ထူးအိမ်သင်အသံလားထင်ရလောက်တဲ့ လင်းခက်ရဲ့ သီချင်းဗီဒီယို
The Voice Myanmar season 2 ရဲ့ Blind Audition တုန်းက Coach တွေကိုပျော်ရွှင်စေခဲ့တဲ့ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ Battle Round မှာ Coach ရန်ရန်ချမ်းရဲ့ အဖွဲ့ကနေရွေးချယ်ခြင်းမခံခဲ့ရပေမယ့် Coach Rဇာနည်က Stealလုပ်ပြီးပြိုင်ပွဲမှာ ဆက်လက်ယှဉ်ပြိုင်ဖို့အခွင့်ရေးပေးခဲ့တဲ့ ပြိုင်ပွဲဝင် လင်းခက်ကိုတော့ သိကြမယ်ထင်ပါတယ်။ အခုကျနော်တို့ပျော်ချင်လွန်းလို့မိတ်ဆွေတွေကို တင်ဆက်ပေးချင်တဲ့အကြောင်းအရာကတော့ The Voice ရဲ့Blind Audition အဆင့်မရောက်ခင်မှာဝင်ရောက်အရွေးခံရတဲ့ Online Auditionအဆင့်တုန်းက လင်းခက်ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ Videoဖိုင်လေးပဲဖြစ်ပါတယ်။
လင်းခက် ကသူ့ရဲ့ Online Audition အဆင့်ကို ထူးအိမ်သင်ရဲ့ အကောင်းဆုံးသီချင်းတွေထဲက တစ်ပုဒ်ဖြစ်ပြီး အစိမ်းရောင်ရက်စွဲတေးစီရီးထဲက သီချင်းတစ်ပုဒ်လည်းဖြစ်တဲ့ မဟာဝီရ အို…ဗုဒ္ဓ သီချင်းကို ဂစ်တာနဲ့Coverပြန်တီးဆိုပြီး ဝင်ရောက်အရွေးခံခဲ့တာပါ။ သူရဲ့ သီဆိုဟန်နဲ့ကတော့ထူးအိမ်သင်ရဲ့လွှမ်းမိုးမှုတွေ ပါဝင်နေပေမယ့်လို့ ပြန်လည်တီးခတ်ထားတဲ့ပုံစံကတော့ တမူထူးခြားနေပြီး အားလုံးကို သဘောကျနှစ်ခြိုက်စေမှာသေချာပါတယ်။
သူရဲ့ အဆိုပြိုင်နိုင်မှုနဲ့ သူရဲ့ဂီတအပေါ်မှာအတိုင်းသားမြင်ရမယ့် Video လေးဖြစ်တာကြောင့် မိတ်ဆွေတို့မကြည့်ရမရှိလေအောင် ပြန်လည်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်။ ဒီVideo လေးကို ကြည့်ပြီး မိတ်ဆွေတို့ရဲ့အမြင်လေးတွေကိုလည်း ပြန်ပြောပြေပေးသွားပါ့ဦးခင်ဗျာ။
တိုင်းပြည်ဆင်းရဲနေချိန်မှာ အရှုံးခံပေးနေရတဲ့ လျှပ်စစ်မီးကို သုံးနေရတာကျွန်တော် စိတ်မသန့်ဘူး
တိုင်းပြည်ဆင်းရဲနေချိန်မှာ အရှုံးခံပေးနေရတဲ့ လျှပ်စစ်မီးကို သုံးနေရတာ ကျွန်တော် စိတ်မသန့်ဘူး
တိုင်းပြည်ဆင်းရဲနေတဲ့အချိန်မှာ ကျွန်တော့်အိမ်မှာ သုံးတဲ့ မီတာခကို တိုင်းပြည်ရဲ့ပညာရေး၊ကျန်းမာရေး မှာ သုံးမယ့်ငွေထဲကနေ လာစိုက်ပေးနေတာကို ကျွန်တော်စိတ်မသန့်ဘူး။
မီတာခ တစ်ရက်ကို ဒေါ်လာ တစ်သန်းကျော်(ကျပ်သိန်းပေါင်း တစ်သောင်းကိုးထောင်) လောက် တိုင်းပြည်က စိုက်နေ ရတယ်။ တစ်တိုင်းပြည်လုံး တပ်ဆင်အင်အားက မီဂါဝဒ် ၅၀၀၀၊ အခုလိုဆည်ရေခန်းတဲ့အချိန်ဆို မီဂါဝဒ် ၃၀၀၀ ပဲ ထုတ်နိုင်တော့တယ်။ နောက် ၂ ပတ်အတွင်း မိုးမရွာရင် ဒီ့ထက် မီးပိုပျက်မယ်။
လျှပ်စစ်တစ်ယူနစ် ထုတ်လုပ်မှုအရင်းက တစ်ယူနစ်ကို ၁၀၂ ကျပ် ရှိတယ်။ (ရေအား၊ဂက်စ်၊ကျောက်မီးသွေး၊ အခြား အားလုံး ပျမ်းမျှ တွက်ထား။) သုံးစွဲသူတွေဆီကနေ ပြန်ကောက်လို့ရတာက ၇၂ ကျပ်။ (အိမ်မီတာ ၃၅ကျပ်၊၄၀၊၅၀ ကျပ်။ စီးပွား မီတာ ၇၅ကျပ်၊ကနေ ၁၅၀ ကျပ်ကောက်ခံတယ်၊ ခိုးသုံးတာ၊ အလကားသုံးတာတွေလည်းရှိနေတယ်။) တစ်ယူနစ် တိုင်းမှာ တိုင်းပြည်က ၃၀ ကျပ်ရှုံးနေရော။ ဒါတောင် စီးပွားမီတာတွေကနေ မြတ်နေလို့ ခံသာနေတာ။
စီပွားမီတာကနေ မြတ်နေပေမယ့် အိမ်သုံးမီတာမှာ အရှုံးခံနေတာ၊ မသာမသူတွေပေါင်းပြီး ခိုးသုံးနေတာနဲ့ မီးကို အလကား သုံးနေတဲ့လူတွေကြောင့် တိုင်းပြည်က မွဲပြီးရင်းမွဲပေါ့။ တစ်ရက်အရှုံးကိုတွက်ကြည့်ရရင် မေလ၁၆ရက် တစ်ရက်ထဲမှာကို တစ်ရက်လုံး စုစုပေါင်းထုတ်တဲ့ လျှပ်စစ်က ၆၃၅၆၄ ၀၀၀ ကီလိုဝဒ်နာရီ၊ ၁ ကီလိုဝဒ်နာရီ(တစ်ယူနစ်) တိုင်းမှာ ၃၀ ကျပ် ရှုံးတယ်။ တစ်ဒေါ်လာကို ၁၅၃၀ကျပ်နဲ့ တွက်လိုက်ရင် တစ်ရက်ကို ဒေါ်လာ ၁.၂၄၆သန်း (ကျပ်သိန်းပေါင်း တစ်သောင်း ကိုးထောင် ကျော်ရှိတယ်။)
ပုံမှာပြထားတဲ့ ရွာ ဆေးခန်းကို အဆင့်မြှင့်ရင် သိန်း၁၉၀ လောက်ပဲကြမယ်။ အဲလို ဆေးခန်းမျိုး တစ်ရက်ကို အခု ၁၀၀ အဆင့်မြှင့်နိုင်တယ်။ အခုတော့ အဲယားကွန်းသုံးတဲ့ မြို့နေလူတန်းစားအတွက် တိုင်းပြည်ရဲ့ ပညာရေး၊ ကျန်းမာရေး သုံးမယ့်ငွေထဲကနေ စိုက်ပေးနေရတယ်။ (စီးပွားမီတာ လုံးဝဈေးမတတ်သင့်၊ အခြေခံလူတန်းစားအတွက် ၃၅ ကျပ် ကိုလည်း မတတ်သင့်။ စိုက်ပေးနေရတာတော့ သိစေချင်။) ကျန်းမာရေးမှာ နိုင်ငံပေါင်း ၂၀၀ရဲ့ အောက်ဆုံးအဆင့် ရောက်နေတာ ဒါတွေကြောင့်လည်းပါတယ်။
ကျွန်တော် အိမ်မှာ ပြီးခဲ့တဲ့လက ယူနစ်၁၈၀၀ကျော် သုံးတာအတွက် ကိုးသောင်းကျော် ပေးရတယ်။ ထုတ်လုပ်တဲ့ အရင်းဈေးနဲ့ဆို တစ်သိန်းရှစ်သောင်းဆောင်ရမှာကို တိုင်းပြည်က ကိုးသောင်းစိုက်ပေးနေရတယ်။ အဲဒီအတွက် စိတ်မသန့်ဘူး။
ဒီရက်ပိုင်း စတားစီးတီးပြောင်းနေတော့ သွားလာရတာဝေးပေမယ့် စိတ်သန့်တယ်။ မီတာ တစ်ယူနစ်ကို ၁၇၀ ကျပ်ပေး ရတယ်။ မီးအားလည်းပြည့် မီးလည်းမှန်တယ်။ အစိုးရကို ၁၅၀ကျပ်သွင်းရပြီး စတားစီးတီးက ၂၀ ကျပ် အမြတ်ယူတယ် ထင်တယ်။
စတားစီးတီးမှာ သွားမနေခင် တစ်ခြားလူတွေ မီတာခဘယ်လောက်ကျလဲမေးကြည့်တော့ သိန်းဂဏန်းကျတယ် ပြောကြတယ်။ သူငယ်ချင်းတစ်ယောက်က သူ့အခန်းကို နိုင်ငံခြားသားငှားထားတယ်။ မီတာခကဆောင်ပေးရတယ်။ အဲယားကွန်း၃လုံးပါတဲ့ အခန်းကို တစ်လ ၂သိန်း ဆောင်ရတယ်။
ကိုယ်တွေကတော့ မီတာခသက်သာအောင် ကြိုတင်ပြင်ဆင်ထားတယ်။ အဲယားကွန်းကို မီအား၃၀%သက်သာတဲ့ အင်ဗာတာတိုက်ပ် တပ်ထားတယ်။ မီးလုံးတွေဆိုလည်း LED တွေပဲ သုံးတယ်။ ကလေးတွေကိုလည်း မီတာခ ဈေးကြီး ကြောင်းပြောထားပြီး လိုအပ်မှသုံးခိုင်းတယ်။ ညဖက်ဆို ဧည်ခန်းမှာပဲ သိုက်သိုက်ဝန်းဝန်းစုနေကြတယ်။ လကုန်တော့ မီတာခ ငါးသောင်းကျော်ပဲတြယ်။ လျှပ်စစ်တန်ဖိုးကို သိသွားတဲ့သဘောပေါ့။
မြန်မာပြည်ဟာ မီးမမှန်သမျှ မတိုးတက်ပါဘူး။ မြန်မာပြည်တိုးတက်ဖို့ တိုးသင့်တာတိုး၊ ခိုးတာတွေပပျောက်အောင်နဲ့ အလကားသုံးသူတွေလည်း ဖော်ထုတ်ပေးပါလို့…..
Credit – Aung Moe Lwin
ခွေးချစ်သူတွေကို ပန်ဆယ်လို ဒဲ့ပြောပြီ (ရုပ်သံဖိုင်)
လမ်းဘေးခွေးရှင်းလင်းရေးနဲ့ ခွေးချစ်သူတွေကြားမှာ ဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းလို့ရမယ့် နည်းလမ်းကတော့ လိုင်စင်လို့ပဲ ယူဆတယ်။
ခွေးချစ်သူတွေအနေနဲ့ ကိုယ်မွေးချင်တဲ့ ခွေးကို မှတ်ပုံတင်။ လိုင်စင်လုပ်၊ ကာကွယ်ဆေးထိုးပေး၊ သားဆက်ခြားပေး၊ ကိုက်ရင် တာဝန်အပြည့်အဝယူ။
ခွေးလည်ပင်းမှာ ဖြုတ်မရတဲ့၊ ပိုင်ရှင်နာမည်သိစေမယ့် တစ်ခုခုအမှတ်အသား ဆွဲပေးထား။ ခွေးကိုက်ခဲ့သည်ရှိသော် အပြည့်အဝ တာဝန်မယူရင် တာဝန်ယူရမယ့်ငွေပမာဏထက် ဆယ်ဆဒဏ်ငွေရိုက်၊ မဆောင်ရင် တရားစွဲ။
တရားဝင်ကြေငြာပြီး တစ်လအချိန်ပေး။ တစ်လအတွင်း မှတ်ပုံလာမတင်တဲ့ ခွေးတွေကို ဖမ်းဆီး။ ဂေဟာပဲ ပို့ပို့၊ ဘာပဲလုပ်လုပ် စည်ပင်က သင့်သလို စီစဉ်။ လာနှောက်ယှက်ရင် ဝတ္တရားနှောက်ယှက်မှုနဲ့ ဖမ်း။
အဲ့လို ပြင်းပြင်းထန်ထန် မကိုင်တွယ်နိုင်ဘဲ အဆိပ်တုံးလေး တစ်နေရာ ပြေးပစ်လိုက်၊ ဟိုနားလေး မေ့ဆေးပစ်ဖမ်း။ ခွေးချစ်သူတွေက လိုင်းပေါ်တက် ငိုပြကောင်းရုံတွေ တို့တိတို့တိလျှောက်လုပ်နေတာတွေ ရပ်သင့်ပြီ။
တိုင်းပြည်က ဆင်းရဲရတဲ့ကြား ခွေးပြသနာမှာတင် တိုင်ပတ်နေတယ်။ ပြောပြန်ရင် ပြောတဲ့လူက အကြင်နာတရားမရှိတဲ့လူ။ ထမင်းကျန်ဟင်းကျန်လေး ဆယ်ခါ့တစ်ခါကျွေးပြီး အခြားလူတွေက လူယုတ်မာတွေ… သူတို့ကပဲ မဟာကရုဏာရှင်ကြီးဂိုက် ဖမ်းနေတဲ့ဟာတွေ ဒဲ့ရွံလို့။
တကယ့်တကယ်မှာ ခွေးက အပြစ်မရှိဘူး။ သူတို့သဘာဝအရ ရောဂါသယ်ဆောင်ထားတယ်၊ သဘာဝအရ ကိုက်တတ် တယ်။ အဟိတ်တိရိစ္ဆာန်ဖြစ်တဲ့အတွက် သူတို့မှာ အသိဉာဏ်မရှိဘူး။ အဲ့တော့ ကိုက်တယ်။ သူတို့သဘာဝနဲ့ လူ့ပတ်ဝန်းကျင် သဟဇာတမဖြစ်ဘဲ အန္တရာယ်တွေ ဖြစ်လာလို့ ဖယ်ထုတ်ဖို့ ကြိုးစားတယ်။ ဒါပဲ။
ခွေးမပြောနဲ့ လူတွေမှာတောင် လူ့ဘောင်အတွက် အန္တရာယ်ပြုလာရင် ဖမ်းဆီးတာ၊ သေဒဏ်ပေးတာ ရှိတာပဲ။ ခွေးလို မဖမ်းပါနဲ့ဆိုပြီး ပြန်လုလို့မရဘူး။
ဒါကို ကြားထဲက ကန့်လန့်တိုက်နေတာက တာဝန်ယူနိုင်စွမ်းမရှိ၊ တာဝန်ယူချင်စိတ်မရှိဘဲ အရိုးအရင်းလေး ကျွေးပြီး ကိုယ့်ကိုယ်ကိုယ် ခွေးမေမေ၊ ခွေးဖေဖေ အထင်ရောက်နေတဲ့ဟာတွေပဲ။
စည်ပင်အနေနဲ့လည်း ခွေးကိစ္စကိုတောင်မှ ပြတ်ပြတ်သားသား မရှင်းနိုင်ရင် လူတွေဈေးဗန်းလိုက်သိမ်းနေတာတွေ ရှက်သင့်ပြီ။ ခွေးကိစ္စတောင် မစွမ်းဆောင်နိုင်ရင် လူကိစ္စတွေ ဘယ်လိုလုပ်ကြမလဲ။
ပြတ်ပြတ်သားသား ကြော်ငြာ။ လိုင်စင်ပေးလုပ်။ လိုင်စင်လုပ်ခွင့်ပေးထားတာ တောင်မှ မလုပ်ဘဲ ခွေးဖမ်းမှ လာဆတ်စလူးထရင် ထတဲ့ဟာတွေပါ မေ့ဆေးပစ်ဖမ်းလိုက်ကြ။
လူ လူချင်း ကိုယ်ချင်းမစာတတ်ဘဲ ခွေးမှကွက်စာနာနေတဲ့ ကရုဏာတရားတွေကို ထိပါးမိသည်ရှိသော် အမြှီးဆွဲပြီး ဆောရီးပြောပါရစေ။ခွးရူးရောဂါအန္တရာယ် ခံစားနေရတဲ့ ကလေးငယ်တွေရဲ့ ဗီဒီယိုဖိုင်..
ခွေးရူးရောဂါအန္တရာယ်
100% လူသေစေတဲ့ရောဂါမို့ ဂရုပြုမိဖို့ ကြည့်ကြည့်စေလိုပါတယ်။ မိမိရဲ့ သားသမီးလေးတွေကိုရော၊ မိမိကိုယ်တိုင်ကိုပါ ခွေးကိုက်မခံရအောင် အထူးသတိထားပါ။ ခွေးကိုက်ခံရတာပါက ကာကွယ်ဆေး မဖြစ်မနေထိုးပါ။
အကယ်၍ နွမ်းပါးလွန်းလို့ ကာကွယ်ဆေး မထိုးနိုင်ဘူး၊ ကာကွယ်ဆေးမရနိုင်ဘူးဆိုရင် ကျွန်မကို မက်ဆင်ဂျာက ဆက်သွယ်ပါ။ ငွေလည်းလှူတန်လှူပါမယ်။ ထိုးလို့ရတဲ့နေရာကို ကိုယ်တိုင်လိုက်ပို့ပါမယ်။
တစ်ယောက်တည်း မတတ်နိုင်ရင် လူစုပြီးကို တတ်နိုင်သလောက် လိုက်လုပ်ပေးပါ့မယ်။ ဒီလို ကလေးမျိုးတွေ ထပ်မမြင်ရက်တော့လို့ပါ။
လူတွေကို သနားငဲ့ညှာသောအားဖြင့် တာဝန်ယူတာဝန်ခံမှု အပြည့်နဲ့ ခွေးချစ်ကြဖို့ မေတ္တာရပ်ခံပါတယ်။ခွေးပဲ… အလကားနေမကိုက်ဘူး။ ဖြစ်ချိန်တန်လို့ ဖြစ်တာဆိုရင်လည်း ဒီကလေးတွေနေရာမှာ ကိုယ့်သွေးသားသာဆိုရင်လို့ ခံစားကြည့်ပေးကြပါ။
ကြောက်စရာ ခွေးရူးရောဂါအန္တရာယ် ခံစားနေရတဲ့ ကလေးငယ်တွေရဲ့ ဗီဒီယိုဖိုင်ကို ဖော်ပြလိုက်ပါတယ်-
“ယတြာ”
တနလာင်္သားသမီးများအတွက် ဘဝတစ်သက်စာ ဟောစာတမ်း နှင့် ယတြာများ 2
“ယတြာ”
” ယတြာ ”
“ယတြာ”
အသက်……………
ယတြာ
“ယတြာ”
အသက်……………. ၇၊၁၅၊၂၃၊၃၁၊၃၉၊၄၇၊၅၅၊၆၃၊၇၁၊၇၉၊၈၇၊ ၉၅၊၁၀၃ နှစ်အတွင်း၌ သောကြာသက်ရောက်ဖြစ်၏…….
“ယတြာ”
“ယတြာ”
ဗေဒင်၊ယတြာ၊ဂမ္ဘီရအကြောင်းများကို သိချင်တယ်၊ ဖတ်ချင်တယ်ဆိုရင် သာထက်ဆန်း အကောင့်ကို Follower လုပ်ပြီး See first လုပ်ထားပါ။
☯ဆရာသာထက်ဆန်း ✡
Unicode Version ဖြင့်ဖတ်ရန်
တနလာင်္သားသမီးများအတွက် ဘဝတစ်သက်စာ ဟောစာတမ်း နှင့် ယတြာများ
မိမိတို့ရဲ့ အသက်အပိုင်းခြားကို ကြည့်ပြီး အဟောကို ဖတ်ပါလေ။ ညံ့တဲ့နှစ်တွေမှာ ချေရမယ့် ယတြာကိုပါ ဖော်ပြပေးထားပါတယ်။ ကောင်းတဲ့ နှစ်တွေမှာလည်း ကောင်းသထက် ကောင်းစေဖို့ ချေရမယ့် ယတြာတွေ ဖော်ပြပေးလိုက်ပါတယ်။
တနလာင်္သားသမီး ဖြစ်သောသင်သည် အသက်….
၁၊၉၊၁၇၊၂၅၊၃၃၊၄၁၊၄၉၊၅၇၊၆၅၊၇၃၊၈၁၊ ၈၉၊၉၇၊၁၀၅ နှစ်အတွင်း ၌….
တနင်္လာ သက်ရောက် ဖြစ်၏ ယခုနှစ်အတွင်း သင်သည် အလှူအတန်း ကိစ္စများ မုချ လုပ်ရမည်ဖြစ်၏။ငွေအစုလိုက် အပုံလိုက် ဝင်လာမည်ဖြစ်၏။ မိမိ၏အလုပ်မှလည်းကောင်း၊ထီပေါက်၍လည်ကောင်း ဝင်လာတက်၏ ။
ဤကာလ၌ သာမန်အခြေအနေမျိုးမှနေ၍ စီးပွားအရှိန်အဟုန်နှင့် တက်ကာ အိမ်ပိုင်၊ ကားပိုင်ဖြစ်သွားတက်၏။မိမိအားပြသနာလုပ်နေသူများရှိလျှင် အဆင်ပြေသွားလိမ့်မည်။မသင့် မြတ်သူများနှင့် ပြန်လည်သင့်မြတ်သွားမည်။ အရေးကြီးသော ကံများကို ထိန်းသိမ်းရန် အလွန်အရေးကြီးသော အချိန်အပိုင်းအခြားဖြစ်၏။ ဤအချိန်၌ မထိန်းသိမ်းနိုင်လျှင် နောင်(၃)နှစ် ကြာသောအခါ စီးပွားပျက်ခြင်း၊ အန္တရာယ်ကြုံခြင်းဖြစ်တတ်၏ ။
အဖိုးတန်ကျောက်မျက်ရတနာဝင်မည်။ အိမ်ထောင်ရှင်များ အိမ်ထောင်ရေးအတွက် သောကရောက်ရတက်သောကာလဖြစ်၏။ အထက်လူကြီး မိသားစုအကြီးအကဲများကြောင့် စိတ်ညစ်ရမည်ဖြစ်၏။ လူမျိုးခြား၊ နိုင်ငံခြားနှင့်ပတ်သက်သော ကိစ္စများ အကျိုးပေး အောင်မြင်မည်ဖြစ်၏။ ခရီးများမကြာခန ထွက်ရတတ်၏။ထိုခရီးများသည်လဲ အကျိုးပေးအောင်မြင်မည်။ ဝန်ထမ်းဆိုလျှင် ရာထူးတက်ခြင်း၊ အခြေအနေမြင့်တက်ခြင်းကြံုရလိမ့်မည်ဖြစ်၏။
ပညာရေးကိစ္စများ၊သင်တန်းကိစ္စများကို အကြောင်းပြု၍စိတ်ညစ်ရတတ်၏။ ရွှေထွက်ခြင်း ရွှေအတွက်ပြောဆိုဖြေရှင်းရခြင်း ကြံုရတတ်၏အောက်လက်ငယ်သား၊သားသမီးထွက်သွားခြင်း ၄င်းတို်အတွက် သောကရောက်ခြင်းများကြံုရတတ်၏။ဆီးချိုရောဂါ၊မျက်စိရောဂါများ ဒုက္ခပေးခြင်း အစားမှားခြင်း၊ဆေးမှားခြင်းများ ကြံုရတတ်၏။စာရွက်စာတမ်းကိစ္စ ၊စာချုပ်ကိစ္စများအတွက်စိတ်ညစ်ရခြင်းများကြံုရတတ်၏။ ဆွေမျိုးသားချင်းများကိုကောင်းစွာအကူအညီပေးနိုင်၏။ လက်ရှိအလုပ်အကိုင်ကိုစိတ်မဝင်စားခြင်း၊အလုပ်ပြောင်းလိုစိတ်များကြံုလာတက်၏။
“ယတြာ”
တနင်္လာ နေ့၌ တန်ခိုးကြီးဘုရားတစ်ဆူတွင် တံခွန်လုံး(၉)လုံး လှူ၍ လိုရာဆုတောင်းပါ။ အရူးကိုအာလူးကြော်ကျွေးပါ။
အသက်…… ၂၊၁၀၊၁၈၊၂၆၊၃၄၊၄၂၊၅၀၊၅၈၊၆၆၊၇၄၊၈၂၊ ၉၀၊၉၈၊၁၀၆ နှစ် အတွင်း၌….. အဂါင်္ သက်ရောက် ဖြစ်၏
သင်သည် ယခုနှစ်အတွင်း ဘုရားဆင်းတုတော်ပုံတော် ရဟန္တာ ပုံတော်များကြွလာတတ်၏။မထင်မှတ်ထားသောခရီးများ၊မရည်ရွယ်သောခရီးများ သွားရတတ်၏။လူမျိုးခြားကူညီခြင်း နိုင်ငံခြားနှင့်ပတ်သတ်သော ကိစ္စများအောင်မြင်ခြင်းများ ကြံုရမည်ဖြစ်၏။ နာမည်ဂုဏ် သတင်းတိုးတက်ခြင်း ဘုန်းတန်ခိုး တိုးတက်ခြင်းများကြံုရမည်ဖြစ်၏။
မနာလိုသူလဲပေါလိမ့်မည်။မိမိထက် မြင့်သူနိမ့်သူ နှစ်ဦးလုံးက ဒုက္ခပေးတတ်သော ကာလဖြစ်၏။လုပ်ဖော်ကိုင်ဘက်များ မိတ်ရင်းဆွေရင်း များနှင့်လမ်းခွဲရတတ်သည်။စနေနံ ပစ္စည်းများဝင်လာလိမ့်မည်။ရေတွင်းရေကန်ကိစ္စများအောင်မြင်မည်ဖြစ်၏။လုပ်ငန်းများအောင်မြင်တော့မလိုလိုနှင့် အခက်အခဲကြီးစွာကြံုရတတ်၏ ကြီးကဲသူများ အထက်လူကြီးများကြောင့်စိတ်ညစ်ရတတ်၏။
အလှူပွဲ မင်္ဂလာပွဲ အစီအစဉ်များ အထစ်အငေါ့ကြံုခြင်း ရက်ရွှေ့ခြင်းများ ဖြစ်ရတတ်၏။ အိမ်ထောင်ရှိလျင် အိမ်ထောင်ရေးအဆင်ပြေနေမည်။လက်ရှိအလုပ်အကိုင်ပြောင်းချင်စိတ် ဖြစ်ပေါ်နေမည်။ပြောင်းလျှင်ပိုဆိုးသွားတတ်၏။အစာအိမ်ဖြစ်ခြင်း ကျန်းမာရေးညံ့၍ ခြေထောက်၊ခါး၊သွား ဒုက္ခပေးခြင်းကြံုရတတ်၏။
ဤကာလအတွင်းအမှုအခက်းမဖြစ်စေရန် အထူးဂရုစိုက်ဖို့လို့ပေ၏။ဖြစ်ခဲ့လျှင်မပြီးနိုင်ပဲ ဖြစ်နေတတ်၏။ငွေနှင့်လိုက်လျှင်ရှံုးသွားတက်ပါ၏။ ပစ္စည်းမငှါးရမ်းပါနှင်။့ဆုံးသွားလိမ့်မည်။ဤကာလအတွင့် မည်သည့်အခက်အခဲနှင့်ကြံုသည်ဖြစ်စေ အားကိုးမရှာပါနှင့်။
ဒုက္ခပေးမည့်သူများသာပေါ်လာတတ်၏။အောက်လက်ငယ်သားထွက်သွားတတ်ခြင်း၊ကျန်းမာရေးညံံ့ခြင်းကြံုရတတ်၏။ထီဘက်၌ကံကောင်းသော အချိန်ဖြစ်ပါ၏။ပညာအသစ် တစ်ခုရတတ်၏။ အိမ်ထောင်ဘက် ကျန်းမာရေးညံလိမ့်မည်။ဆေးရုံ၊ဆေးခန်းသွားရတတ်၏။ကျောဒုက္ခပေးခြင်း၊ကျော၌ကျန်းမာရေးညံ့ခြင်းရောဂါ ရခြင်းများဖြစ်တတ်၏။
“ယတြာ”
စနေနေ့နံနက်တွင် အိမ်ဘုရား၌ မုန်ဖက်ထုပ် ၁၂ ထုပ်လှူ၍ လိုရာ ဆုတောင်းပါ။သခွားသီးတွင် သွားကြားထိုးတံ သက်စေ့စိုက်၍ ေရေမျောပါ။
အသက်………. ၃၊၁၁၊၁၉၊၂၇၊၃၅၊၄၃၊၅၁၊၅၉၊၆၇၊၇၅၊၈၃၊ ၉၁၊၉၉၊၁၀၇ နှစ် အတွင်း၌ ဗုဒ္ဓဟူး သက်ရောက် ဖြစ်၏…..
သင်သည် ယခုနှစ်အတွင်း သင်တန်းတစ်ခုခုတက်ရခြင်း အဖွဲအစည်းတစ်ခုအတွင်း ဝင်ရောက်ရခြင်းများ ကြံုရတတ်၏။နားချိန်မရလောက်အောင်အလုပ်ရှုပ်နေလိ်မ့်မည်။လွန်စွာပင်ပန်းလိမ့်မည်။ကျန်းမာရေး ဂရုစိုက်သင့်သောကာလဖြစ်သည်။မည်သည့် အစားအသောက်ပဲ စားစားအရသာမရှိဘဲဖြစ်နေတတ်၏။
ဤကာလတွင်အမွေရခြင်း(သို)အမွေကဲ့သို့သော အမွေများ ပစ္စည်းများရခြင်းကြံုရတက်၏။ ဤကာလအတွင်း လက်ခံလိုက်လျှင် အလဟသ ကုန်သွားတက်၏။ အထက်လူကြီး ကြီးကဲသူတို့က ကူညီမစ လိမ့်မည်။ဘာသာရေးနှင့် ပတ်သက်သော ပုံတော်များဝင်လာလိမ့်မည်။ပဥ္ဇင်းခံရတတ်ခြင်း၊သီလရှင်ဝတ်ရခြင်းများ ကြံုရတတ်၏။
အလုပ်တွင်မပျော်ပိုက်ဘဲ ဖြစ်နေတတ်၏။ပြောင်းရန်စိတ်မကူးပါနှင့်ဦး။ပြောင်းလျှင်လဲအဆင်မပြေနိုင်ပါ။ငွေဆုံးခြင်းပျောက်ခြင်းများကြံုရတက်၏။ သူခိုးခိုးခံရတတ်၏။ရှိသောပစ္စည်းများကို ထုခွဲရောင်းချ၍ ငွေအကုန်အကျ များတတ်၏။ပြသနာဟောင်းများ ရောဂါဟောင်းများပြန်ပေါ်ပေါက်တက်၏။ဆွေမျိုးသားချင်းထဲမှ နာရေးကြံုရတတ်၏။
အိမ်တွင်ကိုယ်ဝန်ဆောင်ရှိကဆေးရုံသို့ပို့ပါ။အိမ်၌မီးဖွားလျျှင် အဆင်မပြေဖြစ်တတ်၏။အိမ်ထောင်ရေးအဆင်မပြေမှုများတန်းစီနေတတ်၏။အလှူရက်မင်္ဂလာရက် ရက်ရွှေခြင်းကြံုရတတ်၏။လူငယ် လူရွယ်များမိန်းမခိုးခြင်း ယောကျ်ား နောက်လိုက်ခြင်းများလုပ်လျှင် ဆွေပျက်မျိုးပျက်ဖြစ်ကုန်တတ်သောကာလဖြစ်ပါသည်။
နိုင်ငံရပ်ခြားနှင့်ဆက်သွယ်သောကိစ္စများ လူမျိုးခြားင့်တွဲပီးလုပ်ရသော အလုပ်များ အောင်မြင်လိမ့်မည်၊သွေးအားနည်းခြင်း၊စိတ်ဓာတ်ကျခြင်း၊ခြေထောက်၊ခါး၊ကျန်းမာရေးည့ံခြင်းများ ကြံုရတတ်၏။မကောင်းသော အတတ်များနှင့် နှောက်ယှက်ခြင်းခံရတတ်၏။ရွှေဝင်ခြင်း ထွက်နေသော ရတနာပစ္စည်းများပြန်ဝင်ခြင်းများကြံုရမည်။ရောဂါ ဖြစ်တတ်၏။စိတ်ထောင်းကိုယ်ကျေ ဖြစ်နေလိမ့်မည်။
” ယတြာ ”
တန်ခိုးကြီးဘုရားတွင် ထီးဖြူကြီး လှူရင်း လိုရာဆုတောင်းပါ။ ကံကော်ညွန့်၊သပြေညွန့်၊ ခြေရင်းထားအိပ်၍ ရေမျောပါ။
အသက်………….. ၄၊၁၂၊၂၀၊၂၈၊၃၆၊၄၄၊၅၂၊၆၀၊၆၈၊၇၆၊၈၄၊ ၉၂၊၁၀၀၊၁၀၈၊ နှစ်အတွင်း၌ စနေ သက်ရောက် ဖြစ်၏……..
သင်သည်ယခုနှစ်အတွင် အလုပ်နေရာ အိမ်နေရာအသစ်ရခြင်၊နေရာထိုင်ခြင်း၊မွမ်းမံရခြင်း၊ပြောင်းရွှေရခြင်းများကြံူရတတ်၏။ခရီးတို၊ခရီးရှည်များ သွားနေရလိမ့်မည်။ထိုခရီးများသည်လဲ သင့်အတွက်အကျိုးထူးစေပါလိမ့်မည်။မထင်မှတ်ဘဲ ပညာတစ်ခုသင်ကြားရခြင်း၊သင်တန်းတစ်ခုတက်ရခြင်းများပြုရတတ်၏။မရည်ရွယ်ဘဲ မြေဝင်တတ်၏။အလုပ်အကိုင်၌ ထိခိုက်တတ်၏။ပြသနာကြီးစွာဖြေရှင်းရတတ်၏။ရုံးပြင်ကန္နား၊အမှုအခင်းများနှင့်ပတ်သက်ရတတ်၏။မိမိနှင့်တကွ မိသားစုပါ ကျန်းမာရေးညံ့တက်၏။ဆေးရုံ၊ဆေးခန်းရောက်ရတတ်၏။မီး၊လျှပ်စစ် ဒုက္ခပေးတတ်၏။အထူးသတိပြုပါ။လူမျိုးခြား ဒုက္ခပေးတတ်၏။ ရွေနှင့်ရတနာပစ္စည်းများ ထွက်ခြင်း၊ပေါင်နှံရခြင်းများ ကြံုရတတ်၏။
သားသမီးလက်အောက်ငယ်သားနှင့် ပက်သတ်ပြီး စိတ်ညစ်စရာ ကြံုရမည်။စက်ပစ္စည်း ဒုက္ခပေးတတ်၏။ငွေဒလဟော ထွက်ခြင်း၊ငွေအတွက်ပြောဆိုဖြေရှင်းရခြင်းများ ကြံုရမည်။မထင်မှတ်သော ဆွေမျိုးသားချင်းကအကူအညီကောင်းပေးလာလိမ့်မည်။သစ်၊သံ၊သွပ်ကိစ္စများ၊ရေတွက်ကုန်ပစ္စည်းကိစ္စများ အောင်မြင်အကျိုးပေးလိမ့်မည်။ဌာနဆိုင်ရာ အကြီးအကဲ၊ဆွေမျိုးအကြီးအကဲတို့က အကူအညီကောင်းပေးလိမ့်မည်။
ကျန်းမာရေးညံ့သော သက်ကြီးရွယ်အိုများ အိမ်သို့လာရောက်တည်းခိုလျှင် ဆုံးပါးသွားတတ်၏။ ခြေထောက်တွင် အန ္တရာယ်ဖြစ်တတ်၏။လုပ်ငန်းအသစ်၊အစီအစဉ်အသစ်များ ပေါ်ပေါက်တတ်၏။ယခင်နှစ်များက ကျန်ခဲ့သော ရွှေ၊ငွေ၊ရတနာများ ယခုနှစ်ထဲတွင် ကုန်ဆုံးသွားတတ်၏။လောကဓံ တရား၏ မတရားညင်းပန်း နှိပ်စက်မှုကိုခံရပီး မမျော်လင့်ပဲ သံဝေဂ တရားရလိမ့်မည်။အစိုးရနှင့်ပတ်သက်သော အမှူဖြစ်တတ်၏။အစစ်အဆေး အမေးအမြန်းခံရတတ်၏။သောကြာသမီးတစ်ဦး ညအိမ်လာမှ သင်၏ဒုက္ခများ လွတ်ကင်းလိမ့်မည်။
“ယတြာ”
စနေနေ့ညတွင် အဝတ်ဟောင်းဝတ်အိပ်၍ မနက်တွင်ရေမျှောပါ အုန်းကိုအချောသပ်၍ ထုံးဖြင့်”ဥုမ်”အက္ခရာရေးပြီး မီးထွန်းပါ။
အသက်……………
၅၊၁၃၊၂၁၊၂၉၊၃၇၊၄၅၊၅၃၊၆၁၊၆၉၊၇၇၊၈၅၊ ၉၃၊၁၀၁ နှစ်အတွင်း၌ ကြာသပတေး သက်ရောက် ဖြစ်၏…
ယုခုနှစ်အတွင်းသင်သည် စက်ပစ္စည်းများ စိန်ထည် ပစ္စည်းများဝင်မည်။လုပ်ငန်းသစ်လုပ်ရန်အကြံ အစည်ကောင်းများ အဆက်အသွယ်ကောင်းများပေါ်လာလိမ့်မည်။အလုပ်အကိုင်သစ်များ ပေါ်လာလိမ့်မည်။ဤကာလတွင် ပစ္စည်းများကိုထုခွဲရောင်းချ၍ လုပ်ငန်းသစ်ကြီးကြီးမားမားစရန်မကောင်းပါ။ငွေကံမကောင်းသေးပါ။လာဘ်လဲအလွန်ပိတ်နေလိမ့်မည်။ထီးလဲမထိုးသင့်ပါ။ ထီပေါက်လျှင်မိသားစုအတွင်း ကျန်းမာရေး ဆိုးဆိုးရွားရွား ညံသွားတတ်၏။လူမျိုးခြားက အကူအညီပေးလိမ့်မည် အောက်လက်ငယ်သားတို့က အကူအညီပေးလိမ့်မည်။ဟိုဟာလုပ်ရကောင်းနိုးနိုးဒီဟာလုပ်ရကောင်းနိုးနိုးနှင့် အချိန်ကုန်သွားတတ်၏။အမှားမှားအယွင်းယွင်းဆုံးဖြတ်မိတတ်၏။
မကြာမီ ကံကောင်းဘက်သို့ရောက်တော့မည်။လောလောဆယ်သတိထား၍သည်းခံလိုက်ပါ။မသွားချင်သောခရီးများ စိတ်ညစ်စရာခရီးများ သွားလာရတတ်၏။အထက်လူကြီး ဆွေမျိုးအကြီးအကဲတို့က မိမိအပေါ်အထင်လွဲတတ်သည်။သားသမီးများ ကျန်းမာရေးညံတတ်၏။ရွှေထွက်မည် အိမ်ခန်းဆိုင်ခန်းကိစ္စများ အောင်မြင်မည်။ကန်တော့ပွဲ နတ်အုန်းသီးတို့မှ အစို့ပေါက်လိမ့်မည်။ခြေလက်မျက်ခြင်း ခါးနာခြင်းများ ဖြစ်တတ်၏။
စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်ပေါက်လိမ့်မည်။လုပ်လျှင်အောင်မြင်မည်။ဘိုးတော်တု ဆရာတုများရောက်လာတတ်၏။ငွေလူလိမ်ခံရမည်။ခင်မင်သူ ချစ်သူကြောင့် ဒုက္ခတွေ့တတ်သည်။မိတ်ဆွေအပေါင်းအသင်းများနှင်မမျော်လင့်ပဲ လမ်းခွဲရတတ်၏။သားသမီးရှိက အိမ်မှ ထွက်သွားလိမ့်မည်။ဤအချိန်အခါသည်”အဖေကိုကာပြန်ဖူးသော သီဟဗာဟု”ကဲ့သို့ဖြစ်နေလိမ့်မည်။
ယတြာ
အုန်းစိမ်း အဝလှပ်၍ အရည်စစ်ပါ။ဆားလက်သုံးဆုပ်ထည့်ပြီး ညောင်ပင်ကြီးကြီးမှ ရုက္ခစိုးတွင် လှူရင်း လိုရာဆုတောင်းပါ။
အသက်……………. ၆၊၁၄၊၂၂၊၃၀၊၃၈၊၄၆၊၅၄၊၆၂၊၇၀၊၇၈၊၈၆၊ ၉၄၊၁၀၂ နှစ်အတွင်း၌ ရာဟု သက်ရောက်ဖြစ်၏……..
သင်သည် ယခုနှစ်အတွင်း၌ အဘက်ဘက်မှာ စိတ်ချမ်းသာစရာများ ကြံုတွေ့ရလိိ့မည်။ပျော်ပွဲ ရွှင်ပွဲများသို့သွားခြင်း၊ကလေးများကိုရုပ်ရှင် ပြသခြင်းများ ပြုလုပ်ရမည်။လုပ်ငန်းသစ်များ စလုပ်ရတတ်သည်။ထိုလုပ်ငန်းများသည်လည်း လွန်စွာအကျိုးပေးအောင်မြင်မည်။ငွေအလွန်ရွှင်နေမည့် ကာလဖြစ်သည်။
အလှူအတန်းပြုရခြင်း၊မင်္ဂလာပွဲများ စီစဉ်ပေးရခြင်းများ ပြုလုပ်ရတတ်သည်။အလုပ်နေရာ အိမ်နေရာ ပြောင်းရွှေ့ရတတ်၏။ရွှေဝင်မည် ရတနာပစ္စည်းများဝင်မည်။ဘုရားဆင်းတုတော် ပုံတော်များ ကြွလာမည်။သင့်အတွက်အလွန်ကောင်းသော နိမိတ်ဖြစ်ပါသည်။ဤကာလအတွင်း စီးပွားအလွန်ကောင်းသကဲ့သို့ ကို်ယ်ကျင့်တရားအထူးအရေးကြီးသော အချိန်ဖြစ်ပါသည်။ကို်ယ်ကျင့်တရားပျက်သော် နှစ်ရည် ဒုက္ခတွေ့တတ်၏။
အမှုအခင်းဖြစ်နေသူကို ငွေမချေးပါနှင့်။အာမခံ မလိုက်ပါနှင့်။ သတိပြုရှောင်ကျဉ်ပါ။အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဘက်နှင့် အဆင်မပြေကြီးစွာဖြစ်တတ်၏။အောက်လက်ငယ်သား ဒုက္ခပေးတတ်၏။နာရေး ကိစ္စကို အကြောင်းပြု၍ ခရီးသွားရတတ်၏။ကတိစကားများ ပျက်တတ်၏။ဆရာသမား ကဲ့သို့သောပုဂ္ဂိုလ်များနှင့် အဆင်မပြေဖြစ်မည်။လုပ်ဖော်ကိုင်ဖက်များ၊မိတ်ဆွေများနှင့်အဆင်မပြေ လမ်းခွဲရတတ်၏။အစားမှား၊ဆေးမှားဖြစ်ချင်း သွား ဒုက္ခပေးခြင်းများကြံုမည်။မြေကိစ္စ အမွေကိစ္စများ ကြံုမည်။ရေတွင်း၊ရေကန်ကိစ္စ များဆောင်ရွက်လျှင်အောင်မြင်မည်။ခရီးကိစ္စများ အထစ်အငေါ့ အဆင်မပြေ ဖြစ်တတ်၏။
“ယတြာ”
မွေးနေ့ နံနက်တွင် တန်ခိုးကြီးဘုရားသို့သွား၍ ရောင်စုံကြက်လျှာ ၆ လက်လှူရင်း လိုရာဆုတောင်းပါ။ ဆိတ်သားဟင်းနှင့် ထမင်းကြမ်း နယ်၍ ခွေးကြွေးပါ။
အသက်……………. ရ၊၁၅၊၂၃၊၃၁၊၃၉၊၄၇၊၅၅၊၆၃၊၇၁၊၇၉၊၈၇၊ ၉၅၊၁၀၃ နှစ်အတွင်း၌ သောကြာသက်ရောက်ဖြစ်၏…….
သင်သည် ယခုနှစ်ပိုင်းအတွင်း မိဘကို ကောင်းစွာ ပြုစုစောင့်ရှောက်နိုင်မည့် အချိန်ဖြစ်၏။စီးပွား သိသိသာသာ တက်မည်။သိကြား မလိုက်သကဲ့သို့ လက်ရှိအခြေအနေထက်များစွာမြင့်တက်သွားမည်။လုပ်ငန်းများ သိသိသာသာ အောင်မြင်မှုရမည်။ ဘုရားဖူးခရီးများ စိတ်ချမ်းသာခရီးများ ပြည်တွင်ပြည်ပ ခရီးများသွားရတတ်၏။ဝန်ထမ်းဖြစ်လျှင် ရာထူး တတ်ခြင်း၊အခြေအနေ အဆင့်အတန်း မြင့်မားခြင်းများကြံုမည်။သင်တန်းတစ်ခုတက်ရခြင်း၊ပညာကောင်းရခြင်းများကြံုမည်။မိတ်ဆွေကောင်း၊ဆရာကောင်းများ တွေ့မည်။အဖိုးတန် ပစ္စည်းများဝင်မည်။မြေကိစ္စ အမွေကိစ္စ အဆင်ပြေမည်။ငွေရှာရလွယ်ခြင်း၊ငွေအဝင်အထွက်ကြမ်းခြင်းများကြံုလိမ့်မည်။
ရပ်ဝေးမှ စာများ၊အဆက်အသွယ်များ ရမည်။ရန်များခြင်း၊စကားများဖြေရှင်ရခြင်း၊ရင်းနှီးသူအားလုပ်ဖေါ်ကိုင်ဘက်များနှင့်အဆင်မပြေ လမ်းခွဲရခြင်းများကြံုမည်။စိုးရိမ်ရလောက်အောင်မဟုတ်ပါ။အလုပ်နှင့်ပတ်သက်၍ ကောင်းသောအပြောင်းအလဲများ နေရာကောင်းရခြင်းများ ကြံုမည်။အမှုအခင်း ရုံးပြင်ကန္တား နှင့်ပတ်သက်ရတတ်၏။
စိုးရိမ်စရာမရှိပါ။အိမ်ထောင်ရှိသူးဆိုလျှင် အိမ်ထောင်ဘက်အတွက် စိတ်ညစ်ရတတ်၏။ဆွေမျိုးသားချင်းများကျန်းမာေ အသည်းအသန် ဖြစ်တတ်၏။လမည့်မွေးလ၊မွေးရက်အထိ၊အသုဘရှောင်ခြင်း၊သချႋင်းမြေ နင်းခြင်းများ မလုပ်ပါနှင့် အထူးသတိပြုပါ။နှလုံးနှင့်ပတ်သက်၍ ကျန်းမာရေးညံခြင်း လေနှင့်ပတ်သက်၍ ကျန်းမာရေးညံခြင်း ဒူး၊နား ဒုက္ခပေးခြင်းများ ကြံုရတတ်၏။စပ်တူရှယ်ယာ လုပ်ငန်းများပေါ်လာလိမ့်မည် လုပ်လျှင်အောင်မြင်မည်။ ကိုယ်ပိုင်လုပ်ငန်းဖြစ်စေ၊ဝန်ထမ်းဖြစ်စေ ကြီးပွားတိုးတက်အောင်မြင်မည့် ကာလဖြစ်ပါ၏။အုန်းအစို့ပေါက်တတ်၏။
“ယတြာ”
ကြာသပတေး နေ့ နံနက်တွင် အိမ်ဘုရား၌ စမူဆာ တစ်ပွဲဆွမ်းတော် ကပ်ရင်း လိုရာဆုတောင်းပါ။ ထန်းလျက်ခဲ ခွေးကြွေးပါ။
အသက်…………. ၈၊၁၆၊၂၄၊၃၂၊၄၀၊၄၈၊၅၆၊၆၄၊၇၂၊၈၀၊၈၈၊ ၉၆၊၁၀၄ နှစ်အတွင်း၌ တနင်္ဂနွေ သက်ရောက်ဖြစ်၏…..
သင်သည်ယခုနှစ်အတွင်း၊အလုပ်နေရာ၊အိမ်နေရာ၊ပြင်ဆင်မွမ်းမံရခြင်း၊ပြောင်းရွှေ့ရခြင်းလုပ်ရတက်၏၊လုပ်ငန်းအသစ်ပေါ်ခြင်း(သို့)လက်ရှိအလုပ်နှင့် ပတ်သက်၍ အဆက်အသွယ်များပေါ်လာလိမ့်မည်။လုပ်ငန်းနှင့်ပတ်သက်၍ နာမည်ကောင်းရခြင်း၊လုပ်ငန်းတိုးချဲ့ရခြင်းများ လုပ်ရတက်၏။ အိမ်ထောင်မရှိသူများ အိမ်ထောင်ကျ တက်သော ကာလဖြစ်၏။သင့်အနေနဲ့ စီးပွားအလွန်တက်နေပြီ၊ချမ်းသာနေပြီဟု ဆွေမျိုးသားချင်း အပေါင်းအသင်းတို့က အထင်ကြီးနေလိမ့်မည်။သူခိုး မျက်စိအကျခံရသောကာလဖြစ်၍ သူခိုး အခိုးခံရတက်ကြောင်းသတိပြုပါလေ။ခရီးအကျိုးပေးသော ကာလဖြစ်ပါသည်။
ဘုရားဖူးခရီးသွားရတက်၏။ကွဲကွာနေသော ဆွေမျိုးသားချင်းများနှင့် ပြန်ဆုံမည်။ရပ်ဝေးမှဆွေမျိုးသားချင်းများရောက်လာတက်၏။အိမ်သို့အတောင်ပေါက်သော သတ္တဝါဝင်လာတက်၏။ဝင်လျှင် နမိတ်ကောင်း၏။သွပ်၊သံ၊သစ် စသော သောကြာနံပစ္စည်းများ ဝင်လာတက်၏ ။
မိတ်ဆွေရင်း၊လုပ်ဖော်ကိုင်ဖက်တို့က ဒုက္ခပေးတက်၏။ မြေကိုအကြောင်းပြု၍စိတ်ညစ်ရတက်၏။ရွေနှင့် အဖိုးတန် ရတနာပစ္စည်းများဝင်လာတက်၏။ဘုရားဆင်းတုတော်၊ဓာတ်တော်၊ရဟန္တာပုံတော်များ ဝင်လာတက်၏ စက်ပစ္စည်းများ အသစ်လဲရခြင်း၊ ထွက်နေသောပစ္စည်းများ ပြန်ဝင်ခြင်းများ ကြံုရတတ်၏။ လက်ဝတ်ရတနာ ကျောက်ပြုတ်ထွက်ခြင်း၊ပျောက်ခြင်းဖြစ်တက်၏။
ဤကာလသည် ငယ်ရွယ်သူများအဖို့ အချစ်ရေးတွင် လမ်းခွဲရလောက်အောင် ပြသနာဖြစ်ရတတ်သော ကာလဖြစ်ပါ၏။ အလှူအတန်းကိစ္စ၊ မင်္ဂလာကိစ္စ ရက်ရွှေ့ရတက်၏။ အလုပ်တွင် အတိုက်အခံ အပြိုင်အဆိုင်ကြီးစွာကြံုရတတ်၏။ မိသားစု အကြီးအကဲ၊ လုပ်ငန်းအကြီးအကဲတို့ကြောင့် စိတ်ညစ်ရတက်၏။ ငွေကြေးအထစ်အငေါ့ကြီးစွာ ဖြစ်ခြင်း ကြွေးဆုံးခြင်းတို့ ကြံုရတတ်၏။
“ယတြာ”
မည်သည့်ဘုရားတွင်မဆို သောကြာနေ့ နံနက်တွင် ဗုဒ္ဓဟူးဒေါင့်ကိုသွား၍ ဿသ. သနာအလံ(၁၀)လက်လှူ၍ လိုရာဆုတောင်းပါ။ ဘဲဥတွင် အမည်ရေး၍ ပေါက်ခွဲပါ။
ကျန်နေ့သားသမီးများ ဆက်လက်ဖော်ပြပေးပါမည်။
ဗေဒင်၊ယတြာ၊ဂမ႓ီရအကြောင်းများကို သိချင်တယ်၊ ဖတ်ချင်တယ်ဆိုရင် သာထက်ဆန်း အကောင့်ကို Follower လုပ်ပြီး See first လုပ်ထားပါ။
မိတ်ဆွေတို့၏ကောင်းကျိုးကို အမှန်တကယ်လိုလားသော……..
☯ဆရာသာထက်ဆန်း ✡
ကျိုက်ဝိုင်းဘုရားအနောက်ဘက်မုဒ်၊ 09762992335