ရုပ်ချောတဲ့သူတွေသာ နားလည်နိုင်မယ့် ” ရူပါဖြောင့်ရခြင်းဒုက္ခများ

Loading...

” သူငယ်ချင်းတွေကြားထဲ မင်းတစ်ယောက်တည်းကွက်ပြီး ချော နေတာမရှက်ဘူးလား ? ”
Related imageတစ်ခါတလေ ချောတယ်ဆိုတာ ဆုတောင်းမှားမိတဲ့ ကျိန်စာတစ်ခုလိုပဲ။ ကိုယ်ကချည်း ချောနေပြီး ကျန်တဲ့သူတွေကိုယ့်လောက်လိုက်မချောနိုင်ကြတဲ့အခါ သူတို့အတွက် မသိမသာလေး သက်ပြင်းချရ .. စိတ်ပင်ပန်းရနဲ့ တော်တော်လေးလည်း ဒုက္ခကြီးပါတယ်။

ဒါဖြင့်ချောရတာ မကောင်းဘူးလား .. ဒါဆိုလည်း ရုပ်ဆိုးအောင်နေပေါ့ …

မရပါဘူး .. နဂိုချောတဲ့သူက ဘယ်လိုနေနေချောနေတာဆိုတော့ အဝတ်အစားနွမ်းဖတ်ဖတ်လေးဝတ်ထားလည်း ချောနေလှနေမှာပဲ .. ဒါကို တစ်ချို့ကနားမလည်နိုင်ကြဘူး။

ရုပ်ချောလွန်းအားကြီးသွားရင် ဘယ်လိုဒုက္ခတွေနဲ့ရင်ဆိုင်ရမလဲ ?

( ၁ ) သူငယ်ချင်းတွေက အပေါင်းအသင်းမလုပ်ချင်တော့ဘူး
Related imageကိုယ်က ရူပါလန်းလွန်းအားကြီးနေတော့ ကိုယ်နဲ့တွဲသွားတွဲလာလုပ်တဲ့အခါ တစ်ချို့ ဂျေဝင်တတ်တဲ့သူငယ်ချင်းတွေက သူတို့ရဲ့ ကိုယ်ရောင်ကိုယ်ဝါ မှိန်သွားမှာ ( တစ်နည်းအားဖြင့် ) will power ကျသွားမှာကို စိုးရိမ်တတ်ကြတယ်။ အဲ့တော့ ကိုယ့်မှာ ဟိုနားဒီနား အပြင်သွားအပြင်လာ ဆိုရင် များသောအားဖြင့်တစ်ယောက်တည်းဖြစ်သွားတတ်တယ်။ မယုံမရှိပါနဲ့။

Loading...

( ၂ ) ရုပ်ကြည့်ပြီး ကြိုက်ချင်တဲ့သူက အလိုလိုရှိန်နေတယ်
Related imageအမှန်ပါပဲ။ ကိုယ့်ရုပ်လေးက နုဖတ်ပြီး ချောမွတ်နေတဲ့အခါကျတော့ လာကြိုက်မယ့်သူက အမျိုးမျိုးစဉ်းစားရော။ ” သူလေးက အရမ်းလှလွန်းနေတော့ ငါ့လိုကောင်မျိုးကိုပြန်ကြိုက်ပါ့မလား .. သူက အမြင့်ကြီးတွေပဲမှန်းမှာပေါ့ .. ရုပ်လေးချောလွန်းတော့ သေချာတယ် ချေမိုးနေမှာပဲ .. ငါစကားသွားပြောလိုက်ရင် သူ့အတွက်တော်တော်လေးစော်ကားရာကျသွားမလား ” စသဖြင့်ပေါ့။ နောက်ပြီး လူတော်တော်များများတွေးတတ်တဲ့ ဆိုင်ကိုရှိတယ်။ အဲ့ဒါကတော့ ရုပ်လေးချောနေရင် ပညာလည်းတော်တော်တတ်မှာပဲဆိုတဲ့အတွေး။ မယုံမရှိနဲ့။ အဲ့လိုတွေးတဲ့သူတွေရှိတယ်။

( ၃ ) သာမန်လေးဝတ်ရင်တောင် လူကြည့်အောင်လုပ်တယ်လို့အထင်ခံရတယ်
Related imageကိုယ်ကတော့ ပုံမှန်ထသွားထလာ တီရှပ်လေး၊ short pant လေး၊ slipper လေးစီးလိုက်တာပဲ။ ဒါပေမယ့် ရုပ်လေးကချောလွန်းတော့ ဘာဝတ်ဝတ်ကိုမိုက်နေရော။ အဲ့ဒီအခါကျတော့ မနာလိုတဲ့သူတွေက ရုပ်လေးချောသလောက် ပဲလည်းများလွန်းတယ်ထင်ကြတယ်။ တကယ်တော့မဟုတ်ပါဘူး။ နဂိုရှိတော့ နဂိုင်းထွက်ပြီး လူတိုင်းလည်ပြန်ငေးရလောက်အောင်ဖြစ်နေတာ။

( ၄ ) အချင်းချင်းအားနာရတယ်
Image result for cat apologize gifစားသောက်ဆိုင်တွေ၊ စူပါမားကတ်တွေ၊ ဈေးဝယ်စင်တာတွေ နဲ့ ဘားလိုနေရာတွေသွားတဲ့အခါကျပြန်တော့လည်း ကိုယ်က ချောချောလေးနဲ့ချစ်စရာကောင်းနေတော့ ဘယ်နေရာရောက်ရောက် first prior ( ပထမဦးစားပေး ) လိုဖြစ်နေတယ်။ ဘာကူညီရမလဲ .. ဘာလိုလဲ .. ဘာလုပ်ပေးရမလဲ ဆိုတဲ့သူတွေဝိုင်းနေတယ်။ အဲ့တော့ ကိုယ့်ဘေးနားအတူတူပါလာတဲ့သူတွေကိုအားနာရပြန်ရော။

( ၅ ) လက်ဆောင်တွေ ခဏခဏအပေးခံရတယ်
Image result for gift box gif animeကိုယ်မသိပဲ အလုပ်စားပွဲပေါ်မှာ ပန်းစည်းတွေတင်သွားတာမျိုး၊ စာသင်ခန်းစားပွဲပေါ်မှာ မုန့်လေးတွေထားသွားတာမျိုး၊ အိမ်ရှေ့တံခါးဝမှာ အရုပ်အကြီးကြီးလာထားသွားတာမျိုးတွေက တော်တော်လေးအာရုံနောက်စရာကောင်းပါတယ်။ အဲ့ဒီလို ဘယ်သူကပေးလို့ပေးမှန်းမသိတဲ့လက်ဆောင်တွေ သိမ်းရင်းအခန်းရှုပ်လို့ရှင်းရတာတော်တော်လေးအာရုံနောက်ပါတယ်။

( ၆ ) ချေတယ်လို့အထင်ခံရတယ်
Image result for cute anime girl gifတကယ်တော့ မချေပါဘူး။ ကိုယ်က ကိုယ့်ဟာကိုယ်နေတာပဲ။ အဲ့ဒါကိုမှ ” အာ .. သူကအဲ့လောက်ချောတာ .. သေချာတယ် ချေမိုးနေမှာပဲ ” တို့ ” ကြည့်ပါလား .. ရုပ်လေးချောတယ်ဆိုပြီး မာန်တက်နေတာတို့ ” ဆိုပြီး ကွယ်ရာမှာ မကြာခဏအပြောခံရတယ်။ စိတ်မဆိုးပါဘူး။ အပင်မြင့်တော့ လေတိုက်ခံရတာပဲမဟုတ်လား။

( ၇ ) ဘာလျှို့ဝှက်ချက်တွေရှိသလဲ ခဏခဏအမေးခံရတယ်
Related imageအမေ့ဗိုက်ထဲက ထွက်လာကတည်းက ချောနေတာမို့လို့ ဘာလျှို့ဝှက်ချက်မှမရှိပါဘူး။ အဲ့လောက်ချောမောလှပနေရအောင် ဘာမှလည်းသုံးနေတာမဟုတ်ပဲနဲ့ နင်ဘာတွေစားလို့အဲ့လောက်လှနေတာလဲ တို့ အချင်းချင်းမလျှိုသင့်ပါ တို့ခဏခဏအပြောခံရတာ မမိုက်ဘူး။ အားနာစရာဖြစ်တယ်။ ဟုတ်တယ်လေ .. ကိုယ်က နဂိုထဲက ချောနေတဲ့ဟာကို။

ရုပ်ချောတယ်ဆိုတာ တကယ်တော့ ကျိန်စာတစ်ခုပါ။ တကယ်လို့ ရုပ်ချောရခြင်း က ဝဋ်ကြွေးတစ်ခုဆိုရင် ဒီဘဝနဲ့ပဲအကြေဆပ်ကြပါ လို့ ရုပ်ချောတဲ့သူတိုင်းကို မှာချင်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ တခြားသူတွေ သာမန်ရုပ်ရည်ရှိနေတဲ့အချိန် မင်းတစ်ယောက်တည်းကွက်ပြီးချောနေတာကို ရှက်တတ်ရမယ်လေ

Credit to We Media

0 Comments

Leave a Reply

XHTML: You can use these tags: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>