ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကိုထားသွားတယ်ဆိုရင် ဒီအချက်(၅)ချက်ကိုလုပ်ပါ
ဘယ်သူကမှတော့ ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုယ်ထားသွားမယ်လို့ မျှော်လင့်ထားမှာလဲ။ ဒါပေမယ့် ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုထားသွားတဲ့နေ့ရောက်လာတဲ့အခါ ဒီအဖြစ်ကို လက်မခံချင်ပေမယ့် မဖြစ်မနေလက်ခံလိုက်ရပါတယ်။ ဒီလို လက်ခံလိုက်ရပေမယ့် ကိုယ့်ကိုယ်ကို ထိန်းချုပ်ဖို့ခက်နေတုန်း၊ ဖြေမဆည်နိုင်ဖြစ်နေတုန်းဆိုရင်တော့ အခုဖော်ပြမယ့် အချက်လေးတွေက သင်ခံစားနေရတဲ့ ဝေဒနာတွေ အထိုက်အလျောက်သက်သာသွားအောင် ကူညီပေးပါလိမ့်မယ်။ ဖတ်ကြည့်လိုက်ပါဦးနော်။
(၁) သူနဲ့လုံးဝအဆက်အသွယ်ဖြတ်ပါ
သူနဲ့ကိုယ်ကပြတ်စဲကြပြီ၊ အထူးသဖြင့် သူ့ဘက်က ကိုယ့်ကိုထားခဲ့ပြီဆိုတာသေချာပြီဆိုရင် အတင်းလိုက်ဆက်သွယ်ဖို့မကြိုးစားဘဲ သူနဲ့ပတ်သက်တဲ့အဆက်အသွယ်မှန်သမျှ အားလုံးကို ဖြတ်တောက်ပစ်လိုက်ပါ။ အကြောင်းအမျိုးမျိုးကြောင့် ချစ်သူတွေ ပြတ်စဲကြတဲ့အခါ သံယောဇဉ်တွေအမျှင်တန်းပြီး လွယ်လွယ်နဲ့မပြတ်နိုင်ဖြစ်နေတတ်ပါတယ်။ ဒါက ကိုယ့်ကိုယ်ကို ဒုက္ခပိုများအောင် လုပ်နေတာပဲမို့ အဲ့ဒီလိုမလုပ်ဘဲ အဆက်အသွယ်တွေကို လုံးဝဖြတ်တောက်နိုင်ဖို့ ကြိုးစားပါ။
(၂) ကိုယ့်ကိုယ်ကိုအပြစ်မတင်ပါနဲ့
လူတော်တော်များများက အခြေအနေတစ်ခု ပျက်ယွင်းသွားတဲ့အခါ ကိုယ့်အပြစ်ကြောင့်၊ ကိုယ့်ချို့ယွင်းချက်တွေကြောင့်ဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်တတ်ကြပါတယ်။ တကယ်တော့ ဖြစ်လာသမျှ ကိစ္စတွေအားလုံး ကိုယ့်အပြစ်မကင်းဘူးလို့ တွေးနေရင် လက်ရှိအခြေအနေကို ရင်ဆိုင်ဖို့ ပိုခက်ခဲစေနိုင်ပါတယ်။ ဒါကြောင့် ဘာတွေပဲဖြစ်ဖြစ် ကိုယ့်အပြစ်လို့ လုံးဝမတွေးပါနဲ့။
(၃) ကိုယ့်ကိုယ်ကိုမပြောင်းလဲပါနဲ့
အခြေအနေတစ်ခုပြောင်းလဲသွားတဲ့အခါ၊ ပျက်စီးသွားတဲ့အခါ ကိုယ့်ရဲ့ချို့ယွင်းချက်ကြောင့်၊ ကိုယ့်ရဲ့လိုအပ်ချက်ကြောင့်လို့တွေးပြီး ကိုယ့်ကိုယ်ကိုပြောင်းလဲဖို့ ကြိုးစားတတ်ကြပါတယ်။ ဒါကလည်း မှားယွင်းတဲ့ အတွေးအခေါ်ပဲဖြစ်ပါတယ်။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ပြောင်းလဲဖို့မလိုပါဘူး။ အထူးသဖြင့် တစ်ဖက်သားက ကိုယ့်ရဲ့ချို့ယွင်းချက်ကို ထောက်ပြအပြစ်ရှာပြီး ဖြတ်သွားခဲ့တယ်ဆိုရင် အဲ့ဒါကိုပိုတောင်မပြင်သင့်ပါဘူး။ ဘာလို့လဲဆိုတော့ အဲ့ဒီအချက်က သင့်ရဲ့ချို့ယွင်းချက်မဟုတ်ဘဲ သူ့ဘက်ကအပြစ်ရှာချင်ရုံသက်သက်ပဲဖြစ်နေနိုင်လို့ပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကို မပြောင်းလဲပါနဲ့လို့ တိုက်တွန်းတာပါ။
(၄) ကိုယ့်အတွက်စစ်မှန်တဲ့တစ်စုံတစ်ယောက်ကိုရှာဖွေဖို့ဝန်မလေးပါနဲ့
အချစ်ရေးမှာ တစ်ခါအဆင်မပြေမှုတွေခံစားရပြီး အထိနာသွားတဲ့သူတွေဟာ နောက်ထပ်ချစ်ဖို့အတွက် ၀န်လေးတတ်ပါတယ်။ ကိုယ့်အတွက် စစ်မှန်တဲ့သူကို မရှိနိုင်ဘူး၊ ကိုယ့်အပေါ်ကောင်းမယ့်သူမရှိလောက်တော့ဘူးဆိုတဲ့ အတွေးမျိုးမတွေးမိအောင်နေပြီး နောက်ထပ်အချစ်တစ်ခု ရှာဖွေဖို့ဝန်မလေးပါနဲ့။
(၅) လုပ်စရာရှိတာတွေလုပ်ပြီးရှေ့ဆက်သွားပါ
အသည်းကွဲတာ၊ အချစ်ကိုဆုံးရှုံးရတာဟာ ဘ၀ကိုအရှုံးပေးရမယ့် အကြောင်းပြချက်တစ်ခုမဟုတ်ပါဘူး။ ဒါကြောင့် အချစ်ရေးကံမကောင်းတဲ့အချက်ကြောင့် ကိုယ့်အတွက် ဘာမှမကြိုးစားတော့ဘဲ ရေစုန်မျှောပြီးနေလိုက်တာမျိုးတွေမလုပ်ပါနဲ့။ နေ့စဉ်ဘ၀မှာ ကိုယ့်အတွက်ကောင်းမွန်တာလေးတွေလုပ်ရင်း ရှေ့ဆက်နိုင်အောင်ကြိုးစားတာကမှ မှန်ကန်တဲ့ရွေးချယ်မှုဖြစ်ပါတယ်။ ဒါကြောင့် အသည်းကွဲလည်း ရှေ့ဆက်သွားပါ။
Credit to Aunty May
မိသားစုထဲမှာ ရင်နင့်စရာခံစားချက်များဆုံးဟာ ‘အငယ်ဆုံး’ တွေပါ
မိသားစုထဲမှာအငယ်ဆုံးတွေဟာအချစ်ခံရဆုံး၊အလိုလိုက်ခံရဆုံးလို့ထင်ခဲ့တယ်။ဒါပေမယ့်အငယ်ဆုံးတွေရဲ့နောက်ကွယ်က တကယ့်ခံစားချက်တွေကတော့ ဒီအချက်တွေပဲဖြစ်တယ်။
(၁) အနစ်နာခံရဆုံး
အကြီးနဲ့အငယ်ကို ယှဉ်လိုက်ရင် အငယ်တွေက အနစ်နာခံရဆုံးပါ။ အကြီးတွေကိုကျတော့ သားကြီး၊သမီးကြီးဖြစ်လို့ဆိုပြီး ပိုချစ်ကြတယ်။အဦးဆုံးမွေးလာရတော့အားလုံးရဲ့အချစ်ကိုအကြီးတွေကသာခံရတယ်။အငယ်တွေကျတော့တစ်ခုခုဆိုတာနဲ့ အနစ်နာခံရတယ်။အင်္ကျီ၊ပစ္စည်းတွေကအစအကြီးရဲ့အကျကိုဝတ်ရတယ်။သုံးရတယ်။အငယ်တွေကအကျီင်္သစ်၊ပစ္စည်းသစ်ဆိုတာကို မပိုင်ခဲ့ရဖူးဘူး။
(၂) အခိုင်းခံရဆုံး
အငယ်တွေက အကြီးတွေ ခိုင်းတာကိုအခံရဆုံးပါ။မိဘခိုင်းတာကိုလည်းအခံရဆုံးပါ။မိဘတွေကခိုင်းစရာရှိရင်အကြီးတွေကို မေ့ပြီးအငယ်တွကိုပါခိုင်းတတ်ကြတယ်။အငယ်အများစုကအကြီးတွေခိုင်းတာကိုလည်းလုပ်ပေးရတယ်။အကြီးကမွေးလာတဲ့ သားတွေသမီးတွေထိကို အကုန်လုပ်ပေးရပါတယ်။ မိသားစုထဲမှာတော့ အခိုင်းခံရဆုံးပါပဲ။
(၃) အပြောအအဆိုခံရဆုံး
အငယ်ဆုံးတွေဟာလူတကာပြောသမျှကိုခေါင်းငုံခံရတယ်တစ်ခုခုကိုပြန်ရှင်းပြရင်တောင်ရိုင်းတယ်။အကြီးတွေပြောတာကိုအာခံတယ်ဆိုပြီး အပြောအဆိုခံရတယ်။ အကြီးတွေစကားနားထောင်ပေးခဲ့လည်း ဆိုးတယ်။ မလိမ္မာဘူးပဲအပြောခံရတယ်။
(၄) လူရာအသွင်းမခံရဆုံး
ဒီအချက်ကတော့ပတ်ဝန်းကျင်ရဲ့လူရာအသွင်းမခံရတာပါ။မိသားစုထဲမှာသာအကြီးဆုံးကအရာရာမှာထူးချွန်ထက်မြတ်နေရင်အငယ်တွေကလူရာအသွင်းမခံရဆုံးပါ။လူဆိုတာသူ့နေရာနဲ့သူတော့တော်ကြတာချည်းပါပဲ။အဲ့ဒါကိုမှအကြီးကစာတော်နေရင် အငယ်တွေကို အကြီးနဲ့အနိုင်းခံရတယ်။ ပတ်ဝန်းကျင်ကအစ”နင်ကနင်အစ်မလောက်မတော်ဘူး။ညံ့လိုက်တာ”ဆိုပြီး လူရာအသွင်းမခံရပါဘူး။
(၅) အချုပ်ချယ်ခံရဆုံး
အကြီးကျတော့အရွယ်ရောက်နေလို့ဆိုပြီးလွတ်လပ်ခွင့်ပေးထားတယ်။အငယ်ဆုံးတွေကိုဆိုရင်အပေးအယူနဲ့မှလုပ်ခွင့်ပေးတယ်။ မိသားစုထဲမှာ အငယ်ဆုံးဆိုတော့အငယ်ဆုံးမို့လို့ဆိုပြီးချုပ်ချယ်ခံရတယ်။အလေးပေးမခံရဘူး။မိသားစုအရေးဆိုရင် ၀င်ပြောပိုင်ခွင့်မပေးဘူး။ အငယ်စကားဆိုရင်ပဲ အလေးမထားကြဘူး။
CRD-Hannwe Soe (Auntymay)
တကယ်မချစ်ပဲ လိင်ကိစ္စကြောင့်သာ တွဲနေတဲ့သူမှန်းသိနိုင်မယ့် အချက်(၅)ချက်
တစ်ချို့ယောက်ျားလေးတွေဟာ မိန်းကလေးတွေကို လိင်ပိုင်းဆိုင်ရာ တဏှာစိတ်သက်သက်နဲ့သာ တွဲတတ်ကြ ပါတယ်။ ဒီလိုယောက်ျားလေးတွေဟာ တကယ်ကို ယုတ်ညံ့ပြီး အောက်တန်းကျသူတွေ ဖြစ်ပါတယ်။ ဒီလိုလူ မျိုးတွေကို ပတ်သက်မိနေတဲ့ မိန်းကလေးတွေအနေနဲ့ အမြန်ဆုံး နောက်လှည့်သင့်ပါတယ်။ သူတို့ရဲ့ အကျင့်စရိုက်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
(၁) သူဆက်သွယ်တဲ့ပုံစံ
သင့်ကို တဏှာစိတ်သက်သက်ကြောင့် တွဲနေတဲ့သူဟာ သင့်ကို ဆက်သွယ်တဲ့အခါမှာ လိင်ကိစ္စကြောင့်ပဲ ဆက်သွယ် မှာပါ။ ကျန်တဲ့အချိန်တွေကျရင် မအားဘူးတို့၊ တစ်ခုခုအမြဲအကြောင်းပြပြီး သင့်ကို သိပ်ဂရုစိုက်မှမဟုတ်ပါဘူး။ ဒါပေမ ယ့်သင်နဲ့ အတူတူ အိပ်ချင်တဲ့ အချိန်ကျရင်တော့ လေသံချိုတွေနဲ့ အချိုးတစ်မျိုးပြောင်းသွားတတ်တဲ့ သူမျိုးဖြစ်ပါတယ်။ ဒီလိုလူမျိုးနဲ့ ပတ်သက်မိနေရင်တော့ အမြန်ဆုံး ကျောခိုင်းလိုက်တာ အကောင်းဆုံးပါပဲ။
(၂) ချစ်လည်းမချစ်ဘူး ဖြတ်လည်းမဖြတ်ဘူး
သင့်ကို တဏှာစိတ်သက်သက်နဲ့ တွဲတဲ့သူဟာ သင့်ကို ချစ်တာတွေ၊ ကြင်နာတာတွေ၊ ဂရုစိုက်တာတွေ သိပ်လုပ်မှာ မဟုတ်ပါဘူး။ သင့်စိတ်ထဲမှာ သူရဲ့ အချစ်နဲ့ပတ်သက်ပြီး အမြဲတမ်း မသေချာမရေရာ ဖြစ်နေရမှာပါ။ သင့်ကိုသိပ်ချစ်ပုံ လည်းမရဘူး ဒါပေမယ့်လည်း သင့်ကို ဖြတ်မှာမဟုတ်ပါဘူး။ အကြောင်းကတော့ သူလိုအပ်တဲ့အချိန်တိုင်း သင့်ကို ခေါ်ချင်လို့ ကြိုးရှည်ရှည်နဲ့ ဆွဲထားတဲ့ပုံစံမျိုးပါပဲ။
(၃) သူနဲ့တွေ့တိုင်းအိပ်ရတယ်
သင့်ချစ်သူနဲ့သင်နဲ့တွေ့တိုင်း လိင်ကိစ္စပဲလုပ်နေရတယ်။ ကြာလာတော့ သင့်တာဝန်က သူနဲ့အိပ်ပေးရုံသက်သက်ပဲ ဖြစ်လာတော့တယ်၊ သူနဲ့တွေ့တိုင်းသင့်ကိုသင် မသတီသလိုလို၊ ကိုယ့်ကိုယ်ကို စိတ်ပျက်သလိုခံစားလာရတယ်။ ဒါဆိုရင်တော့ ကြာလာရင် သင်ဟာ စိတ်ကျရောဂါတောင် ရသွားနိုင်တာကြောင့် သင့်ကို လိင်ကိစ္စသက်သက် အသုံးချရုံတွဲတဲ့ သူမျိုးနဲ့ ဆက်မပတ်သက်သင့်တော့ပါဘူး။
(၄) ပျော်ရွှင်ချိန်မရှိသလောက်နည်းတယ်
ချစ်သူတွေသဘာဝ လျှောက်လည်တာတွေ၊ မုန့်လျှောက်စားတာတွေ၊ သူငယ်ချင်းတွေနဲ့ တွေ့ကြဆုံကြတာ မျိုးတွေလည်း ရှိမှာ မဟုတ်ပါဘူး။ သင်တို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးမှာ ဖြူစင်တဲ့ သံယောဇဉ်၊ ချစ်ခြင်းမေတ္တာတွေကို ခံစားရမှာမဟုတ်ပါဘူး။ သူ့ရဲ့ လိုတစ်မျိုးမလိုတစ်မျိုးဆက်ဆံပုံကြောင့် အမြဲတမ်း စိတ်ဆင်းရဲနေရမှာပါ။ သင်ဟာ ဒီလိုလူမျိုးနဲ့ ဆက်ပြီး ပပတ်သက်သင့်တော့ပါဘူး။
(၅) သင့်ခံစားချက်ကို ဘယ်တော့မှနားမထောင်ပေးဘူး
သင့်ချစ်သူကို သင်ခံစားရတဲ့ အထီးကျန်မှုတွေ၊ သင့်ရဲ့ပြသနာတွေ၊ သင်ကြုံတွေ့နေရတဲ့ အရာတွေကိုပြောရင် သူနားထောင်ပေးချင်မှာမဟုတ်ပါဘူး။ သင်တို့နှစ်ယောက်ကြားမှာ အနာဂတ်အတွက် တိုင်ပင်တာတွေ၊ ရင်ဖွင့်တိုင်ပင်တာတွေ ရှိမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သင့်ကို လိင်ကိစ္စသက်သက်တွဲတာကြောင့် သင့်ပြသနာတွေကို ဝေမျှခံစားမပေးချင်လို့ပါ။
credit -shwemom
Zawgyi
ရေမွှေး အနည်းငယ်
NayHtoo
Unicode
အချစ်ဟောင်းကို ကိုယ့်ဆီရောက်အောင် ပြန်လည်ခေါ်ယူနည်း
အနီရောင် ဖယောင်းတိုင် ၁ တိုင်
ရေမွှေး အနည်းငယ်
မိမိ Ex (ရည်းစားဟောင်း) ၏ ဓာတ်ပုံ
ညအချိန် ဖြစ်ရ ပါမယ် ။ မိမိက ဒီ အစီအရင်လေး လုပ်နေတာကို တခြား သူတွေ သိလို့ မရပါပူး ။ မိမိတယောက်ထဲ သိရ ပါမယ် ။
စားပွဲခုံ တခုပေါ်မှာ ဖယောင်းတိုင် အနီရောင်ကို ထွန်းညှိ လိုက်ပါ ။ အောက်ပါ စာသား တို့ကို ရွတ် ဆိုပါ။
” Lover come back, this I command. Lover some back to me. Lover come back, by the power of my hand. As I will, so it shall be.”
Spell to Bring Back a Lover Who Has Strayed
ရွတ်ဆို ပြီးပါက ရေမွှေး ထဲကို မိမိ လက်ညှိုးအား နှစ်လိုက်ပါ။
ပြီးပါက မိမိ Ex ရဲ့ ဓာတ်ပုံပေါ်မှာ ” return ” ဆိုပြီး မိမိလက်နဲ့ စာရေး လိုက်ပါ။
ပြီးနောက် ဖယောင်းတိုင်ကို ယူလိုက်ပီး ဓာတ်ပုံ ပေါ်မှာ အသဲပုံ ပုံစံ ဖယောင်းစက် ချပေးပါ။
အစီအရင် ပြီးဆုံး ပါပြီ ။ ထိုဓာတ်ပုံကို မိမိ အိပ်ယာ အောက်မှာ ထားအိပ်ပါ။
NayHtoo