မိုးကုတ်-ပြင်ဦးလွင်လမ်းမှာ ကားတွေကို သေနတ်နဲ့ချိန်ပြီး ဆက်ကြေးတောင်းနေတဲ့ အဖွဲ့တဖွဲ့

မိုးကုတ်-ပြင်ဦးလွင်လမ်းမှာ ကားတွေကို သေနတ်နဲ့ချိန်ပြီး ဆက်ကြေးတောင်းနေတဲ့ အဖွဲ့တဖွဲ့

ဒီနေ့ ၁၀:၃၅လောက် ပြင်ဦးလွင်နဲ့မိုးကုတ်လမ်း ဟိုခိုအကျော်လောက် လမ်းအချိုးမှာ ကားကွေ့လိုက်တယ်ဆို ဗြုန်းခနဲ လူတစ်စုထိုင်နေတာတွေ့လိုက်တယ်ဗျ ရုတ်တရက်ဆိုတော့ သူလိုကိုယ်လိုသာမာန်ပဲထင်တာပေါ့။ သေချာကြည့်မှ လက်နက်ကိုင်တွေဗျ။ ပြောက်ကျားဝတ်စုံတွေနဲ့ထိုင်နေရာကထပြီး ကားရှေ့ရပ်ပီးတားတယ် ၈ယောက်လောက်ရှိမယ် အကုန်သေနတ်တွေနဲ့ပဲဗျ။

ကျနော်က ရှေ့/ခေါင်းခန်းမှာဆိုတော့ ကားမောင်းတဲ့ဦးလေးကိုတစ်ယောက် ကျနော့်ဘက်ကိုတစ်ယောက်လာရပ်တယ် ကြားဖူးနားဝ ရှိထားတော့ တအားကိုလန့်တာပေါ့ဗျာ။ ကားသမားဦးလေးကတော့ တည်တည်ငြိမ်ငြိမ်ပဲ ၁ထောင်တန်လေး ၃ရွှက်ထင်တယ် ထုပ်ပေးတော့ ဗမာလိုမပီတပီနဲ့မေးတယ် ဘယ်လဲတဲ့ ကားသမားဦးလေးကလဲ မိုးကုတ်တဲ့ ကျနော်လဲ ပေးရမယ် ထင်ပြီးငွေထုပ်တော့ (ဝန်ခံတယ်ဗျာ ကျနော့်တစ်ကိုယ်လုံး တုန်နေတာပါ) ကားသမားဦးလေးကြီးက မသိမသာ လက်နဲ့တို့ပီးတားတယ် ဒါနဲ့ကျနော်လဲမပေးပဲနေလိုက်တာ သွားတော့တဲ့

ကားဆက်မောင်းပီး ပေ၂၀လောက်ကျ နောက်ထပ်တွေ့တယ် လူ၂၀လောက်ရှိမယ်။ အသက်ကအလွန်ဆုံးရှိ ၁၆/၁၇ပဲဗျ အသက်သာငယ်တာ လက်ထဲမှာသေနတ်တွေနဲ့ ကားကို အကုန်ချိန်ထားတာဗျာ။ ဘုရားဒေပါတ ယူရတယ်။ ဘက်မှန်က နောက်ကိုကြည့်မိတော့ ခုနအုပ်စုက ပဝါတစ်ခုမြှောက်ပြတယ် အဲ့ကျမှချိန်ထားတဲ့ သေနတ်တေ ဖယ်ပီးသွားခိုင်းတယ်။

ဦးလေးကြီးပြောပြတာတော့ အဲ့နေရာက ရှမ်းလမ်းဆုံလို့ခေါ်တာတဲ့ ပလောင်တွေတဲ့ မပေးပဲ မောင်းပြေးရင်တော့ မလွယ်ကြောပဲတဲ့ ပေးရင်တော့ ၂ထောင်လဲရတယ် ၃ထောင်လဲရတယ်တဲ့ ( ဒါကတော့ အကြောင်းသိတွေကိုးဗျ နော် ကျနော်တို့လို အကြောင်းမသိလို့ ကားနဲ့အဲ့လမ်းကြောင်း လာပါ့ပြီတဲ့ဗျာ ကဲစဉ်းစားကြည့် ဦးဦးသီဟတင်စိုး ဇာတ်ကား ထဲကလို ပြောက်ကျား ဝတ်စုံနဲ့ လူတွေအများကြီး သေနတ်တွေနဲ့လဲချိန်ပြီး ကားကိုတားတယ်။ အထှာမသိ ကြောက် ကြောက်လန့်လန့်နဲ့ ပါလာတဲ့ ပိုက်ဆံ အကုန်ထုပ်ပေးမိမှာအမှန်ပဲ ၂/၃ထောင်ပေးလဲရသလို ၁သိန်း၂သိန်း ပေးလဲ မငြင်းဘူးတဲ့)

ဘာပဲဖြစ်ဖြစ် ငယ်ငယ်က တွေးမိတာ ဒီလိုလူတွေဆို ဟိုးးးး တောတောင်တွေနဲ့ နယ်စပ်ဆိုတာလောက်မှာပဲရှိတယ်ပေါ့ ခုတော့ကိုယ့်သွားတဲ့လမ်းပေါ်မှာတောင်ရှိနေတယ်။ ကြားဖူးတာကြာပေမယ့် ဒီနေ့တော့ တကယ့်ကို လက်တွေ့မြင်ခဲ့ရ တာပါပဲ ဘဝမှာပထမဆုံးအကြိမ် သေနတ်နဲ့အချိန်ခံရတယ် လို့လဲ ပြောရမပေါ့ဗျာ

အကြောင်းသိတဲ့နယ်ခံတွေအတွက် မထူးဆန်းပေမယ့် ကျနော့်လိုလူတွေကြုံလာခဲ့ရင် တအားကြောက်ပြီး ဓါးပြကို ပေးသလိုမလုပ်ပဲ တည်တည်ငြိမ်ငြိမ်လေးနေပြီး ၂/၃ထောင်ထုပ်ပေးလိုက်ရင် အဆင်ပြေပါတယ်ဆိုတာလေး သိစေချင်လို့ ခုလိုတင်လိုက်ရခြင်းဖြစ်ပါကြောင်း….

Credit – Robin

အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်ပြီ

Zawgyi



 




Unicode ဖြင့်ဖတ်ရန်

အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ ယမန်နေ့က စတင်၀င်ရောက်လာ ပြီး မြစ်၀ကျွန်းပေါ်ဒေသများသို့ ဆက်လက်၀င်ရောက်နေ ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။

ယခုနှစ် မိုးရာသီတွင် အနောက်တောင်မုတ်သုံလေ၀င် ရောက်မှု ၁၅ ရက်ခန့်နောက်ကျခဲ့ပြီး တနင်္သာရီတိုင်းဒေသ ကြီး၊ မွန်ပြည်နယ်ပါ၀င်သော မြန်မာနိုင်ငံတောင်ပိုင်းဒေသ များသို့ မေလ ၂၀ ရက်မှသာ ၀င်ရောက်ခဲ့သည်။

‘‘မုတ်သုံက ကျန်ဒေသတွေကို ရက်ပိုင်းအတွင်း ဆက် တိုက်ဆက်တိုက် ၀င်ပါလိမ့်မယ်’’ ဟု ဒေါက်တာထွန်းလွင်က ပြောသည်။

အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတောင် ပိုင်းဒေသသို့၀င်ရောက်ပြီးနောက် မြစ်၀ကျွန်းပေါ်၊ အလယ်ပိုင်းဒေ သများသို့ ခပ်မြန်မြန်၀င်ရောက် နိုင်ပြီး မေလကုန်ဇွန်လဆန်းတွင် အထက်ပိုင်းဒေသများသို့ ၀င် ရောက်နိုင်ကြောင်း ၎င်းကဆို သည်။

အနောက်တောင်မုတ်သုံ လေ၀င်ရောက်ရာလမ်းကြောင်း တစ်လျှောက် မိုးကြိုးပစ်ခြင်း၊ လေပြင်းကျခြင်းတို့ ဖြစ်ပေါ်နိုင် သော မိုးတိမ်တောင်အန္တရာယ် ကို သတိပြုရန်လိုအပ်နေသည်။ မြန်မာနိုင်ငံတောင်ပိုင်းဒေသနှင့် မြစ်၀ကျွန်းပေါ်ဒေသများဖြစ် သောပဲခူး၊ ဧရာ၀တီ၊ ရန်ကုန်၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်၊ ကရင်နှင့် ကယားပြည်နယ်တွင် မိုးတိမ်တောင်အန္တရာယ်ကို သတိ ပြုနေထိုင်ရန် ဒေါက်တာထွန်း လွင်က သတိပေးထားသည်။ အ ထက်ပါဒေသများအပြင် ကချင် ပြည်နယ်၌ နေရာကွက်၍ မိုး ကောင်းနိုင်ကြောင်း​ ၎င်းကသတိ ပေးသည်။

Credit – yomalan

ဒီကနေ့မှာ ဆရာလေး မဝိမလဥာဏီ အဖြစ် သာသနာ့ဘောင် ဝင်ရောက်ခဲ့ပြီဖြစ်တဲ့ အဆိုတော်မလေး ပိုပို

မြတ်စွာ ဘုရားရှင် ၏ ထေရဝါဒဗုဒ္ဓသာသနာတော် အဓွန့် ရှည်တည်တံ့စေဖို့ သာသနာ့ဝန်ကို ထမ်းကြရတဲ့ သာသနာ့ အာဇာနည်တွေထဲမှာ ရဟန်းသံဃာတော် အရှင်သူမြတ်တွေ ပါဝင်ကြသလို သီလရှင်(ဆရာလေး) တွေ ကလည်း မိမိတို့ တတ်နိုင်တဲ့ ဘက်ကနေ တစ်တပ် တစ်အားပါဝင်ကြပါတယ်။

ဘုရားရှင် လက်ထက်တော်က မိထွေးတော်ဂေါတမီ နဲ့ သာကီဝင်မင်းသမီး ၅၀၀ တို့ကနေစခဲ့တဲ့ ဘိက္ခုနီသာသနာကနေ သီလရှင် သမိုင်းစခဲ့တယ်လို့ဆိုရင် အတိအကျ မှန်ကန်ချင်မှ မှန်ကန်မယ် ဆိုပေမယ့် အကျိုးအကြောင်း ဆီလျော်မှုတော့ ရှိမှာပါ။

ဘိက္ခုနီသာသနာမှာ ဆိုရင် ပဋာစာရီ၊ ဓမ္မဒိန္နာစတဲ့ ထင်ရှားကျော်ကြားသူ ဘိက္ခုနီမများ၊ ဧတဒင်္ဂဘွဲ့ရ ဘိက္ခုနီထေရီမ များနဲ့ ဘိက္ခုနီထေရီမပေါင်းများစွာ တို့ဟာ သာသနာမှာပျော်မွေ့ပြီး သံသရာမှ လွတ်မြောက်ကြောင်းတရားတွေကို ကျင့်ကြံ အားထုတ်ခဲ့ကြတာပါ။

မြန်မာနိုင်ငံမှာ ဆိုရင်တော့ သီလရှင်အစ မယ်ကင်းကလို့သိကြတဲ့အတိုင်း မင်းအကိုးကွယ်ခံ သာသနာ မိခင်ကြီးဆရာကင်း ( ခေါ် )ဒေါ်ခေမာက အမျိုးသမီးသာသနာကိုလမ်းစဖော်ပေးခဲ့တာဖြစ်ပါတယ်။

ဒေါ်ခေမာက စစ်ကိုင်းတောင်ရိုး ဂူတလုံးချောင် မှာအနေများပါတယ်။ ဒီနေ့တွေ့မြင်ရတဲ့ သီလရှင်များဟာဒေါ်ခေမာရဲ့ တပည့်အစဉ်အဆက်မှ ပေါက်ဖွားတယ်လို့ဆိုနိုင်ပါတယ်။ သီလရှင်ကိုနောက်တစ်မျိုးခေါ်ဝေါ်ကြတာကတော့ သိက္ခာရှင်ပါ။ အမည်နာမ နဲ့ လိုက်ဖက်ပါဘိခြင်း။

မြတ်စွာဘုရားရှင် ရဲ့ သာသနာနဲ့ ကြုံကြိုက် တဲ့အခိုက်၊ လူဖြစ်တဲ့အခိုက်မှာ သာသနာ့ဘောင်ကိုဝင်ရင်း သံသရာမှလွတ်မြောက်ကြောင်းတရားတွေကို ကျင့်ကြံအားထုတ်ရခွင့်ရတာဟာ နည်းတဲ့ ကုသိုလ်ကံပါလား။ ဒီအခွင့်အရေး ကို ပိုပို တစ်ယောက်အပြည့်အဝအသုံးချပါပြီ။

စစ်ကိုင်းတောင် ရှိ ဇမ္ဗူထိန် ဝင်းခါတော်မီကျောင်းမှာ သီလရှင်/သိက္ခာရှင်အဖြစ် သာသနာ့ဘောင်ကို ပိုပိုကဝင်ရောက်ခဲ့ပြီဖြစ်ပါတယ်။ ဘွဲ့အမည်နာမကတော့ မဝိမလဥာဏီလို့ အမည်တွင်ခဲ့ပါတယ်။

Credit-popular

ဆရာကြီးမင်းသိင်္ခ ၏ ၁ ပတ်စာ ဗေဒင် ဟောစာတမ်း ( ၁၉.၅.၂၀၁၉ မှ ၂၅.၅.၂၀၁၉ ထိ )

ဆရာကြီး မင်းသိင်္ခ ၏ (၇) ရက်သားသမီးများ အတွက် ၁ ပတ်စာ ဟောစာတမ်း ( ၂၀၁၉ မေလ ၁၉ ရက် မှ မေလ ၂၅ ရက် ထိ )

“ တနင်္ဂနွေ သားသမီးများ ”

“တနင်္လာ သားသမီးများ”

“အင်္ဂါ သားသမီးများ”

“ဗုဒ္ဓဟူး/ရာဟု သားသမီးများ”

“ကြာသပတေး သားသမီးများ”

“သောကြာ သားသမီးများ”

“စနေ သားသမီးများ”

လေးစားစွာဖြင့် – Credit