




Credit to DVB

 

Unicode

ပြည်နယ်တိုင်း ၆ ခုတွင် အပူချိန် သိသိသာသာမြင့်တက်နေဟု မိုးဇလ သတိပေး

မန္တလေးတိုင်းအပါအဝင် ပြည်နယ်တိုင်း ၆ ခုမှာ နေ့အပူချိန်တွေ သိသိသာသာ မြင့်တက်နေလို့ သတိပြုနေထိုင်ကြဖို့ မိုးလေဝသဌာနက သတိပေးလိုက်ပါတယ်။

မေလ ၁၈ ရက်ကစပြီး စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ နေ့အပူချိန်တွေဟာ မေလရဲ့ ပုံမှန်အပူချိန်ထက် ၇ ဒီဂရီစင်တီဂရိတ်ကနေ ၈ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်နေတာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း အထက်ပိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာတော့ မေလရဲ့ ပုံမှန် အပူချိန်ထက် ၅ ဒီဂရီစင်တီဂရိတ်ကနေ ၇ ဒီဂရီစင်တီဂရိတ် အထိ မြင့်တက်နေတာ ဖြစ်ပါတယ်။

အဲဒီပြည်နယ်တိုင်း ၆ ခုမှာ နောက် ၃ ရက်အထိ နေ့အပူချိန်တွေ မြင့်တက်နေဦးမယ်လို့ ခန့်မှန်းထားပါတယ်။

Credit to DVB

ပရိသတ်ကို အသနားပိုစေခဲ့တဲ့ နှင်းနုရဲ့ ဇာတ်ဝင်ခန်း ဗီဒီယိုအသစ်ထွက်ရှိ

“ရင်ခွင်တံခါးကိုခေါက်၍ နှလုံးသားပေါ် ဖြတ်လျှောက်သွားတဲ့ ဧည့်သည်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ကိုတော့ မေလ (၃၀)ရက်နေ့မှာ ရုံတင်ပြသတော့မှာပါ။ ဇာတ်ကားရဲ့ အထူးပွဲကိုတော့ မေလ (၂၂)ရက်နေ့ညမှာ ပြုလုပ်သွားမှာပါ။ ဒီဇာ တ်ကား လေးကတော့ သုံးပွင့်ဆိုင် အချစ်ဇာတ်ကားလေးပါ။ ဒီဇာတ်ကားကတော့ စတင်ရိုက်ကူးချိန်ကစပြီး ပရိသတ် စိတ်ဝင်စားမှု အများကြီး ရခဲ့တဲ့ ဇာတ်ကားပါ။ ဒီဇာတ်ကားနဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဖူးစာဆုံခဲ့ကြတာပါ။ ရွှေ-ရွှေစုံတွဲ ကို လက်ထပ်တဲ့အထိ ဖူးစာ ဆုံစေခဲ့တဲ့ ဇာတ်ကားကြီးပါ။

“ရင်ခွင်တံခါးကိုခေါက်၍ နှလုံးသားပေါ် ဖြတ်လျှောက်သွားတဲ့ ဧည့်သည်” ဇာတ်ကားမှာ ပါဝင်ထားတဲ့ အဓိက သရုပ်ဆောင်တွေကတော့ ရွှေထူး၊ ရွှေမှုံရတီ နဲ့ နေခြည်ဦးပါ။ ဧည့်သည်သရုပ်ဆောင် အဖြစ် ဖြိုးငွေစိုးက ပါဝင်ပေးထားပါတယ်။ဇာတ်လမ်း ၊ ဇာတ်ညွန်း – မိုးနီလွင်၊ တွဲဖက် ဒါရိုက်တာ – ဥက္ကာ နဲ့ ဒါရိုက်တာ – ညွန့်မြန်မာ ညီညီအောင်ပါ။ ထုတ်လုပ်ရေးကတော့ 7th Sense Film Production ပါ။ ဒီဇာတ်ကားမှာတော့ “မြူမိုး”၊ “နှင်းနု” နဲ့ “နေလ” တို့ရဲ့ သုံးပွင့်ဆိုင် အချစ်အားပြိုင်မှုတွေကို တွေ့ရမှာပါ။

နေလ(ရွှေထူး)ကို အရမ်းချစ်တဲ့ နှင်းနု(နေခြည်ဦး) ၊ ဆိုင်သူရှိ ထားတဲ့မြူမိုး( ရွှေမှုံရတီ) ကိုမှ စိတ်ဝင်စားမိနေတဲ့ နေလ( ရွှေထူး)၊ ဆိုင်သူရှိပေမယ့် နေလ အပေါ် စိတ်ဝင်စားနေတဲ့ မြူမိုး၊ မြူမိုးကိုလည်း စိတ်ဝင်စား တစ်ဖက်က ချစ်သူ ကောင် မလေး နှင်းနု အပေါ်မှာလည်း သံယောဇဉ်မပြတ်နိုင်တဲ့ နေလ …။ ဒီဇာတ်ကားမှာတော့ နေခြည်ဦးက ချစ်သူ အပေါ် အရမ်းကို ချစ်တဲ့ နှင်းနု ဆိုတဲ့ ဇာတ်ကောင် နေရာကနေ သရုပ်ဆောင်ထားပါတယ်။

နှင်းနုရဲ့ ဇာတ်ဝင်ခန်း ဗီဒီယိုအသစ်ကိုတော့ ဒီ LINK လေးကို နှိပ်ပြီး ဝင်ကြည့်နိုင်ပါတယ်။

နေခြည်ဦးကတော့ ဒီဇာတ်ကားလေးဟာ သူမရဲ့ တကယ့် ကိုယ်တွေ့ အဖြစ်အပျက်ခံစားချက်လေးတွေလည်း ပါတယ်လို့ ပွင့်ပွင့်လင်းလင်းဝန်ခံထားပါတယ်။ “နှင်းနုကို မထားသွားပါနဲ့ မောင်ရယ်….” ဆိုတဲ့ နှင်းနုရဲ့ စကားလေး ကတော့ အသည်းကွဲနေတဲ့ အဖြစ်တူ မိန်းကလေးတွေ အတွက်တော့ တကယ့်ကို ရင်ထဲကို ထိရှစေခဲ့တဲ့ စကားလေးပါ။ အခုအသစ်ထွက်လာတဲ့ နေခြည်ဦးနဲ့ ရွှေထူးတို့ရဲ့ ဇာတ်ဝင်ခန်းဗီဒီယိုဖိုင်လေးကတော့ ပရိသတ်တွေ ကြားမှာ အရမ်းကို ရေပန်းစားနေတာမို့ မကြည့်ရသေးရင် ကြည့်ရအောင် ဖော်ပြပေးလိုက်ပါတယ်။

Source: ဧည့်သည်ရုပ်ရှင်ဇာတ်ကားကြီး

 








UNICODE

အနုပညာနဲ့ ပက်သတ်ပြီးတော့ ခံစားခဲ့ရတဲ့ စိတ်ဖိစီးမှုတွေကို ရင်ဖွင့်လာတဲ့ တေးရေးဝေကြီး

ပရိသတ်တွေကို သီချင်းကောင်းလေးတွေကို ခံစားနားဆင်စေခဲ့တဲ့ တေးရေးဆရာ ဝေကြီးက သူ့ရဲ့ပြောင်မြောက်လှတဲ့ အနုပညာ အရည်အသွေးကြောင့် အများက အားပေးကြတဲ့ တေးရေးဆရာ တစ်ဦးဖြစ်ပါတယ်။ ဝေကြီး ရေးသားပေးတဲ့ သီချင်းတိုင်းက ပရိသတ်တွေကြားမှာ တော်ာတော်လေး ရေပန်းစားခဲ့ပြီး အောင်မြင်တာကို တွေ့ရပါတယ်။ အဲ့ဒါကြောင့်လည်း ဝေကြီးက နောက်ပိုင်းပေါ်ထွန်းခဲ့တဲ့ တေးရေးဆရာတွေထဲကမှ အအောင်မြင်ဆုံးသူတစ်ယောက် ဖြစ်နေတာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေချစ်တဲ့ တေးရေးဆရာ ဝေကြီးက လတ်တလောမှာ အနုပညာလုပ်ငန်းတွေနဲ့ အနည်းငယ် အဆက်အသွယ် ပြတ်တောက်နေတာပဲ ဖြစ်ပါတယ်။ များစွာလှတဲ့ အလုပ်ကိစ္စနဲ့ ပက်သတ်ပြီး စိတ်ဖိစီးမှုတွေကို ခံစားနေရတဲ့ ဝေကြီးက ဒီတစ်ခေါက်မှာတော့ သူ့ရဲ့အနုပညာနဲ့ ပက်သတ်ပြီး ပြင်းပြင်းထန်ထန် ခံစားနေရတာကို အခုလိုပဲ ရင်ဖွင့်ထားပါတယ်။

“(အနုပညာ…) ငွေရေးကြေးရေးနဲ့ပက်သက်နေရတဲ့ အနုပညာ၊ အချိန်တွေအကန့်အသတ်နဲ့ဖြစ်လာတဲ့အနုပညာ၊ စိတ်ပါပါ မပါပါ လုပ်လိုက်ရတဲ့အနုပညာ၊ ပေးသော်လည်းပေးတိုင်းပြန်မရတဲ့ အနုပညာ၊ online ပေါ်မှာပျော်တဲ့အနုပညာ၊ ရင်ထဲကခံစားမှု /ဖန်တီးမှုဆိုတာ ဘာမှန်းမသိတဲ့အနုပညာ သြော် အောင်မြင်ချင်သလား အနုပညာ…နင်းသွားလိုက်စမ်းပါ.……ငါ့ကိုနင်းသွားလိုက်စမ်းပါ (အနုပညာ)” ဆိုပြီး သူ့ရဲ့ ခံစားချက်ကို ရေးသားထားပါတယ်။

ဝေကြီးကတော့ ဦးနှောက်နဲ့ ခံစားချက်ကို အသုံးပြုပြီး တေးသီချင်းတွေကို ရေးသားရတဲ့ တေးရေးဆရာပီပီ သူဖန်တီးတဲ့ အနုပညာကို အကန့်အသတ်နဲ့ ဆောင်ရွက်ရတာကို စိတ်တိုင်းကျမဖြစ်တာ သေချာပါတယ်။ အနုပညာကောင်းတစ်ခု ရရှိဖို့အတွက် အချိန်တွေ ငွေတွေက ထင်တာလောက် အဓိကမကျကြောင်း ရှင်းရှင်းလင်းလင်း ရေးသားထားတာ ဖြစ်ပါတယ်။

ဝေကြီးက လွန်ခဲ့တဲ့ ရက်ပိုင်းကလည်း အဆိုတော်တစ်ယောက်ရဲ့ သီချင်းအပ်တဲ့ကိစ္စနဲ့လည်း ပြင်းပြင်းထန်ထန်ဝေဖန်ခံထားရတာ ဖြစ်ပါတယ်။ ဝေကြီးကတော့ သူဖန်တီးထားတဲ့ အနုပညာတွေကို တန်ဖိုးဖြတ်ခံရတာကြောင့် တော်တော်လေး စိတ်မကောင်းဖြစ်နေတဲ့ ပုံပါပဲ။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

CRD_Rowena,Source: Wai Gyi’s fb

ဘန်ကောက်ထိလာရောက်အားပေးခဲ့တဲ့ဦးဇော်ဇော်နဲ့ လာရောက်တွေ့ဆုံအားပေးခဲ့တဲ့ ကျော်ကိုကိုတို့ကိုကျေးဇူးတင်စကားတွေပြောလိုက်တဲ့ ကျော်မင်းဦး

မြန်မာ့လက်ရွေးစင်အသင်းရဲ့တစ်ချိန်ကအဓိကကစားသမားတွေဖြစ်တဲ့ကျော်မင်းဦးကတော့ဘောလုံးလောကမှာဒဏ်ရာကြောင့်အချိန်တော်ကြာနားနေခဲ့ရတာပါ။ဘောလုံးလောကမှအနားယူဖို့တောင်ပရိသတ်တွေထံပြောကြားခဲ့ပေမယ့်အဖွဲ့ချုပ်နဲ့ပရိသတ်တွေရဲ့အားပေးမှုတွေကြောင့်ဒဏ်ရာကိုပြန်ကုသဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ခုမှာတော့ကျော်မင်းဦးဟာဘန်ကောက်မှာခွဲစိတ်ကုသပြီးအောင်မြင်ခဲ့ပါတယ်။ဒါမယ့်ဒဏ်ရာပြန်သက်သာပြီးပုံမှန်အနေအထားပြန်ရောက်ဖို့နဲ့အရင်တိုင်းသန်မာဖို့အတွက်ကတော့အပေါ့စားလေ့ကျင့်မှုတွေနဲ့ကုသရဦးမှာဖြစ်ပါတယ်။ကျော်မင်းဦးနဲ့တူတူဇေယျာနိုင်လည်းဒဏ်ရာကိုခွဲစိတ်ကုသခဲ့ရတာဖြစ်ပါတယ်။

ဘန်ကောက်မှာခွဲစိတ်ကုသမှုခံယူရင်းမြက်ခင်းစိမ်းတွေပေါ်ပြန်လာဖို့ကြိုးစားနေတဲ့သူတို့နှစ်ယောက်ကိုအာရှဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ကလည်းမကြာသေးခင်ကသွားရောက်တွေ့ဆုံအားပေးခဲ့ပါတယ်။ထိုင်းပရီးမီးယားလိဒ်မှာကစားနေတဲ့ကျော်ကိုကိုကလည်းသွားရောက်တွေ့ဆုံအားပေးမှုတွေပြုလုပ်ခဲ့ပြီးကျော်မင်းဦးကလည်းလာရောက်အားပေးခဲ့ကြတဲ့ဦးဇော်ဇော်နဲ့ကျော်ကိုကိုတို့ကိုကျေးဇူးတင်ကြောင်းပြောထားတာဖြစ်ပါတယ်။ပရိသတ်တွေလည်းမြက်ခင်းစိမ်းတွေပေါ်ခြေချဖို့ကြိုးစားနေတဲ့ကျော်မင်းဦးနဲ့ဇေယျာနိုင်တို့ကိုလည်းအားပေးစကားလေးတွေနဲ့အားပေးကြပါဦးနော်။

credit – myanmarload