အျပည္ျပည္ဆိုင္ရာ အဂၤလိပ္ စြမ္းရည္ အိုလံပစ္ ၿပိဳင္ပြဲ ျမန္မာႏိုင္ငံမွ သတၱမတန္းေက်ာင္းသူ ဒုတိယ ဆုရရိွ

Loading...

အျပည္ျပည္ဆိုင္ရာ အဂၤလိပ္ စြမ္းရည္ အိုလံပစ္ ၿပိဳင္ပြဲ ျမန္မာႏိုင္ငံမွ သတၱမတန္းေက်ာင္းသူ ဒုတိယ ဆုရရိွ

အီတလီႏိုင္ငံတြင္ က်င္းပသည့္အျပည္ျပည္ဆိုင္ရာ အဂၤလိပ္စာစြမ္းရည္ အိုလံပစ္ ၿပိဳင္ပြဲ (Hippo 7th international English Language Olympiad Competition) ၿပိဳင္ပြဲ တြင္ ျမန္မာႏိုင္ငံမွ သတၱမတန္းေက်ာင္းသူမဆုစနီၵေဆြမွ ဒုတိယ ဆုရရိွ ခဲ့ေၾကာင္းသိရသည္။

Loading...

”’သမီးအေနနဲ႔ ဒီၿပိဳင္ပြဲဝင္ဖို႔အတြက္ အမ်ားႀကီး ျပင္ဆင္ခဲ့ရပါတယ္ေနာက္ၿပီး ႏိုင္ငံေပါင္း ၃၅ ႏိုင္ငံ ကလူဦးေရ ၃၆၀၀၀ဝင္ေရာက္ ယွဥ္ၿပိဳင္ၾကတာဆိုေတာ့ အရမ္းႀကိဳးစား ရပါတယ္ ။ၿပိဳင္ပြဲမွာ ျမန္မာႏိုင္ငံ ကိုယ္စားျပဳ ၿပီး ဒုတိယဆုရခဲ့လို႔ အရမ္းေပ်ာ္ပါတယ္။

ဒါေပမယ့္ ဒုတိယဆု ရခဲ့လို႔ နည္းနည္း မခ်ငိ့မရဲ ျဖစ္မိတယ္ ၊ အေျပာစြမ္းရည္မွာ တစ္မွတ္ေလ်ာ့တာ ဘာေၾကာငိ့လဲေတာ့မသိဘူး၊ အသံက်ယ္က်ယ္ မေျပာမိလို႔ထင္ပါတယ္ ”’ ဟု မဆုစနီၵေဆြက ေျပာၾကားခဲ့သည္။

အဆိုပါ အျပည္ျပည္ဆိုင္ရာ အဂၤလိပ္စာ စြမ္းရည္ အိုလံပစ္ ၿပိဳင္ပြဲ (Hippo 7th international English Language Olympiad Competition) ၿပိဳင္ပြဲကို အီတလီႏိုင္ငံတြင္ က်င္းပခဲ့ၿပီး ႏိုင္ငံ ေပါင္း ၃၅ ႏိုင္ငံမွ ပထမအဆင့္ ၿပိဳင္ပြဲ ဝင္ ၃၆၀၀၀ဝင္ေရာက္ ယွဥ္ၿပိဳင္ ခဲ့ၿပီး ေနာက္ဆံုးဆန္ခါတင္ စာရင္း ၄၁ ဦး ယွဥ္ၿပိဳင္ရာတြင္….

အဂၤလိပ္ စာကြၽမ္းက်င္မႈ (Reading ၊ Writing၊ Speaking ၊ Listing)စသည့္အရည္အခ်င္းစစ္ ေဆးခဲ့ၿပီး ၊ ပထမဆု ရရိွ ခဲ့သည့္ ဥဇဘက္ကစၥတန္ ေက်ာင္းသားထက္ အေျပာစြမ္းရည္ တြင္ တစ္မွတ္ ေလ်ာ့နည္းခဲ့ၿပီး ဒုတိယဆု ရရိွခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

မဆုစနီၵေဆြ သည္ဧရာဝတီ တိုင္း ပုသိမ္ၿမိဳ႕ ရိွ PEC ပုဂၢလိက ေက်ာင္းမွ သတၱမတန္း ေက်ာင္းသူ တစ္ဦး ျဖစ္ၿပီး အဆိုပါ ဆုရရိွ ခ်ိန္တြင္ အသက္ ၁၁ ငါရိွေသးသည္။

အျဖဴေရာင္

 

Unicode

အပြည်ပြည်ဆိုင်ရာ အင်္ဂလိပ် စွမ်းရည် အိုလံပစ် ပြိုင်ပွဲ မြန်မာနိုင်ငံမှ သတ္တမတန်းကျောင်းသူ ဒုတိယ ဆုရရှိ

အီတလီနိုင်ငံတွင် ကျင်းပသည့်အပြည်ပြည်ဆိုင်ရာ အင်္ဂလိပ်စာစွမ်းရည် အိုလံပစ် ပြိုင်ပွဲ (Hippo 7th international English Language Olympiad Competition) ပြိုင်ပွဲ တွင် မြန်မာနိုင်ငံမှ သတ္တမတန်းကျောင်းသူမဆုစန္ဒီဆွေမှ ဒုတိယ ဆုရရှိ ခဲ့ကြောင်းသိရသည်။

”’သမီးအနေနဲ့ ဒီပြိုင်ပွဲဝင်ဖို့အတွက် အများကြီး ပြင်ဆင်ခဲ့ရပါတယ်နောက်ပြီး နိုင်ငံပေါင်း ၃၅ နိုင်ငံ ကလူဦးရေ ၃၆ဝဝဝဝင်ရောက် ယှဉ်ပြိုင်ကြတာဆိုတော့ အရမ်းကြိုးစား ရပါတယ် ။ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ပြီး ဒုတိယဆုရခဲ့လို့ အရမ်းပျော်ပါတယ်။

ဒါပေမယ့် ဒုတိယဆု ရခဲ့လို့ နည်းနည်း မချငိ့မရဲ ဖြစ်မိတယ် ၊ အပြောစွမ်းရည်မှာ တစ်မှတ်လျော့တာ ဘာကြောငိ့လဲတော့မသိဘူး၊ အသံကျယ်ကျယ် မပြောမိလို့ထင်ပါတယ် ”’ ဟု မဆုစန္ဒီဆွေက ပြောကြားခဲ့သည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာ အင်္ဂလိပ်စာ စွမ်းရည် အိုလံပစ် ပြိုင်ပွဲ (Hippo 7th international English Language Olympiad Competition) ပြိုင်ပွဲကို အီတလီနိုင်ငံတွင် ကျင်းပခဲ့ပြီး နိုင်ငံ ပေါင်း ၃၅ နိုင်ငံမှ ပထမအဆင့် ပြိုင်ပွဲ ဝင် ၃၆ဝဝဝဝင်ရောက် ယှဉ်ပြိုင် ခဲ့ပြီး နောက်ဆုံးဆန်ခါတင် စာရင်း ၄၁ ဦး ယှဉ်ပြိုင်ရာတွင်….

အင်္ဂလိပ် စာကျွမ်းကျင်မှု (Reading ၊ Writing၊ Speaking ၊ Listing)စသည့်အရည်အချင်းစစ် ဆေးခဲ့ပြီး ၊ ပထမဆု ရရှိ ခဲ့သည့် ဥဇဘက်ကစ္စတန် ကျောင်းသားထက် အပြောစွမ်းရည် တွင် တစ်မှတ် လျော့နည်းခဲ့ပြီး ဒုတိယဆု ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မဆုစန္ဒီဆွေ သည်ဧရာဝတီ တိုင်း ပုသိမ်မြို့ ရှိ PEC ပုဂ္ဂလိက ကျောင်းမှ သတ္တမတန်း ကျောင်းသူ တစ်ဦး ဖြစ်ပြီး အဆိုပါ ဆုရရှိ ချိန်တွင် အသက် ၁၁ ငါရှိသေးသည်။

အဖြူရောင်

Via: Isee Media

0 Comments

Leave a Reply

XHTML: You can use these tags: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>