လက်နှစ်ဖက်မရှိပေမဲ့ ဘဝကိုအရှုံးမပေးပဲ ကားမောင်းသင်နေတဲ့ ညီမငယ်လေး မေဇင်အောင်

တကယ်ကို လေးစားစရာကောင်းတဲ့ ညီမငယ်လေးပါ….

ဘ၀ပေးကံ မကောင်းပေမယ် အရှုံးမပေးတဲ့စိတ်ဓာတ်နဲ့ ဘ၀ကိုအကောင်းဆုံးကြိုးစားခဲ့တာပါ….ငယ်ငယ်ကတည်းက စာကိုကြိုးစားခဲ့တာဖြစ်ပီး အခုဆိုရင် ဘွဲ့ရပညာတတ်တစ်ယောက်ဖြစ်နေပါပီ….လက်ရှိမှာ ဘ၀ကို မသားစုနဲ့အတူတူ ပျော်ရွှင်စွာဖြတ်သန်းနေပါတယ်….

သူ့ရဲ့သမီးလေးဟာလဲ အရမ်းကိုချစ်စရာကောင်းပါတယ်နော်….1st day training 🚐🚐 😍😍😍😍😍

မေ့ကို ယုံကြည်ပေးလို့ ကျေးဇူးပါ မောင် 😘😘😘😘

(ကားထဲမှာ ဘသူမှ မပါဝူးနော်.. ကိုယ်တစ်ယောက်တည်း မောင်းနေတာ…. သိဖို့) 😂😂ကားမောင်းတတ်သူတွေတော့ ကျော်ကြည့်ပေးပါနော်။ ကိုယ်က ခုမှ နာရီဝက်လောက်ပဲ သင်ပြီး တက်မောင်းသူမို့ပါ ✌😁အခုဆိုရင် ကားမောင်းပါ စသင်နေပါပီလို့ သူ့ရဲ့ acc မှာတင်ထားတာတွေ့ရပါတယ်…

ကားမောင်းသင်ချင်လိုက်တာလို့ ပြောလိုက်တာ ချက်ချင်းသင်ပေးတယ်။ စိတ်မြန် ဆုံးဖြတ်ချက်မြန်တဲ့ ကိုယ်နဲ့ ပံ့ပိုးပေးတဲ့ သူ 😍

Video ကြည့်ရန်

ဖေ့စ်ဘုတ်ကြီးငြိမ်နေလို့ ဘာများလုပ်ပေးရဦးမလဲဆိုပြီး အလိုက်သိမေးလာတဲ့ ကျော်ကျော်နန္ဒ

ဆန်းပြားတဲ့ ဖက်ရှင်တွေနဲ့ ပရိသတ်တွေ စိတ်ဝင်စားစေခဲ့တဲ့ အဆိုတော် ကျော်ကျော်နန္ဒက အနုပညာလောကထဲမှာ ကျင်လည်နေတာ (၁၀)စုနှစ် တစ်ခုရှိပြီဖြစ်ပါတယ်။ သူ့ရဲ့ သူများနဲ့မတူတဲ့ ဖက်ရှင်တွေနဲ့ သီချင်းတွေက ပရိသတ်တွေကြားမှာ ပြောစရာဖြစ်နေရလောက်အောင် တော်တော်လေး ရေပန်းစားလှပါတယ်။ ကျော်ကျော်နန္ဒက လက်ရှိမှာလည်း သူအရမ်းချစ်မြတ်နိုးပြီး ဝါသနာပါတဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာကို တွေ့ရပါတယ်။

လတ်တလော ဖေ့စ်ဘုတ်စာမျက်နှာမှာ ဘာအကြောင်းအရာမှ ထူးထူးခြားခြား မရှိတာကြောင့် ကျော်ကျော်နန္ဒက သတိထားမိတဲ့ ပုံပါပဲ။ အဲ့ဒါကြောင့် ကျော်ကျော်နန္ဒက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ “အွန်​လိုင်းကြီးငြိမ်​​နေသလားလို့ 6ပတ်​နဲ့ ​ကျော်​​ကျော်​နန္ဒ ဘာလုပ်​​ပေးကမလဲဗျ ” ဆိုပြီး သူ့ရဲ့ အပေါ်ပိုင်းအတွင်းအင်္ကျီမပါတဲ့ ပုံရိပ်ကို မျှဝေထားပါတယ်။

ပြီးတော့ ကျော်ကျော်နန္ဒက “ကိုယ်​လမ်းကိုယ်​​လျှောက်​ ကိုယ့်​ထမင်းကိုယ်​စားပြီး ကိုယ့်​ပိုက်​ဆံကိုယ်​ရှာ​နေတာ မို့  ခွင့်​လွတ်​​ပေးကြပါ” ဆိုပြီး ပရိသတ်တွေကို တောင်းဆိုထားပါသေးတယ်။ကျော်ကျော်နန္ဒက လူဝေဖန်အများဆုံးခံရတဲ့ ဆယ်လီတစ်ဦးဖြစ်ပေမယ့် သူကတော့ သူလုပ်စရာရှိတဲ့ အလုပ်ကို အေးအေးဆေးဆေး လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ အဲ့လို ခိုင်မာတဲ့ စိတ်ဓာတ်ကြောင့်လဲ တစ်နေ့တစ်ခြား လူသိများလာတာပဲ ဖြစ်ပါတယ်။

ကျော်ကျော်နန္ဒကတော့ လက်ရှိမှာ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်ကြီးရော ဖေ့စ်ဘုတ်ကြီးငြိမ်နေလို့ ကျော်ကျော်နန္ဒကို ဘာလုပ်စေချင်ကြလဲဆိုတာ ပြောပြခဲ့ဦးနော်။

Rowena
Credit to Momolay

သိန်းပေါင်း ၅ သောင်းကျော်လေလံ စုကြေးမဲ လိမ်လည်မှုဖြစ် . . ဒိုင်များထွက်ပြေး

လမိုင်းမြို့အခြေစိုက် လေလံမဲလိမ်လည်မှု ဖြစ်စဉ် လေ့လာ/သိရှိ/ကြားမိသမျှ ယခုနှစ် မတ်လမှစ၍ ငွေစုလေလံလုပ်ငန်း လုပ်ကိုင်ခဲ့၊ လုပ်ကိုင်သူ ၄ ဦးစလုံးမှာ လမိုင်းမြို့ဒေသခံများဟု သိရ၊

မယုံကြည်နိုင်လောက်သော အကျိုးအမြတ်များ ခွဲဝေပေးရာမှ ကာလတိုအတွင်း ငွေစုအပ်နှံသူ လွန်စွာများပြားခဲ့ပြီး လက်ရှိအချိန်အထိ စာရင်းအရ ကျပ်သိန်းပေါင်း ၅၀၀၀၀ ခန့်ရှိဟု သိရ။

လွန်ခဲ့သည့် ၃ ရက် ၁၉-၅-၂၀၁၇ နေ့တွင် အကျိုးအမြတ် ခွဲဝေရန်ရှိသည့်သူများအား အပြည့်အဝ မပေးနိုင်ရာမှ ပြဿနာ စတက်ခဲ့ပြီး ၂၀ ရက်၊၂၁ ရက် နေ့များတွင်လည်း နေ့အလိုက် ပေးရမည့် အပ်နှံငွေနှင့် အကျိုးအမြတ်များကို မပေးပဲ ဒိုင်ချုပ်အပါအဝင် အဓိက ဦးဆောင်လုပ်ကိုင်သူ ၃ ဦးထွက်ပြေးသွား၊ငွေအပ်နှံထားသူများမှ လူစုလူဝေးဖြင့် လေလံလုပ်ကိုင်သူအဖွဲ့မှ ၂ ဦးကိုဝိုင်း၍ ရှင်းပေးရန်တောင်းဆို၊ ယနေ့ ယခုအချိန်ထိ ယင်းတို့၏ နေအိမ်များကို ဝိုင်းထား၊ ရေးမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့များ ထိန်းသိမ်းနေရ၊

ငွေစုလေလံလုပ်ကိုင်သူ အဖွဲ့ဝင် ၂ ဦးမှ ရဲတပ်ဖွဲ့ထံအဖမ်းခံသည်ဟု သိရပြီး ရဲတပ်ဖွဲ့မှ လူစုလူဝေးကြောင့် ဖြေရှင်းပေးရန် နှင် ဖြေရှင်းပြီးမှသာ ဖမ်းဆီးမည့်သဘောရှိနေဟုဆို၊ ငွေစုငွေများကို ပြင်ဦးလွင်တွင် အိမ်နှင့်ခြံ၊ မော်လမြိုင်ဈေးချိုကားဝင်း တွင် တိုက်ခန်း ၂ ခန်း ဝယ်ထားသည်ဟု ကြားသိရ၊

ထွက်ပြေးသူများမှ တစ်ဦးအား တိုင်းရင်းသားလက်နက်ကိုင်တစ်ဖွဲ့မှ ဖမ်းမိထိန်းသိမ်းထားသည်ဟုလည်း ပြောဆိုနေကြ၊ ယခုအချိန်ထိ လမိုင်းမြို့တွင်လူပေါင်း ထောင်ချီ စုစည်းရောက်ရှိနေ၊

 

ကိုကိုဒေါင်းနဲ့ အကြည့်ချင်းဆုံရင်း မြင်မြင်ချင်းအချစ်ကို ယုံလားဆိုပြီးမေးလိုက်တဲ့ မေတိုးခိုင်

ကိုကိုဒေါင်းနဲ့ အကြည့်ချင်းဆုံရင်း မြင်မြင်ချင်းအချစ်ကို ယုံလားဆိုပြီးမေးလိုက်တဲ့ မေတိုးခိုင်

ပြည်သူ့အချစ်တော် အကယ်ဒမီများရှင် အိန္ဒြာကျော်ဇင်ရဲ့ တူမလေးဖြစ်တဲ့ မေတိုးခိုင်ကို အထူးတလည် မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ်နော်..။

သူမဟာဆိုရင် အနုပညာအလုပ်တွေကို လုပ်ကိုင်လာပြီး ချစ်စဖွယ် အမူအရာလေးနဲ့ ပုရိသတို့ရဲ့ အသည်းနှလုံးကို လှုပ်ကိုင်ထားတာဖြစ်ပါတယ်…။ ကြော်ငြာ၊ မဂ္ဂဇင်းတွေနဲ့ photo shooting တွေကို အများဆုံးရိုက်ကူးလေ့ရှိပြီး ပွဲလမ်းသဘင်၊ အခမ်းအနားပွဲတွေနှင့် ဖျော်ဖြေရေး ပွဲတွေမှာလည်း သူမရဲ့ အလှအပတွေကိုရှုစားကြရမှာပါ…။

“လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သဘာဝကျကျ ဇာတ်ရုပ်ပိုင်နိုင်စွာ သရုပ်ဆောင်ခဲ့တဲ့ မင်းသားဒေါင်းဟာဆိုရင်လည်း အချိန်တိုအတွင်းမှာ အောင်မြင်မှုများစွာကို သိမ်းပိုက်နိုင်ခဲ့သူဖြစ်ပါတယ်…။

“ပုဂံမြို့သူ” ဇာတ်လမ်းတွဲမှာလည်း ပရိသတ်တွေရင်ထဲ စွဲကျန်ရစ်အောင် သရုပ်ဆောင်နိုင်နင်းခဲ့တဲ့ မင်းသားဟာ ဒေါင်းပဲဖြစ်ပါတယ်…။ social media ပေါ်မှာ ဒေါင်းရဲ့ ပုံရိပ်လေးတွေကို တွေ့မြင်ကြရမှာဖြစ်ပြီး နှုတ်ခမ်းနီမလေးတွဲရဲ့ သဲသဲလှုပ်အားပေးမှုဟာလည်း များပြားလှတာဖြစ်ပါတယ်…။

မေတိုးခိုင်ဟာ ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..

.။ အခုတစ်ခါမှဆိုရင်လည်း ဒေါင်းနဲ့အတူ ရိုက်ကွင်းပေါ်က အမှတ်တရ ပုံရိပ်လေးကို သူမရဲ့ official facebook acc တွင် “Do you believe in love at first sight?” ဆိုတဲ့ မြင်မြင်ချင်းအချစ်ကို ယုံလားဆိုပြီး မေးမြန်းထားတာဖြစ်ပါတယ်…။ ပရိသတ်ကြီးလည်း သူတို့နှစ်ယောက်ရဲ့ ပုံရိပ်လေးကို ကြည့်ရှုခံစားရင်း ဖြေပေးသွားကြပါဦးနော်…။

Source May T. Khine