ဖခင္ႀကီးရဲ႕ အုတ္ဂူေလးဆီသြားၿပီး သန္႔ရွင္းေရးလုပ္ကုသိုလ္ယူေနတဲ့ ခ်စ္ခ်စ္ေဇာ္

ဒါ႐ိုက္တာ မိုက္တီး၊ ခ်စ္ခ်စ္ေဇာ္၊ လင္းဇာနည္ေဇာ္တို႔ ေမာင္ႏွမတေတြဟာဆိုရင္ တစ္ေယာက္ကိုတစ္ေယာက္ အျပန္အလွန္နားလည္မွဳေတြနဲ႔ ေလးစားခ်စ္ခင္ခဲ့ၾကတာပဲ ျဖစ္ပါတယ္။ ေမာင္ႏွမအခ်င္းခ်င္း ႐ိုေသေလးစားမွဳ႐ွိခဲ့ၾကသလို မိဘအေပၚမွာလည္း ဘုရားတစ္ဆူ၊ ဂူတစ္လံုးတဖြယ္ ကိုးကြယ္အားထားခဲ့ၾကတာပဲ ျဖစ္ပါတယ္။ ဖခင္ႀကီး ဦးခင္ေဇာ္ ႏွစ္႐ွည္ၾကာ နာမက်န္းျဖစ္ေနခ်ိန္မွာလည္း မၿငိဳမျငင္ဘဲ ကေလးတစ္ေယာက္လို ျပဳစုေစာင့္ေ႐ွာက္ ေပးခဲ့ၾကတာပဲျဖစ္ပါတယ္။


ဖခင္ႀကီးကို အရမ္းခ်စ္ခင္ၿပီး ျပဳစုယုယေပးခဲ့ၾကတဲ့ ခ်စ္ခ်စ္ေဇာ္တို႔ ေမာင္ႏွမတေတြဟာဆိုရင္ ဖခင္ႀကီး ကြယ္လြန္သြားခဲ့တဲ့အခ်ိန္မွာ ရင္ထုမနာျဖစ္ခဲ့ရၿပီး စိတ္မေကာင္းျဖစ္ေနခဲ့ရတာပဲ ျဖစ္ပါတယ္။ ဖခင္ႀကီး ဒါ႐ိုက္တာ ဦးခင္ေဇာ္ဟာဆိုရင္ ၃ရက္ေန႔ ည ၁၁ နာရီ ၅၅ မိနစ္မွာ ဘဝတစ္ပါးသို႔ ကူးေျပာင္းကြယ္လြန္ ဆံုးပါးသြားခဲ့တာပဲျဖစ္ပါတယ္။ ဖခင္ႀကီးရဲ႕ စ်ပနကိုေတာ့ ၇ရက္ေန႔ ေရေဝးသုႆန္မွာ မီးသျဂၤန္ၿပီး ဂူသြင္းခဲ့တာပဲ ျဖစ္ပါတယ္။


ဖခင္ႀကီး ကြန္လြန္သြားတဲ့အခ်ိန္မွစ ယေန႔အခ်ိန္အထိ ဖခင္ႀကီးကို ေမ့မရႏုိင္ခဲ့ေသးတဲ့ ခ်စ္ခ်စ္ေဇာ္ကေတာ့ ဖခင္ႀကီးရဲ႕ အတိတ္ကအေၾကာင္း တေစ့တေဇာင္းကိုလည္း မၾကာေသးခင္ကမွ ေျပာျပထားခဲ့တာပဲ ျဖစ္ပါတယ္။ ယေန႔မွာေတာ့ ခ်စ္ခ်စ္ေဇာ္တို႔ ဇနီးေမာင္ႏွံႏွစ္ဦးက ဖခင္ႀကီး ဦးခင္ေဇာ္ရဲ႕ အုတ္ဂူေလးဆီသြားၿပီး သန္႔ရွင္းေရးလုပ္ ကုသိုလ္ယူခဲ့ၾကတာပဲ ျဖစ္ပါတယ္။

ဖခင္္ႀကီးရဲ႕ အုတ္ဂူေလးဆီ သန္႔ရွင္းေရးသြားလုပ္ရင္း ဆရာမႀကီးေဒၚခင္ေဆြဦး(ေမဦး) နဲ႔ ဦးမင္းေနာင္(ဂႏၲဝင္ေတးသံရွင္)တို႔ရဲ႕ အုတ္ဂူေလးေတြကို ေဆးေၾကာသန္႔စင္ဂါရဝျပဳ ကုသိုလ္ယူခဲ့တဲ့ ခ်စ္ခ်စ္ေဇာ္ကေတာ့ ” ဒီေန႔ အဖိုးေလးဆီသြားရင္း၊ ဆရာမႀကီးေဒၚခင္ေဆြဦး(ေမဦး) နဲ႔ အန္ကယ္ ဦးမင္းေနာင္(ဂႏၲဝင္ေတးသံရွင္)တို႔ရဲ႕ အုတ္ဂူေလးေတြကို ေဆးေၾကာသန္႔စင္ဂါရဝျပဳ ကုသိုလ္ယူ…… ” ဆိုၿပီး သူ႔ရဲ႕ ေဖ့ဘုတ္စာမ်က္ႏွာေပၚကေန ေရးသားေဖာ္ျပေပးထားခဲ့တာပဲ ျဖစ္ပါတယ္။

ဖခင္ႀကီးရဲ႕ အသက္ ၉၁ ၾကာခဲ့သည့္တိုင္ေအာင္ ျပဳစုေပးခဲ့ၾကတဲ့ ခ်စ္ခ်စ္ေဇာ္တို႔ ေမာင္ႏွမေတြအဖို႔ ယခုအခ်ိန္မွာေတာ့ ဝမ္းနည္းေက်ကြဲမႈေတြနဲ႔ ျပည့္ႏွက္ေနခဲ့ရတာပဲ ျဖစ္ပါတယ္။ ဖခင္ႀကီးအတြက္ ေကာင္းမွဳကုသိုလ္ေတြ လုပ္ေပးရင္း ဖခင္ႀကီးရဲ႕ အုတ္ဂူေလးဆီိမွာ သန္႔ရွင္းေရးလုပ္ ကုသိုလ္ယူရင္း ရိုေသစြာ ဂါရဝျပဳခဲ့တဲ့ ခ်စ္ခ်စ္ေဇာ္ရဲ႕ ပံုရိပ္ေလးေတြကို မွ်ေဝၿပီး အားေပးသြားၾကဖို႔ မေမ့ပါနဲ႔ဦးေနာ္။ ဖခင္ႀကီးအေပၚထားတဲ့ ခ်စ္ခ်စ္ေဇာ္တို႔ ေမာင္ႏွမတေတြရဲ႕ စိတ္သေဘာထားက အရမ္းကို ေလးစားအတုယူစရာ ေကာင္းလြန္းလွပါတယ္ေနာ္။ ဖတ္႐ႈေပးၾကပါေသာ ခ်စ္ပရိသတ္မ်ားအေပါင္းကို မိုမိုေလးမွ ေက်းဇူးအထူးတင္႐ွိပါတယ္။

Kay Kay
Ref : Chit Chit Zaw’s Facebook

Credit to Momolay

ေငြေခ်းျခင္း ႏွင့္ သတိျပဳရေတာ့မည့္ ၂၀၁၉ ခုႏွစ္ ေလာင္းကစားဥပေဒအသစ္

Zawgyi

၂၀၁၉ ခုႏွစ္ ေမလ ၇ ရက္ေန့မွာ ေလာင္းကစား ဥပေဒ ကို အသစ္ ျပဌာန္းလိုက္တာ အားလံုးသိျပီးျဖစ္ပါလိမ့္မယ္ ။ အဆိုပါ ဥပေဒမွာ စိတ္ဝင္စားစရာအခ်က္ေတြ အမ်ားျကီး ပါလာပါတယ္ ။

နံပါတ္ (၁) အခ်က္ကေတာ့

ပုဒ္မ ၄ (က) ႏွင့္ ၆ (က) မွာ ရပ္ကြက္(သို့မဟုတ္) ေက်းရႊာအုပ္စု အုပ္ခ်ဳပ္ေရးမႈးက ေလာင္းကစားေနသူ (သို့မဟုတ္) ေလာင္းကစားအိမ္ကို ဝရမ္းမပါဘဲ ဖမ္းဆီးခြင့္ ရွိသည္ ဆိုသည့္အခ်က္ျဖစ္ပါတယ္။ဒီအခ်က္အရဆိုလ်င္ ေလာင္းကစားေနသူမ်ား အေနျဖင့္ ယခင္ကဆိုလ်င္ ရပ္ကြက္ထဲ ရႊာထဲ ရဲလာမွသာ သတိထားရမည့္အေနအထားမဟုတ္ေတာ့ဘဲ မိမိတို့ရဲ႕အုပ္ခ်ဳပ္ေရးမႈးကပင္ ဖမ္းဆီးခြင့္ရွိေနျပီဆိုတာ သတိျပဳရေတာ့ မွာ ျဖစ္ပါတယ္ ။ ေလာင္းကစားမႈ႕အတြက္ ေနရာ က်ဥ္းေျမာင္းသြားပီဆိုတာ သတိျပဳေစလိုပါတယ္။

နံပါတ္ (၂) အခ်က္ကေတာ့

အဆိုပါဥပေဒရဲ႕ ပုဒ္မ (၂၅) မွာ ေလာင္းကစားမႈ႕ မွ သိမ္းဆည္းရမိေငြ နဲ႕ ဖမ္းမိသည့္ ေလာင္းကစား ပစၥည္း ေရာင္းရေငြ အနက္မွ သတင္းေပးသူကို ၁၀ % နဲ႕ ဖမ္းဆီး ရာတြင္ပါဝင္သူကို ၂၀ % ဆုခ်ီးျမင့္မည္ ဆိုသည့္ အခ်က္ျဖစ္ပါတယ္။ဒီအခ်က္အရ ဆိုလ်င္ ေလာင္းကစားဝိုင္း ရွိေျကာင္း သတင္းေပးလိုက္ယံုျဖင့္ သတင္းေပးသူသည္ အဆိုပါ ေလာင္းကစားဝိုင္းအမႈ႕ ႏွင့္ ဆက္စပ္ေသာ ေငြ ႏွင့္ ပစၥည္း ကို ျပည္သူ့ဘ႑ာအျဖစ္ အမိန့္ခ်မွတ္သည့္ အခါတြင္ ေလာင္းကစား ေငြႏွင့္ ပစၥည္းေရာင္းရေငြ အနက္မွ ၁၀ % ကို ဆုေငြ အျဖစ္ ရရွိမွာ ျဖစ္ပါတယ္ ။ဒီေတာ့ ဥပမာအေနျဖင့္ ေလာင္းကစားေငြ နဲ႕ ေလာင္းကစားသည့္ပစၥည္းရဲ႕ တန္ဖိုးသည္ သိန္း ၁၀၀ ဆိုပါက သတင္းေပးသူအေနျဖင့္ ၁၀ သိန္း ရရွိမွာျဖစ္ပါတယ္။ ယေန့ေခတ္အေနအထားအရ လူတိုင္း လက္ကိုင္ဖုန္း မ်ား ကိုင္ႏိုင္သည္ျဖစ္၍သတင္းေပးသူအေနျဖင့္ လူကိုယ္ တိုင္ ရဲစခန္းသို့သြားေရာက္ရန္ မလိုပဲ ဖုန္းျဖင့္ ဆက္သြယ္ သတင္းေပးႏိုင္သည္ျဖစ္၍ ေလာင္းကစားျပဳလုပ္မည့္သူမ်ား အေနျဖင့္ အခ်ိန္မေရႊးဖမ္းဆီးခံရႏိုင္ သည္ကို သတိျပဳရန္လို ပါလိမ့္မည္။

( ေလာင္းကစားပုဒ္မ ၇ (ခ) (၁) တြင္သတင္း ေပးသူကို လ်ိဳ႕ဝွက္ထားရန္ ျပဌာန္းထားသည္ျဖစ္၍ သတင္ း ေပးသူ အား အလြယ္တကူမသိရွိႏိုင္ပါ)ထို့ျပင္ ဖမ္းဆီးရာတြင္ပါဝင္သူကို ၂၀ % ဆု ခ်ီး ျမင့္မည္ဟု ျပဌာန္းထားသည့္အတြက္ ဖမ္းဆီးရာတြင္ ပါဝင္ သည့္ ရဲတပ္ဖြဲ႕ဝင္မ်ား ။ အုပ္ခ်ဳပ္ေရးမႈးမ်ား ။ အသိသက္ေသ မ်ားသည္လည္း ယခင္ကဲ႕သို့ အခမဲဲ့ လူမုန္းခံဘဝမွ ဆုေငြရရွိလာေပေတာ့မည္။၂၀ % ျဖစ္၍ သိန္း ၁၀၀ တန္ေလာင္း ကစားမႈ႕ကို ဖမ္းႏိုင္လ်င္ ၂၀ % ကို ခြဲေဝရွိေတာ့မည္ ျဖစ္ သည့္အတြက္ ယခင္ကလို မျမင္ခ်င္ေယာင္ ေဆာင္ေတာ့ မည္ မဟုတ္သည္ကို ေလာင္းကစားသူမ်ား အေနျဖင့္ သိရွိထားရန္လိုပါသည္။

နံပါတ္ (၃) အခ်က္ကေတာ့

ယေန့တင္ျပသည့္ ပိုစ့္၏ ေခါင္းစဥ္ပါ အေျကာင္း အရာျဖစ္ပါသည္ ။ေလာင္းကစားဥပေဒပုဒ္မ (၁၄) တြင္ “မည္သူမ် ေလာင္းကစားရန္ ေငြေခ်းျခင္း သို့မဟုတ္ ေငြေျကးေထာက္ ပ့ံျခင္း မျပဳလုပ္ရ” ဆိုသည့္အခ်က္ ႏွင့္ ေလာင္းကစားဥပေဒပုဒ္မ (၂၀) (က) တြင္ ” ပုဒ္မ ၁၄ ပါ ျပဌာန္းခ်က္ကို က်ဴးလြန္ေျကာင္း ျပစ္မႈ႕ထင္ရွား စီရင္ျခင္း ခံရလ်င္ ထိုသူကို အနည္းဆံုး ၁ ႏွစ္မွ ၃ ႏွစ္ထိေထာင္ဒဏ္ ခ်မွတ္ရမည့္အျပင္ အနည္းဆံုး က်ပ္ ၁ သိန္း မွ အမ်ားဆံုး က်ပ္ ၅ သိန္းအထိ ေငြဒဏ္ခ်မွတ္ႏိုင္သည္ ။ျပစ္မႈ႕ ႏွင့္ အက် ဳံုးဝင္ေသာ ေငြကို ျပည္သူ့ဘ႑ာအျဖစ္ သိမ္းဆည္း ျခင္းခံရမည္ ” ဟု ျပဌာန္းထားပါသည္။

ထို့ေျကာင့္ ေငြရွင္ အေနျဖင့္ ေငြေခ်းမည္ဆိုပါက ေငြလာေခ်းသူ သည္ မည္သည့္အတြက္ေငြေခ်းျခင္းျဖစ္ သည္ကို တိတိက်က် စံုစမ္းရမည္ျဖစ္သည္ ။ သမာအာဇီဝလုပ္ငန္း လုပ္ကိုင္ရန္ အတြက္မဟုတ္ဘဲ ေလာင္းကစားျပဳလုပ္ရန္အတြက္ ေငြေခ်းသည္ ကို ေငြရွင္အေနျဖင့္ သိသိလ်က္ ႏွင့္ ေခ်းငွားမိပါက ပုဒ္မ ၁၄ ကို က်ဴးလြန္ရာေရာက္ပါသည္ ။အက်ိဳးဆက္အေနျဖင့္ ပုဒ္မ ၁၄ ကို က်ဴးလြန္သည့္အတြက္ ပုဒ္မ ၂၀ အရ ေငြေခ်းငွားေပးသူ ေငြရွင္သည္ ေထာင္ ဒဏ္ ၁ ႏွစ္မွ ၃ ႏွစ္ထိအျပင္ ေငြဒဏ္ ၁ သိန္း မွ ၅ သိန္း ထိ ခ်မွတ္ခံရႏိုင္ပါသည္ ။ ကိုယ့္ရႈးကိုယ္ပတ္ ဆိုသည့္ အတိုင္း ျဖစ္သြားပါမည္ ။

ကိုယ့္ေငြနဲ႕ကိုယ္ ေထာင္နန္းစံရႏိုင္သည္ကို ေငြေခ်းငွားမည့္ ေငြရွင္မ်ား သတိျကီးစြာထားရန္လို ပါသည္ ။ ထို့ျပင္ အဆိုပါပုဒ္မ ၂၀ တြင္ ေငြကို ျပည္ သူ႔ဘ႑ာ အျဖစ္ သိမ္းဆည္းသြားမည္ျဖစ္သျဖင့္ ျပန္ရႏိုင္ရန္မရွိေတာ့သည္ကိုလည္း ထပ္မံသိထားသင့္ပါသည္ ။သို့ျဖစ္ပါ၍ အတိုးရသည္ကို မမက္ေမာဘဲ ေလာင္းကစားဥပေဒသစ္ကို သတိျပဳရန္ လိုပါေျကာင္း အသိေပး သတိေပးတင္ျပလိုက္ပါသည္။

Credit-စာခ်ဳပ္ေရွ႔ေန ( U Aung Zay Ya)

Unicode

၂၀၁၉ ခုနှစ် မေလ ရ ရက်နေ့မှာ လောင်းကစား ဥပဒေ ကို အသစ် ပြဌာန်းလိုက်တာ အားလုံးသိပြီးဖြစ်ပါလိမ့်မယ် ။ အဆိုပါ ဥပဒေမှာ စိတ်ဝင်စားစရာအချက်တွေ အများကြီး ပါလာပါတယ် ။

နံပါတ် (၁) အချက်ကတော့

ပုဒ်မ ၄ (က) နှင့် ၆ (က) မှာ ရပ်ကွက်(သို့မဟုတ်) ကျေးရွှာအုပ်စု အုပ်ချုပ်ရေးမှုးက လောင်းကစားနေသူ (သို့မဟုတ်) လောင်းကစားအိမ်ကို ဝရမ်းမပါဘဲ ဖမ်းဆီးခွင့် ရှိသည် ဆိုသည့်အချက်ဖြစ်ပါတယ်။ဒီအချက်အရဆိုလျင် လောင်းကစားနေသူများ အနေဖြင့် ယခင်ကဆိုလျင် ရပ်ကွက်ထဲ ရွှာထဲ ရဲလာမှသာ သတိထားရမည့်အနေအထားမဟုတ်တော့ဘဲ မိမိတို့ရဲ့အုပ်ချုပ်ရေးမှုးကပင် ဖမ်းဆီးခွင့်ရှိနေပြီဆိုတာ သတိပြုရတော့ မှာ ဖြစ်ပါတယ် ။ လောင်းကစားမှု့အတွက် နေရာ ကျဉ်းမြောင်းသွားပီဆိုတာ သတိပြုစေလိုပါတယ်။

နံပါတ် (၂) အချက်ကတော့

အဆိုပါဥပဒေရဲ့ ပုဒ်မ (၂၅) မှာ လောင်းကစားမှု့ မှ သိမ်းဆည်းရမိငွေ နဲ့ ဖမ်းမိသည့် လောင်းကစား ပစ္စည်း ရောင်းရငွေ အနက်မှ သတင်းပေးသူကို ၁၀ % နဲ့ ဖမ်းဆီး ရာတွင်ပါဝင်သူကို ၂၀ % ဆုချီးမြင့်မည် ဆိုသည့် အချက်ဖြစ်ပါတယ်။ဒီအချက်အရ ဆိုလျင် လောင်းကစားဝိုင်း ရှိကြောင်း သတင်းပေးလိုက်ယုံဖြင့် သတင်းပေးသူသည် အဆိုပါ လောင်းကစားဝိုင်းအမှု့ နှင့် ဆက်စပ်သော ငွေ နှင့် ပစ္စည်း ကို ပြည်သူ့ဘဏ္ဍာအဖြစ် အမိန့်ချမှတ်သည့် အခါတွင် လောင်းကစား ငွေနှင့် ပစ္စည်းရောင်းရငွေ အနက်မှ ၁၀ % ကို ဆုငွေ အဖြစ် ရရှိမှာ ဖြစ်ပါတယ် ။ဒီတော့ ဥပမာအနေဖြင့် လောင်းကစားငွေ နဲ့ လောင်းကစားသည့်ပစ္စည်းရဲ့ တန်ဖိုးသည် သိန်း ၁၀၀ ဆိုပါက သတင်းပေးသူအနေဖြင့် ၁၀ သိန်း ရရှိမှာဖြစ်ပါတယ်။ ယနေ့ခေတ်အနေအထားအရ လူတိုင်း လက်ကိုင်ဖုန်း များ ကိုင်နိုင်သည်ဖြစ်၍သတင်းပေးသူအနေဖြင့် လူကိုယ် တိုင် ရဲစခန်းသို့သွားရောက်ရန် မလိုပဲ ဖုန်းဖြင့် ဆက်သွယ် သတင်းပေးနိုင်သည်ဖြစ်၍ လောင်းကစားပြုလုပ်မည့်သူများ အနေဖြင့် အချိန်မရွှေးဖမ်းဆီးခံရနိုင် သည်ကို သတိပြုရန်လို ပါလိမ့်မည်။

( လောင်းကစားပုဒ်မ ရ (ခ) (၁) တွင်သတင်း ပေးသူကို လျို့ဝှက်ထားရန် ပြဌာန်းထားသည်ဖြစ်၍ သတင် း ပေးသူ အား အလွယ်တကူမသိရှိနိုင်ပါ)ထို့ပြင် ဖမ်းဆီးရာတွင်ပါဝင်သူကို ၂၀ % ဆု ချီး မြင့်မည်ဟု ပြဌာန်းထားသည့်အတွက် ဖမ်းဆီးရာတွင် ပါဝင် သည့် ရဲတပ်ဖွဲ့ဝင်များ ။ အုပ်ချုပ်ရေးမှုးများ ။ အသိသက်သေ များသည်လည်း ယခင်ကဲ့သို့ အခမဲဲ့ လူမုန်းခံဘဝမှ ဆုငွေရရှိလာပေတော့မည်။၂၀ % ဖြစ်၍ သိန်း ၁၀၀ တန်လောင်း ကစားမှု့ကို ဖမ်းနိုင်လျင် ၂၀ % ကို ခွဲဝေရှိတော့မည် ဖြစ် သည့်အတွက် ယခင်ကလို မမြင်ချင်ယောင် ဆောင်တော့ မည် မဟုတ်သည်ကို လောင်းကစားသူများ အနေဖြင့် သိရှိထားရန်လိုပါသည်။

နံပါတ် (၃) အချက်ကတော့

ယနေ့တင်ပြသည့် ပိုစ့်၏ ခေါင်းစဉ်ပါ အကြောင်း အရာဖြစ်ပါသည် ။လောင်းကစားဥပဒေပုဒ်မ (၁၄) တွင် “မည်သူမျ လောင်းကစားရန် ငွေချေးခြင်း သို့မဟုတ် ငွေကြေးထောက် ပ့ံခြင်း မပြုလုပ်ရ” ဆိုသည့်အချက် နှင့် လောင်းကစားဥပဒေပုဒ်မ (၂၀) (က) တွင် ” ပုဒ်မ ၁၄ ပါ ပြဌာန်းချက်ကို ကျူးလွန်ကြောင်း ပြစ်မှု့ထင်ရှား စီရင်ခြင်း ခံရလျင် ထိုသူကို အနည်းဆုံး ၁ နှစ်မှ ၃ နှစ်ထိထောင်ဒဏ် ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ် ၁ သိန်း မှ အများဆုံး ကျပ် ၅ သိန်းအထိ ငွေဒဏ်ချမှတ်နိုင်သည် ။ပြစ်မှု့ နှင့် အကျ ုုံးဝင်သော ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း ခြင်းခံရမည် ” ဟု ပြဌာန်းထားပါသည်။

ထို့ကြောင့် ငွေရှင် အနေဖြင့် ငွေချေးမည်ဆိုပါက ငွေလာချေးသူ သည် မည်သည့်အတွက်ငွေချေးခြင်းဖြစ် သည်ကို တိတိကျကျ စုံစမ်းရမည်ဖြစ်သည် ။ သမာအာဇီဝလုပ်ငန်း လုပ်ကိုင်ရန် အတွက်မဟုတ်ဘဲ လောင်းကစားပြုလုပ်ရန်အတွက် ငွေချေးသည် ကို ငွေရှင်အနေဖြင့် သိသိလျက် နှင့် ချေးငှားမိပါက ပုဒ်မ ၁၄ ကို ကျူးလွန်ရာရောက်ပါသည် ။အကျိုးဆက်အနေဖြင့် ပုဒ်မ ၁၄ ကို ကျူးလွန်သည့်အတွက် ပုဒ်မ ၂၀ အရ ငွေချေးငှားပေးသူ ငွေရှင်သည် ထောင် ဒဏ် ၁ နှစ်မှ ၃ နှစ်ထိအပြင် ငွေဒဏ် ၁ သိန်း မှ ၅ သိန်း ထိ ချမှတ်ခံရနိုင်ပါသည် ။ ကိုယ့်ရှုးကိုယ်ပတ် ဆိုသည့် အတိုင်း ဖြစ်သွားပါမည် ။

ကိုယ့်ငွေနဲ့ကိုယ် ထောင်နန်းစံရနိုင်သည်ကို ငွေချေးငှားမည့် ငွေရှင်များ သတိကြီးစွာထားရန်လို ပါသည် ။ ထို့ပြင် အဆိုပါပုဒ်မ ၂၀ တွင် ငွေကို ပြည် သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းသွားမည်ဖြစ်သဖြင့် ပြန်ရနိုင်ရန်မရှိတော့သည်ကိုလည်း ထပ်မံသိထားသင့်ပါသည် ။သို့ဖြစ်ပါ၍ အတိုးရသည်ကို မမက်မောဘဲ လောင်းကစားဥပဒေသစ်ကို သတိပြုရန် လိုပါကြောင်း အသိပေး သတိပေးတင်ပြလိုက်ပါသည်။

Credit-စာချုပ်ရှေ့နေ ( U Aung Zay Ya)

“ကေလးက ည ၂ နာရီေလာက္မွာ ရုတ္တရက္ထထိုင္ပီးေတာ့ ကေယာင္ကတမ္းေတြေျပာေနလို႕ဆိုပီး ေဆးရံုေရာက္လာတယ္ …”

Zawgyi

ကေလးက ည ၂ နာရီေလာက္မွာ ရုတ္တရက္ထထိုင္ပီးေတာ့ ကေယာင္ကတမ္းေတြေျပာေနလို႕ဆိုပီး ေဆးရံုေရာက္လာတယ္ …ေရာက္လာတဲ႔ခ်ိန္က မနက္ ၁၀ နာရီေက်ာ္ေလာက္ …ပ်ိဳ႕အန္ေနတယ္ … အဖ်ားရွိတယ္.. မ်က္လံုးျပဴးပီး တဆတ္ဆတ္နဲ႕တုန္ပီး ကေယာင္ကတမ္းေျပာေနတယ္ … သြားရည္ေတြလဲက်ေနတယ္ …

သူတို႕ကေတာ့ အပမွီတာ လိုလို စုန္းကိုင္တာလိုလို ေျပာေနျကတယ္ …အရင္က ဘာေရာဂါမွ မျဖစ္ဖူးသလို ေဆးရံု ေဆးခန္းေတာင္မွ မျပရေလာက္ေအာင္ မာ တဲ႔ ကေလး …တဲ႔ …က်ေတာ္ အားလံုး စမ္းသပ္ျကည့္ေတာ့ စိတ္ထဲ မဟုတ္ေသးပါဘူး … ထင္ေနတာတစ္ခု ေသခ်ာေမးျကည့္အံုးမွဆိုပီး ေမးျကည့္တယ္ … ” ကေလးက အရင္က ေခြးတို႕ေျကာင္တို႕ ကိုက္ခံရဖူးလားဗ် ?”

“ကိုက္ခံရဖူးတယ္ေလ .. ပီးခဲ႔တဲ႔လက …အိမ္ေခြးပါ … ဘာမွမျဖစ္ဘူး … ေခြးရူး မဟုတ္ဘူး… ” တဲ႔ … ေ့ျဖပံုကေတာ့ ခပ္မာမာ ..

“အဲ႔တုန္းက ကာကြယ္ေဆးထိုးလား ?”

“အာ … အိမ္ေခြးပါဆို .. ထိုးစရာလိုလို႕လား ..? ပီးေတာ့ အဲ႔တုန္းက မအားဘူး ဘယ္သူမွ ”

ခုနကထက္ အသံကမာလာတယ္ …

ဒါဆို အဲ႔ အိမ္ေခြးကေကာ ေခြးရူးကာကြယ္ေဆးထိုးထားလား …ဆိုေတာ့..“မထိုးထားပါဘူး “တဲ႔ …ခု အဲ႔ေခြးေကာ ဆိုေတာ့ .. အဲ႔ကိုက္တဲ႔ေန႕ကတည္းက ေမာင္းထုတ္လိုက္တာ ဘယ္ေရာက္သြားမွန္းေတာင္ မသိပါဘူး .. တဲ႔ …History နဲ႕ Examination အရေတာ့ က်ေတာ့္ Diagnosis ကေတာ့ Rabies (ေခြးရူးျပန္ေရာဂါ) ပါပဲ …

ဒါနဲ႕ပဲ သူတို႕ကို ေရာဂါအေျကာင္း ေသခ်ာရွင္းျပတယ္ … လက္မခံခ်င္သလိုလို ပံုစံပါပဲ …လိုအပ္တဲ႔ထိုးေဆး ေသာက္ေဆးေတြေပးပီး ေဆးရံုတင္ထားလိုက္တယ္ … ေသခ်ာလဲ monitoring လုပ္ထားတယ္ …

ညေန ေဆးထိုးပီး နာရီဝက္ေက်ာ္အျကာမွာ ကေလးက ထေဖာက္လာတယ္ဆိုပီး ေစာတဒ တက္ပါေလေရာ ….. ( အမွန္ေတာ့ ေဆးနဲ႕မဆိုင္ပဲ ေရာဂါအရ ထေဖာက္တာမ်ိဳး )

ခ်က္ခ်င္း သြားျကည့္ေတာ့ ကေလးက Gasping ရေနပီ … Resuscitation (သက္ကယ္) လုပ္ေပမယ့္ နာရီဝက္ေက်ာ္ ျကာတဲ႔ထိ ျပန္ေကာင္းမလာေတာ့ပါဘူး …ေနာက္ဆံုး Expired (ဆံုး) သြားတယ္ …အဲ႔မွာ စျပသနာ ရွာေတာ့တာပဲ …

ကေလး အေမက သူ႕ကေလးကို သူနာျပဳဆရာမေတြက ေဆးထိုးသတ္ပသ္ပါတယ္ဆိုပီး တေဆးရံုလံုး ျကားေအာင္ ထပ္ခါထပ္ခါ ေအာ္ပီး ငိုပါေလေရာ …

ေခြးကိုက္တုန္းက ေခြးရူးကာကြယ္ေဆးထိုးဖို႕ မအားဘူးဆိုတဲ႔သူေတြဆီက လူအေယာက္ ၂၀ ေလာက္ေရာက္လာတယ္ ..တုတ္ေတြေတာင္ပါတယ္ …ကေလးကို ေဆးထိုးသတ္တာ .. ကေလးကို ေဆးထိုးသတ္တာ …အသံေတြ ပဲ႔တင္ထပ္ေနတယ္ …

ဆရာမေလးေတြခမ်ာ ေျကာက္လို႕ မ်က္ရည္္ေတြေတာင္က်တယ္ …အခန္းထဲ ေျပးဝင္ျကတယ္ …ခုနက လူေတြက က်ေတာ့္ဆီကို ဝိုင္းလာတယ္ … ပူလို႕ေခြ်းထြက္တာေရာ .. ခုနက သူတို႕ကေလးကို CPR နာရီဝက္ေက်ာ္လုပ္ေပးထားတာေရာနဲ႕ လူက ေခြ်းေတြ ရႊဲေနပီးသား … သူတို႕အဲ႔လို ဝိုင္းလာေတာ့ ပိုဆိုး .. ေရခ်ိဳးထားသလား မွတ္ရတယ္ …ေဆးထိုးတဲ႔ ဆရာမကို ထုတ္ေပး … အဲ႔ဆရာမ က်ေတာ္တို႕ကေလးကို သတ္တာတဲ႔ …

က်ေတာ္လဲ အတတ္နိုင္ဆံုး ထိန္းေျပာတယ္ … ဒါက ေဆး နဲ႕ မဆိုင္ေျကာင္း …ကေလးမွာ ေဆးမတည့္တဲ႔ လကၡဏာေတြ တစ္ခုမွ မရွိေျကာင္း…ပီးေတာ့ အဓိက ဒီေဆးေတြ ထိုးခိုင္းေသာက္ခိုင္းတာဟာ က်ေတာ္ပဲျဖစ္ပီး ဆရာမနဲ႕ လံုးဝမဆိုင္ေျကာင္း … ကေလးက

ေခြးရူးေရာဂါေျကာင့္သာ ဒီလိုျဖစ္ရေျကာင္း အျကိမ္ျကိမ္ရွင္းျပမွ အနည္းငယ္ ျငိမ္သြားတယ္ … ဒါေတာင္ အဲ႔ လူုအုပ္ထဲကေတာက္တေခါက္ေခါက္အသံေတြ … အဓိပၸာယ္ကို မရွိဘူး ဆိုတဲ႔ အသံေတြ ျကားေနရတုန္း …ေနာက္ေတာ့ ရြာက ဘုန္းျကီးေတြပါေရာက္လာတယ္ … ကံေကာင္းတာက ဘုန္းျကီးေတြ ျပသနာ လာရွာတာမဟုတ္ပဲ လာတရားခ်ေပးတာမို႕ အေျခအေန ေတာ္ေတာ္တည္ျငိမ္သြားတယ္ …ကေလးရဲ႕အေမကေတာ့ သူ့သမီးကို ဆရာမက ေဆးထိုးသတ္ပါတယ္ဆိုပီး တဖြဖြ …က်ေတာ္လဲ လုပ္စရာရွိတာေတြဆက္လုပ္ … ေနာက္ လူနာတစ္ေယာက္(ကိုယ္ဝန္ ၅ လ နဲ႕ အဆိပ္ ေသာက္

ေသတဲ႔လူနာ )ကို ထပ္ျကည့္ေပးေနရတာမို႕ သူုတို႕ေတြဘယ္အခ်ိန္ ျပန္သြားျကမွန္းေတာ့ မသိလိုက္ဘူး …စိတ္ထဲမွာေတာ့ေတြးမိတယ္ …ငယ္ငယ္က သင္ခဲ႔ရဖူးတဲ႔ ပံုျပင္ too much knowledge maketh fools ကမွေတာ္ေသးတယ္ …a little knowledge ကမွ တကယ့္ကို ေျကာက္စရာ ဆိုတာပါပဲ …(အိမ္ေခြးကိုက္ကိုက္ ေျကာင္ကိုက္ကိုက္ ၂၄ နာရီအတြင္း ကာကြယ္ေဆးထိုးျကပါဗ်ာ )

Dr.Yan

Unicode

ကလေးက ည ၂ နာရီလောက်မှာ ရုတ်တရက်ထထိုင်ပီးတော့ ကယောင်ကတမ်းတွေပြောနေလို့ဆိုပီး ဆေးရုံရောက်လာတယ် …ရောက်လာတဲ့ချိန်က မနက် ၁၀ နာရီကျော်လောက် …ပျို့အန်နေတယ် … အဖျားရှိတယ်.. မျက်လုံးပြူးပီး တဆတ်ဆတ်နဲ့တုန်ပီး ကယောင်ကတမ်းပြောနေတယ် … သွားရည်တွေလဲကျနေတယ် …

သူတို့ကတော့ အပမှီတာ လိုလို စုန်းကိုင်တာလိုလို ပြောနေကြတယ် …အရင်က ဘာရောဂါမှ မဖြစ်ဖူးသလို ဆေးရုံ ဆေးခန်းတောင်မှ မပြရလောက်အောင် မာ တဲ့ ကလေး …တဲ့ …ကျတော် အားလုံး စမ်းသပ်ကြည့်တော့ စိတ်ထဲ မဟုတ်သေးပါဘူး … ထင်နေတာတစ်ခု သေချာမေးကြည့်အုံးမှဆိုပီး မေးကြည့်တယ် … ” ကလေးက အရင်က ခွေးတို့ကြောင်တို့ ကိုက်ခံရဖူးလားဗျ ?”

“ကိုက်ခံရဖူးတယ်လေ .. ပီးခဲ့တဲ့လက …အိမ်ခွေးပါ … ဘာမှမဖြစ်ဘူး … ခွေးရူး မဟုတ်ဘူး… ” တဲ့ … ေ့ဖြပုံကတော့ ခပ်မာမာ ..

“အဲ့တုန်းက ကာကွယ်ဆေးထိုးလား ?”

“အာ … အိမ်ခွေးပါဆို .. ထိုးစရာလိုလို့လား ..? ပီးတော့ အဲ့တုန်းက မအားဘူး ဘယ်သူမှ ”

ခုနကထက် အသံကမာလာတယ် …

ဒါဆို အဲ့ အိမ်ခွေးကကော ခွေးရူးကာကွယ်ဆေးထိုးထားလား …ဆိုတော့..“မထိုးထားပါဘူး “တဲ့ …ခု အဲ့ခွေးကော ဆိုတော့ .. အဲ့ကိုက်တဲ့နေ့ကတည်းက မောင်းထုတ်လိုက်တာ ဘယ်ရောက်သွားမှန်းတောင် မသိပါဘူး .. တဲ့ …History နဲ့ Examination အရတော့ ကျတော့် Diagnosis ကတော့ Rabies (ခွေးရူးပြန်ရောဂါ) ပါပဲ …

ဒါနဲ့ပဲ သူတို့ကို ရောဂါအကြောင်း သေချာရှင်းပြတယ် … လက်မခံချင်သလိုလို ပုံစံပါပဲ …လိုအပ်တဲ့ထိုးဆေး သောက်ဆေးတွေပေးပီး ဆေးရုံတင်ထားလိုက်တယ် … သေချာလဲ monitoring လုပ်ထားတယ် …

ညနေ ဆေးထိုးပီး နာရီဝက်ကျော်အကြာမှာ ကလေးက ထဖောက်လာတယ်ဆိုပီး စောတဒ တက်ပါလေရော ….. ( အမှန်တော့ ဆေးနဲ့မဆိုင်ပဲ ရောဂါအရ ထဖောက်တာမျိုး )

ချက်ချင်း သွားကြည့်တော့ ကလေးက Gasping ရနေပီ … Resuscitation (သက်ကယ်) လုပ်ပေမယ့် နာရီဝက်ကျော် ကြာတဲ့ထိ ပြန်ကောင်းမလာတော့ပါဘူး …နောက်ဆုံး Expired (ဆုံး) သွားတယ် …အဲ့မှာ စပြသနာ ရှာတော့တာပဲ …

ကလေး အမေက သူ့ကလေးကို သူနာပြုဆရာမတွေက ဆေးထိုးသတ်ပသ်ပါတယ်ဆိုပီး တဆေးရုံလုံး ကြားအောင် ထပ်ခါထပ်ခါ အော်ပီး ငိုပါလေရော …

ခွေးကိုက်တုန်းက ခွေးရူးကာကွယ်ဆေးထိုးဖို့ မအားဘူးဆိုတဲ့သူတွေဆီက လူအယောက် ၂၀ လောက်ရောက်လာတယ် ..တုတ်တွေတောင်ပါတယ် …ကလေးကို ဆေးထိုးသတ်တာ .. ကလေးကို ဆေးထိုးသတ်တာ …အသံတွေ ပဲ့တင်ထပ်နေတယ် …

ဆရာမလေးတွေခမျာ ကြောက်လို့ မျက်ရည််တွေတောင်ကျတယ် …အခန်းထဲ ပြေးဝင်ကြတယ် …ခုနက လူတွေက ကျတော့်ဆီကို ဝိုင်းလာတယ် … ပူလို့ချွေးထွက်တာရော .. ခုနက သူတို့ကလေးကို CPR နာရီဝက်ကျော်လုပ်ပေးထားတာရောနဲ့ လူက ချွေးတွေ ရွှဲနေပီးသား … သူတို့အဲ့လို ဝိုင်းလာတော့ ပိုဆိုး .. ရေချိုးထားသလား မှတ်ရတယ် …ဆေးထိုးတဲ့ ဆရာမကို ထုတ်ပေး … အဲ့ဆရာမ ကျတော်တို့ကလေးကို သတ်တာတဲ့ …

ကျတော်လဲ အတတ်နိုင်ဆုံး ထိန်းပြောတယ် … ဒါက ဆေး နဲ့ မဆိုင်ကြောင်း …ကလေးမှာ ဆေးမတည့်တဲ့ လက္ခဏာတွေ တစ်ခုမှ မရှိကြောင်း…ပီးတော့ အဓိက ဒီဆေးတွေ ထိုးခိုင်းသောက်ခိုင်းတာဟာ ကျတော်ပဲဖြစ်ပီး ဆရာမနဲ့ လုံးဝမဆိုင်ကြောင်း … ကလေးက

ခွေးရူးရောဂါကြောင့်သာ ဒီလိုဖြစ်ရကြောင်း အကြိမ်ကြိမ်ရှင်းပြမှ အနည်းငယ် ငြိမ်သွားတယ် … ဒါတောင် အဲ့ လူုအုပ်ထဲကတောက်တခေါက်ခေါက်အသံတွေ … အဓိပ္ပာယ်ကို မရှိဘူး ဆိုတဲ့ အသံတွေ ကြားနေရတုန်း …နောက်တော့ ရွာက ဘုန်းကြီးတွေပါရောက်လာတယ် … ကံကောင်းတာက ဘုန်းကြီးတွေ ပြသနာ လာရှာတာမဟုတ်ပဲ လာတရားချပေးတာမို့ အခြေအနေ တော်တော်တည်ငြိမ်သွားတယ် …ကလေးရဲ့အမေကတော့ သူ့သမီးကို ဆရာမက ဆေးထိုးသတ်ပါတယ်ဆိုပီး တဖွဖွ …ကျတော်လဲ လုပ်စရာရှိတာတွေဆက်လုပ် … နောက် လူနာတစ်ယောက်(ကိုယ်ဝန် ၅ လ နဲ့ အဆိပ် သောက်

သေတဲ့လူနာ )ကို ထပ်ကြည့်ပေးနေရတာမို့ သူုတို့တွေဘယ်အချိန် ပြန်သွားကြမှန်းတော့ မသိလိုက်ဘူး …စိတ်ထဲမှာတော့တွေးမိတယ် …ငယ်ငယ်က သင်ခဲ့ရဖူးတဲ့ ပုံပြင် too much knowledge maketh fools ကမှတော်သေးတယ် …a little knowledge ကမှ တကယ့်ကို ကြောက်စရာ ဆိုတာပါပဲ …(အိမ်ခွေးကိုက်ကိုက် ကြောင်ကိုက်ကိုက် ၂၄ နာရီအတွင်း ကာကွယ်ဆေးထိုးကြပါဗျာ )

Dr.Yan

“သက္ေတာ္ ၁၀၂ ႏွစ္ရွိ သက္ေတာ္ရွည္ရခိုင္ဆရာေတာ္ ဦးပညာသာရ”

Zawgyi

သက္ေတာ္ ၁၀၂ ႏွစ္ရွိ သက္ေတာ္ရွည္ရခိုင္ဆရာေတာ္ ဦးပညာသာရပဲခူးတုိင္​းlျပည္​ခ႐ုိင္​lပန္​း​ေတာင္​းၿမိဳ႕နယ္​l​ေက်ာက္​ဖူး​ေက်းရႊာဥသွ်စ္ပင္ႏွင့္ ၂ မိုင္ခြဲေက်ာ္ေက်ာ္၊ ပုသိမ္-မံုရြာ လမ္းေဘးက ေက်ာက္ဖူး စံျပေက်းရြာေက်ာင္းေတာ္မွာ သီတင္းသံုး​ေနေတာ္မူေသာ သက္ေတာ္ ၁၀၂ ႏွစ္ရွိ ဆရာေတာ္ႀကီးပါ။

ရခိုင္ျပည္ ရမ္းၿဗဲၿမိဳ႔နယ္ဇာတိျဖစ္တယ္လိုဆိုပါတယ္။သက္ေတာ္ ၁၀၂ ႏွစ္ရွိေပမဲ႔ ေက်ာင္းေပၚ ေက်ာင္းေအာက္ မိမိတပါးတည္းသြာလာႏိုင္ျခင္း။သီလေပး တရားခ်ီေျမႇာက္ျခင္းကို လုပ္ေဆာင္ႏိုင္ျခင္းမ်ားကို မ်က္ျမင္ဖူးခြင့္ၾကံဳခဲ႔ပါတယ္။

မ်က္မွန္မလိုဘဲ အလွဴရွင္ေတြရဲ႕ အမည္စာရင္းကို ကိုယ္တိုင္ေရးမွတ္ႏိုင္ေသးတယ္လို႔ ဆိုပါတယ္။ေယာေယာ မင္းတို႔ ဓါတ္ပံု႐ိုက္ယူသြား ဆိုၿပီး မတ္တပ္ရပ္ ခြင့္ျပဳေပးပါတယ္။ဖူးခြင့္ ရေအာင္မွ်ေဝတာပါ။

Hla Htay Htay

Credit – shwelight

Unicode

သက်တော် ၁၀၂ နှစ်ရှိ သက်တော်ရှည်ရခိုင်ဆရာတော် ဦးပညာသာရပဲခူးတိုင်​းlပြည်​ခရိုင်​lပန်​း​တောင်​းမြို့နယ်​l​ကျောက်​ဖူး​ကျေးရွှာဥသျှစ်ပင်နှင့် ၂ မိုင်ခွဲကျော်ကျော်၊ ပုသိမ်-မုံရွာ လမ်းဘေးက ကျောက်ဖူး စံပြကျေးရွာကျောင်းတော်မှာ သီတင်းသုံး​နေတော်မူသော သက်တော် ၁၀၂ နှစ်ရှိ ဆရာတော်ကြီးပါ။

ရခိုင်ပြည် ရမ်းဗြဲမြို့နယ်ဇာတိဖြစ်တယ်လိုဆိုပါတယ်။သက်တော် ၁၀၂ နှစ်ရှိပေမဲ့ ကျောင်းပေါ် ကျောင်းအောက် မိမိတပါးတည်းသွာလာနိုင်ခြင်း။သီလပေး တရားချီမြှောက်ခြင်းကို လုပ်ဆောင်နိုင်ခြင်းများကို မျက်မြင်ဖူးခွင့်ကြုံခဲ့ပါတယ်။

မျက်မှန်မလိုဘဲ အလှူရှင်တွေရဲ့ အမည်စာရင်းကို ကိုယ်တိုင်ရေးမှတ်နိုင်သေးတယ်လို့ ဆိုပါတယ်။ယောယော မင်းတို့ ဓါတ်ပုံရိုက်ယူသွား ဆိုပြီး မတ်တပ်ရပ် ခွင့်ပြုပေးပါတယ်။ဖူးခွင့် ရအောင်မျှဝေတာပါ။

Hla Htay Htay

Credit – shwelight