ဇနီးလေးရဲ့ မွေးနေ့ကို Surprise လုပ်ပေးပြီး ရိုမန်တစ်ဆန်ဆန် မွေးနေ့ဆုတောင်းပေးလိုက်တဲ့ရွှေထူး

Loading...

ပရိသတ်အချစ်တော် နိုင်ငံကျော် စုံတွဲလေးဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက အခုဆိုရင် အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေရပါတယ်။ ချစ်သူတွေ မဖြစ်ခင်ကတည်းက အနုပညာလုပ်ငန်းတွေကို အတူတူ လုပ်ကိုင်ခဲ့တဲ့ ရွှေနှစ်ရွှေက အခုဆိုရင် အနုပညာလုပ်ငန်းတွေကိုလဲ အတူတူ ပူးတွဲလုပ်ကိုင်လျက်ရှိပါတယ်။ ပရိသတ်တွေကလဲ ရွှေထူးနဲ့ ရွှေမှုံရတီတို့ကို တစ်ဦးချင်းဖြစ်စေ နှစ်ယောက်တွဲဖြစ်စေ အားပေးလက်ခံကြပါတယ်။

Loading...

ဒီကနေ့ မေလ(၁၆) ရက်နေ့ကတော့ ရွှေမှုံရတီရဲ့ မွေးနေ့လေးဖြစ်ပြီး ရွှေထူးကတော့ ထုံးစံအတိုင်း မိန်းမဖြစ်သူ ပျော်ရွှင်အောင် Surprise လုပ်ပေးခဲ့ပါတယ်။ ဒါ့အပြင် အရိုးရှင်းဆုံးနဲ့ Romantic အဆန်ဆုံး စကားလုံးတွေနဲ့ ရွှေမှုံလေးကို အခုလိုပဲ မွေးနေ့ဆုတောင်းစကားလေး ပြောထားပါသေးတယ်။

“ချစ်ရတဲ့ ဇနီးငယ်လေးရေ Happy Birthday … ပျော်စရာမွေးနေ့လေးဖြစ်ပါစေဗျာ … ယနေ့မှစပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ လူသားအားလုံးအပေါ် အလုပ်အကျွေးပြုနိုင်တဲ့ မိန်းမတစ်ယောက်ဖြစ်ပါစေ။ ရှည်ရှည်ဝေးဝေတွေအများကြီးမပြောတော့ပါဘူး။ မိန်းမကိုအရမ်းချစ်တယ် … ပါပါး အချစ်တွေနဲ့ပက်သက်လို့ လူတိုင်းရှေ့မှာ ငါ့မိန်းမရင်ကော့ ခေါင်းမော့ လက်မထောင်နိုင်အောင် တစ်သက်လုံးချစ်ပါရစေနော်။”


“ဘာတွေပဲကြုံလာကြုံလာ လက်ကိုမလွှတ်ပဲ ဘေးနားမှာအမြဲတမ်းရှိပြီး အတူတူရဲရင့်ပေးခဲ့လို့လဲကျေးဇူးအများကြီးတင်ပါတယ်။ တစ်ခုပဲတောင်းဆိုပါရစေ ကျန်းမာရေးလေးပဲကောင်းအောင်နေပေးပါ… အဲ့တာမိန်းမဆီက ပြန်အလိုချင်ဆုံးအရာမို့ပါ။ မိန်းမကိုအရမ်းချစ်တယ်…မိန်းမရဲ့ ရွှေကြီး ❤️” ဆိုပြီး မွေးနေ့ဆုတောင်းပေးထားပါတယ်။

ရွှေထူးရဲ့ ရွှေမှုံလေးကို ချစ်တဲ့အချစ်ကတော့ ဘယ်သူမှတောင် လိုက်မှီနိုင်မယ် မထင်ပါဘူးနော်။ ရွှေမှုံရတီကတော့ ခင်ပွန်းဖြစ်သူဆီက Surprise လုပ်တာခံရလို့ တော်တော်လေး ပျော်နေကြမယ့် ပုံပါပဲ။ ပရိသတ်ကြီးလဲ ချစ်ရတဲ့ ရွှေမှုံလေးအတွက် မွေးနေ့ဆုတောင်းစကားလေး ပြောပေးသွားကြပါဦးနော်။

Credit to momolay

0 Comments

Leave a Reply

XHTML: You can use these tags: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>