
Loading...


Loading...



Source : Ngwe Hmone Yati
Credit to Celegabar

 


ယူနီကုဒ်ဖြင့်ဖတ်ရန်

မိခင်ဖြစ်သူရဲ့ နာမည်ကို ငွေလိုရတီလို့ မခေါ်ဖို့ ကြေညာလိုက်တဲ့ ငွေမှုံရတီ

ငွေမှုံရတီကတော့ ပရိသတ်တွေ အားလုံးသိပြီးသားဖြစ်တဲ့ နိုင်ငံကျော်မင်းသမီး တစ်ယောက်ဖြစ်တဲ့ ရွှေမှုံရတီရဲ့ တစ်ဦးတည်းသော ညီမလေးပါ ။ အမ ဖြစ်သူခြေရာကိုနင်းဖို့ အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့ပေမယ့် ပရိသတ်အားပေးမှုရနေစဉ်အတွင်းမှာပဲ ကျောင်းပညာရေးဘက်ကို ပြန်အားစိုက်ခဲ့တဲ့အတွက် အနုပညာခြေလှမ်းတွေ တော့ ကျဲသွားခဲ့ပါတယ် ။ ရွှေမှုံနဲ့ ငွေမှုံရဲ့ မိခင်ဖြစ်သူကတော့ ဖခင်မရှိတော့ပေမယ့် သမီး နှစ်ယောက်လုံးကို ရင်အုပ်မကွာ စောင့်ရှောက်ပေးနေတဲ့ မိခင်ကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ် ။ မကြာသေးမီကမှ ရွှေမှုံမင်္ဂလာပွဲကြောင့် စိတ်ဆိုးပြီး မခေါ်မပြောကြပေမယ့် အခုတော့ မိသားစုတွေ ပြန်လည်သင့်မြတ်သွားကြပါပြီ ။

လတ်တလောမှာတော့ ငွေမှုံရတီဟာ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာထက်က နေ “ ကဲတခုလောက်ပြောချင်ပါတယ်ကဲအမေရဲ့နာမည်က ဒေါ်မော်မော်ခိုင် ပါ ငွေလိုရတီ ဆိုတာခင်မင်ရင်းနှီးတဲ့သူတွေချစ်စနိုးနဲ့ခေါ်စနောက်ကျတဲ့နာမည်ဖြစ်တာကြောင့် media တွေမှာ နာမည် caption ရေးမယ်ဆိုရင်နာမည်အရင်းရေးပေးကျပါလို့တောင်းဆိုပါတယ် “ လို့ ရေးသားခဲ့ပါတယ် ။ မိတ်ဆွေအချင်းချင်း စနောက်ပြီးခေါ်တဲ့ နာမည်ကို တချို့သောမီဒီယာတွေက ဒေါ်ငွေလိုရတီလို့ ရေးသားနေကြတဲ့အတွက် အခုလို ပို့စ်တင်ပြီး ငွေမှုံက သတိပေးခဲ့တာပဲဖြစ်ပါတယ် ။

Source : Ngwe Hmone Yati
Molly @CeleGabar

0 Comments

Leave a Reply

XHTML: You can use these tags: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>