ချစ်သူ ရည်းစား မရှိတဲ့ ၊ တစ်ကိုယ်တည်းသမား တွေက ပိုကျန်းမာကြောင်း လေ့လာတွေ့ရှိရ…
ချစ်သူ ရည်းစား မရှိတဲ့၊ တစ်ကိုယ်တည်းသမား တွေက ပိုကျန်းမာကြောင်း လေ့လာတွေ့ရှိရ …
ချစ်သူ ရည်းစား မရှိတဲ့၊ တစ်ကိုယ်တည်းသမား ဘ၀ဟာ ပီးပြည့်စုံခြင်း မရှိပဲ ဟာတာတာကြီး ဖြစ်နေတယ်လို့ သင် ခံစားနေရပါသလား။ တကယ်တော့ ချစ်သူ ရည်းစားထားပီး စိတ်ရော၊ ကိုယ်ပါ မကျန်းမမာ ဖြစ်နေတဲ့ သူတွေ အများကြီးပါ။…
သုတေသီတွေရဲ့ အဆိုအရ တစ်ကိုယ်တည်း ဖြစ်နေခြင်းဟာ အဲ့ဒီလူကို ပိုမို ကျန်းမာစေရုံမက စိတ်ပိုင်းဆိုင်ရာမှာလည်း ပိုလုံခြုံမှု ရှိစေပါတယ်တဲ့ ။ ကဲ တစ်ကိုယ်တည်း သမားတွေ ရရှိ ခံစားနေရတဲ့ ကောင်းကျိုးလေးတွေ ကြည့်ကြရအောင်…
1) အားကစား လေ့ကျင့်ခန်းတွေ ပိုလုပ်နိုင်လာတယ်…
စိတ်ကျရောဂါ ၊ နှလုံးရောဂါ ရစရာ အချစ်ရေး ၊ အိမ်ထောင်ရေးတွေကနေ ကင်းကွာနေတာမို့ သင့်ကိုယ်သင် ပိုကျန်းမာအောင် ဂရုစိုက် လာနိုင်ပါလိမ့်မယ်။ ဒါဟာ ကျန်းမာရေးအတွက် ပိုကောင်းလာစေတဲ့ အလားအလာ တစ်ရပ်ပါ။ ဖြစ်နိုင်ရင် လေ့ကျင့်ခန်းတွေ ပိုလုပ်ပါ။ မလုပ်ဖြစ်တဲ့ အားကစားတွေ လိုက်စားခြင်းဟာ သင့်အတွက် ကောင်းကျိုးတွေပေါ့။
rafdsadf 1
အသက် ၁၈ နှစ်ကနေ ၆၄ နှစ်ကြား အမေရိကန်သားတွေ ကို လေ့လာချက် တစ်ရက် ပြုလုပ်ခဲ့ရာမှာတော့ အဲ့ဒီ အသက်အတွင်း အိမ်ထောင် မပြုတဲ့ လူပေါင်း ၁၃၀၀၀ ယောက်ဟာ ကျန်းမာရေး ဘက်ကို ပိုမို လိုက်စားဖို့ အချိန် ရှိခဲ့ကြတယ် လို့ သိရပါတယ်။
2) သူငယ်ချင်းတွေကို အချိန်ပိုပေး နိုင်လာတယ်…
ရည်းစားရှိတဲ့သူ၊ အိမ်ထောင် ရှိတဲ့သူ တွေဟာ သူငယ်ချင်းတွေ အတွက် အချိန်သိပ် မပေးနိုင်ကြတာ အားလုံး အသိပါ။ ဒါကလည်း ဘ၀အတွက် မိသားစုက အရေးအကြီးဆုံး ဖြစ်သွားတာကိုး။ ကိုယ်က တစ်ကိုယ်တည်းသမားသာ ဆိုရင်တော့ ကိုယ့်သူငယ်ချင်းတွေ အတွက် အချိန်ပို ပေးနိုင်သွားသလို ဘ၀တစ်လျှောက်လုံး မှာလည်း သူတို့သာ ကိုယ့်အတွက် အရေးပါသူတွေ အတွက် နေရာတစ်ခု ရသွားပါလိမ့်မယ်။
3) ကိုယ့်ကိုယ်ကို ပိုဂရုစိုက် နိုင်လာပါတယ်…
အိမ်ထောင်ပြု ထားတဲ့သူတွေ၊ ချစ်သူရည်းစား ရှိပီးသားသူတွေနဲ့ လူပျို လူလွတ်တွေကို နှိုင်းယှဉ်ကြည့်တဲ့အခါ လူပျို လူလွတ်တွေဟာ အပူအပင် ပိုမဲ့ပီး ပိုပျော်ရွှင်စွာ နေနိုင်ကြပါတယ် ။ အိမ်ထောင်ပြုလိုက်တဲ့ သူတွေဟာ အိမ်ထောင်ကျပြီး ပျော်ရွှင်ကြသည့်တိုင် ၀ိတ်တက်လာကြပြီး အိမ်ထောင်မပြုတဲ့ သူတွေကတော့ ၀ိတ်တက်တာမျိုး မရှိပဲ ခန္ဓာကိုယ် အချိုးအစားကို ထိန်းထားနိုင်ကြပါတယ် တဲ့ ။
4) အကြွေးတွေလည်း နည်းသွားပြီ…
ချစ်သူနဲ့ဆို၊ အိမ်ထောင်ကျ သွားပြီဆို လိုအပ်တာတွေ ဖြည့်ဆည်းနိုင်ဖို့ ကိုယ်ရတဲ့ လုပ်အားခအပြင် လိုနေတဲ့ ငွေအတွက် ချေးငှားရတာတွေ ရှိလာပါလိမ့်မယ်။ အလုံးအရင်းနဲ့ ဒီငွေတွေ ပြန်မဆပ် ရရင်တောင် တစ်လတစ်လ တစ်တိတိ ပြန်ဆပ်နေရတဲ့ ဘ၀ကို ရောက်ကို ရောက်မှာပါ။ တစ်ကိုယ်တည်းသမားတွေ အတွက်ကတော့ ဒီအခြေအနေမျိုးက သိပ်ကြုံရမှာ မဟုတ်ပါဘူး ။
5) လူမှုရေးမှာ ပိုကောင်းဆောင် ဆောင်ရွက်နိုင်ကြတယ်…
အထူး ကျွမ်းကျင်သူတွေရဲ့ စကားအရ လူပျိုလူလွတ်တွေဟာ အိမ်ထောင်သည်တွေထက် လူမှုရေးပိုင်းကို ပိုကောင်းအောင် ဆောင်ရွက်နိုင်ကြသလို လူမှုရေးရာ ကောင်းမွန်အောင် ဆောင်ရွက်ခြင်းကနေ ဘယ်လိုအကျိုးတရားတွေ ရရှိနိုင်မယ် ဆိုတာ ပိုသိကြတယ် လို့ ဆိုကြပါတယ် ။
အချစ်ကြောင့် ပူဆွေးဝမ်းနည်းမှုတွေကင်းဝေးဖို့ ဒီလိုလူမျိုးကို မချစ်ပါနဲ့…
မချစ်ပါနဲ့…
မချစ်ပါနဲ့…
မချစ်ပါနဲ့…
မချစ်ပါနဲ့
မချစ်ပါနဲ့…
မချစ်ပါနဲ့
မချစ်ပါနဲ့…
မချစ်ပါနဲ့
မချစ်ပါနဲ့…
💚မချစ်ပါနဲ့…
မချစ်ပါနဲ့…
မချစ်ပါနဲ့…
မချစ်ပါနဲ့…
အဖြေမပေးပါနဲ့…
credit : Original
—————
မချစ်ပါနဲ့…
ကိုယ့်ထက် သူ့သူငယ်ချင်းတွေကိုပိုပီး
ဦးစားပေးတတ်တဲ့ချစ်သူမျိုးကို
မချစ်ပါနဲ့
ကိုယ့်ထက် ဂိမ်းကိုပိုချစ်တဲ့ချစ်သူမျိုးကို
မချစ်ပါနဲ့…
ကိုယ့်ကိုအကြာကြီးပစ်ထားပီး သူလိုအပ်ချိန်မှချစ်ပြတတ်တဲ့ချစ်သူမျိုးကို
မချစ်ပါနဲ့…
ကိုယ်တျောက်လုံးရှိနေတာတောင် ကြိတ်ပုန်းခုတ်နေတဲ့ချစ်သူမျိုးကို
မချစ်ပါနဲ့
ကိုယ့်ကို လိမ်တဲ့လူမျိုးကို
မချစ်ပါနဲ့…
အတ္တကြီးတဲ့ချစ်သူမျိုးကို
မချစ်ပါနဲ့
လူတကာကို ချစ်ယေးသဲယေး
လိုက်ခေါ်နေတဲ့ချစ်သူမျိုး
မချစ်ပါနဲ့…
အမြဲတမ်း မူးရူးနေတဲ့ချစ်သူမျိုးကို
မချစ်ပါနဲ့
သူကျလုပ်ချင်ရာလုပ်ပီးကိုယ့်ကိုကျ
ချုပ်ချယ်လွန်းတဲ့ချစ်သူမျိုးကို
💚မချစ်ပါနဲ့…
ကတိမတည်တဲ့လူမျိုးကို
မချစ်ပါနဲ့…
ကိုယ့်စကားအလေးမထားတဲ့လူမျိုးကို
မချစ်ပါနဲ့…
ကိုယ့်ကိုတစ်နေ့တစ်ခါတောင်phမခေါ်တဲ့လူမျိုးကို
မချစ်ပါနဲ့
တစ်ဘက်သတ်ဆန်လွန်းတဲ့သူမျိုးကို
မချစ်ပါနဲ့မချစ်ပါနဲ့…
တကယ်မချစ်ဘဲ ချစ်ဟန်မဆောင်ပါနဲ့…
အဖြေမပေးပါနဲ့…
အားနာလို့ ကြိုးရှည်၂နဲ့လှန်ထားတာကြာလို့ အဖြေမပေးလိုက်ပါနဲ့…
တကယ်ချစ်မှ ချစ်တယ်ပြောပါ
အချစ်ကြောင့်ပျော်ရွှင်နိုင်ကြပါစေ
အချစ်ကြောင့်ပူဆွေးဝမ်းနည်းမှုတွေမရှိကြပါစေနဲ့။…
credit : Originalအချစ်ကြောင့် ပူဆွေးဝမ်းနည်းမှုတွေကင်းဝေးဖို့ ဒီလိုလူမျိုးကို မချစ်ပါနဲ့…
April 18, 2019
မချစ်ပါနဲ့…
မချစ်ပါနဲ့…
မချစ်ပါနဲ့…
မချစ်ပါနဲ့
မချစ်ပါနဲ့…
မချစ်ပါနဲ့
မချစ်ပါနဲ့…
မချစ်ပါနဲ့
မချစ်ပါနဲ့…
💚မချစ်ပါနဲ့…
မချစ်ပါနဲ့…
မချစ်ပါနဲ့…
မချစ်ပါနဲ့…
အဖြေမပေးပါနဲ့…
credit : Original
—————
မချစ်ပါနဲ့…
ကိုယ့်ထက် သူ့သူငယ်ချင်းတွေကိုပိုပီး
ဦးစားပေးတတ်တဲ့ချစ်သူမျိုးကို
မချစ်ပါနဲ့
ကိုယ့်ထက် ဂိမ်းကိုပိုချစ်တဲ့ချစ်သူမျိုးကို
မချစ်ပါနဲ့…
ကိုယ့်ကိုအကြာကြီးပစ်ထားပီး သူလိုအပ်ချိန်မှချစ်ပြတတ်တဲ့ချစ်သူမျိုးကို
မချစ်ပါနဲ့…
ကိုယ်တျောက်လုံးရှိနေတာတောင် ကြိတ်ပုန်းခုတ်နေတဲ့ချစ်သူမျိုးကို
မချစ်ပါနဲ့
ကိုယ့်ကို လိမ်တဲ့လူမျိုးကို
မချစ်ပါနဲ့…
အတ္တကြီးတဲ့ချစ်သူမျိုးကို
မချစ်ပါနဲ့
လူတကာကို ချစ်ယေးသဲယေး
လိုက်ခေါ်နေတဲ့ချစ်သူမျိုး
မချစ်ပါနဲ့…
အမြဲတမ်း မူးရူးနေတဲ့ချစ်သူမျိုးကို
မချစ်ပါနဲ့
သူကျလုပ်ချင်ရာလုပ်ပီးကိုယ့်ကိုကျ
ချုပ်ချယ်လွန်းတဲ့ချစ်သူမျိုးကို
💚မချစ်ပါနဲ့…
ကတိမတည်တဲ့လူမျိုးကို
မချစ်ပါနဲ့…
ကိုယ့်စကားအလေးမထားတဲ့လူမျိုးကို
မချစ်ပါနဲ့…
ကိုယ့်ကိုတစ်နေ့တစ်ခါတောင်phမခေါ်တဲ့လူမျိုးကို
မချစ်ပါနဲ့
တစ်ဘက်သတ်ဆန်လွန်းတဲ့သူမျိုးကို
မချစ်ပါနဲ့မချစ်ပါနဲ့…
တကယ်မချစ်ဘဲ ချစ်ဟန်မဆောင်ပါနဲ့…
အဖြေမပေးပါနဲ့…
အားနာလို့ ကြိုးရှည်၂နဲ့လှန်ထားတာကြာလို့ အဖြေမပေးလိုက်ပါနဲ့…
တကယ်ချစ်မှ ချစ်တယ်ပြောပါ
အချစ်ကြောင့်ပျော်ရွှင်နိုင်ကြပါစေ
အချစ်ကြောင့်ပူဆွေးဝမ်းနည်းမှုတွေမရှိကြပါစေနဲ့။…
credit : Original
CRD-Aunty May
UNICODE
ဘဝမှာ ခံရပေါင်းများလာတဲ့မိန်းကလေးတွေဟာ ပိုထက်မြက်ပြီး ပိုလည်း ရက်စက်သွားကြပါတယ်
မိန်းကလေးတိုင်းရဲ့ပင်ကိုယ်သဘာအရစိတ်ပျော့တယ်၊နူးညံ့တယ်၊ညင်သာပျော့ပျောင်းကြပေမယ့်တစ်ချို့မိန်းကလေးတွေကတော့ ဒီအရာတွေရဲ့ ဆန့်ကျင်ဖက် ဖြစ်နေတာကိုတွေ့ရမှာပါ။အရမ်းကြမ်းတမ်းတဲ့မိန်းကလေးတွေ၊အရမ်းရက်စက်ပြီး ပြတ်သားတဲ့မိန်းကလေးတွေကို တွေ့တဲ့အခါ အလျင်စလို မဆုံးဖြတ်လိုက်ပါနဲ့ဦး။ သူတို့ရဲ့ဘဝမှာသူတစ်ပါးရဲ့ဒဏ်တွေကို အရမ်းခံခဲ့ရတာမျိုးလည်း ဖြစ်နေနိုင်ပါတယ်။ ဘဝမှာ ခံရပေါင်းများလာတဲ့ မိန်းကလေးတွေဟာ ပိုပြီးထက်မြက်သလို ပိုပြီးတော့ ရက်စက်ရတဲ့ အကြောင်းရင်းလေးတွေကို ဖော်ပြပေးမယ်နော်။
(၁) လူတွေအကြောင်းအရမ်းနောကြေသွားတယ်
ဘဝမှာ ခံရပေါင်းများလာတဲ့သူတွေဟာ လူတွေအကြောင်းကို အရမ်းနောကြေသွားပါတယ်။ လူတစ်ယောက်က ကိုယ့်ကိုဘယ်လိုဆက်ဆံရင်ကိုယ့်ဆီကနေဘာလိုချင်လဲဆိုတာကအစကောင်းကောင်းသိသွားတဲ့အထိကိုနောကြေသွားတာပါ။ဒါကြောင့်သူတို့ဟာလူတွေနဲ့သဟဇာတဖြစ်ဖို့အတင်းကြိုးစားမနေတော့သလို၊ကိုယ့်အပေါ်မကောင်းတဲ့သူတွေအပေါ်မှာလည်း မှန်လိုပဲ ဆက်ဆံကြပါတော့တယ်။
(၂) အရမ်းအထီးကျန်ဖူးတယ်
ဘဝမှာ ခံရပေါင်းများလာတဲ့သူတွေဟာ တစ်ချိန်တစ်ခါတုန်းက အရမ်းအထီးကျန်ခဲ့တဲ့သူတွေပါ။ အပေါင်းအသင်း သူငယ်ချင်းအရမ်းမင်ပေမယ့်သူငယ်ချင်းတွေကသူတို့ကိုတူညီတဲ့မေတ္တာတွေမပေးတာမျိုးတွေလည်းဖြစ်နေတတ်ပါတယ်။ ဒါကြောင့် တစ်ယောက်တည်းနေလာရင်းကနေ နောက်ဆုံး နေတတ်သွားတဲ့အခါမှာတော့ လူတွေကို သိပ်ပြီး ဂရုမစိုက်တော့တာဖြစ်ပါတယ်။
(၃) ကိုယ့်အတွက်ကိုယ်တစ်ယောက်တည်း ရပ်တည်ခဲ့ရတယ်
ဘဝမှာခံရပေါင်းများလာတဲ့မိန်းကလေးတွေဟာတစ်ချိန်တစ်ခါတုန်းကပြေးကြည့်ရင်တစ်ယောက်တောင်အကူအညီတောင်းစရာ မရှိတဲ့ဘဝမျိုးကို ရင်ဆိုင်ခဲ့ရသူတွေပါ။ ကိုယ့်ရဲ့ဘဝအတွက် ကိုယ့်ဖာသာကိုယ် ရုန်းကန်ခဲ့ရတယ်၊ ကိုယ့်အတွက်ကိုယ်တစ်ယောက်တည်းရပ်တည်ပြီးကူညီသူမရှိဖြစ်ခဲ့ရတဲ့အတွက်နောက်ပိုင်းမှာနူးညံ့ခြင်းတွေနည်းပြီး ခက်ထန်လာတာဖြစ်ပါတယ်။
(၄) ဒုက္ခတွေကို အံကြိတ်ပြီးခံခဲ့ရတယ်
ဘဝမှာ ခံရပေါင်းများလာတဲ့မိန်းကလေးတွေဟာ ဒုက္ခတွေတစ်လှေကြီးကို အံကြိတ်ပြီးခံခဲ့ရတဲ့သူတွေဖြစ်ပါတယ်။ သူတို့ရဲ့ ဘဝမှာ အားကိုးစရာမရှိ၊တိုင်ပင်စရာမရှိပဲတစ်ယောက်တည်းကြိတ်ပြီးဝမ်းနည်းလိုက်၊မျက်ရည်ကျလိုက်နဲ့ လောကဓံရဲ့ အရိုက်အပေါက်၊ အထုအထောင်းဒဏ်တွေကို ခံခဲ့ရတဲ့သူတွေဖြစ်ပါတယ်။ ဒီအရာတွေကို ကြံ့ကြံ့ခံနိုင်ဖို့ ကိုယ့်ရဲ့စိတ်ကိုမာသထက်မာအောင်လေ့ကျင့်ပေးရင်းကနေအရမ်းလည်းထက်မြက်သွားကြသလို၊ရက်စက်တတ်သွားတာဖြစ်ပါတယ်။
(၅) သစ္စာဖောက်ခြင်းကို အကြိမ်ကြိမ်ခံရဖူးတယ်
ဘဝမှာခံရပေါင်းများလာတဲ့မိန်းကလေးတွေဆိုတာချစ်ရတဲ့သူတွေဆီကအကြိမ်ကြိမ်သစ္စာဖောက်ခြင်းကိုခံခဲ့ရတဲ့သူတွေပါ။ ဒါကြောင့် ဘယ်သူ့ကိုမှမယုံကြည်တော့သလို၊ ဘယ်သူ့ဆီကမှလည်း အကူအညီမတောင်းတော့ပဲ တစ်ယောက်တည်း ကြိုးစားရုန်းကန်ခဲ့ရတဲ့သူတွေပါ။ ဒီအချက်တွေက သူတို့ကို ပိုပြီးထက်မြက်စေသလို၊ ပိုပြီးတော့လည်း ရက်စက်စေရတဲ့ အချက်တွေဖြစ်ပါတယ်။
CRD-Aunty May
အသက် ၁၆ နှစ် မှ ၂၄ နှစ်အတွင်း မိန်းကလေးများသာ ဖတ်ရန်… 1
ညီမလေးရေ
ဒါပေမယ့်
သို့သော်
ညီမလေးရေ…
ညီမလေးရေ…
credit-မယ်ဖွေး
Unicode
အသက် ၁၆ နှစ် မှ ၂၄ နှစ်အတွင်း မိန်းကလေးများသာ ဖတ်ရန်
ညီမလေးရေ
လှပတဲ့မျက်နှာတစ်ခုက တစ်ချိန်ကျရင် အိုမင်းသွားလိမ့်မယ်
စွဲမက်စရာခန္ဓာကိုယ်ကောက်ကြောင်းတွေကလည်း တစ်ချိန်ကျရင် ပြောင်းလဲသွားပါလိမ့်မယ်နော်
ဒါပေမယ့်
မိန်းမကောင်းတစ်ယောက်ကတော့ တစ်ချိန်ကျရင်လည်း မိန်းမကောင်းပါပဲ ။ ဘယ်အချိန်ပဲရောက်ရောက် မိန်းမကောင်းပါပဲ။
ညီမလေးရေ ဇွဲမလျော့နဲ့ လူတွေကတော့ ညီမလေးပြုံးနေတာထက်
ညီမလေး ရှုံးနေတာမြင်ချင်တဲ့သူက ပိုများနေတတ်တယ် ။
အသက် ၁၆ နှစ် မှ ၂၄ နှစ်အတွင်း မိန်းကလေးများ ဖတ်ဖို့
ညီမလေးရေ …ရည်မှန်းချက်ထား
ဒေါ်အောင်ဆန်းစုကြည် ၁၂ အရွယ်ကလေးဘဝက သူရေးခဲ့တာလေးတစ်ခု ရှိတယ် ။
မျက်စေ့မမြင်သော မိန်းကလေးသည် ကြားနိုင်သေး၏။ နားမကြားသော မိန်းကလေးသည် မြင်နိုင်သေး၏။
အဝတ်မပါသော မိန်းကလေးသည် အေးမြမှုကို ခံစားနိုင်သေး၏
သို့သော်
ရည်မှန်းချက်မရှိသော မိန်းကလေးသည် အရူးပမာသာတည်းတဲ့
ညီမလေးရေ…
ဘဝကို စိတ်မပျက်နဲ့ သည်းခံခြင်းတွေရဲ့နောက်မှာ အောင်မြင်ခြင်းတွေရှိကိုရှိတယ်
ပေးဆပ်ခြင်းတွေရဲ့နောက်မှာ ရယူခြင်းတွေလဲရှိတယ် ။
ရှုံးနိမ့်ခြင်းတွေရဲ့နောက်မှာလဲ သင်ခန်းစာတွေရှိတယ် ။
အရေးကြီးတာက မဆုတ်မနစ်ကြိုးစားနေဖို့ပဲလိုတာပါ။
ညီမလေးရေ မြဲမြဲမှတ်ထား
လိပ်ပြာမလုံတဲ့သူက မူမမှန်ဘူး ။ သိက္ခာမလုံတဲ့သူက လူမဆန်ဘူး
ညီမလေးရေ…
ကိုယ့်ဘဝကို တန်ဖိုးထား ရခဲလှတဲ့လူ့ဘဝကို ရောက်တုန်းလေး
ကောင်းသောအမူအကျင့်နဲ့ ကောင်းသော စာရိတ္တကို ကျင့်သုံး။
ကောင်းသော အသက်မွေးဝမ်းကျောင်းမှုနဲ့ ကောင်းသောဘဝကို တည်ဆောက်ပါ ။
ပတ်ဝန်းကျင်က မကောင်းပြောကြပါစေ အချိန်တန်ရင် ပါးစပ်ပိတ်သွားလိမ့်မယ် ။
credit-မယ်ဖွေး