စိတ်ဆိုးစိတ်ကောက်ရင် ဖုန်းတော့မပိတ်ထားပါနဲ့ ရှင်းပြခွင့်ပေးပါ…

ငါဖြစ်စေချင်တာ…

စိတ်ဆိုးစိတ်ကောက်ရင် ဖုန်းတော့မပိတ်ထားပါနဲ့ ရှင်းပြခွင့်ပေးပါ ။

တစ်ခုခုဆို ဒေါသနဲ့မတုန့်ပြန်ပဲ ဖြစ်ချင်တာကိုပြော ကြည့်ပါလား ဒါဆို တစ်ခုခုတော့အဆင်ပြေသွားမှာပါ ။

အပြင်သွားမယ်&တခုခုလုပ်တော့မယ်ဆိုMessage လေးတော့ ပို့သွားပေးပါ

ဖုန်းထဲကနေ မပိုပေးနိုင်ရင်တော့ လိုင်းလေးဖွင့်ပြီး ပို့ထားပေးပေါ့ ။

စကားတွေများရင် အော်လို့ရပါတယ် ငြင်းခုန်လို့ ရတယ် ပစ်တော့မထားပါနဲ့ ။

မကြိုက်ဘူးဆိုတဲ့ အရာတွေကို မကြာခဏ သတိပေးပါ ပြဿနာတစ်ခုခု စဖြစ်ခါနီးမှာ

ဘာကြောင့်ဆိုတဲ့မေးခွန်းလေး စမေးပါ တစ်ခါတစ်ခါ ကိုယ်တိုင်မသိတဲ့အမှားလေးတွေ ရှိပါတယ် ။

ကိုယ့်အကြောင်းနဲ့ကိုယ် ကိုယ့်အလုပ်လေးနဲ့ ကိုယ်ရှုပ်နေတဲ့အခါလေးတွေ ရှိတတ်ပါတယ်

အဲ့ဒီအတွက် ကြိုပြောထားပါ့မယ် မင်းလည်းပြောပါ ။

ပြီးတော့ တစ်ယောက်ချင်းဆီရဲ့အားနည်းချက်ကို ဆုပ်ကိုင်ဖို့မကျိုးစားပဲ ဖြည့်ဆည်းပေးဖို့တောင်းဆိုပါတယ် ။

သဝန်တိုတယ် တစ်ခါတစ်ခါဆို ဘာမှမဟုတ်ပဲ သံသယလေးတွေနဲ့ အတွေးတွေလွန်တတ်ပါတယ်

ဒါကြောင့်အမေးအမြန်းတွေများတတ်တယ် သိထားပေးပါ ။

အချိန်တိုင်း ဖုန်းပြောဖို့ အဆင်မပြေပေမဲ့ ကိုယ်ပိုင်အားလပ်ချိန်လေးတိုင်း ဖုန်းဆက်စေချင်ပါတယ်

နောက်ဆုံး Message လေးဝင်နေရင်တောင် ကျေနပ်နေတတ်ပါတယ် But အသံလေးတော့ကြားချင်တာပေါ့ ။

ပြောပါ ရပါတယ် ဘယ်သူနဲ့ စကားပြောပြော ရိုးရိုးသားသားပဲ ပြောပါ ကို့ကိုတော့ ပိုပြောပါ ။

အနာဂတ် အတွက် တဖြည်းဖြည်းချင်း တည်ဆောက်ဖို့ကျိုးစားနေပါတယ် ။

ဘာဖြစ်ချင်တာ ဘာလုပ်ချင်တာကို ဖွင့်ပြောပါ တစ်ခါတစ်ရံ အလိုက်မသိတာလေးတွေ ရှိနေတတ်ပါတယ် ။

နားလည်မှုဆိုတာ သိပ်ကိုကောင်းပါတယ် စိတ်လေးရှည်ပေးပေါ့

ဒါပေမဲ့ ပွင့်လင်းဖို့ လိုအပ်သလို တစ်ယောက်နဲ့ တစ်ယောက်လေးစားဖို့ လိုတယ်

ရင်ထဲကခံစားချက်ပါ

ရှာလို့မကုန် သုတဇုန်

Unicode>>>

ငါဖှစစြခငွေတြာ…





















ရှာလို့မကုနျျ သုတဇုနျျ

အပျော်ဆုံးလို့ထင်ရသော သင်ရွေးချယ်လိုက်တဲ့ အတွဲက ပြောပြမယ့် သင့်ရဲ့အချစ်ရေးအကြောင်း

ဒီစုံတွဲသုံးတွဲမှာ ဘယ်စုံတွဲက အပျော်ဆုံးလို့ သင်ထင်ပါသလဲ။ သင့်မျက်စိထဲမှာ အပျော်ဆုံးလို့ ထင်ရတဲ့ အတွဲကို ရွေးပြီးသွားရင်တော့ သင့်ရဲ့အချစ်ရေးက ဘယ်လိုလဲဆိုတာ သိနိုင်ပါတယ်။

နံပါတ် ၁ စုံတွဲ

ဒီစုံတွဲမှာဆိုရင် ကောင်မလေးက သူ့ချစ်သူအတွက် ဂုဏ်ယူမဆုံးဖြစ်နေပြီး တစ်လောကလုံးကို သူမရဲ့ချစ်သူအကြောင်း ပြောပြချင်နေတာပါ။ သူမက အမှီအခိုကင်းတယ်၊ သူမကိုယ် သူမလည်း ဂရုစိုက်တတ်တဲ့အပြင် ပတ်ဝန်းကျင်က ဘယ်လိုထင်မြင်ယူဆမလဲဆိုတာကို ခေါင်းထဲသိပ်မထည့်တတ်တဲ့ မိန်းကလေးတစ်ယောက်ပါ။ ကောင်လေးကတော့ ကောင်မလေးအပေါ် သစ္စာစောင့်သိပြီး သူတို့ သမီးရည်းစားဆက်ဆံရေးကို အလေးအနက်ထားတဲ့အပြင် နှစ်ယောက်သားအဆင်ပြေအောင် အမြဲတမ်း ကြိုးစားလေ့ရှိပါတယ်။

နံပါတ် ၂ စုံတွဲ

ဒီစုံတွဲကို သင်ရွေးချယ်လိုက်မယ်ဆိုရင်တော့ သင်နဲ့ သင်ကောင်လေးမှာ အတူတူတွဲ ရိုက်ထားတဲ့ပုံတွေ အမြောက်အမြားရှိပါတယ်တဲ့။ သင်တို့ရဲ့ စိတ်ခံစားချက်၊ ပျော်ရွှင်ကြည်နူးမှုနဲ့ တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်တတ်တဲ့ အပြုအမူတွေကို သူငယ်ချင်းတွေရှေ့ပဲဖြစ်ဖြစ်၊ သူစိမ်းတွေရှေ့ပဲဖြစ်ဖြစ် ဖော်ပြဖို့ ဝန်မလေးတတ်ပါဘူး။ သင့်သူငယ်ချင်းတွေက သင်တို့စုံတွဲကို အမြဲတမ်း အားကျနေရတာပါ။ သင်နဲ့ သင့်ကောင်လေးဟာလည်း ဝါသနာရော အကျင့်စရိုက်တွေပါ တူညီတဲ့အတွက်ကြောင့် တစ်ယောက်ကိုတစ်ယောက် ပျင်းရိငြီးငွေ့သွားစရာ အကြောင်းမရှိပါဘူး။

နံပါတ် ၃ စုံတွဲ

ဒီစုံတွဲကို သင်ရွေးချယ်လိုက်ရင်တော့ သင်တို့စုံတွဲက စိတ်ခံစားချက်တွေကို လူအများရှေ့မှာ မဖော်ထုတ်ပြကြပေမဲ့ တစ်ယောက်က အခြားတစ်ယောက်ရဲ့ စိတ်ဆန္ဒ၊ ထင်မြင်ချက်နဲ့ စိတ်ဝင်စားမှုကို အလေးထားလေ့ရှိပါတယ်။ ဆိုရှယ်မီဒီယာနဲ့ လူအများရှေ့မှာ သူတို့အချစ်တွေကို ဖော်ပြလေ့မရှိပေမဲ့ စိတ်ကူးယဉ်ဆန်တဲ့ နှလုံးသားလေးတွေ ပိုင်ဆိုင်ထားပြီး တစ်ယောက်ကိုတစ်ယောက် အမြဲတမ်းအားပေးနှစ်သိမ့်ဖို့ အဆင်သင့်ပါပဲ။

ကဲ ဘယ်လိုလဲ၊ ကိုယ်ရွေးလိုက်တဲ့ စုံတွဲနဲ့ ကိုယ့်အချစ်ရေးနဲ့ ထပ်တူကျရဲ့လားဆိုတာကို ဖြေပေးခဲ့ကြဦးနော်။

Source: Brightside.me

ဒီလိုရှားပါးစာရင်းဝင် ချစ်သူမျိုးကို ရထားတယ်ဆိုရင် သင်ဟာအရမ်းကံကောင်းတဲ့သူပါ…

အချစ်စစ် ဆိုတာ တဖြည်းဖြည်း ရှားပါးလာတာနဲ့ အမျှ သင့်ကို စိတ်ရင်းအမှန်နဲ့ ချစ်တဲ့သူ၊ ဘာအကျိုးကိုမှ မမျှော်ကိုးပဲချစ်တဲ့သူ၊ သစ္စာရှိရှိ ချစ်တဲ့သူဆိုတာ တကယ်ကို ရှားပါးလာမှာ ဖြစ်ပါတယ်။ တကယ်လို့ ခုဖော်ပြတဲ့ အချက်တွေနဲ့ ကိုက်ညီနေတဲ့ ချစ်သူ မျိုးကို ပိုင်ဆိုင်ထားရတယ် ဆိုရင်တော့ သင်ဟာအရမ်းကို ကံကောင်းတာကြောင့် လက်လွှတ်မခံပါနဲ့လို့ ပြောပါရစေ။

(၁) သင့်ဆီက ဘာမှမမက်မောဘူး

ဒီလို မိန်းကလေး မျိုးဟာ သင့်ရဲ့ နောက်ကြောင်းတွေ၊ ကျောထောက်နောက်ခံတွေ၊ သင့်ရဲ့ဂုဏ်တွေ၊ ငွေကြေးချမ်းသာမှုတွေကို စိတ်မဝင်စားတဲ့သူပါ။ သူ့စိတ်ထဲမှာ သင့်ကိုသင်လို့ပဲ မြင်ပြီး သင်ဆင်းရဲသည် ဖြစ်စေ၊ ချမ်းသာသည် ဖြစ်စေ၊ သင့်ကိုအမြဲတမ်း ချစ်နေမယ့်သူ ဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ ပိုင်ဆိုင်မှုတွေကို ဘာမှမမက်မောပဲ သင့်ဆီမှာ ဘာမှမရှိသည့်တိုင်အောင် သင့်ကိုချစ်နေတဲ့ မိန်းကလေးမျိုးကို ဘယ်တော့မှ လက်လွှတ်မခံပါနဲ့။

(၂) အရမ်းဂရုစိုက်တယ်

သင့်ချစ်သူဟာ သင့်ကို အမြဲတမ်းဂရုစိုက်မယ့် သူပါ။ တစ်ခါတလေမှာ သင်ကိုယ်တိုင်တောင် ဖွင့်ပြောလို့ မတတ်တဲ့ နာကျင်စရာတွေ၊ အဆင်မပြေမှုတွေကို သင်မပြောလည်း သိနေ၊ နားလည်ပေးနေတဲ့ သူပါ။ အကြောင်းကတော့ သင့်ကို အသေးအမွှားကအစ အရမ်းဂရုစိုက်တဲ့သူ ဖြစ်နေတာကြောင့်ပါ။ ဒါကြောင့် ဒီလိုချစ်သူမျိုးကို လက်လွှတ်မခံပါနဲ့။

(၃) အကောင်းမြင်စိတ်ရှိတယ်

အကောင်းမြင်စိတ်ရှိတဲ့ မိန်းကလေး ဆိုတာ ရွှေ လိုပဲ အဖိုးတန်ပါတယ်။ လောကကြီးဟာ ဘယ်တော့မှ သင့်စိတ်တိုင်းကျ ဖြစ်လာမှာ မဟုတ်သလို၊ လောကကြီးမှာ နေထိုင်အသက်ရှင်နေသရွေ့ စိတ်ကျေနပ်မှု အမြဲတမ်း မရနိုင်ပါဘူး။ ဒီလိုအရာတွေကို နားလည်ထားပြီး အကောင်းမြင်စိတ်ရှိတဲ့ မိန်းကလေးဟာ သင့်ဘဝကို ငြိမ်းချမ်းခြင်းတွေ ယူဆောင်လာပေးမယ့် သူဖြစ်ပါတယ်။

(၄) ကြိုးစားတယ်

ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်နိုင်ဖို့ ကြိုးစားတဲ့ မိန်းကလေးမျိုးကို ပိုင်ဆိုင်ထား ရတယ်ဆိုရင် သင်အရမ်း ကံကောင်းပါတယ်။ သူမရဲ့စိတ်ဓာတ်ဟာ အရမ်းကို မြင့်မြတ်ပြီး သင့်ကို အထောက်အကူ ကောင်းတွေပေးမယ့်၊ သင့်ကို ကြီးပွားချမ်းသာမှုတွေ ဆောင်ကျဉ်းလာပေးမယ့် မိန်းကလေးဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုချစ်သူမျိုးကို လက်လွှတ်မခံပါနဲ့။

(၅) သစ္စာရှိတယ်

ဒါကတော့ အရေးကြီးဆုံးအချက် ဖြစ်ပါတယ်။ သင်နဲ့ နီးနေသည်ဖြစ်စေ၊ ဝေးနေသည် ဖြစ်စေ သင့်တစ်ယောက်တည်းကိုပဲ စိတ်ထဲမှာထားပြီး သင့်ကို အမြဲတမ်းချစ်နေမယ့် သူပါ။ သင့်ရဲ့အနီးမှာ ရှိမနေရင်တောင်မှ သင့်အပေါ် အမြဲသစ္စာရှိမယ်ဆိုတာ ယုံကြည်စိတ်ချရတဲ့ သူဖြစ်ပါတယ်။ ဒီလိုချစ်သူမျိုးကို ပိုင်ဆိုင်ထားရတာ သင်အရမ်း ကံကောင်းပါတယ်။ ဒီလိုလူမျိုးနောက်တစ်ယောက် တွေ့ဖို့ဆိုတာ မလွယ်တာကြောင့် လက်လွှတ်မခံပါနဲ့။

Credit : aunty may

ကိုယ့်ချစ်သူက ခဏခဏ Block တတ်တဲ့သူဆိုရင် သိထားသင့်တဲ့ အချက်များ







Credit:marry

 

Unicode

သူမကြိုက်တာတွေ လုပ်မယ်ဆိုရင်

စုံတွဲလေးတို့ရေ ရန်ဖြစ် စိတ်ဆိုးပြီး ပြန်ချော့ပြီး ပြန်ချစ်ကြတဲ့ အချိန်ဟာ ကြည်နူးစရာ အကောင်းဆုံးပါပဲ။ ဒါပေမယ့်လည်း ရန်ဖြစ်ရတဲ့ အကြောင်းအရာက တားမြစ်ထားတဲ့ ကိစ္စကို လုပ်မိတာဆိုရင်တော့ နှစ်ယောက်စလုံး စိတ်ထိခိုက်စရာတွေပဲ ကြုံလာရမှာ သေချာပါတယ်။

အဲဒီတော့ သူမကြိုက်တာတွေ လုပ်မယ်ဆိုရင် သူ လုံးဝမသိအောင်လုပ်ပါ။ အဲဒီလိုမှ မဟုတ်ရင်တော့ ဘာမှကို မလုပ်ပါနဲ့။ ပြန်သိသွားရင် Block တဲ့ပြဿနာတွေ ထပ်ဖြစ်နေ ဦးမှာပါနော်။

ပြဿနာက Block ရုံနဲ့ မပြီးဘူးဆိုတာ ရှင်းပြပါ

စုံတွဲလေးတို့ ပြေပြေလည်လည် ပြန်ဖြစ်တဲ့အချိန်မှာ ရှင်းပြရမယ့် အချက်တစ်ချက်ကတော့ ပြဿနာဆိုတာ ဒီလိုမျိုး Block ရုံနဲ့ မပြီးသွားဘူးဆိုတာပါပဲ။ ဒါကို သေချာနားလည် သဘောပေါက်မယ်ဆိုရင် နောက်ပိုင်းမှာ Block တဲ့ ကိစ္စတွေ ချစ်သူတွေကြားမှာ လျှော့ နည်းသွားပြီး ရှင်းပြခွင့်တွေ စကားပြောခွင့်တွေလည်း ရမှာပါ။

စုံတွဲလေးတို့ထဲမှာရော ဘယ်သူက ခဏခဏ Block တတ်တဲ့သူလဲ၊ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်က ကြည်နူးစရာကောင်းပေမယ့် Fb မှာ ပြန်အပ်လိုက် ပြန်Block ကတော့ ရေရှည်အတွက် မကောင်းဘူးနော်။

Credit:marry