ဆိတ်ဆိတ်နေခြင်းဟာ မိန်းကလေးတစ်ယောက်ရဲ့ အကျယ်ဆုံးငိုသံတဲ့ … ! (မိန်းကလေးများအတွက် ~~~~)
မိန်းကလေးများအတွက် ~~~~
ဆွီဒင်သိပံ္ပပညာရှင်တွေရဲ့ လေ့လာဆန်းစစ်ချက်အရ မိန်းကလေးတွေဟာ တစ်နေ့ကို ကော်ဖီသုံးခွက်အထက် သောက်ရင် ရင်သားမဖွံ့ဖြိုးတတ်ဘူးလို့ ဆိုပါတယ်။
ဒီလိုပါပဲ……
မကောင်းတဲ့နေ့ရက်က သင့်ကို အတွေ့အကြုံတွေပေးမယ်။
Related image
(၁) စာဖတ်ဝါသနာရှိပါစေ
(၂) အဆင့်အတန်းရှိပါစေ
(၁၄) နုပျိုခြင်းကို စွန့်လွှတ်ရသည့်တိုင် အပြုံးကိုချိတ်ဆွဲထားနိုင်ပါစေ
Credit: PaYinn
#Unicode Version#
မိန်းကလေးများအတွက် ~~~~
ဆိတ်ဆိတ်နေခြင်းဟာ မိန်းကလေးတစ်ယောက်ရဲ့ အကျယ်ဆုံးငိုသံတဲ့!
မိန်းကလေးတွေဟာ တစ်ခုခုခံစားရပြီဆိုရင် စကားသိပ်မပြောချင်တော့ဘူး ပြောရင်လည်း မောတယ်လို့ ခံစားရတယ်။ ဒါမှမဟုတ် သူဟာ ဆိတ်ဆိတ်နေတာ ကျင့်သားရသွားလို့ပဲလား!
နာကျင်တာ ကျင့်သားရသွားလို့ပဲလား!
ငြိမ်သက်တိတ်ဆိတ်တာကို ကျင့်သားရသွားလို့ပဲလား!
မိန်းကလေးတစ်ယောက် သင့်ကို မခေါ်မပြောတော့တဲ့အခါ တကယ်တော့ သူ ဒဏ်ရာနက်နက် ရသွားခဲ့လို့ဖြစ်တယ်။
အမေရိကန် Minnesotaပြည်နယ် St Paul Ramsey Medical Centerက ပညာရှင်တွေရဲ့ လေ့လာဆန်းစစ်ချက်အရ
မျက်ရည်မထွက်အောင်(မငိုမိအောင်) အောင့်အီးနေသူတွေဟာ ကိုယ့်ကိုယ်ကို “သေကြောင်းကြံ”နေတာနဲ့တူတယ်လို့ ဆိုပါတယ်။
ပညာရှင်တွေရဲ့ ပြောကြားချက်မှာ စိတ်ထိခိုက်၊ ဝမ်းနည်းခြင်းတွေက ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်။
အဲဒီလို စိတ်ထိခိုက်၊ ဝမ်းနည်းချိန်မှာ ငိုကြွေးတာဟာ ကျန်းမာရေးကို အထောက်အကူ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။
ပညာရှင်တွေက မျက်ရည်ကို ဓာတုဗေဒနည်းနဲ့ ခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါ မျက်ရည်ထဲမှာ အရေးပါတဲ့ ဓာတုပစ္စည်းနှစ်မျိုးဖြစ်တဲ့ (Enkephalin and Prolactin)တို့ ပါဝင်တာကို တွေ့ခဲ့ရတယ်။
မျက်ရည်က ခန္ဓာကိုယ်ထဲစုပြုံနေတဲ့ စိတ်ကိုအားငယ်ညိုးနွမ်းစေတဲ့ တခြားဓာတုပစ္စည်းတွေကို ချေဖျက်ပေးနိုင်တယ်။ စိတ်ဖိအားကို လျော့ချပေးနိုင်ပါတယ်။
အမျိုးသမီးတွေဟာ အမျိုးသားထက် ပိုအသက်ရှည်ရတာဟာ မျက်ရည်ပိုကျတတ်လို့၊ ငိုတတ်လို့လို့ ပညာရှင်တွေက ထင်မြင်ကြပါတယ်။
ဆွီဒင်သိပ္ပံပညာရှင်တွေရဲ့ လေ့လာဆန်းစစ်ချက်အရ မိန်းကလေးတွေဟာ တစ်နေ့ကို ကော်ဖီသုံးခွက်အထက် သောက်ရင် ရင်သားမဖွံ့ဖြိုးတတ်ဘူးလို့ ဆိုပါတယ်။
မိန်းကလေးအများစုရဲ့ ခန္ဓာကိုယ်ထဲမှာ ထူးခြားတဲ့မျိုးစေ့ဗီဇ(gene)ပါဝင်ပြီး အဲဒီမျိုးစေ့ဗီဇနဲ့ ကော်ဖီထဲပါတဲ့(caffeine)ဓာတ်တို့ကြောင့် ရင်သားတွေ သေးငယ်သွားတတ်တယ်လို့ ဆိုပါတယ်။
ဘဝမှာ ခဏတစ်ဖြုတ်၊ လျှပ်တစ်ပြက်တွေက များလွန်းတယ်
ကားဂိတ်မှာ လက်ပြနှုတ်ဆက်တာမျိုး၊ အခုပဲပွေ့ဖက် အခုပဲလမ်းခွဲလိုက်တာမျိုး…
အချိန်တော်တော်များများမှာ နင်နားမလည်သလို ငါလည်းနားမလည်ခဲ့ဘူး။
ဒီလိုပါပဲ……
ပြောရင်းပြောရင်း ပြောင်းလဲကုန်တယ်
နားထောင်ရင်း နားထောင်ရင်း ငြီးငွေ့ကုန်တယ်
ကြည့်ရင်းကြည့်ရင်း စိတ်ကုန်ကုန်တယ်
နောက်က လိုက်ရင်းလိုက်ရင်း နှေးကွေးကုန်တယ်
လျှောက်ရင်းလျှောက်ရင်း လမ်းခွဲကုန်တယ်
ချစ်ရင်းချစ်ရင်း အချစ်လျော့ကုန်တယ်
လွမ်းရင်းလွမ်းရင်း အဆုံးသတ်ကုန်ကြတယ်။
Image may contain: 1 person, closeup
ငါအရမ်းပျင်းတယ်….. ဒါကြောင့် အကောက်ကြံတဲ့ဘာကြံစည်မျိုးမှ ငါနဲ့မကစားပါနဲ့။ အဲဒီအချိန်အတွက် ငါပိုအိပ်နေလိုက်မယ်။
ငါအရမ်းပျင်းတယ်….. ဒါကြောင့် တခြားအချိန်တိုင်းမှာလည်း ငါ့ကို တုံး,အတယ်လို့ မထင်ပါနဲ့။ မလိုအပ်ဘဲ ခေါင်းရှုပ်ခံရေးကြီးခွင့်ကျယ်လုပ်ဖို့ ငါပျင်းလို့ပါ။
ငါအရမ်းပျင်းတယ်….. ဒါကြောင့် ဟိုလိုလိုဒီလိုလို မပြတ်မသား ငါနဲ့မကစားပါနဲ့။ နင်မျှော်လင့်ချက်မဲ့မှာ ငါစိုးလို့ပါ။
ဘဝထဲက နေ့ရက်တိုင်းကို အပြစ်မြင် မညည်းတွားပါနဲ့။
ကောင်းတဲ့နေ့ရက်က သင့်ကို ပျော်ရွှင်ခြင်းတွေပေးမယ်။
မကောင်းတဲ့နေ့ရက်က သင့်ကို အတွေ့အကြံုတွေပေးမယ်။
အဆိုးဆုံးနေ့ရက်က သင့်ကို သင်ခန်းစာတွေပေးမယ်။
Related image
🌸မိန်းကလေးတွေအတွက် အကြံဉာဏ်(၁၄)ချက်
(၁) စာဖတ်ဝါသနာရှိပါစေ
(၂) အဆင့်အတန်းရှိပါစေ
(၃) ဘဝထဲကအလှတွေကို ရှာဖွေတတ်ပါစေ
(၄) အတွေးအခေါ်ကောင်းသူတွေနဲ့ မိတ်ဆွေဖွဲ့တတ်ပါစေ
(၅) အနှစ်သာရမရှိတဲ့ ရုပ်ရှင်ကားတွေကို ဝေးဝေးရှောင်နိုင်ပါစေ
(၆) သည်းခံခွင့်လွှတ်တတ်ဖို့ သင်ယူနိုင်ပါစေ
(၇) ကျန်းမာတဲ့စိတ်နှလုံး မွေးမြူနိုင်ပါစေ
(၈) လှပတင့်တယ်ခြင်းက သင်ရဲ့ရင်းနှီးမြှပ်နှံမှုဖြစ်ပါစေ
(၉) ဘယ်ယောက်ျားကိုမှအားမကိုးတဲ့ ကိုယ့်ကိုယ်ကိုရှင်သန်နိုင်သူ ဖြစ်ပါစေ
(၁ဝ) ငွေရေးကြေးရေး စီမံခန့်ခွဲတတ်အောင် သင်ယူနိုင်ပါစေ
(၁၁) အချစ်နဲ့ အိမ်ထောင်ရေး အတူတကွပူးတွဲနေပါစေ
(၁၂) ယောက်ျားတွေနဲ့ တန်းတူညီမျှ ရင်ဘောင်တန်းနိုင်ပါစေ
(၁၃) သင့်စိတ်ကူးအိပ်မက်ကို ကူညီအကောင်အထည်ဖော်ပေးမယ့် ယောက်ျားကိုရှာယူနိုင်ပါစေ
(၁၄) နုပျိုခြင်းကို စွန့်လွှတ်ရသည့်တိုင် အပြံုးကိုချိတ်ဆွဲထားနိုင်ပါစေ
အိမ်… ကြီးလို့ရတယ်၊ ငယ်လို့ရတယ်။ မိုးလုံလေလုံ ခိုလှုံနိုင်ဖို့ပဲလိုတယ်။
အိမ်… ဆူညံလို့ရတယ်၊ ငြင်းခုန်လို့ရတယ်။ အမုန်းရန်ငြိုးမထားဖို့ပဲလိုတယ်။
အိမ်… ငိုလို့ရတယ်၊ ရယ်လို့ရတယ်။ တစ်အိမ်လုံး ချမ်းမြေ့ပျော်ရွှင်ဖို့ပဲလိုတယ်။
အိမ်… ဆင်းရဲလို့ရတယ်၊ ချမ်းသာလို့ရတယ်။ မိသားစုတတွေ စည်းလုံးနွေးထွေးဖို့ပဲလိုတယ်။
အိမ်… ဝေးလို့ရတယ်၊ နီးလို့ရတယ်။ အိမ်အပြန်လမ်းကို မှတ်မိနေဖို့ပဲလိုတယ်။
အိမ်… အိုမင်းလို့ရတယ်၊ ဟောင်းနွမ်းလို့ရတယ်။ မကြာခဏအိမ်ပြန်ပြီး မိဘကို အဖော်လုပ်ဖို့ပဲလိုတယ်။
Credit : ဖိုးသူတော် (www.phothutaw.com)
Credit: PaYinn
ခမ်းခြောက်သွားတဲ့ မျက်ရည်စတွေကြား သူမရင့်ကျက်သွားခဲ့ရင်
Credit
မိန်းမတစ်ယောက်ရဲ့ နားလည်နိုင်မှုကို သင်ခဏခဏ မစမ်းသပ်ပါနဲ့
သူနားမလည်နိုင်တော့တဲ့အချိန်ရောက်ရင်
သင် ရှင်းပြခွင့်တောင် ရလိမ့်မယ် မထင်နဲ့ မိန်းမတွေရဲ့ နှလုံးသားက
ဖယောင်းချက်နဲ့ ပုံဖော်ထားတဲ့ ဖယောင်းရုပ်တစ်ခုလိုပါပဲ
နှူးညံခြင်းပြီးရင် မာကြောတတ်လာကြတယ်
ချစ်တယ်ပြောပြီး ပစ်ထားခံရတဲ့အချိန်များလာရင်
လွမ်းတယ်ပြောပြီး လျစ်လျူရှူထားတဲ့အချိန်များလာခဲ့ရင်
ခမ်းခြောက်သွားတဲ့ မျက်ရည်စတွေကြား သူမရင့််ကျက်သွားခဲ့ရင်
အရင်ကလို သင်ရဲ့ဂရုစိုက်မှုကိုလိုအပ်တော့မှာ မဟုတ်ဘူး
သင့်ရဲ့လျစ်လျူရှူမှုတွေကသူမရဲ့ ခံနိုင်ရည်စွမ်းကို
ရိုက်ချိုးခဲ့ပြီးလေသင်ရဲ့ပစ်ပယ်ထားမှုက သူမကို
အထိုက်အလျောက်နေသားကျစေသွားပြီးလေ
သင်မပေးခဲ့တဲ့ အချိန်တွေအတွက်ကျခဲ့တဲ့ မျက်ရည်တွေအစား
သူမရဲ့အချိန်တွေကိုသူမရဲ့ဘဝအတွက်
အရေးကြီးတယ်ထင်တဲ့ အလုပ်တွေကိုကြိုးပမ်းသွားတော့မှာပါ
သင်မမြင်နိုင်တဲ့ သူမရဲ့တန်ဖိုးကိုတစ်ခြားတစ်ယောက်က မြင်ပြီး
တန်ဖိုးထားခဲ့မယ်ဆိုရင်သင် မနာလိုမဖြစ်ပါနဲ့တော့
မိန်းမတစ်ယောက်ရဲ့ အရင့်ကျက်ဆုံးအချိန်ဟာ
သင်တို့ နားလည်နိုင်စွမ်းရဲ့နံရံတစ်ဖက် အစွန်းမှာပါ
Credit
ဥာဏ်ရည်မမီတဲ့ ယောက်ျားတွေက ပိုမိုဖောက်ပြန်တတ်လေ့ရှိကြောင်း သုတေသီများထုတ်ပြန်
ဆိုရှယ်နဲ့ လူမှုပတ်ဝန်းကျင်မှာ ရှိတဲ့ အမျိုးသားအများစုကို လေ့လာစစ်တမ်းကောက်ချက်အရ အမျိုးသမီးအဖော်နောက်ကွယ်မှာ လိမ်လည်ခြင်း၊ သစ္စာဖောက်ခြင်းနဲ့ အိမ်ထောင်ရေးဖောက်ပြန် တတ်ကြတဲ့အမျိုးသားစုက သာမန်အမျိုးသားတွေထက်ပိုပြီး ဥာဏ်ရည်နိမ့်ပါးကြောင်းတွေ့ရှိရပြီး တော့ အိမ်ထောင်ရေးနဲ့ ချစ်ရေးချစ်ရာတွေမှာ သစ္စာစောင့်ထိန်းပြီး ကိုယ်ကျင့်တရားကောင်းမွန်သူ အမျိုးသားတွေကတော့ ဥာဏ်ရည်ပိုမိုမြင့်မားတဲ့သူတွေဖြစ်တာကို စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
Unicode
ဦးနှောက်မကောင်းတဲ့သူတွေကသာ ဖောက်ပြန်တတ်လေ့ရှိကြောင်း သုတေသီတွေက လေ့လာ တွေ့ရှိချက်ထုတ်ပြန်လိုက်ပါတယ်။ ဇနီးသည်တွေရဲ့ နောက်ကွယ်မှာ လိမ်လည်ပြီး သစ္စာဖောက် တတ်တဲ့သူတွေနဲ့ ခိုးဖွက်တဲ့အလုပ်တွေလုပ်တတ်တဲ့ ခင်ပွန်းသည်က ဉာဏ်ရည်အဆင့်အတန်း နိမ့်ကျပြီး၊ ဦးနှောက်စွမ်းဆောာင်ရည်နိမ့်ပါးတတ်သူတွေဖြစ်ကြောင်း လန်ဒန်စီးပွားရေးတက္ကသိုလ်က ဒေါက်တာ ဆက်တိုရှီ ကန်နာဇာဝါရဲ့ လေ့လာသုတေသနပြုအချက်အလက်တွေအရ တွေ့ရှိခဲ့ရ ပါတယ်။
ဆိုရှယ်နဲ့ လူမှုပတ်ဝန်းကျင်မှာ ရှိတဲ့ အမျိုးသားအများစုကို လေ့လာစစ်တမ်းကောက်ချက်အရ အမျိုးသမီးအဖော်နောက်ကွယ်မှာ လိမ်လည်ခြင်း၊ သစ္စာဖောက်ခြင်းနဲ့ အိမ်ထောင်ရေးဖောက်ပြန် တတ်ကြတဲ့အမျိုးသားစုက သာမန်အမျိုးသားတွေထက်ပိုပြီး ဉာဏ်ရည်နိမ့်ပါးကြောင်းတွေ့ရှိရပြီး တော့ အိမ်ထောင်ရေးနဲ့ ချစ်ရေးချစ်ရာတွေမှာ သစ္စာစောင့်ထိန်းပြီး ကိုယ်ကျင့်တရားကောင်းမွန်သူ အမျိုးသားတွေကတော့ ဉာဏ်ရည်ပိုမိုမြင့်မားတဲ့သူတွေဖြစ်တာကို စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဒေါက်တာရဲ့ အဆိုပါလေ့လာစမ်းစစ်မှုတွေက အမျိုးသမီးတွေအတွက် မသက်ဆိုင်ကြောင်းနဲ့ အမျိုးသမီးအများစုဟာဆိုရင် သူတို့တွေရဲ့ အချစ်ရေးနဲ့ အိမ်ထောင်ရေးကို ခိုင်မြဲစေလိုတဲ့ ဆန္ဒတွေက အမျိုးသားတွေထက် ပိုမိုလိုလားတတ်ခြင်းကြောင့် သစ္စာစောင့်ထိန်းတတ်လေ့ ရှိကြောင်း ဆိုထားပါတယ်။
Credit:သဒ္ဒါချို(ရွှေအင်းလေး)
ဘာလို့ တော်တဲ့ မိန်းမတွေက ခပ်ဆိုးဆိုးကောင်တွေကို လက်ထပ်မိကြတာလဲ
သင့်ရဲ့ ခင်ဖို့အကောင်းဆုံး အယဉ်ကျေးဆုံး မိန်းကလေးသူငယ်ချင်း ရည်ရည်မွန်မွန်လေးက ခပ်ဆိုးဆိုးကောင်တစ်ကောင်နဲ့ လက်ထပ်သွားတာ ကြုံဖူးကြပါသလား။ တချို့စုံတွဲတွေကလဲ သင် ကိုယ့်နဖူးကိုယ် ပြန်ရိုက်ပြီး ” ဘာလို့ ဒီကောင်မလေး ဒီလိုကောင်ကို ပြန်ကြိုက်တာလဲ ” ဆိုပြီး စဉ်းစားစရာတွေ ဖြစ်နိုင်ပါတယ်။ လေ့လာသူတွေကတော့ အဲဒိမေးခွန်းကို ကြိုးစား ဖြေပေးထားပါတယ်။ ဖတ်ကြည့်ပါ။
၁. လူဆိုးပုံစံ အတန်းထဲမှာ အမြင်ကပ်စရာကောင်းတဲ့ ကောင်တွေလို လူဆိုးတွေမှာ မိန်းကလေးတွေ စွဲလောက်တဲ့ ပုံဟန်တွေ ရှိတတ်ကြပါတယ်။ လူတွေထဲမှာ လွှမ်းမိုးနိုင်ခြင်း၊ အမိန့်ပေးနိုင်ခြင်း၊ ကိုယ့်ဘာသာ ယုံကြည်ချက်ပြည့်ဝခြင်း၊ ကိုယ့်ဘာသာ အရမ်း ဂရုစိုက်ခြင်း တို့လိုပါ။ သူမက အဲလိုပုံစံကို စွဲတတ်တာကလဲ ဇီဝဗေဒအရ ဖြစ်နိုင်ပါတယ်။
ယောက်ျားတစ်ယောက် ယုံကြည်ချက်ပြည့်ဝတာဟာ မျိုးရိုးဗီဇကောင်းပြီး ဥစ္စာ ပြည့်ဝတာတွေဟာ သဘာဝတရားအရ ဆွဲဆောင်မှု ရှိနေပါတယ်။ ကိုယ့်ဘာသာ ယုံကြည်လွန်သူတွေ၊ ဆိုက်ကိုဖောက်နေသူတွေ၊ ပါးနပ်စွာ လိမ်လည်တတ်သူတွေဆိုတဲ့ လူမိုက် လက္ခဏာ သုံးမျိုးဟာလဲ တစ်ခုနဲ့တစ်ခု အရမ်းပြီးပြည့်စုံနေပါတယ်။ သူတို့ဟာ လင်ရှိမိန်းမလဲ လိုက်မှာပဲ။ အထိအခိုက်မခံတဲ့၊ စိတ်ပျော့တဲ့ ကောင်မလေးတွေလဲ လိုက်မှာပဲ။ လူကောင်းတွေ မလိုက်တဲ့ မိန်းမတွေကို သူတို့လိုက်ရဲပါတယ်။ အဲဒါကြောင့် ကြောင်ခံတွင်းပျက်နဲ့ ဆက်ရက်တောင်ပံကျိုး တွေ့ဆုံဖို့ အခွင့်အလမ်း အပြည့်ရှိပါတယ်။
ဘာလို့ တော်တဲ့ မိန်းမတွေက ခပ်ဆိုးဆိုးကောင်တွေကို လက်ထပ်မိကြတာလဲ
၂. ခပ်မိုက်မိုက်ပုံစံနဲ့ ဆွဲဆောင်ခြင်း အဲဒိတော့ သင်ကိုယ်တိုင် လူဆိုးတစ်ယောက် ဖြစ်မလာပဲနဲ့ အဲဒိကောင်တွေလို ဆွဲဆောင်မှုရှိအောင် ဘယ်လိုလုပ်ရမလဲ။ စိတ်ဝင်စားစရာကောင်းတဲ့ ပန်းတိုင်တွေ၊ ဝါသနာတွေအကြောင်း ပြောတတ်တဲ့ ယောက်ျားတွေဟာ ကိုယ့်ဘာသာ ယုံကြည်မှုရှိပုံပေါက်ပြီး မိန်းကလေးတွေကို ဆွဲဆောင်နိုင်ပါတယ်။ အဲဒါဟာ အားလုံးထဲမှာ သင့်ရဲ့ လခ ဘယ်လောက်ကောင်းကြောင်းကို အော်ကျယ်အော်ကျယ်နဲ့ ကြွားနေဖို့ မဟုတ်ပါဘူး။
သင့်ရဲ့ မဟာ တောင်တက်ခရီးစွန့်စားခန်းတွေကိုလဲ နားမခံသာအောင် ပြောပြနေစရာ မလိုပါဘူး။ ဒါပေမယ့် အခါအခွင့်ကြုံရင် သင်လုပ်နိုင်တာတွေနဲ့ သင်ပျော်တာတွေကို ပြောပြပေးရုံပါပဲ။ အဲဒါက သင့်ကို အရမ်းမောက်မာပုံလဲ မပေါက်စေပါဘူး။ ပျော်ပျော်နေတတ်တာ၊ တီထွင်ဉာဏ်ရှိတာဟာ သင့်မှာ မျိုးရိုးဗီဇကောင်းတယ်ဆိုတာကို အမျိုးသမီးတွေကို ပြလိုက်တာပါပဲ။
အဲဒါကြောင့် သင် အနုပညာ တစ်ခုခု၊ ဥပမာ ဓာတ်ပုံရိုက်တာ၊ ဂစ်တာတီးတာမျိုး လုပ်ရင် အဲဒိဝါသနာတွေအကြောင်း စကားစပ်ရင် ပြောပြခြင်းဟာ သင့်ကို ကောင်မလေးတွေ အထင်ကြီးသွားစေပါတယ်။ သင်ထိုင်တဲ့ နေတဲ့ ကိုယ်ဟန်ကလဲ သင်က အပေါင်းအသင်းကြားထဲမှာ ထင်ပေါ်လား၊ မြှုပ်နေလားဆိုတာ ပြနိုင်ပါတယ်။ ထင်ပေါ်သူတွေကို အမျိုးသမီးတွေ စွဲတတ်တာပါပဲ။ ထိုင်နေစဉ်မှာ လက်မောင်းတွေကို ဖြန့်ကားထားပြီး သင့်ဘော်ဒါတွေရဲ့ ပခုံးပေါ် လက်တင်ထားခြင်းဟာ သင့်ကို လွှမ်းမိုးနိုင်စွမ်း ပိုရှိစေပါတယ်။
Via – Gentleman Magazine