အောင်ဘာလေထီဖြင့် ပြည်သူများအား ဂျင်းထည့်ခြင်း

Loading...

Probability ဖြစ်နိုင်ချေ သဘောတရားဆိုတဲ့ သင်္ချာ သဘောတရားကို အလယ်တန်းကျောင်းသားဘဝ ကတည်းက လူတိုင်း ကိုယ်စီ သင်ခဲ့ရဖူးပါတယ်။ (6)မျက်နှာရှိတဲ့ အန်စာတုံးကို လှိမ့်လိုက်ရင် (1) ကနေ (6)အထိ ကဏန်းခြောက်လုံးစလုံးဟာ ကျနိုင်ခြေ အညီအမျှ ရှိပါတယ်။ (1) ဖြစ်နိုင်ချေ 16.67% ရှိသလို (2,3,4,5,6) ဖြစ်နိုင်ခြေကလည်း (16.67%) အသီးသီး အညီအမျှ ရှိပါတယ်။ ဒါကြောင့် ရပ်ကွက်ထဲမှာ တရားမဝင်ဘူးဆိုတဲ့ (2)လုံးထီမှာ (00) ကနေ (99) အထိ ကဏန်းလုံးရေစုစုပေါင်း (100)ပဲ ရှိတဲ့ အတွက် ကဏန်းတစ်လုံးထဲ ထီထိုးရင်တောင်မှ ထီပေါက်နိုင်ချေ (1%) ကြီးများတောင်မှ ရှိပါတယ်။ (4-5)လုံးထိုးထားရင် ထီပေါက်နိုင်ချေ (4-5)% ဖြစ်နေပြီး ထီပေါက်ဖို့ ဖြစ်နိုင်ချေ အင်မတန် များလာပါတယ်။

Loading...

ဟော (3)လုံးပါတဲ့ ချဲထီ ကျတော့ (000) ကနေ (999) အထိ ကဏန်းပေါင်း တစ်ထောင် ရှိလာတဲ့ အတွက် ကဏန်းတစ်လုံးကို ထီထိုးထားရင် ထီပေါက်နိုင်ချေ ရာခိုင်နှုန်းက Probability အရ (0.1)%ပဲ ရှိပါတော့တယ်။ ဆယ်လုံး ထိုးထားမှ (1)% ပေါက်နိုင်ချေပဲ ရှိတော့တာမို့ Probability အရ ထီပေါက်နိုင်ချေ နည်းလာပါတယ်။ သူများနိုင်ငံတွေက အောင်ဘာလေလို အစိုးရ ထီတွေမှာ ကဏန်း (6)လုံးပဲ ရှိတာမို့ (000,000) ကနေ(999,999)အထိ ဆိုရင် အလုံးရေ (1)သန်း၊ ထီ အစောင်ရေ တစ်သန်းပဲ ရှိပါတယ်။ ထီ တစ်စောင်ထိုးထားရင် တစ်သန်းမှာ တစ်စောင် ထီပေါက်မယ်.. …။ရာခိုင်နှုန်းအားဖြင့် သိပ်မဆိုးလှပါဘူး။


မြန်မာ့အောင်ဘာလေထီကျတော့ ပြည်သူတွေကိုစေတနာမထားလိုက်ပုံက ကဏန်း(6)လုံးရှေ့မှာ အက္ခရာ (44)လုံး ကို ထည့်လိုက်ပါသေးတယ်။ စုစုပေါင်း ထီ ကဏန်း (44)သန်း ထီစောင်ရေ (44)သန်း (44)သန်းမှာ တစ်စောင်ဆိုတော့။ ထီပေါက်ဖို့ (44)ဆ ပိုပြီး ခက်ခဲသွားပါပြီ။ ထွက်လာတဲ့ ထီပေါက်မဲက ရောင်းမကုန်တဲ့ လက်မှတ်ထဲကဖြစ်ဖြစ်နေလို့ ပြန်ပြန်နှိုက်နေရတာလည်း ပုံစံမကျ မမှန်ကန်ပြန်ပါဘူး။ထီထိုးချင်ရင်လည်း တစ်စောင်ထဲ ဘယ်တော့မှ မရဘူး။ (3)စောင်တွဲ၊ (5)စောင်တွဲ၊ (10)စောင်တွဲ၊ (44)စောင် မင်္ဂလာစုံတွဲဆိုပြီး ဂျင်းထည့်ခံရတယ်။ ပေါက်ဖို့ကံ ပါရင် ထီ တစ်စောင်ထဲကပဲ ပေါက်တာပါ။


သို့သော် ထီလက်မှတ်တွေ ဖောင်းပွပေါများလွန်းအောင် ထုတ်လုပ်ထားတော့ ထီတစ်စောင်ထဲ ထိုးဖို့ ဆိုတာ မြန်မာပြည်မှာ မလွယ်ကူပါဘူး။ (5)စောင်တွဲလား၊ (10)စောင်တွဲလား? ဘယ်နစောင်ထိုးထိုး သူများနိုင်ငံထက် ထီပေါက်ဖို့ (44)ဆ ပိုခက်နေတာပါပဲ။ သူများနိုင်ငံနဲ့ ထီပေါက်နိုင်ချေ ရာခိုင်နှုန်းတူချင်ရင် လစဉ် (44)စောင် ထိုးရင်တော့ တူနိုင်ပါတယ်။ မြန်မာပြည် လူဦးရေ (55)သန်းမှာ (61%)က မိခင်နှင့် ကလေးများလို့ ဆိုတယ်။။။ ဒီလိုဆိုရင် 33.35 သန်းဟာ မိခင်နဲ့ ကလေးတွေ။ (55- 33.35)= 21.65 သန်းဟာ ယောက်ကျားတွေပေါ့။ အိမ်ထောင်ဦးစီး နဲ့ အရွယ်ရောက်ပြီးသားပျိုအိုယောင်္ကျား 21.65 သန်းမှာ ထီအစောင်ရေက(44)သန်းပါ။ ဒါကြောင့် ထီလက်မှတ်တွေ လစဉ် ရောင်းမကုန် ပိုလျှံနေတာ။


ကျွန်တော်တို့လဲ တစ်စောင်ထဲ ထိုးမရပဲ အနည်းဆုံး (5)စောင်တွဲ (10)စောင်တွဲတွေ ထီသည် တွဲချင်သလို တွဲထားတာကို လိုက်ထိုးနေရတာ။ထီရောင်းရငွေကျပြန်တော့ ခေတ် အဆက်ဆက် တစ်ဝက်လောက်က အစိုးရ က ယူတယ်။ အခွန်ကောက်သလို (15%)(20%) လောက်ပဲအစိုးရက ယူပြီး (80%)ကို ဆုကြေးအဖြစ် ချီးမြှင့်သင့်ပါတယ်။အနည်းဆုံး ဆုကြေးကိုလည်း ကလေးကလား (5)သောင်းဆု (ဒေါ်လာ 30) တော့ မလုပ်သင့်ပါဘူး။ နီးစပ်ရာ ထီဆိုင်မှာ ရောင်းရင် လမ်းစရိတ် 5,000 ဖြတ်တော့ ထီပေါက်သူက ကလေးကလား ငွေ (45,000)ပဲ ရပါတယ်။ ကိုယ်တိုင် ဆုကြေးဌာန လာဖို့ဆိုရင် တက္ကစီခက (5000) မက နိုင်လို့ သာဆိုးပါမယ်။ အနိမ့်ဆုံး ဆုကြေးဟာ ခုခေတ်ငွေတန်ဖိုးအရ(5)သိန်းလောက် ဖြစ်ရမှာပါ။ ကိုယ့်အိတ်ထဲက ပိုက်ဆံ စိုက်ပေးရတာမဟုတ်ပဲခေတ်အဆက်ဆက် အောင်ဘာလေထီဌာန တာဝန်ရှိသူတွေဟာ ပြည်သူတွေကို ဂျင်းထည့်ခဲ့တယ်။ ချဲထီကို တရားမဝင်ဘူး ပြောပြီး ချဲထီထက် အမြတ်ကြီး စားတာက အောင်ဘာလေထီပါ။


ခေတ် အဆက်ဆက် စစ်အာဏာရှင် အစိုး ရးတွေမို့ အမြတ်ကြီး စားပြီး (60%) လောက်ပဲ ဆုကြေးပြန်ပေးခဲ့တာ…..အက္ခရာတွေ ထည့်ပြီး ထီပေါက်ဖို့ ပိုမိုခက်ခဲအောင်လုပ်တာ….တွေကို ပြုပြင်သင့်နေပါပြီ။ ထီ အစောင်ရေ (44)သန်းမှာ မှ လူလူသူသူဆုမဲသိန်းတစ်ထောင် နဲ့ အထက်ဟာ(12)ဆု မပြည့်တာတော့ တော်တော့်ကို ဆိုးပါတယ်။ ဆိုးသူကြီးများ ကြီးကြပ်တဲ့ အောင်ဘာလေထီပါပဲ။သူတပါးနိုင်ငံက ထီစနစ်တွေကို လေ့လာ အတုယူပြုပြင်ကြပါလို့ အောင်ဘာလေထီ က ဆိုးသူလူကြီးမင်းတို့ရေ”ဓာတ်ပုံများကို မူရင်းတင်သူအား လေးစားရည်ညွှန်းပါသည်။ ”

စာကြွင်း – ထီရောင်းကောင်းရင် ရောင်းကောင်းသလို အက္ခရာ (50)ကျော် အထိ ထပ်ပြီး ရိုက်ထုတ်ပါသေးတယ်။ အဲ့ဒီတော့ ထီပေါက်ဖို့ ရာခိုင်နှုန်းပိုနည်းလာတာပေါ့။ ထီ စောင်ရေသန်း (50) မှာ တစ်စောင်တို့ ဘာတို့ ဖြစ်ကုန်ရော။ ကိုယ့် အိပ်ထဲက ပိုက်ဆံ မပေးရပဲနဲ့ကို ပြည်သူအပေါ် ယုတ်မာကြတာ။ (မေ့နေတာ ထောက်ပြတဲ့ ကိုဝင်းနိုင်ဦးရေ ကျေးဇူးတင်ပါတယ် ခင်ဗျာ)

ခရက်ဒစ် ထွန်းမြတ်ချို

0 Comments

Leave a Reply

XHTML: You can use these tags: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>