ခင္ပြန္းရဲ႕ စကားတစ္ခြန္းေၾကာင့္ ထုိင္ခ်ျပီး ငိုခဲ့ရတယ္ဆိုတဲ့ ယြန္း၀တီလြင္မိုး

Zawgyi

နာမည္ႀကီး အႏုပညာရွင္တစ္ဦးျဖစ္တဲ့ ယြန္းဝတီလြင္မိုးကေတာ့ သူမရဲ႕ ကိုယ္ဝန္ သူမရဲ႕သားေလးနဲ႔ပတ္သတ္ၿပီး စိတ္ဝင္စားေနၾကသူေတြအတြက္ သူမရဲ႕ instagram ကတဆင့္ အေမးအေျဖေလး လုပ္ေပးခဲ့တာကို ေတြ႕ရပါတယ္။

ပရိသတ္ေတြဆီက ေမးခြန္းေတာ္ေတာ္မ်ားမ်ား ေမးထားၾကတာေတြ႕ေနၿပီး ယြန္းဝတီလြင္မိုးကိုယ္တိုင္ ေမးခြန္းတစ္ခုခ်င္းစီကို အေသးစိတ္ေျဖထားတာကိုလည္း ေတြ႕ရပါတယ္။

ေမးခြန္းေတြထဲမွာ သူမရဲ႕ ကိုယ္ဝန္ကို စသိတဲ့အခ်ိန္ သူမရဲ႕ reaction ကဘယ္လိုျဖစ္ခဲ့သလဲဆိုတဲ့ ေမးခြန္းေလးကို ေမးထားတာ ေတြ႕ရပါတယ္။

ဒီေမးခြန္းနဲ႔ ပတ္သတ္ၿပီး ေခးကေတာ့ သူမရဲ႕ ကိုယ္ဝန္ရွိ မရွိ result ကို သူမၾကည့္ဖို႔ အရမ္းစိတ္လႈပ္ရွားခဲ့တာမို႔ သူမရဲ႕ ခင္ပြန္းက ၾကည့္ေပးခဲ့တယ္လို႔ ေျဖထားပါတယ္။

ကိုယ္ဝန္ရွိတာေသခ်ာတယ္ဆိုတဲ့အခ်ိန္ သူမရဲ႕ခင္ပြန္း သူမကိုေျပာတဲ့ ပထမဆုံးစကားေလးကိုလည္း ေျပာျပခဲ့ပါတယ္။

 

“Baby whatever decision you make, I will support you all the way. We can have a family” ဆိုၿပီး ေျပာျပခဲ့တယ္လို႔ သိရပါတယ္။

သူမကိုယ္တိုင္လည္း ဒီစကားကိုၾကားၿပီး ထိုင္ခ်ၿပီး ငိုခဲ့မိတယ္ဆိုၿပီး ျဖန္ေျဖထားတာကို ေတြ႕ရပါတယ္။

ဒါ့အျပင္ ပရိသတ္ေတြကေတာ့ သူမရဲ႕ ကိုယ္ဝန္ေဆာင္ဓာတ္ပုံေလးေတြကိုလည္း ထုတ္ျပဖို႔ေျပာထားၾကတာ ေတြ႕ရၿပီး ကေလးေမြးၿပီး ခႏၶာကိုယ္ထိန္းသိမ္းပုံေတြကိုလည္း ေမးထားၾကတာ ေတြ႕ရပါတယ္။

Credit – hlataw

Unicode

နာမည်ကြီး အနုပညာရှင်တစ်ဦးဖြစ်တဲ့ ယွန်းဝတီလွင်မိုးကတော့ သူမရဲ့ ကိုယ်ဝန် သူမရဲ့သားလေးနဲ့ပတ်သတ်ပြီး စိတ်ဝင်စားနေကြသူတွေအတွက် သူမရဲ့ instagram ကတဆင့် အမေးအဖြေလေး လုပ်ပေးခဲ့တာကို တွေ့ရပါတယ်။

ပရိသတ်တွေဆီက မေးခွန်းတော်တော်များများ မေးထားကြတာတွေ့နေပြီး ယွန်းဝတီလွင်မိုးကိုယ်တိုင် မေးခွန်းတစ်ခုချင်းစီကို အသေးစိတ်ဖြေထားတာကိုလည်း တွေ့ရပါတယ်။

မေးခွန်းတွေထဲမှာ သူမရဲ့ ကိုယ်ဝန်ကို စသိတဲ့အချိန် သူမရဲ့ reaction ကဘယ်လိုဖြစ်ခဲ့သလဲဆိုတဲ့ မေးခွန်းလေးကို မေးထားတာ တွေ့ရပါတယ်။

ဒီမေးခွန်းနဲ့ ပတ်သတ်ပြီး ခေးကတော့ သူမရဲ့ ကိုယ်ဝန်ရှိ မရှိ result ကို သူမကြည့်ဖို့ အရမ်းစိတ်လှုပ်ရှားခဲ့တာမို့ သူမရဲ့ ခင်ပွန်းက ကြည့်ပေးခဲ့တယ်လို့ ဖြေထားပါတယ်။

ကိုယ်ဝန်ရှိတာသေချာတယ်ဆိုတဲ့အချိန် သူမရဲ့ခင်ပွန်း သူမကိုပြောတဲ့ ပထမဆုံးစကားလေးကိုလည်း ပြောပြခဲ့ပါတယ်။

“Baby whatever decision you make, I will support you all the way. We can have a family” ဆိုပြီး ပြောပြခဲ့တယ်လို့ သိရပါတယ်။

သူမကိုယ်တိုင်လည်း ဒီစကားကိုကြားပြီး ထိုင်ချပြီး ငိုခဲ့မိတယ်ဆိုပြီး ဖြန်ဖြေထားတာကို တွေ့ရပါတယ်။

ဒါ့အပြင် ပရိသတ်တွေကတော့ သူမရဲ့ ကိုယ်ဝန်ဆောင်ဓာတ်ပုံလေးတွေကိုလည်း ထုတ်ပြဖို့ပြောထားကြတာ တွေ့ရပြီး ကလေးမွေးပြီး ခန္ဓာကိုယ်ထိန်းသိမ်းပုံတွေကိုလည်း မေးထားကြတာ တွေ့ရပါတယ်။

Fan ေတြနဲ႔ လက္ထပ္ခဲ့ၾကတဲ့ ဆယ္္လီမ်ား

အႏုပညာရွင္နဲ႔ အားေပး သူ ပရိသတ္ဆိုတဲ့ စည္းကို ေက်ာ္လြန္ၿပီး ခ်စ္သြားတဲ့ သူေတြလည္း အ မ်ားႀကီးရွိပါတယ္။ဆယ္လီတစ္ေယာက္နဲ႔ သူ႔ fan ၾကားမွာ အခ်စ္တစ္ခု ေပါက္ဖြား၊relationship တစ္ခု တည္ေဆာက္ခဲ့ၾကသူေတြ အမ်ားႀကီးရွိပါတယ္။သူတို႔ ေတြကေတာ႔….

1.S.E.S’s Shoo & Im Hyo Sung

ဘတ္စကတ္ေဘာကစားသမား Im Hyo Sung က S.E.S ရဲ႕ အမာခံပရိသတ္ပါ။ Shoo ရဲ႕ fan တစ္ေယာက္ပါ။သူမဟာ သူဘ၀မွာ ပထမဆံုး crush မိတဲ့ ဆယ္လီပါ။သူအရမ္းႀကိတ္ ေၾကြ ရတဲ့ ဆယ္လီကိုေတာ႔ ေနာက္ဆံုးမွာ ဇနီးအျဖစ္ ပိုင္ဆိုင္ခြင့္ရခဲ့ပါတယ္။

2.Cha Seung Won & Lee Soo Jin

 

Cha Seung Won တစ္ေယာက္စတားမျဖစ္ခင္ သူအထက္တန္းေက်ာင္းသားဘ၀တုန္းက ကလပ္တစ္ခုကို သြားခဲ့ပါတယ္။အဲ့ဒီမွာ Lee Soo Jin နဲ႔ ပထမဆံုးေတြ႔ခဲ့ပါတယ္။မၾကာခင္မွာပဲ သူတို႔ႏွစ္ေယာက္ႀကိဳက္သြားခဲ့ပါတယ္။သူတုိ႔လက္ထပ္ၾကတုန္းကLee Soo Jin က (၂၄)၊သူကေ တာ႔ အသက္(၂၀)ပဲရွိပါေသးတယ္။

3.Seo Taeji & Lee Ji Ah

Seo Taeji နဲ႔ Lee Ji Ah တုိ႔က LA မွာ က်င္းပတဲ့ ပြဲကိုလာအားေပးရင္းနဲ႔ ဆံုခဲ့ၾကတာပါ။ႏွစ္ အနည္္းငယ္အၾကာမွာေတာ႔ အဆုိေတာ္ Seo Taeji တစ္ေယာက္ အေမရိကသို႔ ေျပာင္းခဲ့ပါတယ္။ အဲ့ဒီမွာပဲ ႏွစ္ေယာက္သား လက္ထပ္ခဲ့ၾကပါတယ္။ဒါေပမယ့္ သူတုိ႔အခ်စ္က မခိုင္ၿမဲပဲ (၁၀)ႏွစ္ ၾကာ မွာေတာ႔ ကြာရွင္းခဲ့ၾကပါတယ္။

အဆိုေတာ္ သားငယ္ရဲ႕ မြန္ျမတ္တဲ့ အလွဴ
4.Lee Sun Kyun & Jeon Hye Jin

 

Lee Sun Kyun ဟာနာမည္မႀကီးခင္တုန္းက မင္းသမီး Jeon Hye Jin ရဲ႕ ပရိသတ္တစ္ေယာ က္ျဖစ္ခဲ့ဖူူးပါတယ္။ကံေကာင္းစြာနဲ႔ပဲ Sun Kyun ရဲ႕ သူငယ္ခ်င္းက သူမရဲ႕ ျပဇာတ္မွာ ပါ၀င္ ဖုိ႔ ျဖစ္ လာခဲ့ပါတယ္။ဒီအခြင့္အေရးက သူ႔ရဲ႕ Idol နဲ႔ ဖူးစာဆံုဖို႔ ျဖစ္လာခဲ့ပါတယ္။ေနာက္ဆံုးမွာေတာ႔ သူမရဲ႕ ႏွလံုးသားကိို သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။

5.Park Hae Il & Seo Yoo Seon

 

6.Chae Rim & Lee Seung Hwan

ကိုရီးယားမင္းသမီးေခ်ာေလး Chae Rim ဟာအဆိုေတာ္ Lee Seung Hwan ရဲ႕ fan ပါ။ (၂၀၀၃)မွာေတာ႔ သူတို႔ႏွစ္ဦးလက္ထပ္ခဲ့ၾကပါတယ္။ဒါေပမယ့္ အခ်စ္သက္တမ္းကေတာ႔ မရွည္ လိုက္ပဲ (၂၀၀၆)မွာ လမ္းခြဲျပတ္စဲခဲ့ၾကပါတယ္။ပထမအိမ္ေထာင္နဲ႔ ကြာရွင္းၿပီးေနာက္ (၂၀၁၄) မွာေတာ႔ Chae Rim ဟာ တရုတ္မင္းသား Jiame Gao နဲ႔ ေနာက္အိမ္ေထာင္ျပဳခ့ဲပါတယ္။

7.Hwang Jung Min & Kim Mi Hye

Hwang Jung Min နဲ႔ Kim Mi Hye ရဲ႕ fan ပါ။သူတို႔ဟာ အထက္တန္းတည္းက သိခဲ့ တာပါ။ေက်ာင္းၿပီးေတာ႔ ႏွစ္ေယာက္လံုး ဂီတနယ္ပယ္ကို ၀င္ခဲ့ပါတယ္။လက္ေဆာင္ေတြနဲ႔ ခ်ဥ္းကပ္ၿပီး သူမရဲ႕ အခ်စ္ေတြကို ရယူခဲ့ပါတယ္။ Hwang Jung Min တစ္ေယာက္နာ မည္ႀကီးမင္းသားျဖစ္လာခဲ့သလို Kim Mi Hye ကလည္းနာမည္ႀကီး ဂီတာပရိုဂ်ဴဆာတစ္ေ ယာက္ျဖစ္လာခဲ့ပါတယ္။

8.Lee Se Joon & Kang Kyung Jin

Kang Kyung Jin ဟာ သူမရဲ႕ Idol ေတြဆီကို fan club nickname နဲ႔ လက္ေဆာင္ေတြ ပို႔တက္သူေလးပါ။နာမည္မေဖာ္ပဲ လက္ေဆာင္ေတြ ပို႔လာခဲ့ၿပီး တစ္ေန႔မွာေတာ႔ Lee Se Joon ရဲ႕ ပြဲမွာ သူမက ဘယ္သူဆိုတာကို ထုတ္ေဖာ္ေျပာျပခဲ့ပါတယ္။ႏွစ္ေယာက္လံုး အဲ့ဒီတည္းက တစ္ေယာက္အေပၚ တစ္ေယာက္သေဘာက်ခဲ့ေပမယ့္ ခဏကြဲသြားခဲ့ပါတယ္။ေနာက္ပိုင္းက် မွ ျပန္ဆံုျဖစ္ၿပီး ခ်စ္မိသြားခဲ့ၾကတာပါ။

9.Juri Ueno & Sho Wada

 

ဂ်ပန္မင္းသမီး Juri Ueno ဟာ Trikeratop Band ကို (၁၇)ႏွစ္ေလာက္အားေပးလာတဲ့ အမာခံ fan ပါ။ကံေကာင္းစြာနဲ႔ပဲ အဲ့ဒီ Band ရဲ႕ အဆိုေတာ္ Sho Wada နဲ႔ ရင္းႏွီးခြင့္ရခဲ့ပါတယ္။ အႏုပညာရွင္နဲ႔ ပရိသတ္အဆင့္ကို ေက်ာ္ၿပီးသူတို႔ၾကားမွာ အခ်စ္ေတြ ေပါက္ဖြားခဲ့ၾကပါတယ္။

10.Wesley Snipes & Nikki Park (Park Na Kyung)

Nikki Park တစ္ေယာက္ New York မွာ စာသင္ဖုိ႔သြားေတာ႔ အေမရိကန္မင္းသား Wesley Snipes ကို ႏွစ္သက္အားေပးခဲ့ပါတယ္။သူႀကိဳက္တဲ့ မင္းသားနဲဲ႔ အျပင္မွာ ဆံုခြင့္ရခဲ့ၿပီး ခ်စ္သူေတြ ျဖစ္သြားခဲ့ပါတယ္။အခုဆိုရင္ေတာ႔ သူတို႔ႏွစ္ဦးလက္ထပ္ၿပီးလုိ႔ ကေလး(၄)ေယာက္ရေနပါၿပီ။

from koreaboo

သရုပ္ေဆာင္ အဆိုေတာ္ ၿခိမ့္ေကကို (ေခၚ) Banana ရဲ႕ သီခ်င္း MTV ထြက္ရွိမည္။

ျမန္မာအိုင္ေဒါကေန သီခ်င္းစာသားေမ့လို႔ ဦးသိန္းတန္ရဲ႕ ငွက္ေပ်ာသီးေကၽြးျခင္းကို ခံလိုက္ရၿပီး အြန္လိုင္းေပၚမွာ နာမည္ႀကီးသြားတဲ့ အႏုပညာကို ရူးသြပ္သူတစ္ေယာက္ျဖစ္တဲ့ ၿခိမ့္ေကကို တစ္ေယာက္ အခုဆိုရင္ အႏုပညာလမ္းေၾကာင္းေပၚသို႔ ေရာက္ရွိလို႔ လာပါေတာ့မည္…

မၾကာေသးခင္ကလည္း ဒါရိုက္တာ ေလေျပ ရိုက္ကူးတဲ့ သရဲခ်စ္သူ ဇာတ္ကားမွာလည္း ပါ၀င္ သရုပ္ေဆာင္ထားတယ္ဆိုတာ ပရိသတ္ေတြ သိၿပီး ျဖစ္ပါတယ္..။

အခုလည္း ေတးေရး ေက်ာ္မင္းဟန္ ေရးစပ္ေပးထားတဲ့ မမေရလြမ္းလို႔ ဆိုတဲ့ သီခ်င္းေလးနဲ႔ MTV ရိုက္ေတာ့မွာျဖစ္ပါတယ္…

ေတးဆို – ၿခိမ့္ေကကို သီဆိုထားၿပီး သူကိုယ္တုိင္ သရုပ္ေဆာင္ အျဖစ္ပါ၀င္ သရုပ္ေဆာင္မည္ျဖစ္ေၾကာင္းႏွင့္ ၿမိတ္ၿမိဳ႕မွာ သြားေရာက္ရိုက္ကူးမည္ျဖစ္ေၾကာင္း တင္ျပထားတာကိုလည္းေတြ႔ ေတြ႔ရျပန္ပါတယ္..

“ဒီ #မမေရလြမ္းလို႔ ဆိုတဲ႔ က်ေနာ္ရဲ႕ ပထမဆံုး music MTV ေလးကို က်ေနာ္ရဲ႕ ဆရာ ကိုေက်ာ္မင္းဟန္က ေရးစပ္ေပးထားပါတယ္ ဒီ music mtv ေလးကို ျမိတ္ျမိဳ႔က ကိုႀကီး AungThanHtike ကစီစဥ္ျပီး ျမိတ္ျမိဳ႕ မွာ သြားေရာက္ရိုက္ကူး ပါမယ္ က်ေနာ္ အေကာင္းဆံုးျကိုးစားသရုပ္ေဆာင္ထားပါတယ္ဗ်ာ မျကာမွိီ က်ေနာ္ ပရိတ္သတ္ေရွ့ကို ခ်ျပေပးသြားပါမယ္”

TawThu

source – Chaik Kay Ko

 

မြန်မာအိုင်ဒေါကနေ သီချင်းစာသားမေ့လို့ ဦးသိန်းတန်ရဲ့ ငှက်ပျောသီးကျွေးခြင်းကို ခံလိုက်ရပြီး အွန်လိုင်းပေါ်မှာ နာမည်ကြီးသွားတဲ့ အနုပညာကို ရူးသွပ်သူတစ်ယောက်ဖြစ်တဲ့ ခြိမ့်ကေကို တစ်ယောက် အခုဆိုရင် အနုပညာလမ်းကြောင်းပေါ်သို့ ရောက်ရှိလို့ လာပါတော့မည်…

မကြာသေးခင်ကလည်း ဒါရိုက်တာ လေပြေ ရိုက်ကူးတဲ့ သရဲချစ်သူ ဇာတ်ကားမှာလည်း ပါဝင် သရုပ်ဆောင်ထားတယ်ဆိုတာ ပရိသတ်တွေ သိပြီး ဖြစ်ပါတယ်..။

အခုလည်း တေးရေး ကျော်မင်းဟန် ရေးစပ်ပေးထားတဲ့ မမရေလွမ်းလို့ ဆိုတဲ့ သီချင်းလေးနဲ့ MTV ရိုက်တော့မှာဖြစ်ပါတယ်…

တေးဆို – ခြိမ့်ကေကို သီဆိုထားပြီး သူကိုယ်တိုင် သရုပ်ဆောင် အဖြစ်ပါဝင် သရုပ်ဆောင်မည်ဖြစ်ကြောင်းနှင့် မြိတ်မြို့မှာ သွားရောက်ရိုက်ကူးမည်ဖြစ်ကြောင်း တင်ပြထားတာကိုလည်းတွေ့ တွေ့ရပြန်ပါတယ်..

“ဒီ #မမရေလွမ်းလို့ ဆိုတဲ့ ကျနော်ရဲ့ ပထမဆုံး music MTV လေးကို ကျနော်ရဲ့ ဆရာ ကိုကျော်မင်းဟန်က ရေးစပ်ပေးထားပါတယ် ဒီ music mtv လေးကို မြိတ်မြို့က ကိုကြီး AungThanHtike ကစီစဉ်ပြီး မြိတ်မြို့ မှာ သွားရောက်ရိုက်ကူး ပါမယ် ကျနော် အကောင်းဆုံးကြိုးစားသရုပ်ဆောင်ထားပါတယ်ဗျာ မကြာမှိီ ကျနော် ပရိတ်သတ်ရှေ့ကို ချပြပေးသွားပါမယ်”

TawThu

source – Chaik Kay Ko

ပန္ထြာဧကရီ ေခၚ ေယာက္်ားေတြကိုမုန္းတဲ႔ဘုရင္မ

တကယ္ေတာ့ ျမန္မာ့ရာဇ၀င္ထဲမွာ အမ်ိဳးသားေတြပဲ ရာႏႈန္းျပည့္ ေနရာယူထားခဲ့တာ မဟုတ္ပါဘူး။ ထူးခၽြန္ထင္ရွားတဲ့ အမ်ိဳးသမီးေခါင္းေဆာင္ေတြလည္း ေပၚေပါက္ခဲ့ပါတယ္။ သူတို႔ထဲကမွ ျမန္မာ့သမိုင္းရဲ႕ အေစာပိုင္းကာလ ျဖစ္တဲ့ ပ်ဳေခတ္မွာ ေပၚေပါက္ခဲ့တဲ့ ဗိႆႏိုးဘုရင္မ ပန္ထြာဧကရီ ဆိုတဲ့ အမ်ိဳးသမီးပေဒသရာဇ္ ေခါင္းေဆာင္ အေၾကာင္းကို က်ေနာ္သိသေလာက္ ေျပာျပခ်င္ပါတယ္..။

သေရေခတၱရာျပည္တြင္ ဒြတၱေပါင္မင္းၾကီး အုပ္စိုးေနစဥ္ကာလအတြင္း ထီးျပိဳင္နန္းျပိဳင္အျဖစ္ ဗိႆႏိုးျပည္တြင္ ပန္ထြာဘုရင္မက အုပ္ခ်ဳပ္ေနခဲ့သည္။ ( ရာဇ၀င္က်မ္းမ်ားအရ “ျပည္” ဟုသံုးႏႈန္းရေသာ္လည္း အမွန္မွာ ျမိဳ႕ျပႏိုင္ငံ ( city-state) အဆင့္မွ်သာျဖစ္ပါသည္။)ပန္ထြာဘုရင္မသည္ လူသာမန္မဟုတ္ေခ်။ ခမည္းေတာ္မွာ တေကာင္းမင္းၾကီး၏သားေတာ္အရင္း မဟာသမၻ၀ ျဖစ္ျပီး မယ္ေတာ္မွာ စႏၵမုခိဘီလူးမ ျဖစ္သည္။ ( တေကာင္းမင္းၾကီးက မ်က္မျမင္သမၻ၀ညီေနာင္ကို ဧရာ၀တီျမစ္အတိုင္းေမွ်ာလိုက္ရာ လမ္းခရီး၌ စႏၵမုခိဘီလူးမက ထမင္းခိုးစားသည့္အခါ သမၻ၀ညီေနာင္က ရိပ္မိျပီး သတ္မည္ဟု ဘီလူးမလက္ကို ဆြဲသည္တြင္ ဘီလူးမက မဟာသမၻ၀ကို တပ္မက္စိတ္ျဖင့္ သာယာမိသည့္အတြက္ ပဋိသေႏၶ ခသည္ဟုဆို၏။ အံ့ဖြယ္ပင္။)စႏၵမုခိဘီလူးမသည္ သမီးေလးကို ေမြးျပီးသည့္အခါ ပ်ဴရြာတစ္ရြာအနီးရွိ ဆရာရေသ့ထံ ပညာသင္ေစခဲ့သည္။ မိပန္ထြာေလး၏ ထက္ျမက္မႈကို အနီးအပါးရွိ ရြာမ်ားကပါ သိရွိလာျပီးေနာက္ အရြယ္ေရာက္သည့္အခါ သူမကိုသာ ေခါင္းေဆာင္အျဖစ္ တစ္ညီတစ္ညြတ္တည္း တင္ေျမာက္ခဲ့ၾကသည္။ပန္ထြာသည္ ထိုရြာအေပါင္းတို႔ကို စုစည္းကာ ဗိႆႏိုးျမိဳ႔ျပႏိုင္ငံအျဖစ္ က်ံဳး၊ျမိဳ႕ရိုးတို႕ျဖင့္ အကြက္ခ်ကာ ဖြဲ႕စည္းတည္ေထာင္ခဲ့သည္။

 

( ပန္ထြာဘုရင္မမွာ အတိတ္ဘ၀က ဗိႆႏိုးနတ္မင္း၏ ႏွမ ေတာ္စပ္ခဲ့သျဖင့္ ဗိႆႏိုးနတ္မင္း၏ ခ်ီးေျမႇာက္မႈျဖင့္ ၿမိဳ႕တည္ခဲ့ရာမွ ဗိႆႏိုးၿမိဳ႕ဟု ေခၚတြင္ခဲ့သည္။ ၿမိဳ႕အတြင္းတြင္ ဗိႆႏိုးနတ္မင္းကို နတ္နန္းျဖင့္ အႀကီးအက်ယ္ ပူေဇာ္ၾကသည္။ နတ္နန္း အနီး႐ွိ အင္ၾကင္းပင္တို႔မွာ ယေန႔အခ်ိန္ထိ ဆယ့္နွစ္ရာသီမေ႐ြးဖူးပြင့္ၾကသည္ ဟုဆိုသည္။ ဘုရင္မသည္ ျမိဳ႕အနီးရွိ ရန္ပယ္ ေခ်ာင္းေရကို စနစ္တက် အသံုးခ်ကာ ႏိုင္ငံေတာ္ကာကြယ္ေရးအတြက္ စီမံခဲ့သည္။စီမံပံုမွာ- ရန္ပယ္ေခ်ာင္း အထက္တြင္ ေရတားတံခါး အဆင့္ဆင့္တည္ေဆာက္ေစျပီး ဗိႆႏိုးမွ စည္တီးကာ အခ်က္ျပသည္ႏွင့္ ေရတံခါးမ်ားကို ဖြင့္ခ်ေစကာ ျမိဳ႕ပတ္လည္ကို ေရလႊမ္းမိုးေစျခင္း ျဖစ္သည္။ ( တံခါးမ်ားကို တစ္ဆက္တည္း ဖြင့္ခ်ျခင္းမဟုတ္ဘဲ တစ္ခ်ပ္ျပီးမွ တစ္ခ်ပ္ အခ်ိန္ယူကာ ဖြင့္ေစျခင္းျဖစ္သျဖင့္ ေၾကာက္မက္ဖြယ္ ေရစီးအားကို ျဖစ္ေပၚေစသည္။)

ထိုသို႕ ဗိႆႏိုးတြင္ ဧကရီအျဖစ္ တစ္ထီးတစ္နန္းရပ္တည္ေနစဥ္ သေရေခတၱရာျပည္မွ ဒြတၱေပါင္မင္းၾကီးသည္ ပန္ထြာဘုရင္မႏွင့္တကြ ျမိဳ႕ကိုပါ သိမ္းပိုက္လိုသျဖင့္ အင္အားအလံုးအရင္းျဖင့္ ခ်ီတက္တိုက္ခိုက္လာခဲ့သည္။သို႕ရာတြင္ ျမိဳ႕တံခါးကို အလံုပိတ္ထားေသာ ဗိႆႏိုးမွ စည္တီးသံက်ယ္က်ယ္ တစ္ခ်က္သာ ၾကားလိုက္ရျပီး ခဏအၾကာတြင္ နတ္ဆိုးေအာ္သံကဲ့သို႕ အသံေပးကာ တစ္ဟုန္ထိုး၀င္လာသည့္ ေရလံုးၾကီးေအာက္တြင္ သေရေခတၱရာစစ္သည္တို႔ ဖရိုဖရဲျဖစ္ကုန္ၾကသည္။ေရေမ်ာသူေမ်ာ ကမ္းတင္သူတင္ ျဖစ္ေနစဥ္ ဗိႆႏိုးဘက္မွ ေလးသည္ေတာ္မ်ားက ေပၚလာသမွ်ေသာ မည္းမည္းျမင္ရာတို႕ကို ျမားျဖင့္ ပစ္သျဖင့္ သေရေခတၱရာရဲမက္မ်ား အထိအရွမ်ားခဲ့ရသည္။ ဒြတၱေပါင္မင္းၾကီးလည္း အံကိုၾကိတ္ကာ ေနာက္ျပန္ဆုတ္ရေတာ့သည္။သို႕ေသာ္ ဒြတၱေပါင္မင္းၾကီးသည္ ရန္ပယ္ေခ်ာင္းေရတံခါးမ်ားသည္ စည္သံအေပၚရပ္တည္ေနေၾကာင္း သိသည့္အခါ ထိုစည္ကို ဖ်က္ဆီးရန္ သူလွ်ိဳတစ္ဦးကို ေစလႊတ္ခဲ့သည္။

 

ထိုသူလွ်ိဳသည္ ရေသ့အျဖစ္ ဗိႆႏိုးျပည္သို႕ ၀င္ေရာက္ျပီး ပန္ထြာဧကရီ၏ ဆရာရေသ့ထံ ဆည္းကပ္ကာ ယံုၾကည္မႈ ရယူရန္ၾကိဳးစားခဲ့သည္။သံုးေလးလခန္႔ ၾကာသည့္အခါ သူလွ်ိဳရေသ့က သူ႕တပည့္မ်ားကို ဗိႆႏိုးၿမိဳ႕တြင္းမွ ေရႊ၊ ေငြ၊ ကြ်ဲ၊ ႏြားမ်ားကို ခိုးယူေစၿပီး သင့္ရာေနရာတြင္ ဝွက္ထားေစသည္။ ပစၥည္းေပ်ာက္သူက သူလွ်ိဳရေသ့ကိုေမးသည့္အခါမွ ရွိရာေနရာကို အတပ္ေဟာျပီး ပစၥည္းျပန္ရေစသည္။ ထိုအခါ သူလွ်ိဳရေသ့ကို ယံုၾကည္ ဆည္းကပ္သူမ်ား တိုးပြားလာခဲ့သည္။

 

ဆရာရေသ့ေရာ ပန္ထြာဘုရင္မပါ ထိုသူလွ်ိဳကို ယံုၾကည္လာျပီးသည့္အခါ ၄င္းက ဗိႆႏိုးကာကြယ္ေရးအတြက္ထားေသာ စည္ေတာ္ၾကီးကို ယခုထက္ပိုမိုအက်ိဳးထူးေအာင္ ေလာကီအစီအရင္မ်ားျဖင့္ သိဒၶိတင္ေပးလိုေၾကာင္း ေတာင္းဆိုလာခဲ့သည္။ပန္ထြာဧကရီလည္း ယံုၾကည္ကာ စည္ေတာ္ၾကီးကို သူလွ်ိဳရေသ့ထံ စိတ္ခ်လက္ခ် အပ္ႏွင္းလိုက္သည္။ေနာက္ေန႔မနက္တြင္မူ နန္းေတာ္ဦးရွိ စည္ေတာ္ၾကီးကို အေပါက္ၾကီးႏွစ္ေပါက္ျဖင့္ တုန္လႈပ္ဖြယ္ ေတြ႔ၾကရျပီး သူလွ်ိဳရေသ့မွာလည္း ေျခရာေပ်ာက္ ထြက္ေျပးသြားခဲ့သည္။

(ထို႔ေၾကာင့္ ပန္ထြာဘုရင္မ မွာ ရေသ့ရဟန္း အတုအေယာင္မ်ားကို မုန္းတီးၿပီး သူမပိုင္နက္မဟာၿမိဳင္ေတာအတြင္း၌ ေရာက္လာသမ်ွ ရေသ့ရဟန္းဟူသမ်ွ၏ သီလသမာဓိကို အစမ္းအသပ္ၾကမ္းသည္ဟု နာမည္ႀကီးေလသည္။ပန္ထြာဧကရီ အသည္းဆတ္ဆတ္တုန္ ေဒါသထြက္ေနစဥ္ မွာပင္ ျမိဳ႕ရိုးတံခါးမ်ားပိတ္သံကို ၾကားရကာ ျမိဳ႕ရိုးျပင္ဘက္မွ ဆင္သံ ျမင္းသံမ်ားကိုပါ ၾကားလိုက္ရသည္။ ဒြတၱေပါင္မင္းၾကီး လာေရာက္တိုက္ခိုက္ေပျပီ။

စည္တီး၍ အသံမထြက္။ အသံမထြက္သည့္အခါ ေရမက်။ ေရမက်သည့္အခါ အင္အားၾကီးမားေသာ ရန္သူ၏ျပင္းထန္ေသာ တိုက္စစ္ကို ဗိႆႏိုးသားတို႕ အလူးအလဲ ခံၾကရသည္။ မခံႏိုင္သည့္အဆံုးတြင္ ဗိႆႏိုးနန္းဦးသို႕ ဒြတၱေပါင္မင္းၾကီး၏ ဆင္ေတာ္ေရာက္ရွိလာခဲ့သည္။ ဗိႆႏိုးသားတို႕၏ေသြးစက္မ်ား အေလာင္းမ်ား ျပန္႕က်ဲေနသည္ကို ၾကည့္ကာ ပန္ထြာဧကရီ အံၾကိတ္ထားမိသည္။

-” သေရေခတၱရာျပည္ဟာ ၾကီးက်ယ္ခမ္းနားလွပါတယ္ အစ္မေတာ္။ ကၽြႏ္ုပ္ႏွင့္အတူ စံျမန္းေစလိုတဲ့ေစတနာ၊ ကၽြႏ္ုပ္ရဲ႕ေမတၱာ ေတြေၾကာင့္ ပင္ပန္းၾကီးစြာ စစ္ခ်ီခဲ့ရပါတယ္။”
ဒြတၱေပါင္မင္းၾကီး၏စကားတို႕ကို ပန္ထြာဧကရီ မည္သို႕မွ် မတံု႕ျပန္ခဲ့ေပ။ မိမိက စစ္ရႈံးသူမဟုတ္လား။ စစ္ရႈံးသူပီပီ သူျပဳသမွ် ႏုရေပေတာ့မည္ေလ။ဤသို႕ျဖင့္ သေရေခတၱရာျပည္သို႕ ဒြတၱေပါင္မင္းၾကီး၏ မိဖုရားအျဖစ္ ပန္ထြာေရာက္ရွိခဲ့သည္။ ဒြတၱေပါင္မင္းၾကီးသည္ ပန္ထြာဧကရီကို လြန္စြာျမတ္ႏိုးေတာ္မူသည္ ဆုိ၏။

သို႕ေသာ္ သားေတာ္တစ္ပါးရသည့္တိုင္ ပန္ထြာဘုရင္မ၏ အမုန္းက မေျပႏိုင္ခဲ့ေပ။ ထို႕ေၾကာင့္ ဒြတၱေပါင္မင္းၾကီးကို လုပ္ၾကံရန္ အတြင္းလူမ်ားျဖင့္ တိတ္တဆိတ္ စီစဥ္ခဲ့သည္။ သို႕ရာတြင္ အတြင္းလူမ်ားက မင္းၾကီးသည္ ဘုန္းၾကီးလြန္းသျဖင့္ တိုက္ရိုက္လုပ္ၾကံရန္ မလြယ္ေၾကာင္း၊ ဘုန္းနိမ့္ေစရန္ စီစဥ္ျပီးမွ လုပ္ၾကံေစလိုေၾကာင္း ေလွ်ာက္ၾကသည္။

ထိုအခါ ပန္ထြာဧကရီက မိမိ၏ ထဘီေအာက္နားစ ( အခ်ိဳ႔က သုႆန္မွ အ၀တ္ဟု ဆိုၾကသည္။) ကိုျဖတ္ကာ မ်က္ႏွာသုတ္ပ၀ါ အျဖစ္ ဆက္သျပီး ထို႕ေနာက္မွ အဆိပ္ခပ္ထားေသာ ေဖ်ာ္ရည္ကို ဆက္ကပ္ရန္ စီမံခဲ့သည္။

ဒြတၱေပါင္မင္းၾကီးသည္ ပန္ထြာဧကရီဆက္သေသာ မ်က္ႏွာသုတ္ပ၀ါကို အသံုးျပဳလိုက္သည္ႏွင့္ တျပိဳင္နက္ နဖူးမွ မွဲ႕ရွင္ေတာ္ ကြယ္ေပ်ာက္ျခင္း၊ လွံမ်ား ဓါးမ်ား အေရာင္မထြက္ေတာ့ျခင္း တို႔ ၾကံဳေတြ႔ခဲ့ရသည္။ မင္းၾကီး ဘုန္းနိမ့္သြားေခ်ျပီ။

တုန္လႈပ္သြားေသာ မင္းၾကီးသည္ ပန္ထြာဧကရီကို နားမလည္ဟန္ျဖင့္ ၾကည့္ေနစဥ္မွာပင္ ပန္ထြာဧကရီက မဲ့ျပံဳးတစ္ခ်က္ ျပံဳးျပလိုက္သည္။ မင္းၾကီးသည္ သူမ၏လက္ခ်က္မွန္း သိသည္ႏွင့္ သူမဆက္သည့္ ေဖ်ာ္ရည္ကိုလည္း မေသာက္ေတာ့ဘဲ အရင္ ျမည္းစမ္းျပရန္ ေတာင္းဆိုခဲ့သည္။ပန္ထြာဧကရီသည္ လက္ထဲမွ ေဖ်ာ္ရည္ခြက္ ကို ေျမွာက္ကာ ေအာက္ပါက်ိန္စာကို ရြတ္ဆိုခဲ့သည္။

 

-” ကၽြႏ္ုပ္သည္ မိမိ၏ ဗိႆႏိုးျပည္ကို တရားသျဖင့္ စီမံအုပ္ခ်ဳပ္ေနသူျဖစ္ပါသည္။ ဤသေရေခတၱရာ ဒြတၱေပါင္မင္းက ႏိုင့္ထက္စီးနင္း က်ဴးေက်ာ္သိမ္းပိုက္ခဲ့ပါသည္။ ယခုဘ၀တြင္ သူ႔အား သတ္ရန္ ၾကိဳးပမ္းမႈ မေအာင္ျမင္ေတာ့ပါ။ ထို႕ေၾကာင့္ ေနာက္ဘ၀မ်ားတြင္သာ လက္စားေခ်ရန္ ၾကိဳးပမ္းပါေတာ့မည္။ ဒြတၱေပါင္မင္းကို ကၽြႏ္ုပ္လက္ျဖင့္ လက္စားမေခ်ရေသးမျခင္း သေရေခတၱရာျပည္အနီးရွိ ေပပင္ငယ္ တို႔သည္ ယခုအရြယ္မွ ဆက္လက္ၾကီးထြားျခင္း မရွိဘဲ ရပ္တန္႔ေနပါေစ”
ထို႕ေနာက္တြင္မူ လက္ထဲမွ ေဖ်ာ္ရည္ခြက္ကို ေမာ့ကာ ကံေတာ္ကုန္ေလသည္။

(မူကြဲတြင္ ဒြတၱေပါင္မင္းႀကီးသည္ ဘုန္းကံနိမ့္ပါးသြားေသာ္လဲ ပန္ထြာမိဖုရားအား ခ်စ္ျမတ္ႏိုးလွသျဖင့္ အျပစ္မယူသည္ကုိ မင္းႀကီး၏ ေမာင္းမမိဖုရားမ်ားက မေက်မနပ္ျဖစ္ကာ အဆိပ္ခတ္ထားေသာ ၀က္ေျမစာဥကို ပန္ထြာမိဖုရားအား ဆက္သၾကရာမွ မိဖုရား အဆိပ္မိကာ နတ္ရြာစံသည္။ ေသအံ့ဆဲ အခ်ိန္တြင္မွ က်ိန္စာစကားဆိုခဲ့သည္ ဟု ဆိုၾကသည္။)

ဒြတၱေပါင္မင္းၾကီးလည္း ဘုန္းကံနိမ့္ပါးရသည့္အျပင္ ခ်စ္စြာေသာ မိဖုရား၏အမုန္းက်ိန္စာကိုပါ ၾကားရသည္တြင္ မ်ားစြာ ေၾကကြဲေတာ္မူသည္။ပန္ထြာဧကရီသည္ ဒြတၱေပါင္မင္းၾကီးကို လက္စားေခ်ရန္ အခြင့္ရေသးဟန္မတူေခ်။ အဘယ့္ေၾကာင့္ဆိုေသာ္ သေရေခတၱရာျမိဳ႕အနီးမွ ေပပင္ငယ္တို႔သည္ ယေန႔ထက္တိုင္ အပင္ငယ္မ်ား အျဖစ္မွ ဆက္လက္ၾကီးထြားျခင္းမရွိဘဲ ရပ္တည္လ်က္ရွိေသးသည္ ဆို၏။ အမုန္းကိ်န္စာကား အံ့ဖြယ္ပင္။ရာဇ၀င္ထဲက ပန္ထြာဘုရင္မကို သတိရမိလို႕ ဒီပို႕စ္ကို စာစီပါတယ္။ သိျပီးသား အေၾကာင္းအရာဆိုရင္လည္း အခုလို အခ်ိန္ေပးဖတ္ရႈတာ ေက်းဇူးတင္ပါတယ္။

Unicode

တကယ်တော့ မြန်မာ့ရာဇဝင်ထဲမှာ အမျိုးသားတွေပဲ ရာနှုန်းပြည့် နေရာယူထားခဲ့တာ မဟုတ်ပါဘူး။ ထူးချွန်ထင်ရှားတဲ့ အမျိုးသမီးခေါင်းဆောင်တွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။ သူတို့ထဲကမှ မြန်မာ့သမိုင်းရဲ့ အစောပိုင်းကာလ ဖြစ်တဲ့ ပျုခေတ်မှာ ပေါ်ပေါက်ခဲ့တဲ့ ဗိဿနိုးဘုရင်မ ပန်ထွာဧကရီ ဆိုတဲ့ အမျိုးသမီးပဒေသရာဇ် ခေါင်းဆောင် အကြောင်းကို ကျနော်သိသလောက် ပြောပြချင်ပါတယ်..။

သရေခေတ္တရာပြည်တွင် ဒွတ္တပေါင်မင်းကြီး အုပ်စိုးနေစဉ်ကာလအတွင်း ထီးပြိုင်နန်းပြိုင်အဖြစ် ဗိဿနိုးပြည်တွင် ပန်ထွာဘုရင်မက အုပ်ချုပ်နေခဲ့သည်။ ( ရာဇဝင်ကျမ်းများအရ “ပြည်” ဟုသုံးနှုန်းရသော်လည်း အမှန်မှာ မြို့ပြနိုင်ငံ ( city-state) အဆင့်မျှသာဖြစ်ပါသည်။)ပန်ထွာဘုရင်မသည် လူသာမန်မဟုတ်ချေ။ ခမည်းတော်မှာ တကောင်းမင်းကြီး၏သားတော်အရင်း မဟာသမ္ဘ၀ ဖြစ်ပြီး မယ်တော်မှာ စန္ဒမုခိဘီလူးမ ဖြစ်သည်။ ( တကောင်းမင်းကြီးက မျက်မမြင်သမ္ဘဝညီနောင်ကို ဧရာဝတီမြစ်အတိုင်းမျှောလိုက်ရာ လမ်းခရီး၌ စန္ဒမုခိဘီလူးမက ထမင်းခိုးစားသည့်အခါ သမ္ဘဝညီနောင်က ရိပ်မိပြီး သတ်မည်ဟု ဘီလူးမလက်ကို ဆွဲသည်တွင် ဘီလူးမက မဟာသမ္ဘဝကို တပ်မက်စိတ်ဖြင့် သာယာမိသည့်အတွက် ပဋိသန္ဓေ ခသည်ဟုဆို၏။ အံ့ဖွယ်ပင်။)စန္ဒမုခိဘီလူးမသည် သမီးလေးကို မွေးပြီးသည့်အခါ ပျူရွာတစ်ရွာအနီးရှိ ဆရာရသေ့ထံ ပညာသင်စေခဲ့သည်။ မိပန်ထွာလေး၏ ထက်မြက်မှုကို အနီးအပါးရှိ ရွာများကပါ သိရှိလာပြီးနောက် အရွယ်ရောက်သည့်အခါ သူမကိုသာ ခေါင်းဆောင်အဖြစ် တစ်ညီတစ်ညွတ်တည်း တင်မြောက်ခဲ့ကြသည်။ပန်ထွာသည် ထိုရွာအပေါင်းတို့ကို စုစည်းကာ ဗိဿနိုးမြို့ပြနိုင်ငံအဖြစ် ကျုံး၊မြို့ရိုးတို့ဖြင့် အကွက်ချကာ ဖွဲ့စည်းတည်ထောင်ခဲ့သည်။

( ပန်ထွာဘုရင်မမှာ အတိတ်ဘဝက ဗိဿနိုးနတ်မင်း၏ နှမ တော်စပ်ခဲ့သဖြင့် ဗိဿနိုးနတ်မင်း၏ ချီးမြှောက်မှုဖြင့် မြို့တည်ခဲ့ရာမှ ဗိဿနိုးမြို့ဟု ခေါ်တွင်ခဲ့သည်။ မြို့အတွင်းတွင် ဗိဿနိုးနတ်မင်းကို နတ်နန်းဖြင့် အကြီးအကျယ် ပူဇော်ကြသည်။ နတ်နန်း အနီးရှိ အင်ကြင်းပင်တို့မှာ ယနေ့အချိန်ထိ ဆယ့်နှစ်ရာသီမရွေးဖူးပွင့်ကြသည် ဟုဆိုသည်။ ဘုရင်မသည် မြို့အနီးရှိ ရန်ပယ် ချောင်းရေကို စနစ်တကျ အသုံးချကာ နိုင်ငံတော်ကာကွယ်ရေးအတွက် စီမံခဲ့သည်။စီမံပုံမှာ- ရန်ပယ်ချောင်း အထက်တွင် ရေတားတံခါး အဆင့်ဆင့်တည်ဆောက်စေပြီး ဗိဿနိုးမှ စည်တီးကာ အချက်ပြသည်နှင့် ရေတံခါးများကို ဖွင့်ချစေကာ မြို့ပတ်လည်ကို ရေလွှမ်းမိုးစေခြင်း ဖြစ်သည်။ ( တံခါးများကို တစ်ဆက်တည်း ဖွင့်ချခြင်းမဟုတ်ဘဲ တစ်ချပ်ပြီးမှ တစ်ချပ် အချိန်ယူကာ ဖွင့်စေခြင်းဖြစ်သဖြင့် ကြောက်မက်ဖွယ် ရေစီးအားကို ဖြစ်ပေါ်စေသည်။)

ထိုသို့ ဗိဿနိုးတွင် ဧကရီအဖြစ် တစ်ထီးတစ်နန်းရပ်တည်နေစဉ် သရေခေတ္တရာပြည်မှ ဒွတ္တပေါင်မင်းကြီးသည် ပန်ထွာဘုရင်မနှင့်တကွ မြို့ကိုပါ သိမ်းပိုက်လိုသဖြင့် အင်အားအလုံးအရင်းဖြင့် ချီတက်တိုက်ခိုက်လာခဲ့သည်။သို့ရာတွင် မြို့တံခါးကို အလုံပိတ်ထားသော ဗိဿနိုးမှ စည်တီးသံကျယ်ကျယ် တစ်ချက်သာ ကြားလိုက်ရပြီး ခဏအကြာတွင် နတ်ဆိုးအော်သံကဲ့သို့ အသံပေးကာ တစ်ဟုန်ထိုးဝင်လာသည့် ရေလုံးကြီးအောက်တွင် သရေခေတ္တရာစစ်သည်တို့ ဖရိုဖရဲဖြစ်ကုန်ကြသည်။ရေမျောသူမျော ကမ်းတင်သူတင် ဖြစ်နေစဉ် ဗိဿနိုးဘက်မှ လေးသည်တော်များက ပေါ်လာသမျှသော မည်းမည်းမြင်ရာတို့ကို မြားဖြင့် ပစ်သဖြင့် သရေခေတ္တရာရဲမက်များ အထိအရှများခဲ့ရသည်။ ဒွတ္တပေါင်မင်းကြီးလည်း အံကိုကြိတ်ကာ နောက်ပြန်ဆုတ်ရတော့သည်။သို့သော် ဒွတ္တပေါင်မင်းကြီးသည် ရန်ပယ်ချောင်းရေတံခါးများသည် စည်သံအပေါ်ရပ်တည်နေကြောင်း သိသည့်အခါ ထိုစည်ကို ဖျက်ဆီးရန် သူလျှိုတစ်ဦးကို စေလွှတ်ခဲ့သည်။

ထိုသူလျှိုသည် ရသေ့အဖြစ် ဗိဿနိုးပြည်သို့ ဝင်ရောက်ပြီး ပန်ထွာဧကရီ၏ ဆရာရသေ့ထံ ဆည်းကပ်ကာ ယုံကြည်မှု ရယူရန်ကြိုးစားခဲ့သည်။သုံးလေးလခန့် ကြာသည့်အခါ သူလျှိုရသေ့က သူ့တပည့်များကို ဗိဿနိုးမြို့တွင်းမှ ရွှေ၊ ငွေ၊ ကျွဲ၊ နွားများကို ခိုးယူစေပြီး သင့်ရာနေရာတွင် ဝှက်ထားစေသည်။ ပစ္စည်းပျောက်သူက သူလျှိုရသေ့ကိုမေးသည့်အခါမှ ရှိရာနေရာကို အတပ်ဟောပြီး ပစ္စည်းပြန်ရစေသည်။ ထိုအခါ သူလျှိုရသေ့ကို ယုံကြည် ဆည်းကပ်သူများ တိုးပွားလာခဲ့သည်။

ဆရာရသေ့ရော ပန်ထွာဘုရင်မပါ ထိုသူလျှိုကို ယုံကြည်လာပြီးသည့်အခါ ၎င်းက ဗိဿနိုးကာကွယ်ရေးအတွက်ထားသော စည်တော်ကြီးကို ယခုထက်ပိုမိုအကျိုးထူးအောင် လောကီအစီအရင်များဖြင့် သိဒ္ဓိတင်ပေးလိုကြောင်း တောင်းဆိုလာခဲ့သည်။ပန်ထွာဧကရီလည်း ယုံကြည်ကာ စည်တော်ကြီးကို သူလျှိုရသေ့ထံ စိတ်ချလက်ချ အပ်နှင်းလိုက်သည်။နောက်နေ့မနက်တွင်မူ နန်းတော်ဦးရှိ စည်တော်ကြီးကို အပေါက်ကြီးနှစ်ပေါက်ဖြင့် တုန်လှုပ်ဖွယ် တွေ့ကြရပြီး သူလျှိုရသေ့မှာလည်း ခြေရာပျောက် ထွက်ပြေးသွားခဲ့သည်။

(ထို့ကြောင့် ပန်ထွာဘုရင်မ မှာ ရသေ့ရဟန်း အတုအယောင်များကို မုန်းတီးပြီး သူမပိုင်နက်မဟာမြိုင်တောအတွင်း၌ ရောက်လာသမျှ ရသေ့ရဟန်းဟူသမျှ၏ သီလသမာဓိကို အစမ်းအသပ်ကြမ်းသည်ဟု နာမည်ကြီးလေသည်။ပန်ထွာဧကရီ အသည်းဆတ်ဆတ်တုန် ဒေါသထွက်နေစဉ် မှာပင် မြို့ရိုးတံခါးများပိတ်သံကို ကြားရကာ မြို့ရိုးပြင်ဘက်မှ ဆင်သံ မြင်းသံများကိုပါ ကြားလိုက်ရသည်။ ဒွတ္တပေါင်မင်းကြီး လာရောက်တိုက်ခိုက်ပေပြီ။

စည်တီး၍ အသံမထွက်။ အသံမထွက်သည့်အခါ ရေမကျ။ ရေမကျသည့်အခါ အင်အားကြီးမားသော ရန်သူ၏ပြင်းထန်သော တိုက်စစ်ကို ဗိဿနိုးသားတို့ အလူးအလဲ ခံကြရသည်။ မခံနိုင်သည့်အဆုံးတွင် ဗိဿနိုးနန်းဦးသို့ ဒွတ္တပေါင်မင်းကြီး၏ ဆင်တော်ရောက်ရှိလာခဲ့သည်။ ဗိဿနိုးသားတို့၏သွေးစက်များ အလောင်းများ ပြန့်ကျဲနေသည်ကို ကြည့်ကာ ပန်ထွာဧကရီ အံကြိတ်ထားမိသည်။

-” သရေခေတ္တရာပြည်ဟာ ကြီးကျယ်ခမ်းနားလှပါတယ် အစ်မတော်။ ကျွန်ုပ်နှင့်အတူ စံမြန်းစေလိုတဲ့စေတနာ၊ ကျွန်ုပ်ရဲ့မေတ္တာ တွေကြောင့် ပင်ပန်းကြီးစွာ စစ်ချီခဲ့ရပါတယ်။”
ဒွတ္တပေါင်မင်းကြီး၏စကားတို့ကို ပန်ထွာဧကရီ မည်သို့မျှ မတုံ့ပြန်ခဲ့ပေ။ မိမိက စစ်ရှုံးသူမဟုတ်လား။ စစ်ရှုံးသူပီပီ သူပြုသမျှ နုရပေတော့မည်လေ။ဤသို့ဖြင့် သရေခေတ္တရာပြည်သို့ ဒွတ္တပေါင်မင်းကြီး၏ မိဖုရားအဖြစ် ပန်ထွာရောက်ရှိခဲ့သည်။ ဒွတ္တပေါင်မင်းကြီးသည် ပန်ထွာဧကရီကို လွန်စွာမြတ်နိုးတော်မူသည် ဆို၏။

သို့သော် သားတော်တစ်ပါးရသည့်တိုင် ပန်ထွာဘုရင်မ၏ အမုန်းက မပြေနိုင်ခဲ့ပေ။ ထို့ကြောင့် ဒွတ္တပေါင်မင်းကြီးကို လုပ်ကြံရန် အတွင်းလူများဖြင့် တိတ်တဆိတ် စီစဉ်ခဲ့သည်။ သို့ရာတွင် အတွင်းလူများက မင်းကြီးသည် ဘုန်းကြီးလွန်းသဖြင့် တိုက်ရိုက်လုပ်ကြံရန် မလွယ်ကြောင်း၊ ဘုန်းနိမ့်စေရန် စီစဉ်ပြီးမှ လုပ်ကြံစေလိုကြောင်း လျှောက်ကြသည်။

ထိုအခါ ပန်ထွာဧကရီက မိမိ၏ ထဘီအောက်နားစ ( အချို့က သုဿန်မှ အဝတ်ဟု ဆိုကြသည်။) ကိုဖြတ်ကာ မျက်နှာသုတ်ပဝါ အဖြစ် ဆက်သပြီး ထို့နောက်မှ အဆိပ်ခပ်ထားသော ဖျော်ရည်ကို ဆက်ကပ်ရန် စီမံခဲ့သည်။

ဒွတ္တပေါင်မင်းကြီးသည် ပန်ထွာဧကရီဆက်သသော မျက်နှာသုတ်ပဝါကို အသုံးပြုလိုက်သည်နှင့် တပြိုင်နက် နဖူးမှ မှဲ့ရှင်တော် ကွယ်ပျောက်ခြင်း၊ လှံများ ဓါးများ အရောင်မထွက်တော့ခြင်း တို့ ကြုံတွေ့ခဲ့ရသည်။ မင်းကြီး ဘုန်းနိမ့်သွားချေပြီ။

တုန်လှုပ်သွားသော မင်းကြီးသည် ပန်ထွာဧကရီကို နားမလည်ဟန်ဖြင့် ကြည့်နေစဉ်မှာပင် ပန်ထွာဧကရီက မဲ့ပြုံးတစ်ချက် ပြုံးပြလိုက်သည်။ မင်းကြီးသည် သူမ၏လက်ချက်မှန်း သိသည်နှင့် သူမဆက်သည့် ဖျော်ရည်ကိုလည်း မသောက်တော့ဘဲ အရင် မြည်းစမ်းပြရန် တောင်းဆိုခဲ့သည်။ပန်ထွာဧကရီသည် လက်ထဲမှ ဖျော်ရည်ခွက် ကို မြှောက်ကာ အောက်ပါကျိန်စာကို ရွတ်ဆိုခဲ့သည်။

-” ကျွန်ုပ်သည် မိမိ၏ ဗိဿနိုးပြည်ကို တရားသဖြင့် စီမံအုပ်ချုပ်နေသူဖြစ်ပါသည်။ ဤသရေခေတ္တရာ ဒွတ္တပေါင်မင်းက နိုင့်ထက်စီးနင်း ကျူးကျော်သိမ်းပိုက်ခဲ့ပါသည်။ ယခုဘဝတွင် သူ့အား သတ်ရန် ကြိုးပမ်းမှု မအောင်မြင်တော့ပါ။ ထို့ကြောင့် နောက်ဘဝများတွင်သာ လက်စားချေရန် ကြိုးပမ်းပါတော့မည်။ ဒွတ္တပေါင်မင်းကို ကျွန်ုပ်လက်ဖြင့် လက်စားမချေရသေးမခြင်း သရေခေတ္တရာပြည်အနီးရှိ ပေပင်ငယ် တို့သည် ယခုအရွယ်မှ ဆက်လက်ကြီးထွားခြင်း မရှိဘဲ ရပ်တန့်နေပါစေ”
ထို့နောက်တွင်မူ လက်ထဲမှ ဖျော်ရည်ခွက်ကို မော့ကာ ကံတော်ကုန်လေသည်။

(မူကွဲတွင် ဒွတ္တပေါင်မင်းကြီးသည် ဘုန်းကံနိမ့်ပါးသွားသော်လဲ ပန်ထွာမိဖုရားအား ချစ်မြတ်နိုးလှသဖြင့် အပြစ်မယူသည်ကို မင်းကြီး၏ မောင်းမမိဖုရားများက မကျေမနပ်ဖြစ်ကာ အဆိပ်ခတ်ထားသော ဝက်မြေစာဥကို ပန်ထွာမိဖုရားအား ဆက်သကြရာမှ မိဖုရား အဆိပ်မိကာ နတ်ရွာစံသည်။ သေအံ့ဆဲ အချိန်တွင်မှ ကျိန်စာစကားဆိုခဲ့သည် ဟု ဆိုကြသည်။)

ဒွတ္တပေါင်မင်းကြီးလည်း ဘုန်းကံနိမ့်ပါးရသည့်အပြင် ချစ်စွာသော မိဖုရား၏အမုန်းကျိန်စာကိုပါ ကြားရသည်တွင် များစွာ ကြေကွဲတော်မူသည်။ပန်ထွာဧကရီသည် ဒွတ္တပေါင်မင်းကြီးကို လက်စားချေရန် အခွင့်ရသေးဟန်မတူချေ။ အဘယ့်ကြောင့်ဆိုသော် သရေခေတ္တရာမြို့အနီးမှ ပေပင်ငယ်တို့သည် ယနေ့ထက်တိုင် အပင်ငယ်များ အဖြစ်မှ ဆက်လက်ကြီးထွားခြင်းမရှိဘဲ ရပ်တည်လျက်ရှိသေးသည် ဆို၏။ အမုန်းကျိန်စာကား အံ့ဖွယ်ပင်။ရာဇဝင်ထဲက ပန်ထွာဘုရင်မကို သတိရမိလို့ ဒီပို့စ်ကို စာစီပါတယ်။ သိပြီးသား အကြောင်းအရာဆိုရင်လည်း အခုလို အချိန်ပေးဖတ်ရှုတာ ကျေးဇူးတင်ပါတယ်။