Depp ဟာ Amber Heard နဲ့ (၂၀၁၇)မှာ ကွာရှင်း ခဲ့ပါတယ်။ ဇနီးဟောင်းနဲ့ ကွာရှင်းပြီးနောက်မှာတော့ အသက်ငယ်တဲ့ Dancer မလေးနဲ့ တွေ့ခဲ့တာပါ။Depp က အိမ်တွင်း အကြမ်းဖက်မှုတွေရှိခဲ့တယ်၊သူမကို ရိုက်နှက်ခဲ့တယ်ဆိုပြီး Amber Heard ကတော့ အခိုင်အမာကို ပြောခဲ့ပါတယ်။

0 Comments

Leave a Reply

XHTML: You can use these tags: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>