အချစ်ကြီးသလောက် အမျက်ကြီးခဲ့သူ အချုပ်ထဲရောက်

Loading...

သထုံမြို့တွင် အမျိုးသားတစ်ဦးမှ ကွန်ပျူတာတက္ကသိုလ်ကျောင်းသူ တစ်ဦးအား ဓါးဖြင့်ခြိမ်းခြောက်၍ ဆိုင်ကယ်ဖြင့်ခေါ်ဆောင်မှုဖြစ်ပွား

သထုံ ဇွန် ၁၁

သထုံမြို့နယ် ကျုံပါကျေးရွာ၌ ဇွန် ၁၀ ရက် ညနေ ၅း၀၀အချိန်ခန့်က ဟိန်းထက်ဇော်(ခ)ဖိုးသား(၂၂)နှစ်(ဘ)ဦးသန်းဝင်း ဟွန်ဒါဆိုင်ကယ် ကုမ္ပဏီဝန်ထမ်း ရေးစုရပ် မုတ္တမမြို့နယ်နေထိုင်သူမှ သထုံမြို့ ကွန်ပျူတာတက္ကသိုလ်တွင်ပညာသင်ကြားနေသော မဆယ်ဆယ်ရောင်(၂၁)နှစ်(ဘ)ဦးကျော်ဇောလင်း ကွန်ပျူတာတက္ကသိုလ်ကျောင်းသူ စူပါဂဲလ်ဘော်ဒါဆောင် အမှတ်(၆)တက္ကသိုလ်လမ်း ကျုံပါကျေးရွာနေထိုင်သူအား၎င်း၏ ရည်းစားဟောင်းဖြစ်သူ ဟိန်းထက်ဇော်(ခ)ဖိုးသား စီးနင်းလာသည့် ယာယီE—–နံပါတ်ပါ Honda Dream 125 အစိမ်းရောင် ဆိုင်ကယ်ဖြင့်သထုံမြို့သိမ်ဆိပ် ကမာစိုင်ကျေးရွာဘက်သို့ ဓါးဖြင့် ခြိမ်းခြောက်ခေါ်ဆောင်သွားသဖြင့် မဆယ်ဆယ်ရောင်၏အတူနေ သူငယ်ချင်းဖြစ်သူ မသဇင်ဝင်းထွန်းမှ မော်ကွန်းထိန်းထံသို့ ဖုန်းဖြင့် အကြောင်းကြားရာ

Loading...

မော်ကွန်းထိန်းမှ သထုံမြို့နယ်ရဲတပ်ဖွဲ့သို့ အကူညီတောင်းခဲ့ရာ ရဲတပ်ဖွဲ့ဝင်များမှ မော်လမြိုင်-ရန်ကုန် အဝေးပြေးလမ်းတစ်လျှောက် ပိတ်ဆို့ရှာဖွေခဲ့ရာ ကမာစိုင်ကျေးရွာ ချယ်ရီတော်ဝင်းစားသောက်ဆိုင် အရှေ့သို့ ဟိန်းထက်ဇော်(ခ)ဖိုးသားနှင့် မဆယ်ဆယ်ရောင်တို့ စီးနင်းလာသော ဆိုင်ကယ်ရောက်လာခဲ့၍ သက်သေများရှေ့ရှာဖွေခဲ့ရာ ဟိန်းထက်ဇော်(ခ)ဖိုးသားကိုင်ဆောင်သည့် အရိုးအသွား(၁၂)လက်မ ခန့်အမဲရောင်ကော်ရိုးတပ် ဓါးတစ်ချောင်းအားတွေ့ရှိ၍ သက်သေများ ရှေ့ရှာဖွေပုံစံဖြင့်သိမ်းဆည်းခဲ့ကြောင်းသိရသည်။

(ပြစ်မှု မကျူးလွန်ခင် တင်ထားသော Post)

သို့ဖြစ်ပါ၍ အန္တရာယ်ဖြစ်စေသော အရိုးအသွား(၁၂)လက်မခန့် ဓါးကိုင်ဆောင်သူ ဟိန်းထက်ဇော်(ခ)ဖိုးသားအား လက်နက်ဥပဒေပုဒ်မ-၁၉(င)နှင့်ရာဇသတ်ကြီး ပုဒ်မ-၃၆၇ တို့နှင့် သထုံမြို့မရဲစခန်းမှအရေးယူထားကြောင်းသိရသည်။

လှိုင်ထွန်းအောင်(သထုံ)သမိန်ဗြတ်စ

0 Comments

Leave a Reply

XHTML: You can use these tags: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>